ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.5K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

68

340 60 1
By SoeHmue

Chapter 68.စေ့စပ်ထားသောသူ

အနီရောင်ဝတ်ရုံတပ်သားများပင် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိသည်။ သူတို့သခင်လေးက တော်ရုံမျက်နှာပြောင်ခြင်း မဟုတ်ပေ။

"ငွေချေးပြီးပြီးချင်း အတိုးတန်းတောင်းတဲ့လူ မင်းမြင်ဖူးလို့လား။ အနည်းဆုံး တစ်နှစ်တော့ စောင့်ရမယ်လေ"

သင်သည် မေချောက်ဖုန်း ထံမှ အမျက်ပွိုင့် ၂၀၀ ရယူလိုက်သည်။

"အဲ့လို လုပ်တာမရှိဘူးလား" ဇူအန်က ကြောင်တောင်တောင် ကြည့်လိုက်ပြီး ဤစည်းကမ်းများ နားမလည်ယောင်ဆောင်လိုက်သည်။

ချူချူယန် မြေကြီးကွဲ၍ တစ်ကိုယ်လုံးတွင်းထဲ ဝင်သွားစေချင်မိလိုက်သည်။ ဘာလို့ ဒီလောက် အရှက်မရှိသောသူကို ယောက်ျားအဖြစ် ရွေးချယ်ခဲ့မိသလဲ။

"ပုံမှန်အတိုင်းဆို အတိုးကို အချိန်တစ်နှစ်နေမှ ပေးရတာမှန်ပါတယ်။ ဒါပေမဲ့ ကျုပ်သိသလောက် ခေါင်းဆောင်မေက ၁၃၀ရာခိုင်နှုန်း အတွက် ၉၀ရာခိုင်နှုန်း ယူတယ်လို့ကြားတယ်။ ကျုပ်က အတိုးအရင်တောင်းလိုက်တာ လွန်တယ်လို့ မထင်ပါဘူး"

၁၃၀ရာခိုင်နှုန်း အတွက် ၉၀ရာခိုင်နှုန်းဆိုသည်မှာ အတိုးကြီး ငွေချေးသူများ၏ သုံးနေကျနည်းလမ်းပင်။ ငွေတိုးပေးသူက ပိုက်ဆံချေးသူကို အတိုး ဆယ်ရာခိုင်နှုန်းသာ ယူသော်လည်း  ငွေပမာဏ၏ ၉၀ရာခိုင်နှုန်းကိုသာ ချပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် သုံးလအကြာတွင် ၁၃၀ ရာခိုင်နှုန်း ပြန်တောင်းပေလိမ့်မည်။ ထိုငွေတိုးချေးသူများနှင့် သူတို့၏ ယုတ်မာသော နည်းလမ်းများကြောင့် ဒေဝါလီခံလိုက်ရသူ မနည်းပေ။

မက်မွန်ပွင့်ဂိုဏ်း၏ လစဉ်အတိုး ဆယ်ရာခိုင်နှုန်းနှင့် ယှဉ်လျှင် နှစ်စဉ် အတိုး ဆယ်ရာခိုင်နှုန်းက သက်ညှာလွန်းသည်ဟု ချူချူယန် ထင်လေသည်။ ငွေ ၇ သန်းခွဲ ကသာ ကြီးမားသော ပမာဏမဟုတ်ခဲ့ပါလျှင် ထိုက်ိစ္စကို သဘောတူခဲ့မည် မဟုတ်ပေ။

ဒါပေါ့ မက်မွန်ပွင့်ဂိုဏ်းက ငွေအကျေမပေးချင်မှန်း သူမ ပြောနိုင်လေသည်။ ထို့ကြောင့် သူတို့တစ်ခုခုမကြံစည်ခင် ရနိုင်သလောက် ယူထားခြင်းက ပိုကောင်းပေသည်။

မေချောက်ဖုန်း အံကြိတ်လိုက်သည်။ ပမာဏတစ်ခု မပေးမချင်း သူလွတ်မည်မဟုတ်မှန်း သဘောပေါက်လိုက်သည်။ သူက စိတ်မရှည်စွာ လမ်းခါ၍ အမိန့်ပေးလေသည်။
"ဟေ့ကောင်တွေ ငွေစတစ်သိန်းတန်တဲ့ ငွေတိုက်စာရွက်တွေယူလာခဲ့စမ်း"

သူ့နောက်လိုက်များ ထွက်သွားရာ ချူချူယန် ဘက်လှည့်လိုက်ပြီး
"ချူမန်းကလေး ခွင့်ပြုပါဦီး အတိုးပမာဏကတောင် ကျုပ်တို့ အခုချက်ချင်း ထုတ်ပေးနိုင်ဖိုလ မဖြစ်နိုင်ပါဘူး။ ကျုပ်ရဲ့ စိတ်ရင်းအနေနဲ့ ငွေစ တစ်သိန်းအရင်ပေးထားလိုက်ပါ့မယ်။ ကျန်တာကို နှစ်ကုန်မှ ဆက်ပေးမယ်။ ဒါကို လက်ခံနိုင်ပါရဲ့လား"

မေချောက်ဖုန်း ဇူအန်ကို တိုင်ပင်ရန် လှည့်ပင်မကြည့်ချေ။ ဒီဆန်ကုန်မြေလေး ပြောလာနိုင်သော စကားများကို ကြားချင်စိတ်မရှိပေ။  ဘယ်လိုဖြစ်ဖြစ် ဒီနေရာတွင် အဓိကကျသူမှာ ချူချူယန် ဖြစ်ကြောင်း ပြောနိုင်သေးသည်။

ချူချူယန် ခေတ္တတွေဝေလိုက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည်။ သူမခန့်မှန်းချက်အရ ငွေစတစ်သိန်းက မက်မွန်ပွင့်ဂိုဏ်း ဒီအချိန်တိုအတွင်း ထုတ်နိုင်သော အများဆုံးပမာဏဖြစ်လေသည်။ သူတို့ကို ထပ်မံအကြပ်ကိုင်ရန် မကောင်းတော့ပေ။

မေချောက်ဖုန်း၏ နောက်လိုက်တစ်ဦးက ငွေလွှဲစာရွက်များကိုင်ကာ ရောက်လာသည်။ မေချောက်ဖုန်း ပထမရည်ရွယ်ချက်က ချူချူယန်ကိုပေးမလို့ပင်။ သို့သော် တစ်ဝက်တွင် အကြံပြောင်းလိုက်ပြီး ဇူအန်ကို ပေးလိုက်သည်။
"ဇူသခင်လေး ရေချင်သေးလား"

ချူချူယန်လက်ထဲကို ထိုဘဏ်စာရွက်များ ရောက်သွားပါက ပြန်ရရန် ခက်ခဲပေလိမ့်မည်။ သို့သော် ဇူအန်လက်ထဲဆိုပါက.....
ဟဟ..ငါ့မှာ သူ့ဆီက ပြန်ယူဖို့ နည်းလမ်းတွေ ရှိသေးတယ်။

"အင်း ဒါပေါ့" ဇူအန် လောဘတကြီး လှမ်းယူလိုက်ပြီး တစ်ရွက်ချင်း ရေလိုက်သည်။ တစ်ရွက်ကို ငွေစ တစ်ရာ တန်ဖိုးရှိ၍ ငွေသတစ်သိန်းဆို အရွက်တစ်ထောင်ပင်။

မေချောက်ဖုန်း သီးလုနီးပါး ဖြစ်သွားသည်။
ဒါက အပြောသက်သက်ပဲ။ ဘယ်သူက
ဒီလောက်လူအများကြီး ရှေ့မှာ ပိုက်ဆံရေလို့လဲ။

သင်သည် မေချောက်ဖုန်း ထံမှ အမျက်ပွိုင့် ၁၁၁ ရယူလိုက်သည်။

ကပ်စေးနှဲတစ်ယောက်လို တစ်ရွက်ချင်း တံတွေးဆွတ်ရေနေသော ဇူအန်ကိုကြည့်၍ ချူချူယန်လို လှပသော မ်ိနးကလေးတစ်ယောက်က ဒီဘို အမြင်မတော်သောယောက်ျားတစ်ယောက်ကို ဘာကြောင့်ရွေးမှန်း ဆန်းရှန် နားမလည်ပေ။ အဲ့တာက ပန်းလှလှတစ်ပွင့် နွားချေးပေနေသလိုပဲ။
ငါ့ကိုရွေးတာကမှ ပိုကောင်းလိမ့်ဦးမယ်။

အနီရောင်ဝတ်ရုံတပ်ဖွဲ့က လူများအပါအဝင် လူအုပ်ထဲက လူအများစုလည်း ထိုသို့တွေးကြလေသည်။ ဇူအန်ကတော့ အမျက်ပွိုင့်များ တိုးပွားလာသည်ကို ကြည့်၍ ပီတိဖြစ်နေသည်။

ဇူအန်က ရုတ်တရက် ပင့်သက်ကျယ်ကျယ်ရှိုက်လိုက်၍ လူအများ သူ့ကို အာရုံစိုက်မိသွားသည်။
"ဟမ် ဘာလို့ တစ်ရွက်ပျောက်နေတာလဲ"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီမှာ မျက်မြင်သက်သေအများကြီးရှိတာ ပိုက်ဆံလျော့တာ မဖြစ်နိုင်ဘူး" မေချောက်ဖုန်း မျက်နှာမည်းလျက် ဝင်ပြောသည်။

လူအုပ်၏ ပြင်းထန်သောအကြည့်များကို အာရုံရ၍ ဇူအန် ပုခုံးတွန့်လိုက်မိသည်။
"ခင်ဗျားလိမ်နေလားလို့ စမ်းသပ်ကြည့်ရုံပါ"

မေချောက်ဖုန်း ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဒါဆို မင်းက ငါ့ကို ကစားနေတာပေါ့။

သင်သည် မေချောက်ဖုန်း ထံမှ အမျက်ပွိုင့် ၂၁၁ ရယူလိုက်သည်။

ဘေးမှ ဆန်းရှန်၏ စိတ်ရှည်မှု ကုန်ဆုံးသွားလေပြီ။
"တော်ပြီ။ ဒီကိစ္စက ရှင်းပြီးပြီဆိုတော့ မင်းတို့အားလုံး ပြန်သင့်ပြီ"

သူက ဒီနေရာမှာ ရပ်နေပြီး အလကားလူတစ်ယောက် တစ်လောကလုံးကို ပိုင်သလို ပြုမူနေခြင်းအား ဆက်မကြည့်ချင်ပေ။ ထိုသူ့ကို တစ်ခုခုမလုပ်နိုင်အောင် အင်အားမဲ့ခြင်းကလည်း ဆန်းရှန်ကို စိတ်တိုစေသည်။

ပန်ချွမ်က ဝမ်းသာအားရ ရယ်လိုက်ပြီး
"အမှန်ပဲ။ ကိစ္စရှင်းပြီးပြီဆိုတော့ လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်ကြတော့။ အကုန်လုံး အိမ်ပြန်ကြတော့"

ဒီအချိန်တစ်ခုလုံး သူ့နှလုံးက လည်ချောင်းကပေါက်ထွက်မတတ် အခုန်မြန်နေခြင်းပင်။ ချူအိမ်က မြစ်ကမ်းစောင့်တပ်ဖွဲ့နှင့် ပြဿနာတက်သည်ဖြစ်စေ မက်မွန်ပွင့်ဂိုဏ်းက ကူရာမဲ့ပြီး အတင်းထိုးဖောက်သည်ဖြစ်စေ ကိစ္စအကြီးကြီး ဖြစ်သွားနိုင်လေသည်။ နောက်ဆုံးတွင် တာဝန်ရှိသူက သူပဲ ဖြစ်ပေလိမ့်မည်။

ရာထူးအမြင့်ဆုံး အရာရှိနှစ်ယောက်၏ အမိန့်ကြောင့် လောင်းကစားသမားများနှင့် ပွဲကြည့်သူများ လူစုခွဲလိုက်ကြသည်။ သူတို့က နောက်ဆက်တွဲကို စောင့်ကြည့်ရန် စိတ်မပါတော့ချေ။

ချီရှို့ ဇူအန်ကို လက်ကာပြ၍
"အစ်ကိုဇူ ခင်ဗျားအပေါ်အမြင်ကို ဒီနေ့ ပြောင်းလဲလိုက်တာပဲ။ နောက်နေ့မှ အရက်တိုက်မယ်။ ကျုပ်တို့ အချင်းချင်း နည်းနာကြတာပေါ့"

ဇူအန် ပြန်ရယ်လိုက်သည်။
"ကျုပ်လည်း အစ်ကိုရှို့ဆီက သင်စရာတွေ အများကြီးရှိပါသေးတယ်။ ပန်းပွင့်ချပ်တစ်ခုမှ မစွန်းပဲ ပန်းတွေအများကြီးကြား ဘယ်လိုလျှောက်သွားရမလဲလို့"

"နောက်နေ့မှ ပြောကြတာပေါ့" ချီရှို့ ချူချူယန်၏ ကြောက်စရာကောင်းသော မျက်နှာကိုမြင်၍ မရဲတရဲ ပြန်ဖြေလိုက်သည်။
မင်းကတကယ့်ကို ရဲတင်းတဲ့လူပဲ။ ဒီစကားတွေကို မင်းမိန်းမရှေ့မှာ ပြောရဲရတယ်လို့။

ချူချူယန်၏ ဒေါသတွင် ပါသွားမည်ဆိုး၍ အမြန်နှုတ်ဆက်ပြီး ပြေးလေသည်။

ဇူအန်က ဒီအလျင်လိုမှုကို သိပ်မကျေနပ်ချေ။ သူ့အတွက် အမျက်ပွိုင့် အများကြီး မရှာရသေးခင် လူအုပ်က လူစုကွဲသွားလေပြီ။ သူတစ်ခုခုလိုနေသလို ခံစားလိုက်ရသည်။ ထို့ကြောင့် မေချောက်ဖုန်းဘက်လှည့်၍
"ခေါင်းဆောင်မေ ခင်ဗျားရဲ့ လောင်းကစားဝိုင်း ထပ်ဖွင့်ဦးမှာလား။ ကျုပ်နောက်တစ်ခေါက် ကံလာစမ်းလို့ရသေးလား"

မေချောက်ဖုန်း ဓားကြည့် ကြည့်လေသည်။
နောက်တစ်ခါ မင်းလာရဲလာကြည့် မင်းကို အရှင်လတ်လတ် အရေခွံနွှာပစ်မယ်။

သင်သည် မေချောက်ဖုန်း ထံမှ အမျက်ပွိုင့် ၂၆၇ ရယူလိုက်သည်။

ချူချူယန် ဆက်မကြည့်နိုင်တော့ပ ပြောလိုက်သည်။
"သွားရအောင်"

သူမ မည်မျှ ဂရုမစိုက်သလို ဟန်ဆောင်နေပါစေ ဇူအန်ပါးစပ်မှ ထွက်လာသောစကားများကို သည်းမခံနိုင်တော့ပေ။

မြင်းတပ်ခေါင်းဆောင် ယွဲ့ရှန်က ဇူအန်နားရောက်လာပြီး ကိုယ်တိုင် လောင်းကစားဝိုင်းအပြင်သို့ ပို့ပေးသည်။ ချူအိမ်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာသောကြောင့် သူက အမျိုးမြတ်များ၏ နေထိုင်မှုကို ကျင့်သားရနေပြီး ဇူအန်၏ မျက်နှာပြောင်မှုကို မကြည့်နိုင်ပေ။

ဇူအန်နှင့်တစ်ခြားလူများ ထွက်သွားသည်ကို မေချောက်ဖုန်လက်သီးဆုတ်၍ အေးစက်စက်ကြည့်နေလေသည်။

"ခေါင်းဆောင် ကျုပ်တို့က အဲ့ကောင်ကို ၇ သန်းခွဲတကယ်ပေးမှာလား" သူ့ရဲ့ အနည်းငယ်ထူသော နောက်လိုက်တစ်ယောက်က မေချောက်ဖုန်းပို စိတ်ပူစွာ မေးလိုက်သည်။

"မတုံးစမ်းနဲ့" မေချောက်ဖုန်း ထိုသူကို မြေပေါ် မှောက်လျက်လဲအောင် ပိတ်ရိုက်လိုက်သည်။
မျက်နှာထား တင်းမာလျက် လောင်းကစားဝိုင်းတွင်းရှိ သူ့ကိုယ်ပိုင်အခန်းသို့ ဝင်သွားလိုက်သည်။ သူတံခါးဖွင့်လိုက်သောအခါ လူတစ်ယောက်စောင့်နေကြောင်း တွေ့လိုက်ရသည်။

"ရှောင်းမိန်းကလေး မင်းက ကျုပ်ကို စာချုပ်ရေးခိုင်းတဲ့ တစ်ယောက်။ ဒီကိစ္စကို မင်းဘယ်လို ဖြေရှင်းပေးမှာလဲ" မေချောက်ဖုန်း တံခါးပိတ်လိုက်ရင်း ပြောလေသည်။ သူ့လေသံက အရင်ကလောက် ဖော်ရွေမှု မရှိတော့ချေ။

"ရှင့်ခုနက အခြေအနေကို ရှင်သဘောပေါက်သင့်တယ်။ အဲ့ဒီစာချုပ်သာ မရေးလိုက်ရင်
ရုန်းထွက်လို့ ရပါဦးမလား" သူ့ကို ပြန်ချေပသော အသံကား စနိုးပင် ဖြစ်လေသည်။ မေချောက်ဖုန်း၏ မျက်နှာကို ကြည့်၍ နှစ်သိမ့်လိုက်သည်။
"စိတ်မပူနဲ့။ စာချုပ်က အဲ့ဒီ အမှိုက်ကောင် ဇူအန် လက်ထဲမှာ။ ရှင်ပြန်ရဖို့ လွယ်ပါတယ်"

မေချောက်ဖုန်း မျက်မှောင်ကြုံ့လိုက်သည်။
"သူက စာချုပ်ကို ချူအိမ်ကို ပေးလိုက်မှာပဲ စိုးရိမ်တာ"

စနိုး ခေါင်းယမ်း၍
"အဲ့တာကို စိတ်ပူစရာမလိုဘူး။ ချူချူယန်က မာနကြီးတဲ့ မိန်းမတစ်ယောက် သူက ဇူအန်ပိုက်ဆံကို ယူမှာမဟုတ်ဘူး။ ချူကျုန်းထန်ကျတော့ ဖြောင့်မတ်ပြီး ချူအိမ်က လောင်းကစားလုပ်တာကို တားမြစ်ထားတယ်။ သူ့စည်းကမ်းသူ ဖောက်ဖျက်ပြီး လောင်းကစားလုပ်လို့ ရလာတဲ့ ပိုက်ဆံကို လက်ခံမှာ မဟုတ်ဘူး။ အမှန်တော့ ဇူအန်ရဲ့ ဒီနေ့လုပ်ရပ်က ချူအိမ်က သဘောမတူမယ့်အပြင် သူ့ကို အပြစ်ပါ ပြင်းပြင်းထန်ထန်ပေးလိမ့်မယ်။ သူ့လုပ်ရက်က ချူအိမ်ရဲ့ မျက်နှာကို အိုးမည်းသုတ်သလို ဖြစ်သွားတာကိုး"

"ဇူအန်ကို ချူအိမ်ကနေ ဒီကိစ္စကြောင့် နှင်ထုတ်နိုင်လား" မေချောက်ဖုန်း မေးလိုက်သည်။

စနိုး သက်ပြင်းချလိုက်သည်။
"မသိဘူး။ ၇ သန်းခွဲ က တကယ်များတဲ့ ပမာဏပဲ ။ ဒါပေမဲ့ ဒီကိစ္စကြောင့် ဇူအန်ကိုသာ ချူအိမ်က နှင်ထုတ်နိုင်လိုက်ရင်လည်း ကောင်းတာပဲ"

မေချောက်ဖုန်း ပြောစရာ စကားရှာမတွေ့ချေ။

မင်းပိုက်ဆံမှ မဟုတ်တာ ။ မင်းက ဘယ်နှမြောမလဲ။ငွေ ၇ သန်းခွဲ ဆိုတာ ဘယ်လောက်များလဲ သိလား။ အဲ့လောက်ပိုက်ဆံသာဆို ချူအိမ်ခေါင်းဆောင်ကို သတ်ဖို့တောင် လူသတ်သမားငှားလို့ရပြီ။ အခုတော့ အဲ့လောက် ပိုက်ဆံက အလကားကောင်တစ်ယောက်ကို ရှင်းပစ်ဖို့ တန်တယ်လို့ ပြောနေသေးတယ်။

ကံကောင်းထောက်မစွာ စနိုး၏ နောက်ထပ်စကားတစ်ခွန်းက သူ့ကို ကျေနပ်သွားစေသည်။
"စိတ်ချပါ။ ကျွန်မ ဒီည ကိုယ်တိုင်လှုပ်ရှားမယ်။ စာချုပ်ကိုယူရုံမကဘူး နောက်ထပ်ပြဿနာတွေကို ရှင်းဖို့ အဲ့ကောင်ကိုလည်း တစ်ခါတည်း သတ်ပစ်လိုက်မယ်"

မေချောက်ဖုန်း အပျော်လွန်သွားသည်။
"ကျေးဇူးတင်ပါတယ် ရှောင်းမိန်းကလေး"

သူ့အင်အားနှင့် ဇူအန်ကို ပုရွက်ဆိတ်တစ်ကောင်လို သတ်ပစ်နိုင်သည်။ သို့သော် ဇူအန်က ချူအိမ်တော်နှင့် အကယ်ဒမီအတွင်းတွင်သာရှိ၍ သူလုပ်ရန် အခွင့်အရေးမရချေ။ စနိုးလို အတွင်းလူက အခွင့်အရေး ပိုများလေသည်။

ထိုစဉ် ငွေချိတ်လောင်းကစားဝိုင်းနှင့် မလှမ်းမကမ်းတွင် တည်ရှိသော  ကျန်းအိမ်တော်အတွင်းတွင်မူ မိန်းမတစ်ယောက်က သူ့ရှေ့ရှိ ယောက်ျားတစ်ယောက်ကို အာရုံစိုက်၍ ကြည့်နေလေသည်။ သူမမျက်လုံးက စမ်းရည်လို ကြည်လင်ပြီး အသားအရည်က နှင်းလို ဖြူဖွေးလေသည်။ တင့်တယ်သည် ဟူသော စာလုံးက သူမကို မနှိုင်းယှဉ်နိုင်ပေ။

"ဘာဖြစ်တာလဲ ဆန်းသခင်လေး ဒီနေ့ စိတ်မသာမယာဖြစ်နေပုံပဲ" ထိုမိန်းကလေးက ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။ သူမလှုပ်ရှားမှုများက လွန်စွာတင့်တယ်၍ အကတစ်ခု ကပြနေသလိုပင်။

ထိုယောက်ျားက ငွေချိတ်လောင်းကစားဝိုင်းမှ ပြန်လာသော ဆန်းရှန်ပင် ဖြစ်လေသည်။

"ကျန်းမိန်းကလေးရဲ့ ရေနွေးကြမ်းပြင်ဆင်ပုံက တကယ်ကို မျက်စိပသာဓဖြစ်စရာပဲ" သူမ၏ ကျက်သရေရှိသော အသံနှင့် နူးညံ့သော အပြုအမူက ဆန်းရှန်ကို စိတ်အေးစေသည်။

သူမက ညင်ညင်သာသာပြုံးလိုက်၍
"ကျွန်မတို့ စေ့စပ်ပွဲကာလပြီးဆုံးတာနဲ့ ရှင့်အတွက် နေ့တိုင်း ရေနွေးပြင်ပေးဖို့ ကျွန်မပျော်မိမှာပါ"

ထိုမိန်းကလေးက ကျန်းအိမ်၏ သခင်မလေး ကျန်းတန် ပင်ဖြစ်သည်။ ကျန်းအိမ်က ဆန်းအိမ်နှင့် လက်ထပ်ပွဲမှတစ်ဆင့် ပူးပေါင်းလိုက်သောကြောင့် သူမက ဆန်းရှန်၏ သတို့သမီးလောင်း ဖြစ်လေသည်။

သူတို့တွေ့ဆုံမှုက ပထမအကြိမ်မဟုတ်သော်လည်း ဆန်းရှန်မျက်လုံးက အရောင်လက်နေသေးသည်။ သူ့အဖေက လပြည့်မြို့ကုန်သည်သမီးတစ်ယောက်နှင့် သူ့ကို ပေးစားမည်ဟု ကြားစဉ်က သူမကျေနပ်ပေ။ သူ့အဖေနှင့် ဤကိစ္စကြောင့် အတိုက်အခံ မကြာခဏ ဖြစ်ခဲ့သေးသည်။

သို့သော် ကျန်းတန်ကို တွေ့ပြီးသည်နှင့် သူ့ဆန့်ကျင်မှုများအားလုံး လေထဲလွင့်သွားလေသည်။ အကြောင်းအရင်းမှာ ကုန်သည်သမီးက လှပလွန်း၍ ဖြစ်သည်။ ထိုကဲ့သို့ မိန်းမလှတစ်ဦးကို လက်ထပ်ရခြင်းက မကောင်းသော အရာမဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် ကျန်းမိန်းကလေး"ဆန်းရှန် ရေနွေးခွက်ကို လှမ်းယူ၍ အခွင့်ရတုန်း ကျန်းတန်လက်ကို ထိလိုက်သေးသည်။ သို့သော် ကျန်းတန်က စအသာ ပြန်ဆွဲယူလိုက်သည်။

"ဆန်းသခင်လေး ကျွန်မတို့ လက်ထပ်လိုက်တာနဲ့ ကျွန်မ က ရှင့်အပိုင်ပါ။အဲ့ဒီအချိန်ကျရင် ရှင်ဘာလုပ်လုပ် ကျွန်မခွင့်ပြုလို့ရပါတယ်။ ဒါပေမဲ့ အခုကတော့..."ကျန်းတန်စကား၏ အဓိပ္ပာယ်မှာ ရှင်းလေသည်။ လက်ထပ်ပွဲမတိုင်ခင် ရင်းရင်းနှီးနှီး မပြုမူလိုခြင်းပင်။

ဆန်းရှန်မျက်လုံးတွင် ဒေါသအမူအရာများ ပြည့်လာသော်လည်း အမြန် ရုပ်သိမ်းလိုက်လေသည်။ ကျန်းတန် အရှက်ကြီးသလို ပြုမူလေ သူပို၍ စမ်းချင်လေပင်။ ထိုအရာက သူ့နှလုံးသားကို ကလိထိုးနေသလို သူမကို ပိုလိုချင်တပ်မက်လာစေသည်။ ယောက်ျားတိုင်းက မရတာမှ လိုချင်သော သတ္တဝါများလားဟု ဆန်းရှန် တွေးမိနေသည်။

"ငွေချိတ်လောင်းကစားဝိုင်းမှာ အခုနက တစ်ခုခုဖြစ်သွားလို့...." သူ့အနေခက်မှုကို ဖုံးကွယ်ရန် အဖြစ်အပျက်အားလုံး ပြန်ပြောပြလိုက်သည်။

ကျန်းတန်မျက်နှာတွင် အံ့သြမှုတစ်ခု ပေါ်လာပြီး
"ဟမ်..ငွေချိတ်လောင်းကစားဝိုင်းက ဇူအန်ကို ငွေစ ၇ သန်းခွဲ နဲ့ လွှတ်ပေးလိုက်တယ်ပေါ့။ ချူအိမ် သခင်လေးက အလကားလူလို့ သတင်းတွေကြားထားတာ ကြည့်ရတာ ကောလဟလက ယုံလို့ မရဘူးပဲ"

တစ်ခြားယောက်ျားတစ်ယောက်ကို ချီးကျူးနေပုံရသော သူမလေသံက ဆန်းရှန်ကို မပျော်မရွှင် ဖြစ်စေသည်။
"ဟမ့် သူက ကံကောင်းသွားရုံပါ။ သူက နှစ်ချီတည်းနဲ့ အဲ့ဒီလောက် ရသွားတာ"

ကျန်းတန်၏ နီလာရောင်နှုတ်ခမ်းက အပေါ်သို့ ကွေးညွှတ်သွားပြီး ပြုံးလိုက်မိသည်။ ဆန်းရှန်အတွေးက ခန့်မှန်းရမခက်ပေ။ ထို့ကြောင့် သူ့ကို ဆွပေးသလိုဖြစ်နေမည်စိုးသောကြောင့် ဆက်မပြောတော့ချေ။

ဆန်းရှန် ဆက်ပြောသည်။
"ကိုယ်တို့လည်း ပြောလက်စဆိုတော့ မင်းအကူအညီလိုတာ တစ်ခုရှိတယ်"

--------------------------------------------------------------------------

Chapter 68.ေစ့စပ္ထားေသာသူ

အနီေရာင္ဝတ္႐ုံတပ္သားမ်ားပင္ တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည့္လိုက္မိသည္။ သူတို႔သခင္ေလးက ေတာ္႐ုံမ်က္ႏွာေျပာင္ျခင္း မဟုတ္ေပ။

"ေငြေခ်းၿပီးၿပီးခ်င္း အတိုးတန္းေတာင္းတဲ့လူ မင္းျမင္ဖူးလို႔လား။ အနည္းဆုံး တစ္ႏွစ္ေတာ့ ေစာင့္ရမယ္ေလ"

သင္သည္ ေမေခ်ာက္ဖုန္း ထံမွ အမ်က္ပြိုင့္ ၂၀၀ ရယူလိုက္သည္။

"အဲ့လို လုပ္တာမရွိဘူးလား" ဇူအန္က ေၾကာင္ေတာင္ေတာင္ ၾကည့္လိုက္ၿပီး ဤစည္းကမ္းမ်ား နားမလည္ေယာင္ေဆာင္လိုက္သည္။

ခ်ဴခ်ဴယန္ ေျမႀကီးကြဲ၍ တစ္ကိုယ္လုံးတြင္းထဲ ဝင္သြားေစခ်င္မိလိုက္သည္။ ဘာလို႔ ဒီေလာက္ အရွက္မရွိေသာသူကို ေယာက္်ားအျဖစ္ ေ႐ြးခ်ယ္ခဲ့မိသလဲ။

"ပုံမွန္အတိုင္းဆို အတိုးကို အခ်ိန္တစ္ႏွစ္ေနမွ ေပးရတာမွန္ပါတယ္။ ဒါေပမဲ့ က်ဳပ္သိသေလာက္ ေခါင္းေဆာင္ေမက ၁၃၀ရာခိုင္ႏႈန္း အတြက္ ၉၀ရာခိုင္ႏႈန္း ယူတယ္လို႔ၾကားတယ္။ က်ဳပ္က အတိုးအရင္ေတာင္းလိုက္တာ လြန္တယ္လို႔ မထင္ပါဘူး"

၁၃၀ရာခိုင္ႏႈန္း အတြက္ ၉၀ရာခိုင္ႏႈန္းဆိုသည္မွာ အတိုးႀကီး ေငြေခ်းသူမ်ား၏ သုံးေနက်နည္းလမ္းပင္။ ေငြတိုးေပးသူက ပိုက္ဆံေခ်းသူကို အတိုး ဆယ္ရာခိုင္ႏႈန္းသာ ယူေသာ္လည္း  ေငြပမာဏ၏ ၉၀ရာခိုင္ႏႈန္းကိုသာ ခ်ေပးလိုက္ျခင္းျဖစ္သည္။ ထို႔ေနာက္ သုံးလအၾကာတြင္ ၁၃၀ ရာခိုင္ႏႈန္း ျပန္ေတာင္းေပလိမ့္မည္။ ထိုေငြတိုးေခ်းသူမ်ားႏွင့္ သူတို႔၏ ယုတ္မာေသာ နည္းလမ္းမ်ားေၾကာင့္ ေဒဝါလီခံလိုက္ရသူ မနည္းေပ။

မက္မြန္ပြင့္ဂိုဏ္း၏ လစဥ္အတိုး ဆယ္ရာခိုင္ႏႈန္းႏွင့္ ယွဥ္လွ်င္ ႏွစ္စဥ္ အတိုး ဆယ္ရာခိုင္ႏႈန္းက သက္ညွာလြန္းသည္ဟု ခ်ဴခ်ဴယန္ ထင္ေလသည္။ ေငြ ၇ သန္းခြဲ ကသာ ႀကီးမားေသာ ပမာဏမဟုတ္ခဲ့ပါလွ်င္ ထိုက်ိစ္စကို သေဘာတူခဲ့မည္ မဟုတ္ေပ။

ဒါေပါ့ မက္မြန္ပြင့္ဂိုဏ္းက ေငြအေက်မေပးခ်င္မွန္း သူမ ေျပာနိုင္ေလသည္။ ထို႔ေၾကာင့္ သူတို႔တစ္ခုခုမႀကံစည္ခင္ ရနိုင္သေလာက္ ယူထားျခင္းက ပိုေကာင္းေပသည္။

ေမေခ်ာက္ဖုန္း အံႀကိတ္လိုက္သည္။ ပမာဏတစ္ခု မေပးမခ်င္း သူလြတ္မည္မဟုတ္မွန္း သေဘာေပါက္လိုက္သည္။ သူက စိတ္မရွည္စြာ လမ္းခါ၍ အမိန့္ေပးေလသည္။
"ေဟ့ေကာင္ေတြ ေငြစတစ္သိန္းတန္တဲ့ ေငြတိုက္စာ႐ြက္ေတြယူလာခဲ့စမ္း"

သူ႕ေနာက္လိုက္မ်ား ထြက္သြားရာ ခ်ဴခ်ဴယန္ ဘက္လွည့္လိုက္ၿပီး
"ခ်ဴမန္းကေလး ခြင့္ျပဳပါဦီး အတိုးပမာဏကေတာင္ က်ဳပ္တို႔ အခုခ်က္ခ်င္း ထုတ္ေပးနိုင္ဖိုလ မျဖစ္နိုင္ပါဘူး။ က်ဳပ္ရဲ႕ စိတ္ရင္းအေနနဲ႕ ေငြစ တစ္သိန္းအရင္ေပးထားလိုက္ပါ့မယ္။ က်န္တာကို ႏွစ္ကုန္မွ ဆက္ေပးမယ္။ ဒါကို လက္ခံနိုင္ပါရဲ႕လား"

ေမေခ်ာက္ဖုန္း ဇူအန္ကို တိုင္ပင္ရန္ လွည့္ပင္မၾကည့္ေခ်။ ဒီဆန္ကုန္ေျမေလး ေျပာလာနိုင္ေသာ စကားမ်ားကို ၾကားခ်င္စိတ္မရွိေပ။  ဘယ္လိုျဖစ္ျဖစ္ ဒီေနရာတြင္ အဓိကက်သဴမွာ ခ်ဴခ်ဴယန္ ျဖစ္ေၾကာင္း ေျပာနိုင္ေသးသည္။

ခ်ဴခ်ဴယန္ ေခတၱေတြေဝလိုက္ၿပီး ေခါင္းညိတ္ သေဘာတူလိုက္သည္။ သူမခန့္မွန္းခ်က္အရ ေငြစတစ္သိန္းက မက္မြန္ပြင့္ဂိုဏ္း ဒီအခ်ိန္တိုအတြင္း ထုတ္နိုင္ေသာ အမ်ားဆုံးပမာဏျဖစ္ေလသည္။ သူတို႔ကို ထပ္မံအၾကပ္ကိုင္ရန္ မေကာင္းေတာ့ေပ။

ေမေခ်ာက္ဖုန္း၏ ေနာက္လိုက္တစ္ဦးက ေငြလႊဲစာ႐ြက္မ်ားကိုင္ကာ ေရာက္လာသည္။ ေမေခ်ာက္ဖုန္း ပထမရည္႐ြယ္ခ်က္က ခ်ဴခ်ဴယန္ကိုေပးမလို႔ပင္။ သို႔ေသာ္ တစ္ဝက္တြင္ အႀကံေျပာင္းလိုက္ၿပီး ဇူအန္ကို ေပးလိုက္သည္။
"ဇူသခင္ေလး ေရခ်င္ေသးလား"

ခ်ဴခ်ဴယန္လက္ထဲကို ထိုဘဏ္စာ႐ြက္မ်ား ေရာက္သြားပါက ျပန္ရရန္ ခက္ခဲေပလိမ့္မည္။ သို႔ေသာ္ ဇူအန္လက္ထဲဆိုပါက.....
ဟဟ..ငါ့မွာ သူ႕ဆီက ျပန္ယူဖို႔ နည္းလမ္းေတြ ရွိေသးတယ္။

"အင္း ဒါေပါ့" ဇူအန္ ေလာဘတႀကီး လွမ္းယူလိုက္ၿပီး တစ္႐ြက္ခ်င္း ေရလိုက္သည္။ တစ္႐ြက္ကို ေငြစ တစ္ရာ တန္ဖိုးရွိ၍ ေငြသတစ္သိန္းဆို အ႐ြက္တစ္ေထာင္ပင္။

ေမေခ်ာက္ဖုန္း သီးလုနီးပါး ျဖစ္သြားသည္။
ဒါက အေျပာသက္သက္ပဲ။ ဘယ္သူက
ဒီေလာက္လူအမ်ားႀကီး ေရွ႕မွာ ပိုက္ဆံေရလို႔လဲ။

သင္သည္ ေမေခ်ာက္ဖုန္း ထံမွ အမ်က္ပြိုင့္ ၁၁၁ ရယူလိုက္သည္။

ကပ္ေစးႏွဲတစ္ေယာက္လို တစ္႐ြက္ခ်င္း တံေတြးဆြတ္ေရေနေသာ ဇူအန္ကိုၾကည့္၍ ခ်ဴခ်ဴယန္လို လွပေသာ မ်ိနးကလေးတစ်ယောက်က ဒီဘို အျမင္မေတာ္ေသာေယာက္်ားတစ္ေယာက္ကို ဘာေၾကာင့္ေ႐ြးမွန္း ဆန္းရွန္ နားမလည္ေပ။ အဲ့တာက ပန္းလွလွတစ္ပြင့္ ႏြားေခ်းေပေနသလိုပဲ။
ငါ့ကိုေ႐ြးတာကမွ ပိုေကာင္းလိမ့္ဦးမယ္။

အနီေရာင္ဝတ္႐ုံတပ္ဖြဲ႕က လူမ်ားအပါအဝင္ လူအုပ္ထဲက လူအမ်ားစုလည္း ထိုသို႔ေတြးၾကေလသည္။ ဇူအန္ကေတာ့ အမ်က္ပြိုင့္မ်ား တိုးပြားလာသည္ကို ၾကည့္၍ ပီတိျဖစ္ေနသည္။

ဇူအန္က ႐ုတ္တရက္ ပင့္သက္က်ယ္က်ယ္ရွိုက္လိုက္၍ လူအမ်ား သူ႕ကို အာ႐ုံစိုက္မိသြားသည္။
"ဟမ္ ဘာလို႔ တစ္႐ြက္ေပ်ာက္ေနတာလဲ"

"ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ ဒီမွာ မ်က္ျမင္သက္ေသအမ်ားႀကီးရွိတာ ပိုက္ဆံေလ်ာ့တာ မျဖစ္နိုင္ဘူး" ေမေခ်ာက္ဖုန္း မ်က္ႏွာမည္းလ်က္ ဝင္ေျပာသည္။

လူအုပ္၏ ျပင္းထန္ေသာအၾကည့္မ်ားကို အာ႐ုံရ၍ ဇူအန္ ပုခုံးတြန့္လိုက္မိသည္။
"ခင္ဗ်ားလိမ္ေနလားလို႔ စမ္းသပ္ၾကည့္႐ုံပါ"

ေမေခ်ာက္ဖုန္း ေဒါသတႀကီး စိုက္ၾကည့္လိုက္သည္။
ဒါဆို မင္းက ငါ့ကို ကစားေနတာေပါ့။

သင္သည္ ေမေခ်ာက္ဖုန္း ထံမွ အမ်က္ပြိုင့္ ၂၁၁ ရယူလိုက္သည္။

ေဘးမွ ဆန္းရွန္၏ စိတ္ရွည္မႈ ကုန္ဆုံးသြားေလၿပီ။
"ေတာ္ၿပီ။ ဒီကိစၥက ရွင္းၿပီးၿပီဆိုေတာ့ မင္းတို႔အားလုံး ျပန္သင့္ၿပီ"

သူက ဒီေနရာမွာ ရပ္ေနၿပီး အလကားလူတစ္ေယာက္ တစ္ေလာကလုံးကို ပိုင္သလို ျပဳမူေနျခင္းအား ဆက္မၾကည့္ခ်င္ေပ။ ထိုသူ႕ကို တစ္ခုခုမလုပ္နိုင္ေအာင္ အင္အားမဲ့ျခင္းကလည္း ဆန္းရွန္ကို စိတ္တိုေစသည္။

ပန္ခြၽမ္က ဝမ္းသာအားရ ရယ္လိုက္ၿပီး
"အမွန္ပဲ။ ကိစၥရွင္းၿပီးၿပီဆိုေတာ့ လုပ္စရာရွိတဲ့အလုပ္ကို ဆက္လုပ္ၾကေတာ့။ အကုန္လုံး အိမ္ျပန္ၾကေတာ့"

ဒီအခ်ိန္တစ္ခုလုံး သူ႕ႏွလုံးက လည္ေခ်ာင္းကေပါက္ထြက္မတတ္ အခုန္ျမန္ေနျခင္းပင္။ ခ်ဴအိမ္က ျမစ္ကမ္းေစာင့္တပ္ဖြဲ႕ႏွင့္ ျပႆနာတက္သည္ျဖစ္ေစ မက္မြန္ပြင့္ဂိုဏ္းက ကူရာမဲ့ၿပီး အတင္းထိုးေဖာက္သည္ျဖစ္ေစ ကိစၥအႀကီးႀကီး ျဖစ္သြားနိုင္ေလသည္။ ေနာက္ဆုံးတြင္ တာဝန္ရွိသူက သူပဲ ျဖစ္ေပလိမ့္မည္။

ရာထူးအျမင့္ဆုံး အရာရွိႏွစ္ေယာက္၏ အမိန့္ေၾကာင့္ ေလာင္းကစားသမားမ်ားႏွင့္ ပြဲၾကည့္သူမ်ား လူစုခြဲလိုက္ၾကသည္။ သူတို႔က ေနာက္ဆက္တြဲကို ေစာင့္ၾကည့္ရန္ စိတ္မပါေတာ့ေခ်။

ခ်ီရွို႔ ဇူအန္ကို လက္ကာျပ၍
"အစ္ကိုဇူ ခင္ဗ်ားအေပၚအျမင္ကို ဒီေန႕ ေျပာင္းလဲလိုက္တာပဲ။ ေနာက္ေန႕မွ အရက္တိုက္မယ္။ က်ဳပ္တို႔ အခ်င္းခ်င္း နည္းနာၾကတာေပါ့"

ဇူအန္ ျပန္ရယ္လိုက္သည္။
"က်ဳပ္လည္း အစ္ကိုရွို႔ဆီက သင္စရာေတြ အမ်ားႀကီးရွိပါေသးတယ္။ ပန္းပြင့္ခ်ပ္တစ္ခုမွ မစြန္းပဲ ပန္းေတြအမ်ားႀကီးၾကား ဘယ္လိုေလွ်ာက္သြားရမလဲလို႔"

"ေနာက္ေန႕မွ ေျပာၾကတာေပါ့" ခ်ီရွို႔ ခ်ဴခ်ဴယန္၏ ေၾကာက္စရာေကာင္းေသာ မ်က္ႏွာကိုျမင္၍ မရဲတရဲ ျပန္ေျဖလိုက္သည္။
မင္းကတကယ့္ကို ရဲတင္းတဲ့လူပဲ။ ဒီစကားေတြကို မင္းမိန္းမေရွ႕မွာ ေျပာရဲရတယ္လို႔။

ခ်ဴခ်ဴယန္၏ ေဒါသတြင္ ပါသြားမည္ဆိုး၍ အျမန္ႏႈတ္ဆက္ၿပီး ေျပးေလသည္။

ဇူအန္က ဒီအလ်င္လိုမႈကို သိပ္မေက်နပ္ေခ်။ သူ႕အတြက္ အမ်က္ပြိုင့္ အမ်ားႀကီး မရွာရေသးခင္ လူအုပ္က လူစုကြဲသြားေလၿပီ။ သူတစ္ခုခုလိုေနသလို ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ ေမေခ်ာက္ဖုန္းဘက္လွည့္၍
"ေခါင္းေဆာင္ေမ ခင္ဗ်ားရဲ႕ ေလာင္းကစားဝိုင္း ထပ္ဖြင့္ဦးမွာလား။ က်ဳပ္ေနာက္တစ္ေခါက္ ကံလာစမ္းလို႔ရေသးလား"

ေမေခ်ာက္ဖုန္း ဓားၾကည့္ ၾကည့္ေလသည္။
ေနာက္တစ္ခါ မင္းလာရဲလာၾကည့္ မင္းကို အရွင္လတ္လတ္ အေရခြံႏႊာပစ္မယ္။

သင္သည္ ေမေခ်ာက္ဖုန္း ထံမွ အမ်က္ပြိုင့္ ၂၆၇ ရယူလိုက္သည္။

ခ်ဴခ်ဴယန္ ဆက္မၾကည့္နိုင္ေတာ့ပ ေျပာလိုက္သည္။
"သြားရေအာင္"

သူမ မည္မွ် ဂ႐ုမစိုက္သလို ဟန္ေဆာင္ေနပါေစ ဇူအန္ပါးစပ္မွ ထြက္လာေသာစကားမ်ားကို သည္းမခံနိုင္ေတာ့ေပ။

ျမင္းတပ္ေခါင္းေဆာင္ ယြဲ႕ရွန္က ဇူအန္နားေရာက္လာၿပီး ကိုယ္တိုင္ ေလာင္းကစားဝိုင္းအျပင္သို႔ ပို႔ေပးသည္။ ခ်ဴအိမ္တြင္ ႏွစ္ေပါင္းမ်ားစြာ အလုပ္လုပ္လာေသာေၾကာင့္ သူက အမ်ိဳးျမတ္မ်ား၏ ေနထိုင္မႈကို က်င့္သားရေနၿပီး ဇူအန္၏ မ်က္ႏွာေျပာင္မႈကို မၾကည့္နိုင္ေပ။

ဇူအန္ႏွင့္တစ္ျခားလူမ်ား ထြက္သြားသည္ကို ေမေခ်ာက္ဖုန္လက္သီးဆုတ္၍ ေအးစက္စက္ၾကည့္ေနေလသည္။

"ေခါင္းေဆာင္ က်ဳပ္တို႔က အဲ့ေကာင္ကို ၇ သန္းခြဲတကယ္ေပးမွာလား" သူ႕ရဲ႕ အနည္းငယ္ထူေသာ ေနာက္လိုက္တစ္ေယာက္က ေမေခ်ာက္ဖုန္းပို စိတ္ပူစြာ ေမးလိုက္သည္။

"မတုံးစမ္းနဲ႕" ေမေခ်ာက္ဖုန္း ထိုသူကို ေျမေပၚ ေမွာက္လ်က္လဲေအာင္ ပိတ္ရိုက္လိုက္သည္။
မ်က္ႏွာထား တင္းမာလ်က္ ေလာင္းကစားဝိုင္းတြင္းရွိ သူ႕ကိုယ္ပိုင္အခန္းသို႔ ဝင္သြားလိုက္သည္။ သူတံခါးဖြင့္လိုက္ေသာအခါ လူတစ္ေယာက္ေစာင့္ေနေၾကာင္း ေတြ႕လိုက္ရသည္။

"ေရွာင္းမိန္းကေလး မင္းက က်ဳပ္ကို စာခ်ဳပ္ေရးခိုင္းတဲ့ တစ္ေယာက္။ ဒီကိစၥကို မင္းဘယ္လို ေျဖရွင္းေပးမွာလဲ" ေမေခ်ာက္ဖုန္း တံခါးပိတ္လိုက္ရင္း ေျပာေလသည္။ သူ႕ေလသံက အရင္ကေလာက္ ေဖာ္ေ႐ြမႈ မရွိေတာ့ေခ်။

"ရွင့္ခုနက အေျခအေနကို ရွင္သေဘာေပါက္သင့္တယ္။ အဲ့ဒီစာခ်ဳပ္သာ မေရးလိုက္ရင္
႐ုန္းထြက္လို႔ ရပါဦးမလား" သူ႕ကို ျပန္ေခ်ပေသာ အသံကား စနိုးပင္ ျဖစ္ေလသည္။ ေမေခ်ာက္ဖုန္း၏ မ်က္ႏွာကို ၾကည့္၍ ႏွစ္သိမ့္လိုက္သည္။
"စိတ္မပူနဲ႕။ စာခ်ဳပ္က အဲ့ဒီ အမွိုက္ေကာင္ ဇူအန္ လက္ထဲမွာ။ ရွင္ျပန္ရဖို႔ လြယ္ပါတယ္"

ေမေခ်ာက္ဖုန္း မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"သူက စာခ်ဳပ္ကို ခ်ဴအိမ္ကို ေပးလိုက္မွာပဲ စိုးရိမ္တာ"

စနိုး ေခါင္းယမ္း၍
"အဲ့တာကို စိတ္ပူစရာမလိုဘူး။ ခ်ဴခ်ဴယန္က မာနႀကီးတဲ့ မိန္းမတစ္ေယာက္ သူက ဇူအန္ပိုက္ဆံကို ယူမွာမဟုတ္ဘူး။ ခ်ဴက်ဳန္းထန္က်ေတာ့ ေျဖာင့္မတ္ၿပီး ခ်ဴအိမ္က ေလာင္းကစားလုပ္တာကို တားျမစ္ထားတယ္။ သူ႕စည္းကမ္းသူ ေဖာက္ဖ်က္ၿပီး ေလာင္းကစားလုပ္လို႔ ရလာတဲ့ ပိုက္ဆံကို လက္ခံမွာ မဟုတ္ဘူး။ အမွန္ေတာ့ ဇူအန္ရဲ႕ ဒီေန႕လုပ္ရပ္က ခ်ဴအိမ္က သေဘာမတူမယ့္အျပင္ သူ႕ကို အျပစ္ပါ ျပင္းျပင္းထန္ထန္ေပးလိမ့္မယ္။ သူ႕လုပ္ရက္က ခ်ဴအိမ္ရဲ႕ မ်က္ႏွာကို အိုးမည္းသုတ္သလို ျဖစ္သြားတာကိုး"

"ဇူအန္ကို ခ်ဴအိမ္ကေန ဒီကိစၥေၾကာင့္ ႏွင္ထုတ္နိုင္လား" ေမေခ်ာက္ဖုန္း ေမးလိုက္သည္။

စနိုး သက္ျပင္းခ်လိဳက္သည္။
"မသိဘူး။ ၇ သန္းခြဲ က တကယ္မ်ားတဲ့ ပမာဏပဲ ။ ဒါေပမဲ့ ဒီကိစၥေၾကာင့္ ဇူအန္ကိုသာ ခ်ဴအိမ္က ႏွင္ထုတ္နိုင္လိုက္ရင္လည္း ေကာင္းတာပဲ"

ေမေခ်ာက္ဖုန္း ေျပာစရာ စကားရွာမေတြ႕ေခ်။

မင္းပိုက္ဆံမွ မဟုတ္တာ ။ မင္းက ဘယ္ႏွေျမာမလဲ။ေငြ ၇ သန္းခြဲ ဆိုတာ ဘယ္ေလာက္မ်ားလဲ သိလား။ အဲ့ေလာက္ပိုက္ဆံသာဆို ခ်ဴအိမ္ေခါင္းေဆာင္ကို သတ္ဖို႔ေတာင္ လူသတ္သမားငွားလို႔ရၿပီ။ အခုေတာ့ အဲ့ေလာက္ ပိုက္ဆံက အလကားေကာင္တစ္ေယာက္ကို ရွင္းပစ္ဖို႔ တန္တယ္လို႔ ေျပာေနေသးတယ္။

ကံေကာင္းေထာက္မစြာ စနိုး၏ ေနာက္ထပ္စကားတစ္ခြန္းက သူ႕ကို ေက်နပ္သြားေစသည္။
"စိတ္ခ်ပါ။ ကြၽန္မ ဒီည ကိုယ္တိုင္လႈပ္ရွားမယ္။ စာခ်ဳပ္ကိုယူ႐ုံမကဘူး ေနာက္ထပ္ျပႆနာေတြကို ရွင္းဖို႔ အဲ့ေကာင္ကိုလည္း တစ္ခါတည္း သတ္ပစ္လိုက္မယ္"

ေမေခ်ာက္ဖုန္း အေပ်ာ္လြန္သြားသည္။
"ေက်းဇူးတင္ပါတယ္ ေရွာင္းမိန္းကေလး"

သူ႕အင္အားႏွင့္ ဇူအန္ကို ပု႐ြက္ဆိတ္တစ္ေကာင္လို သတ္ပစ္နိုင္သည္။ သို႔ေသာ္ ဇူအန္က ခ်ဴအိမ္ေတာ္ႏွင့္ အကယ္ဒမီအတြင္းတြင္သာရွိ၍ သူလုပ္ရန္ အခြင့္အေရးမရေခ်။ စနိုးလို အတြင္းလူက အခြင့္အေရး ပိုမ်ားေလသည္။

ထိုစဥ္ ေငြခ်ိတ္ေလာင္းကစားဝိုင္းႏွင့္ မလွမ္းမကမ္းတြင္ တည္ရွိေသာ  က်န္းအိမ္ေတာ္အတြင္းတြင္မူ မိန္းမတစ္ေယာက္က သူ႕ေရွ႕ရွိ ေယာက္်ားတစ္ေယာက္ကို အာ႐ုံစိုက္၍ ၾကည့္ေနေလသည္။ သူမမ်က္လုံးက စမ္းရည္လို ၾကည္လင္ၿပီး အသားအရည္က ႏွင္းလို ျဖဴေဖြးေလသည္။ တင့္တယ္သည္ ဟူေသာ စာလုံးက သူမကို မႏွိုင္းယွဥ္နိုင္ေပ။

"ဘာျဖစ္တာလဲ ဆန္းသခင္ေလး ဒီေန႕ စိတ္မသာမယာျဖစ္ေနပုံပဲ" ထိုမိန္းကေလးက ေရႏြေးတစ္ခြက္ ငွဲ႕ေပးလိုက္သည္။ သူမလႈပ္ရွားမႈမ်ားက လြန္စြာတင့္တယ္၍ အကတစ္ခု ကျပေနသလိုပင္။

ထိုေယာက္်ားက ေငြခ်ိတ္ေလာင္းကစားဝိုင္းမွ ျပန္လာေသာ ဆန္းရွန္ပင္ ျဖစ္ေလသည္။

"က်န္းမိန္းကေလးရဲ႕ ေရႏြေးၾကမ္းျပင္ဆင္ပုံက တကယ္ကို မ်က္စိပသာဓျဖစ္စရာပဲ" သူမ၏ က်က္သေရရွိေသာ အသံႏွင့္ ႏူးညံ့ေသာ အျပဳအမူက ဆန္းရွန္ကို စိတ္ေအးေစသည္။

သူမက ညင္ညင္သာသာၿပဳံးလိုက္၍
"ကြၽန္မတို႔ ေစ့စပ္ပြဲကာလၿပီးဆုံးတာနဲ႕ ရွင့္အတြက္ ေန႕တိုင္း ေရႏြေးျပင္ေပးဖို႔ ကြၽန္မေပ်ာ္မိမွာပါ"

ထိုမိန္းကေလးက က်န္းအိမ္၏ သခင္မေလး က်န္းတန္ ပင္ျဖစ္သည္။ က်န္းအိမ္က ဆန္းအိမ္ႏွင့္ လက္ထပ္ပြဲမွတစ္ဆင့္ ပူးေပါင္းလိုက္ေသာေၾကာင့္ သူမက ဆန္းရွန္၏ သတို႔သမီးေလာင္း ျဖစ္ေလသည္။

သူတို႔ေတြ႕ဆုံမႈက ပထမအႀကိမ္မဟုတ္ေသာ္လည္း ဆန္းရွန္မ်က္လုံးက အေရာင္လက္ေနေသးသည္။ သူ႕အေဖက လျပည့္ၿမိဳ႕ကုန္သည္သမီးတစ္ေယာက္ႏွင့္ သူ႕ကို ေပးစားမည္ဟု ၾကားစဥ္က သူမေက်နပ္ေပ။ သူ႕အေဖႏွင့္ ဤကိစၥေၾကာင့္ အတိုက္အခံ မၾကာခဏ ျဖစ္ခဲ့ေသးသည္။

သို႔ေသာ္ က်န္းတန္ကို ေတြ႕ၿပီးသည္ႏွင့္ သူ႕ဆန့္က်င္မႈမ်ားအားလုံး ေလထဲလြင့္သြားေလသည္။ အေၾကာင္းအရင္းမွာ ကုန္သည္သမီးက လွပလြန္း၍ ျဖစ္သည္။ ထိုကဲ့သို႔ မိန္းမလွတစ္ဦးကို လက္ထပ္ရျခင္းက မေကာင္းေသာ အရာမဟုတ္ေပ။

"ေက်းဇူးတင္ပါတယ္ က်န္းမိန္းကေလး"ဆန္းရွန္ ေရႏြေးခြက္ကို လွမ္းယူ၍ အခြင့္ရတုန္း က်န္းတန္လက္ကို ထိလိုက္ေသးသည္။ သို႔ေသာ္ က်န္းတန္က စအသာ ျပန္ဆြဲယူလိုက္သည္။

"ဆန္းသခင္ေလး ကြၽန္မတို႔ လက္ထပ္လိုက္တာနဲ႕ ကြၽန္မ က ရွင့္အပိုင္ပါ။အဲ့ဒီအခ်ိန္က်ရင္ ရွင္ဘာလုပ္လုပ္ ကြၽန္မခြင့္ျပဳလို႔ရပါတယ္။ ဒါေပမဲ့ အခုကေတာ့..."က်န္းတန္စကား၏ အဓိပၸာယ္မွာ ရွင္းေလသည္။ လက္ထပ္ပြဲမတိုင္ခင္ ရင္းရင္းႏွီးႏွီး မျပဳမူလိုျခင္းပင္။

ဆန္းရွန္မ်က္လုံးတြင္ ေဒါသအမူအရာမ်ား ျပည့္လာေသာ္လည္း အျမန္ ႐ုပ္သိမ္းလိုက္ေလသည္။ က်န္းတန္ အရွက္ႀကီးသလို ျပဳမူေလ သူပို၍ စမ္းခ်င္ေလပင္။ ထိုအရာက သူ႕ႏွလုံးသားကို ကလိထိုးေနသလို သူမကို ပိုလိုခ်င္တပ္မက္လာေစသည္။ ေယာက္်ားတိုင္းက မရတာမွ လိုခ်င္ေသာ သတၱဝါမ်ားလားဟု ဆန္းရွန္ ေတြးမိေနသည္။

"ေငြခ်ိတ္ေလာင္းကစားဝိုင္းမွာ အခုနက တစ္ခုခုျဖစ္သြားလို႔...." သူ႕အေနခက္မႈကို ဖုံးကြယ္ရန္ အျဖစ္အပ်က္အားလုံး ျပန္ေျပာျပလိုက္သည္။

က်န္းတန္မ်က္ႏွာတြင္ အံ့ၾသမႈတစ္ခု ေပၚလာၿပီး
"ဟမ္..ေငြခ်ိတ္ေလာင္းကစားဝိုင္းက ဇူအန္ကို ေငြစ ၇ သန္းခြဲ နဲ႕ လႊတ္ေပးလိုက္တယ္ေပါ့။ ခ်ဴအိမ္ သခင္ေလးက အလကားလူလို႔ သတင္းေတြၾကားထားတာ ၾကည့္ရတာ ေကာလဟလက ယုံလို႔ မရဘူးပဲ"

တစ္ျခားေယာက္်ားတစ္ေယာက္ကို ခ်ီးက်ဴးေနပုံရေသာ သူမေလသံက ဆန္းရွန္ကို မေပ်ာ္မ႐ႊင္ ျဖစ္ေစသည္။
"ဟမ့္ သူက ကံေကာင္းသြား႐ုံပါ။ သူက ႏွစ္ခ်ီတည္းနဲ႕ အဲ့ဒီေလာက္ ရသြားတာ"

က်န္းတန္၏ နီလာေရာင္ႏႈတ္ခမ္းက အေပၚသို႔ ေကြးၫႊတ္သြားၿပီး ၿပဳံးလိုက္မိသည္။ ဆန္းရွန္အေတြးက ခန့္မွန္းရမခက္ေပ။ ထို႔ေၾကာင့္ သူ႕ကို ဆြေပးသလိုျဖစ္ေနမည္စိုးေသာေၾကာင့္ ဆက္မေျပာေတာ့ေခ်။

ဆန္းရွန္ ဆက္ေျပာသည္။
"ကိုယ္တို႔လည္း ေျပာလက္စဆိုေတာ့ မင္းအကူအညီလိုတာ တစ္ခုရွိတယ္"

--------------------------------------------------------------------------

Continue Reading

You'll Also Like

115K 4.4K 26
Short novel Mixed by Sakurak🌸
378K 69K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
1M 77.2K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
381K 25.5K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"