ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

De SoeHmue

74.4K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... Mai multe

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

66

339 54 0
De SoeHmue

Chapter 66.အကြပ်အတည်း

လပြည့်မြို့သည် ဆားနှင့်သတ္ထုရောင်းဝယ်ရာ စီးပွားရေးမြို့တစ်ခုဖြစ်သဖြင့် ကုန်ပစ္စည်းများ သွင်းကြပို့ကြသည်။ လဲလှယ်မှု အများစုက မြစ်တစ်လျှောက်တွင် အဖြစ်များသဖြင့် မြစ်ကမ်းစပ်အစောင့်တပ်ဖွဲ့ ဖြစ်ပေါ်လာရခြင်းပင်။

ထိုအဖွဲ့က တရားမဝင်ကုန်သွယ်သူများကိုဖမ်း၍ မြစ်တစ်လျှောက် မကြာခဏပေါ်လာတတ်သော သားရိုင်းများရန်မှ ကုန်စည်များနှင့် အထောက်အပံ့များကို ကာကွယ်ပေးသည်။

ဆန်းရှန်က ချူချူယန်ကို တည်ငြိမ်စွာ ပြန်ဖြေသည်။
"ကျုပ်အလုပ်က ကင်းလှည့်ဖို့ ဆိုပေမဲ့ လူတွေရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူရတယ်။ ဒီမှာလူဒီလောက်များတာ ရုန်းရင်းဆန်ခတ်ဖြစ်နိုင်တယ်။ ဝင်ကြည့်ပြီး မေးမြန်းရတာ ကျုပ်အလုပ်မဟုတ်ဘူးလား"

"ဒီကိစ္စကို ဆန်းအရာရှိ စိတ်ပူဖို့ မလိုပါဘူး" ချိုသာသော အသံတစ်ခု ထွက်လာသည်။

အစောင့်အုပ်စုများ ဝန်းရံလျက် ယပ်တောင်ခပ်နေသော လူငယ် တစ်ဦး ဝင်လာသည်။ သူ့မျက်နှာက ကျောက်စိမ်းလို ချောမွတ်နေပြီး စာပေသမားကဲ့သို့ ယဉ်ကျေးသိမ်မွေ့သောအရှိန်အဝါ ရှိနေသည်။

"အဲ့ဒီလူက ယောက်ျားလား မိန်းမလား"

"ရှူး မင်းသေချင်လို့လား.သူက မြို့စားအိမ်က သခင်လေးလေ"

.....

ဇူအန်ကို ချီရှို့ကို တွေ့လိုက်ရ၍ အံ့သြသွားသည်။ အမှန်တော့ တော်ဝင်မျိုးနွယ်တွေ အိမ်တော်ကြီးတွေမှာ အမျိုးသားကိုယ်လုပ်တော် ဘာကြောင့်ထားမှန်း ဇူအန်အရင်က နားမလည်ပေ။ သို့သော် ချီရှို့လောက် လှပလျှင် နားလည်ပေးနိုင်လေသည်။ ဖီး..ငါဘာတွေ တွေးနေတာပါလိမ့်..။

ချီရှို့ကို မြင်သည်နှင့် ဆန်းရှန် မျက်နှာ တင်းသွားသည်။
"ဒါက ချီသခင်လေး ထင်ပါရဲ့။ ကျုပ်ကြားတာမှန်ရင် သခင်လေးက လပြည့်ဝန်းအကယ်ဒမီ မှာ စာသင်နေတုန်းဖြစ်ပြီး ရာထူးမရှိသေးပါဘူး။ အာဏာမရှိဘဲ အစောင့်တွေကို ခေါ်ထုတ်လာတာ မသင့်တော်ဘူးလို့ မထင်ဘူးလား"

ချီရှို့ သူ့ယပ်တောင်ကို ပြန်ခေါက်လိုက်ပြီး ဆန်းရှန်းကို ပြုံးပြလိုက်သည်။
"ဒါပေါ့ ဒီအစောင့်တွေကို ခေါ်လာတာ ကျုပ်မဟုတ်ဘူးလေ။ ကျုပ်က ကောင်းကင်နတ်ဘုရားစားသောက်ဆိုင်မှာ ရေနွေးကြမ်းသောက်နေတုန်း ဦးလေးပန် လူတစ်ခုခေါ်ပြီး လာနေတာတွေ့လို့။ ကျုပ်က စပ်စုချင်စိတ်သက်သက်နဲ့ လိုက်လာတာပါ။ မဟုတ်ဘူးလား ဦးလေးပန်"

ဗိုက်ရွှဲရွှဲ လူကြီးတစ်ယောက် လက်တစ်ဖက်က အရာရှိဦးထုပ်ကို ပြုတ်မကျရန် ထိန်းပြီး လောင်းကစားဝိုင်းထဲ ဝင်လာသည်။ ဒီလူက အမြန်လာရတာ သိသာလှသည်။

"ဒီလူက လပြည့်မြို့ရဲ့ ဒုတိယ ဦးစီးမှူး ပန်ချွမ် ပဲ။ သူက အဆင့် ၅ ကျင့်ကြံသူဖြစ်ပြီးတော့ လပြည့်မြို့ရဲ့ တတိယအာဏာရှိတဲ့သူပဲ။ သူက ချူအိမ်နဲ့ ဆက်ဆံရေးပြေလည်တယ်။ အဲ့ဒီတော့ ရှင်ပါးစပ်သရမ်းပြီး မပစ်မှားတာ အကောင်းဆုံးပဲ" ဇုအန် ပေါက်ကရပြောမည် စိုး၍ ချူချူယန် အမြန်သတိပေးလိုက်သည်။

ဇူအန် မျက်နှာရှုံ့တွလျက် အမြန်ခေါင်းညိတ်ပြလိုက်သည်။
ပန်ချွမ် နာမည်နဲ့ ယောက်ျားတစ်ယောက် ။ သူ့မိဘတွေက ဘယ်လိုတွေးပြီး ပေးထားတာလဲ။ သို့သော် သူ့ရှေ့တွင် မေချောက်ဖုန်း တစ်ယောက်လုံးရှိသေးမှန်း သတိရလိုက်သည်။

အတွေးများ လွင့်နေသော်လည်း ဇူအန် ချူချူယန်စကားထဲမှ အရေးကြီးသော အချက်ကို ကြားလိုက်သည်။ ချူအိမ်က မြို့စားနှင့် ဆက်ဆံရေးကောင်းသော်လည်း ချူကျုန်းထန် အရင်နေ့က ပြောသလို လင်ချွမ်ပြည်နယ်ကို အသစ်ရောက်လာသော အုပ်ချုပ်ရေးမှူး ဆန်းဟုန်က သူတို့ကို ရှင်းရန် ရောက်လာခြင်းပင်။

ကြည့်ရတာ ဆန်းဟုန်၏ လုပ်ရပ်က တော်ဝင်လွှတ်တော်၏ အမိန့်ဟု ယူဆ၍ရလေသည်။
ဘုရားသခင် ချူအိမ်က ပုန်ကုန်မယ့်အတွေး ရှိနေလို့လား။ သူတို့က အိမ်ပိုင်အရာရှိတွေနဲ့ ပေါင်းပြီး တော်ဝင်လွှတ်တော်ကို ဆန့်ကျင်မလို့လား။

ဇူအန်က ခိုင်မာတဲ့ ခြေထောက်တစ်စုံကို ဖက်ထားမိခြင်းဟု ထင်နေတာ။ လက်စသတ်တော့  မြုပ်လုနီးနီး ယိုင်နေသော လှေတစ်စီးဖြစ်နေလေသည်။
သူတို့ မြေအောက်ဂိုဏ်းလေးတစ်ခုကို ရှင်းဖို့ အခွင့်မသာတာ မဆန်းတော့ဘူး။
ဒီလှေက ငါခုန်ဆင်းဖို့ အခွင့်အရေး ရှာလိုက်ရမလား။

ချူချူယန်သာ သူ့အတွေးကို သိပါက ဇူအန်ကို မြေပေါ်ကန်ချ၍ တစ်စစီ ဖြစ်အောင် ရိုက်ပေလိမ့်မည်။

ပန်ချွမ် လက်သီးဆုတ်၍ နှုတ်ဆက်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် ဆန်းအရာရှိ"

ဆန်းရှန်က လပြည့်မြို့ရဲ့ တတိယအာဏာညောင်းသူ ဒုတိယဦးစီးမှူးကို ရန်မရှာရဲပေ။
"ဟုတ်ကဲ့ ခင်ဗျားကိုလည်း တွေ့ရတာ ဝမ်းသာပါတယ်။ ဒုတိယဦးစီးမှူး"

သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အာပလာချီးကျူးလိုက်ပြီး ချီရှို့ထံ ပြန်လှည့်လိုက်သည်။
ချီရှို့က "ကျုပ်ကို ဘာလာကြည့်နေကြတာလဲ။ ကျုပ်မှာ အရာရှိရာထူးမှ မရှိဘဲ။ လက်ရှိအခြေအနေကိုသာ စည်းကမ်းအတိုင်း ဖြေရှင်းသင့်တာ"

ဆန်းရှန် ပြန်ပြောရန် စကားအများကြီး ရှိလေသည်။
မင်းက ပန်ချွမ်ကို ဒီနေရာခေါ်လိုက်မှန်း ငါတို့ မသိဘူးထင်မနေနဲ့ ။ မင်းအဖေအပေါ် သူ့သစ္စာရှိမှုက လေးနက်တယ်။ သူက မင်းစကားကိုနားမထောင်လို့ ဘာလုပ်ရမှာလဲ။

ပန်ချွမ် ကတော့ ဆန်းရှန်ကို နောက်တစ်ကြိမ် ပြုံးပြလိုက်ပြီး
"ဆန်းအရာရှိ ကျုပ်ဒီအမှုကို လွှဲယူလိုက်ရင် ခင်ဗျား စိတ်ရှိမလား"

ဆန်းရှန် အားတင်းပြုံးပြလိုက်ပြီး
"ဒါက ဒုတိယဦးစီးမှုး တာဝန်ရှိတဲ့ အပိုင်းပဲ ကျုပ်ဘောင်မလွန်ရဲပါဘူး"

ဒုတိယ ဦးစီးမှူးက အာဏာကြီး၍ မြို့ထဲက မငြိမ်မသက်မှုအားလုံး သူနှင့်ဆိုင်သည်။ အမှန်တော့ သူက ရဲမှူးနှင့် ဆင်တူလေသည်။

သူ့ရှေ့မှ အဖွဲ့များကို ကြည့်၍ ပန်ချွမ်မျက်နှာ တည်သွားသည်။
"ဒီမှာ ဘာဖြစ်နေတာလဲ"

ချူချူယန် ရှေ့တိုး၍ အဖြစ်အပျက် အလုံးစုံ ရှင်းပြလိုက်သည်။

ပန်ချွမ်လည်း ငွေစ ၇ သန်းခွဲ ကို ကြားသောအခါ တစ်ခြားသူများကဲ့သို့ လန့်၍ ထခုန်မိမတတ်ပေ။ သို့သော် မကြာခင် မူပြန်ထိန်း၍ ချူချူယန် စကားအတိုင်း ကောက်ချက်ချလိုက်သည်။
"ခေါင်းဆောင်မေ ခင်ဗျားက ဒါတော့ မဟုတ်သေးဘူး။လောင်းကစားဝိုင်း ဖွင့်တဲ့လူက အရှုံးကို လက်ခံနိုင်ရမှာပေါ့။ ခင်ဗျားလိုသာ လူတိုင်းလုပ်မယ်ဆိုရင် လောကကြီး ရှုပ်ထွေးကုန်တာကြာပြီ"

မေချောက်ဖုန်းက ပန်ချွမ် ချူချူယန်ဘက် ပါနေသည်ကိုကြည့်၍ ဒေါသထွက်နေသည်။ သို့သော် သူက ဟန်မပျက်ပေ
"ဒုတိယ ဦးစီးမှုး ခင်ဗျားက အစအဆုံးမသိလို့ပါ။ ဒီလူက ငွေ ၇ သန်းခွဲ နိုင်ဖို့ နှစ်ကြိမ်ပဲ လောင်းခဲ့တာ။ ဒါက နားလည်နိုင်တာထက် လွန်သွားပြီ။ သေချာတယ် သူလှည့်ကွက်တစ်ချို့ သုံးလိုက်တာပဲ။ ဒါမျိုး လက်မခံနိုင်ဘူး"

ဇူအန်က စိတ်ဝင်တစားဖြစ်သွားသည်။
"ပြေပါဦး ခင်ဗျားလို လောင်းကစားဝိုင်းပိုင်ရှင်တစ်ယောက်က သူ့ဧည့်သည် လိမ်မှာ ကြောက်နေတာက ရှက်စရာမကောင်းဘူးလား။ အဲ့တာက ခင်ဗျားမှာ အရည်အချင်းမရှိဘူးလို့ ပြနေတာလား မဟုတ်ရင် ခင်ဗျားက ကမ်းကုန်အောင် မျက်နှာပြောင်တိုက်နေတာလား"

"မင်း!!" မေချောက်ဖုန်း ဒေါသတကြီး ဇူအန်ကို လက်ညှိုးထိုးလိုက်သည်။
ငါတို့နှစ်ယောက်တည်းသာဆိုရင် ဒီလို နိမ့်ကျတဲ့ကောင်မျိုး တစ်ချက်တည်းနဲ့ အသေသတ်ပစ်တယ်။

လခွမ်းနဲ့မှ…

သင်သည် မေချောက်ဖုန်း ထံမှ အမျက်ပွိုင့် ၄၉၉ ရယူလိုက်သည်။

ပန်ချွမ် က ဇူအန်ပြောတာ လက်ခံသည်။
"ခေါင်းဆောင်မေ ခင်ဗျားက ဇူအန် လိမ်တယ်ပြောရအောင် ခိုက်မာတဲ့ သက်သေရှိလို့လား"

ဒါက ဇူအန်နောက်ခံသုံး၍ ပထမဆုံး အခွင့်ပေးခံရခြင်းပင်။ သူက အကျိုးသင့်အကြောင်းသင့်ဖြစ်သော်လည်း သူ့စကားတိုင်းကို ထောက်ခံပေး ခံရခြင်းပင်။

မေချောက်ဖုန်း မဖြေခင် ခေတ္တ တွေဝေလိုက်သည်။
"ကျုပ်မှာ သက်သေမရှိဘူး။ ကျုပ်က ခုနက ဒီမှာ မရှိဘူး။ ပြီးတော့ ဇူအန်က ချူမိန်းကလေးနဲ့ အတူလာတာ။ သူက အဆင့်၅ ကျင့်ကြံသူပဲ။ သူသာတသ်ခုခုလုပ်ချင်ရင် ကျုပ်လူတွေ ဘာမှသိလိုက်မှာ မဟုတ်ဘူး"

ချူချူယန် မျက်နှာ အေးစက်သွားသည်။
"ရှင်က ကျွန်မလိမ်ပေးတာ လို့ ပြောချင်တာလား"

နှစ်ဖက်လုံးက ဆန့်ကျင်ဘက်ဖြစ်သွားမှဖြင့် မေချောက်ဖုန်း ချူအိမ်ကို ဆန့်ကျင်ရန် ဝန်မလေးတော့ပေ။
"ဟုတ်တယ်။ အဲ့တာက ပြောဖို့ ခက်တာပဲ။ သူက မင်းယောက်ျားလေ ဘာပြောပြော။ မင်းတို့နှစ်ယောက် ငါ့ကို လိမ်ဖို့ အတူတူပူးပေါင်းတာလည်း ဖြစ်နိုင်တာပဲ"

"ငါတို့ချူအိမ်က ဘယ်လို ချောက်ချတာမျိုးမှ လက်မခံဘူး။ ကျွန်မရှင်နဲ့ ပြိုင်တိုက်မယ်" ချူချူယန် လေသံက နွေးထွေးမှုအားလုံး ပျောက်ကွယ်စေနိုင်သည်။

မေချောက်ဖုန်း နောက်ဆုတ်ရန် ငြင်းဆန်လေသည်။
"ချူအိမ်မျက်နှာကြောင့် ငါက မင်းကို လေးလေးစားစား ဆက်ဆံနေတာ။ ငါ့ရဲ့ တွေးတောပေးတာကို ငါအားနည်းတယ်လို့ ထင်မနေနဲ့"

ပြဿနာကြီးထွားလာသောကြောင့် ဇူအန် ပွဲကြီးပွဲကောင်း ကြည့်ရန် စိတ်လှုပ်ရှားလာသည်။ အနာဂတ်တွင် ကြုံလာပါက သူ့ကိုယ်သူကာကွယ်နိုင်ရန် အဆင့်၅ကျင့်ကြံသူများ မည်သို့တိုက်ခိုက်ကြောင်း သိချင်လေသည်။

ချူချူယန် တိုက်ပွဲတွင် ဒဏ်ရာရနိုင်မည်ကိုတော့...အမှန်အတိုင်းပြောရလျှင် ဇူအန် စိတ်မပူချေ။ ချီရှို့နှင့် ဒုတိယဦးစီးမှုး နှစ်ယောက်လုံးရှိ၍ လပြည့်မြို့စားက ချူအိမ်နှင့် တစ်ဖက်တည်းပင်။

ထို့အပြင် သူမတွင် အကယ်ဒမီနောက်ခံ ရှိနေသေးသည်။

မေချောက်ဖုန်းက အခွင့်မသာတာ သိသာလေသည်။

ချီရှို့က ဒီအချိန်တွင် ရှေ့တိုး၍ အခြေအနေကို ထိန်းရန် ကြိုးစားလိုက်သည်။
"စိတ်လျှော့ကြပါ။ ကျုပ်ကိုတစ်ခု ပြောခွင့်ပြု။ လပြည့်မြို့တစ်ခုလုံး သိတဲ့အတိုင်း ချူအိမ်က သူ့အိမ်သားတွေကို လောင်းကစားလုပ်တာ တားမြစ်ထားတယ်.."

မျက်လုံးတိုင်းကဇူအန်ဆီရောက်သွား၍ ချီရှို့ ပြောစရာစကား ပျောက်သွားသည်။သို့သော် ဆင်ခြေတစ်ခု အမြန်ရှာလိုက်ပြီး
"အင်း ဇူအန်က ချူအိမ်တော်ဝင်တာ မကြာသေးတော့ သူက သိပ်မရင်းနှီးလို့ နေမှာပါ။ ဒါပေမဲ့ ချူအိမ် ပထမသခင်မလေးက ဘယ်လိုလူစားလည်း အားလုံးသိကြမယ် ထင်ပါတယ်"

"ဟုတ်တယ် ချူသခင်မလေးက ဘယ်လိုလုပ် လိမ်တာ ဖြစ်နိုင်မလဲ"

"ခေါင်းဆောင်မေ ခင်ဗျားငွေပေးဖို့ ငြင်းတာက တစ်ပိုင်း ချူသခင်မလေးကိုဘာလို့ စွတ်စွဲရဲရတာလဲ"

"အမှန်ပဲ ချူမိန်းကလေးက ဒီလို အောက်ကျတဲ့ နည်းလမ်း ဘယ်တုန်းကမှ သုံးမှာ မဟုတ်ဘူး"
....

လူအုပ်တွင်းမှ ချီရှို့စကားကို ထောက်ခံသံများ ထွက်လာသည်။

ဇူအန်က သူ့ဇနီး၏ နာမည်ကြီးမှုကို အံ့သြနေသည်။

လူဒီလောက်အများကြီး သူ့ကို ကြိုက်လိမ့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ငါ့နေရာက အန္တရာယ်များပုံပဲ။

ချီရှို့က လက်မြှောက်၍ လူအုပ်ကို ငြိမ်စေပြီးမှ ဆက်ပြောသည်။
"ပြီးတော့ လူတိုင်းသိတဲ့အတိုင်း ကျုပ်မှာ အရည်အချင်းရယ်လို့ ဘာမှသိပ်မရှိဘဲ တစ်နေ့လုံးအချိန်ဖြုန်းနေတဲ့လူပါ....တစ်ခြားနယ်ပယ်တော့ မပြောနိုင်ပေမဲ့ လောင်းကစားကတော့ ကျုပ်ကျွမ်းကျင်တယ်။

ကျုပ်ရဲ့ဗဟုသုတအရ လောင်းကစားဝိုင်းမှာ သုံသမျှ ပစ္စည်းအားလုံး ကျင့်ကြံသူတွေ ကီကိုသုံးပြီး အဖြေကို မပြောင်းနိုင်အောင် မှော်မျဉ်းတွေ အစီအရင်ဆွဲထားတယ်။ ချူမိန်းကလေးရဲ့ ကျင့်ကြံမှုမြင့်တာနဲ့ သူကလိမ်နေတယ်လို့ ပြောတာ မှားရာကျတယ်"

အဖြစ်အပျက်ကိုကြည့်ရင်း မေချောက်ဖုန်းက ချူချူယန်နာမည်ကိုပါ ဆွဲချရန်ကြံစည်ခြင်းကို ဆန်းရှန်ပါ စိတ်တိုလာရသည်။ ထိုအခြေအနေတွင် သူ့မှာ မတတ်သာ၍ ထပြောရသည်။
"အမှန်ပဲ ချူမိန်းကလေးမလိမ်ဘူးဆိုတာ ကျုပ်အသက်နဲ့လဲပြီး အာမခံရဲတယ်။ သူက..."

ဆန်းရှန်စကားမဆုံးခင် ဇူအန်က ဖြတ်ပြောသည်။
"အသည်း … မင်းသာ လိမ်နေတာလို့ ဒီနေရာမှာ ဝန်ခံလိုက်ရင် အဲ့ဒီ ဆန်းအရာရှိ ကိုယ့်ကိုကိုယ်သတ်သေဖို့ ကိုယ်တို့ ဖိအားပေးလို့ရမလား..."

ပုရစ်အော်သံသာ ကြားရတော့သည်။ ဆန်းရှန်၊ ပန်ချွမ် ၊ ချီရှို့ ၊ မေချောက်ဖုန်း ဇူအန်ကို စိုက်ကြည့်၍ သူတို့၏ မျက်နှာများ မယုံကြည်နိုင်မှုမှ ဒေါသသို့ တစ်ဖြည်းဖြည်းပြောင်းလဲလာသည်။
အဲ့တာက စကားသက်သက်ပဲကို မင်းက အတည်ယူနေတာလား။ ချူအိမ်က ဘယ်လို သားမက်မျိုး အိမ်ထဲ ခေါ်သွင်းလိုက်တာလဲ။
သင်သည် ဆန်းရှန် ထံမှ အမျက်ပွိုင့် ၂၁၃ ရယူလိုက်သည်။

ချူချူယန် မျက်နှာလည်း မည်းသွားသည်။
"တိတ်တိတ်နေ။ ပေါက်ကရမပြောနဲ့"

ဆန်းရှန်က ဇူအန်၏စကားကို လျစ်လျှူရှူကာ ဆက်ပြောရန် ပြင်လိုက်သည်။
နေဦး..ငါပြောတာဘယ်ရောက်သွားပြီလဲ။ သေစမ်း အဲ့ဒီကောင်။

"ချူမိန်းကလေးက ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး။ ဇူသခင်လေးအကြောင်းကတော့ တစ်မြို့လုံးက သူ့အရည်အချင်းနဲ့ သူ့စရိုက်ကို သိမယ်ထင်ပါတယ်။ သူ့အနေနဲ့ နှစ်ချီတည်းနဲ့ ၇ သန်းခွဲ နိုင်ဖို့ မဖြစ်နိုင်ဘူး။ အဖြေက တစ်ခုပဲ ရှိတော့တယ်။ အဲ့တာက..သူမက်မွန်ပွင့်ဂိုဏ်းကို လိမ်ဖို့ မက်မွန်ပွင့် ၇ကို လာဘ်ထိုးထားတာပဲ"

ဇူအန်က အမှိုက်ဟုပြောရန်သာ ကျန်တော့လေသည်။

မေချောက်ဖုန်း မျက်လုံးတစ်ချက်လက်သွားသည်။ သူ့အရင် စွတ်စွဲချက်က ဟာကွက်တွေအများကြီးရှိပေမဲ့ ဆန်းရှန်၏ ပြောဆိုမှုက ဇူအန် တရားမဝင်နည်းဖြင့် ငွေစနိုင်ခဲ့ကြောင်း ထောက်ပြနေလေသည်။  ထို့အပြင် ဇူအန်အပေါ် ပြန်တိုက်ခိုက်ရန် အခွင့်အရေး ရနိုင်လေသည်။

မြို့တော်က လာတဲ့သူ ပီသပေသည်။ ဘယ်လိုတောင် ပြည့်စုံတဲ့ အကွက်လဲ။

"ဝူး.." ဘေးမှကြည့်နေသော မက်မွန်ပွင့် ၇ ကြောက်လန့်သွားရသည်။ သူက ဆွဲချခံလိုက်ရမည်ဟု မထင်ထားပေ။ ကံဆိုးစွာပင် သူ့မေးရိုးက အချိုးခံထားရ၍ ချေပနိုင်ခြင်းမရှိချေ။

“ဖြောင်း…ဖြောင်း…ဖြောင်း”
လက်ခုပ်တီးသံတစ်ခု ကြားလိုက်သည်။ မျက်လုံးများက အသံလာရာလှည့်ကြည့်ချိန်တွင် ဇူအန်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဆန်းအရာရှိ ငွေချိတ်လောင်းကစားရုံရဲ့ ပိုင်ရှင်တစ်ယောက်က ခင်ဗျားများ ဖြစ်နေလား"

ဆန်းရှန် မျက်နှာမည်းသွားသည်။
"မင်းဘာအမှိုက်စကားတွေ ပြောနေတာလဲ။ တော်ဝင်လွှတ်တော်ရဲ့ အရာရှိတစ်ယောက်ကို စွတ်စွဲတာက ပြစ်မှုအကြီးကြီးနော်"

သင်သည် ဆန်းရှန် ထံမှ အမျက်ပွိုင့် ၂၀၀ ရယူလိုက်သည်။

"ခင်ဗျားက ပိုင်ရှင်မဟုတ်ရင် ဒီနေရာကို စရောက်တည်းက ဘာလို့ သူတို့ဘက်က တစ်ချိန်လုံး ကာကွယ်တာ မရပ်ရတာလဲ"ဇူအန် မေးလိုက်သည်။

ဆန်းရှန် နှာမှုတ်လိုက်သည်။
"ငါက အချက်အလက်ပေါ်မူတည်ပြီး ကောက်ချက်ချရုံပဲ"

"ခင်ဗျားပြောသလို ကောက်ချက်ချရုံသက်သက်ပဲ။ အဲ့တာကြောင့် ခင်ဗျား မေချောက်ဖုန်းကို ကူပြောပေးနေတဲ့အချက်ကို ကြည့်ပြီး ခင်ဗျားက မေချောက်ဖုန်းနဲ့ ပူးပေါင်းနေတယ်လို့ ကျုပ်လည်း ကောက်ချက်ဆွဲ လိုက်တာပဲ။ ကျုပ်ရဲ့ ကောက်ချက်ချမှုလည်း သက်သေအဖြစ် တင်ပြလို့ ရလား"

"မင်း" ဆန်းရှန် မျက်နှာလှည့်လိုက်သည်။
"မင်းလိုလူမျိုးနဲ့ ပြိုင်မငြင်းချင်ဘူး"

သင်သည် ဆန်းရှန် ထံမှ အမျက်ပွိုင့် ၁၀၀ ရယူလိုက်သည်။

ဆန်းရှန်က တဖြည်းဖြည်း စိတ်ငြိမ်အောင် လုပ်လိုက်သည်။ သူတို့၏ အဆင့်အတန်း ကွာခြားချက်အရ ဇူအန်နှင့် လူကြားတွင် ပြိုင်ငြင်းရန် သူ့အတွက် နိမ့်ကျလေသည်။
ဇူအန် သူ့ကို လွှတ်လိုက်ပြီး ပန်ချွမ် ဘက် လှည့်လိုက်သည်။
"ဒုတိယဦးစီးမှုးခင်ဗျာ ခင်ဗျားရဲ့ များစွာသောအတွေ့အကြုံအရ ဒီကိစ္စကို ဘာဖြစ်နေမှန်း သိလောက်ပြီ ထင်ပါတယ်"

ဆန်းရှန် ပြန်ချေပသည်။
"ပန်သခင် တစ်ခြားလူတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကြောင့် ခင်ဗျားရဲ့ ဝေဖန်နိုင်စွမ်းကို မမှားပါစေနဲ့"

"ဒါက.. " ပန်ချွမ် အကြပ်အတည်းတွင်း ရောက်နေလေသည်။ သူ့နဖူးမှ ချွေးများ ကျလုပင်။

ဒါပေါ့ လက်ရှိအခြေအနေက ရှင်းလင်းပေသည်။ သို့သော် မက်မွန်ပွင့်ဂိုဏ်းက လွန်ခဲ့သော နှစ်အတွင်း မြို့တော်အရာရှိရုံးများသို့ ဆက်သနေပြီး သူတို့ နောက်ခံက ဖမ်းရခက်သည်ပင်။ ဆန်းရှန်က ပေါ်တင် ထောက်ခံနေသောကြောင့် မက်မွန်ပွင့်ဂိုဏ်း၏ နောက်ခံက ဆန်းဟုန်လား။

-----------------------------------------------------------------------------------------------

Chapter 66.အၾကပ္အတည္း

လျပည့္ၿမိဳ႕သည္ ဆားႏွင့္သတၳဳေရာင္းဝယ္ရာ စီးပြားေရးၿမိဳ႕တစ္ခုျဖစ္သျဖင့္ ကုန္ပစၥည္းမ်ား သြင္းၾကပို႔ၾကသည္။ လဲလွယ္မႈ အမ်ားစုက ျမစ္တစ္ေလွ်ာက္တြင္ အျဖစ္မ်ားသျဖင့္ ျမစ္ကမ္းစပ္အေစာင့္တပ္ဖြဲ႕ ျဖစ္ေပၚလာရျခင္းပင္။

ထိုအဖြဲ႕က တရားမဝင္ကုန္သြယ္သူမ်ားကိုဖမ္း၍ ျမစ္တစ္ေလွ်ာက္ မၾကာခဏေပၚလာတတ္ေသာ သားရိုင္းမ်ားရန္မွ ကုန္စည္မ်ားႏွင့္ အေထာက္အပံ့မ်ားကို ကာကြယ္ေပးသည္။

ဆန္းရွန္က ခ်ဴခ်ဴယန္ကို တည္ၿငိမ္စြာ ျပန္ေျဖသည္။
"က်ဳပ္အလုပ္က ကင္းလွည့္ဖို႔ ဆိုေပမဲ့ လူေတြရဲ႕ လုံၿခဳံေရးကိုလည္း တာဝန္ယူရတယ္။ ဒီမွာလူဒီေလာက္မ်ားတာ ႐ုန္းရင္းဆန္ခတ္ျဖစ္နိုင္တယ္။ ဝင္ၾကည့္ၿပီး ေမးျမန္းရတာ က်ဳပ္အလုပ္မဟုတ္ဘူးလား"

"ဒီကိစၥကို ဆန္းအရာရွိ စိတ္ပူဖို႔ မလိုပါဘူး" ခ်ိဳသာေသာ အသံတစ္ခု ထြက္လာသည္။

အေစာင့္အုပ္စုမ်ား ဝန္းရံလ်က္ ယပ္ေတာင္ခပ္ေနေသာ လူငယ္ တစ္ဦး ဝင္လာသည္။ သူ႕မ်က္ႏွာက ေက်ာက္စိမ္းလို ေခ်ာမြတ္ေနၿပီး စာေပသမားကဲ့သို႔ ယဥ္ေက်းသိမ္ေမြ႕ေသာအရွိန္အဝါ ရွိေနသည္။

"အဲ့ဒီလူက ေယာက္်ားလား မိန္းမလား"

"ရႉး မင္းေသခ်င္လို႔လား.သူက ၿမိဳ႕စားအိမ္က သခင္ေလးေလ"

.....

ဇူအန္ကို ခ်ီရွို႔ကို ေတြ႕လိုက္ရ၍ အံ့ၾသသြားသည္။ အမွန္ေတာ့ ေတာ္ဝင္မ်ိဳးႏြယ္ေတြ အိမ္ေတာ္ႀကီးေတြမွာ အမ်ိဳးသားကိုယ္လုပ္ေတာ္ ဘာေၾကာင့္ထားမွန္း ဇူအန္အရင္က နားမလည္ေပ။ သို႔ေသာ္ ခ်ီရွို႔ေလာက္ လွပလွ်င္ နားလည္ေပးနိုင္ေလသည္။ ဖီး..ငါဘာေတြ ေတြးေနတာပါလိမ့္..။

ခ်ီရွို႔ကို ျမင္သည္ႏွင့္ ဆန္းရွန္ မ်က္ႏွာ တင္းသြားသည္။
"ဒါက ခ်ီသခင္ေလး ထင္ပါရဲ႕။ က်ဳပ္ၾကားတာမွန္ရင္ သခင္ေလးက လျပည့္ဝန္းအကယ္ဒမီ မွာ စာသင္ေနတုန္းျဖစ္ၿပီး ရာထူးမရွိေသးပါဘူး။ အာဏာမရွိဘဲ အေစာင့္ေတြကို ေခၚထုတ္လာတာ မသင့္ေတာ္ဘူးလို႔ မထင္ဘူးလား"

ခ်ီရွို႔ သူ႕ယပ္ေတာင္ကို ျပန္ေခါက္လိုက္ၿပီး ဆန္းရွန္းကို ၿပဳံးျပလိုက္သည္။
"ဒါေပါ့ ဒီအေစာင့္ေတြကို ေခၚလာတာ က်ဳပ္မဟုတ္ဘူးေလ။ က်ဳပ္က ေကာင္းကင္နတ္ဘုရားစားေသာက္ဆိုင္မွာ ေရႏြေးၾကမ္းေသာက္ေနတုန္း ဦးေလးပန္ လူတစ္ခုေခၚၿပီး လာေနတာေတြ႕လို႔။ က်ဳပ္က စပ္စုခ်င္စိတ္သက္သက္နဲ႕ လိုက္လာတာပါ။ မဟုတ္ဘူးလား ဦးေလးပန္"

ဗိုက္႐ႊဲ႐ႊဲ လူႀကီးတစ္ေယာက္ လက္တစ္ဖက္က အရာရွိဦးထုပ္ကို ျပဳတ္မက်ရန္ ထိန္းၿပီး ေလာင္းကစားဝိုင္းထဲ ဝင္လာသည္။ ဒီလူက အျမန္လာရတာ သိသာလွသည္။

"ဒီလူက လျပည့္ၿမိဳ႕ရဲ႕ ဒုတိယ ဦးစီးမႉး ပန္ခြၽမ္ ပဲ။ သူက အဆင့္ ၅ က်င့္ႀကံသူျဖစ္ၿပီးေတာ့ လျပည့္ၿမိဳ႕ရဲ႕ တတိယအာဏာရွိတဲ့သူပဲ။ သူက ခ်ဴအိမ္နဲ႕ ဆက္ဆံေရးေျပလည္တယ္။ အဲ့ဒီေတာ့ ရွင္ပါးစပ္သရမ္းၿပီး မပစ္မွားတာ အေကာင္းဆုံးပဲ" ဇုအန္ ေပါက္ကရေျပာမည္ စိုး၍ ခ်ဴခ်ဴယန္ အျမန္သတိေပးလိုက္သည္။

ဇူအန္ မ်က္ႏွာရႈံ႕တြလ်က္ အျမန္ေခါင္းညိတ္ျပလိုက္သည္။
ပန္ခြၽမ္ နာမည္နဲ႕ ေယာက္်ားတစ္ေယာက္ ။ သူ႕မိဘေတြက ဘယ္လိုေတြးၿပီး ေပးထားတာလဲ။ သို႔ေသာ္ သူ႕ေရွ႕တြင္ ေမေခ်ာက္ဖုန္း တစ္ေယာက္လုံးရွိေသးမွန္း သတိရလိုက္သည္။

အေတြးမ်ား လြင့္ေနေသာ္လည္း ဇူအန္ ခ်ဴခ်ဴယန္စကားထဲမွ အေရးႀကီးေသာ အခ်က္ကို ၾကားလိုက္သည္။ ခ်ဴအိမ္က ၿမိဳ႕စားႏွင့္ ဆက္ဆံေရးေကာင္းေသာ္လည္း ခ်ဴက်ဳန္းထန္ အရင္ေန႕က ေျပာသလို လင္ခြၽမ္ျပည္နယ္ကို အသစ္ေရာက္လာေသာ အုပ္ခ်ဳပ္ေရးမႉး ဆန္းဟုန္က သူတို႔ကို ရွင္းရန္ ေရာက္လာျခင္းပင္။

ၾကည့္ရတာ ဆန္းဟုန္၏ လုပ္ရပ္က ေတာ္ဝင္လႊတ္ေတာ္၏ အမိန့္ဟု ယူဆ၍ရေလသည္။
ဘုရားသခင္ ခ်ဴအိမ္က ပုန္ကုန္မယ့္အေတြး ရွိေနလို႔လား။ သူတို႔က အိမ္ပိုင္အရာရွိေတြနဲ႕ ေပါင္းၿပီး ေတာ္ဝင္လႊတ္ေတာ္ကို ဆန့္က်င္မလို႔လား။

ဇူအန္က ခိုင္မာတဲ့ ေျခေထာက္တစ္စုံကို ဖက္ထားမိျခင္းဟု ထင္ေနတာ။ လက္စသတ္ေတာ့  ျမဳပ္လုနီးနီး ယိုင္ေနေသာ ေလွတစ္စီးျဖစ္ေနေလသည္။
သူတို႔ ေျမေအာက္ဂိုဏ္းေလးတစ္ခုကို ရွင္းဖို႔ အခြင့္မသာတာ မဆန္းေတာ့ဘူး။
ဒီေလွက ငါခုန္ဆင္းဖို႔ အခြင့္အေရး ရွာလိုက္ရမလား။

ခ်ဴခ်ဴယန္သာ သူ႕အေတြးကို သိပါက ဇူအန္ကို ေျမေပၚကန္ခ်၍ တစ္စစီ ျဖစ္ေအာင္ ရိုက္ေပလိမ့္မည္။

ပန္ခြၽမ္ လက္သီးဆုတ္၍ ႏႈတ္ဆက္လိုက္သည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္ ဆန္းအရာရွိ"

ဆန္းရွန္က လျပည့္ၿမိဳ႕ရဲ႕ တတိယအာဏာေညာင္းသူ ဒုတိယဦးစီးမႉးကို ရန္မရွာရဲေပ။
"ဟုတ္ကဲ့ ခင္ဗ်ားကိုလည္း ေတြ႕ရတာ ဝမ္းသာပါတယ္။ ဒုတိယဦးစီးမႉး"

သူတို႔ႏွစ္ေယာက္ တစ္ေယာက္ႏွင့္တစ္ေယာက္ အာပလာခ်ီးက်ဴးလိုက္ၿပီး ခ်ီရွို႔ထံ ျပန္လွည့္လိုက္သည္။
ခ်ီရွို႔က "က်ဳပ္ကို ဘာလာၾကည့္ေနၾကတာလဲ။ က်ဳပ္မွာ အရာရွိရာထူးမွ မရွိဘဲ။ လက္ရွိအေျခအေနကိုသာ စည္းကမ္းအတိုင္း ေျဖရွင္းသင့္တာ"

ဆန္းရွန္ ျပန္ေျပာရန္ စကားအမ်ားႀကီး ရွိေလသည္။
မင္းက ပန္ခြၽမ္ကို ဒီေနရာေခၚလိုက္မွန္း ငါတို႔ မသိဘူးထင္မေနနဲ႕ ။ မင္းအေဖအေပၚ သူ႕သစၥာရွိမႈက ေလးနက္တယ္။ သူက မင္းစကားကိုနားမေထာင္လို႔ ဘာလုပ္ရမွာလဲ။

ပန္ခြၽမ္ ကေတာ့ ဆန္းရွန္ကို ေနာက္တစ္ႀကိမ္ ၿပဳံးျပလိုက္ၿပီး
"ဆန္းအရာရွိ က်ဳပ္ဒီအမႈကို လႊဲယူလိုက္ရင္ ခင္ဗ်ား စိတ္ရွိမလား"

ဆန္းရွန္ အားတင္းၿပဳံးျပလိုက္ၿပီး
"ဒါက ဒုတိယဦးစီးမႈး တာဝန္ရွိတဲ့ အပိုင္းပဲ က်ဳပ္ေဘာင္မလြန္ရဲပါဘူး"

ဒုတိယ ဦးစီးမႉးက အာဏာႀကီး၍ ၿမိဳ႕ထဲက မၿငိမ္မသက္မႈအားလုံး သူႏွင့္ဆိုင္သည္။ အမွန္ေတာ့ သူက ရဲမႉးႏွင့္ ဆင္တူေလသည္။

သူ႕ေရွ႕မွ အဖြဲ႕မ်ားကို ၾကည့္၍ ပန္ခြၽမ္မ်က္ႏွာ တည္သြားသည္။
"ဒီမွာ ဘာျဖစ္ေနတာလဲ"

ခ်ဴခ်ဴယန္ ေရွ႕တိုး၍ အျဖစ္အပ်က္ အလုံးစုံ ရွင္းျပလိုက္သည္။

ပန္ခြၽမ္လည္း ေငြစ ၇ သန္းခြဲ ကို ၾကားေသာအခါ တစ္ျခားသူမ်ားကဲ့သို႔ လန့္၍ ထခုန္မိမတတ္ေပ။ သို႔ေသာ္ မၾကာခင္ မူျပန္ထိန္း၍ ခ်ဴခ်ဴယန္ စကားအတိုင္း ေကာက္ခ်က္ခ်လိဳက္သည္။
"ေခါင္းေဆာင္ေမ ခင္ဗ်ားက ဒါေတာ့ မဟုတ္ေသးဘူး။ေလာင္းကစားဝိုင္း ဖြင့္တဲ့လူက အရႈံးကို လက္ခံနိုင္ရမွာေပါ့။ ခင္ဗ်ားလိုသာ လူတိုင္းလုပ္မယ္ဆိုရင္ ေလာကႀကီး ရႈပ္ေထြးကုန္တာၾကာၿပီ"

ေမေခ်ာက္ဖုန္းက ပန္ခြၽမ္ ခ်ဴခ်ဴယန္ဘက္ ပါေနသည္ကိုၾကည့္၍ ေဒါသထြက္ေနသည္။ သို႔ေသာ္ သူက ဟန္မပ်က္ေပ
"ဒုတိယ ဦးစီးမႈး ခင္ဗ်ားက အစအဆုံးမသိလို႔ပါ။ ဒီလူက ေငြ ၇ သန္းခြဲ နိုင္ဖို႔ ႏွစ္ႀကိမ္ပဲ ေလာင္းခဲ့တာ။ ဒါက နားလည္နိုင္တာထက္ လြန္သြားၿပီ။ ေသခ်ာတယ္ သူလွည့္ကြက္တစ္ခ်ိဳ႕ သုံးလိုက္တာပဲ။ ဒါမ်ိဳး လက္မခံနိုင္ဘူး"

ဇူအန္က စိတ္ဝင္တစားျဖစ္သြားသည္။
"ေျပပါဦး ခင္ဗ်ားလို ေလာင္းကစားဝိုင္းပိုင္ရွင္တစ္ေယာက္က သူ႕ဧည့္သည္ လိမ္မွာ ေၾကာက္ေနတာက ရွက္စရာမေကာင္းဘူးလား။ အဲ့တာက ခင္ဗ်ားမွာ အရည္အခ်င္းမရွိဘူးလို႔ ျပေနတာလား မဟုတ္ရင္ ခင္ဗ်ားက ကမ္းကုန္ေအာင္ မ်က္ႏွာေျပာင္တိုက္ေနတာလား"

"မင္း!!" ေမေခ်ာက္ဖုန္း ေဒါသတႀကီး ဇူအန္ကို လက္ညွိုးထိုးလိုက္သည္။
ငါတို႔ႏွစ္ေယာက္တည္းသာဆိုရင္ ဒီလို နိမ့္က်တဲ့ေကာင္မ်ိဳး တစ္ခ်က္တည္းနဲ႕ အေသသတ္ပစ္တယ္။

လခြမ္းနဲ႕မွ

သင္သည္ ေမေခ်ာက္ဖုန္း ထံမွ အမ်က္ပြိုင့္ ၄၉၉ ရယူလိုက္သည္။

ပန္ခြၽမ္ က ဇူအန္ေျပာတာ လက္ခံသည္။
"ေခါင္းေဆာင္ေမ ခင္ဗ်ားက ဇူအန္ လိမ္တယ္ေျပာရေအာင္ ခိုက္မာတဲ့ သက္ေသရွိလို႔လား"

ဒါက ဇူအန္ေနာက္ခံသုံး၍ ပထမဆုံး အခြင့္ေပးခံရျခင္းပင္။ သူက အက်ိဳးသင့္အေၾကာင္းသင့္ျဖစ္ေသာ္လည္း သူ႕စကားတိုင္းကို ေထာက္ခံေပး ခံရျခင္းပင္။

ေမေခ်ာက္ဖုန္း မေျဖခင္ ေခတၱ ေတြေဝလိုက္သည္။
"က်ဳပ္မွာ သက္ေသမရွိဘူး။ က်ဳပ္က ခုနက ဒီမွာ မရွိဘူး။ ၿပီးေတာ့ ဇူအန္က ခ်ဴမိန္းကေလးနဲ႕ အတူလာတာ။ သူက အဆင့္၅ က်င့္ႀကံသူပဲ။ သူသာတသ္ခုခုလုပ္ခ်င္ရင္ က်ဳပ္လူေတြ ဘာမွသိလိုက္မွာ မဟုတ္ဘူး"

ခ်ဴခ်ဴယန္ မ်က္ႏွာ ေအးစက္သြားသည္။
"ရွင္က ကြၽန္မလိမ္ေပးတာ လို႔ ေျပာခ်င္တာလား"

ႏွစ္ဖက္လုံးက ဆန့္က်င္ဘက္ျဖစ္သြားမွျဖင့္ ေမေခ်ာက္ဖုန္း ခ်ဴအိမ္ကို ဆန့္က်င္ရန္ ဝန္မေလးေတာ့ေပ။
"ဟုတ္တယ္။ အဲ့တာက ေျပာဖို႔ ခက္တာပဲ။ သူက မင္းေယာက္်ားေလ ဘာေျပာေျပာ။ မင္းတို႔ႏွစ္ေယာက္ ငါ့ကို လိမ္ဖို႔ အတူတူပူးေပါင္းတာလည္း ျဖစ္နိုင္တာပဲ"

"ငါတို႔ခ်ဴအိမ္က ဘယ္လို ေခ်ာက္ခ်တာမ်ိဳးမွ လက္မခံဘူး။ ကြၽန္မရွင္နဲ႕ ၿပိဳင္တိုက္မယ္" ခ်ဴခ်ဴယန္ ေလသံက ႏြေးေထြးမႈအားလုံး ေပ်ာက္ကြယ္ေစနိုင္သည္။

ေမေခ်ာက္ဖုန္း ေနာက္ဆုတ္ရန္ ျငင္းဆန္ေလသည္။
"ခ်ဴအိမ္မ်က္ႏွာေၾကာင့္ ငါက မင္းကို ေလးေလးစားစား ဆက္ဆံေနတာ။ ငါ့ရဲ႕ ေတြးေတာေပးတာကို ငါအားနည္းတယ္လို႔ ထင္မေနနဲ႕"

ျပႆနာႀကီးထြားလာေသာေၾကာင့္ ဇူအန္ ပြဲႀကီးပြဲေကာင္း ၾကည့္ရန္ စိတ္လႈပ္ရွားလာသည္။ အနာဂတ္တြင္ ႀကဳံလာပါက သူ႕ကိုယ္သူကာကြယ္နိုင္ရန္ အဆင့္၅က်င့္ႀကံသူမ်ား မည္သို႔တိုက္ခိုက္ေၾကာင္း သိခ်င္ေလသည္။

ခ်ဴခ်ဴယန္ တိုက္ပြဲတြင္ ဒဏ္ရာရနိုင္မည္ကိုေတာ့...အမွန္အတိုင္းေျပာရလွ်င္ ဇူအန္ စိတ္မပူေခ်။ ခ်ီရွို႔ႏွင့္ ဒုတိယဦးစီးမႈး ႏွစ္ေယာက္လုံးရွိ၍ လျပည့္ၿမိဳ႕စားက ခ်ဴအိမ္ႏွင့္ တစ္ဖက္တည္းပင္။

ထို႔အျပင္ သူမတြင္ အကယ္ဒမီေနာက္ခံ ရွိေနေသးသည္။

ေမေခ်ာက္ဖုန္းက အခြင့္မသာတာ သိသာေလသည္။

ခ်ီရွို႔က ဒီအခ်ိန္တြင္ ေရွ႕တိုး၍ အေျခအေနကို ထိန္းရန္ ႀကိဳးစားလိုက္သည္။
"စိတ္ေလွ်ာ့ၾကပါ။ က်ဳပ္ကိုတစ္ခု ေျပာခြင့္ျပဳ။ လျပည့္ၿမိဳ႕တစ္ခုလုံး သိတဲ့အတိုင္း ခ်ဴအိမ္က သူ႕အိမ္သားေတြကို ေလာင္းကစားလုပ္တာ တားျမစ္ထားတယ္.."

မ်က္လုံးတိုင္းကဇူအန္ဆီေရာက္သြား၍ ခ်ီရွို႔ ေျပာစရာစကား ေပ်ာက္သြားသည္။သို႔ေသာ္ ဆင္ေျခတစ္ခု အျမန္ရွာလိုက္ၿပီး
"အင္း ဇူအန္က ခ်ဴအိမ္ေတာ္ဝင္တာ မၾကာေသးေတာ့ သူက သိပ္မရင္းႏွီးလို႔ ေနမွာပါ။ ဒါေပမဲ့ ခ်ဴအိမ္ ပထမသခင္မေလးက ဘယ္လိုလူစားလည္း အားလုံးသိၾကမယ္ ထင္ပါတယ္"

"ဟုတ္တယ္ ခ်ဴသခင္မေလးက ဘယ္လိုလုပ္ လိမ္တာ ျဖစ္နိုင္မလဲ"

"ေခါင္းေဆာင္ေမ ခင္ဗ်ားေငြေပးဖို႔ ျငင္းတာက တစ္ပိုင္း ခ်ဴသခင္မေလးကိုဘာလို႔ စြတ္စြဲရဲရတာလဲ"

"အမွန္ပဲ ခ်ဴမိန္းကေလးက ဒီလို ေအာက္က်တဲ့ နည္းလမ္း ဘယ္တုန္းကမွ သုံးမွာ မဟုတ္ဘူး"
....

လူအုပ္တြင္းမွ ခ်ီရွို႔စကားကို ေထာက္ခံသံမ်ား ထြက္လာသည္။

ဇူအန္က သူ႕ဇနီး၏ နာမည္ႀကီးမႈကို အံ့ၾသေနသည္။

လူဒီေလာက္အမ်ားႀကီး သူ႕ကို ႀကိဳက္လိမ့္မယ္လို႔ မထင္ထားဘူး။ ၾကည့္ရတာ ငါ့ေနရာက အႏၱရာယ္မ်ားပုံပဲ။

ခ်ီရွို႔က လက္ျမႇောက္၍ လူအုပ္ကို ၿငိမ္ေစၿပီးမွ ဆက္ေျပာသည္။
"ၿပီးေတာ့ လူတိုင္းသိတဲ့အတိုင္း က်ဳပ္မွာ အရည္အခ်င္းရယ္လို႔ ဘာမွသိပ္မရွိဘဲ တစ္ေန႕လုံးအခ်ိန္ျဖဳန္းေနတဲ့လူပါ....တစ္ျခားနယ္ပယ္ေတာ့ မေျပာနိုင္ေပမဲ့ ေလာင္းကစားကေတာ့ က်ဳပ္ကြၽမ္းက်င္တယ္။

က်ဳပ္ရဲ႕ဗဟုသုတအရ ေလာင္းကစားဝိုင္းမွာ သုံသမွ် ပစၥည္းအားလုံး က်င့္ႀကံသူေတြ ကီကိုသုံးၿပီး အေျဖကို မေျပာင္းနိုင္ေအာင္ ေမွာ္မ်ဥ္းေတြ အစီအရင္ဆြဲထားတယ္။ ခ်ဴမိန္းကေလးရဲ႕ က်င့္ႀကံမႈျမင့္တာနဲ႕ သူကလိမ္ေနတယ္လို႔ ေျပာတာ မွားရာက်တယ္"

အျဖစ္အပ်က္ကိုၾကည့္ရင္း ေမေခ်ာက္ဖုန္းက ခ်ဴခ်ဴယန္နာမည္ကိုပါ ဆြဲခ်ရန္ႀကံစည္ျခင္းကို ဆန္းရွန္ပါ စိတ္တိုလာရသည္။ ထိုအေျခအေနတြင္ သူ႕မွာ မတတ္သာ၍ ထေျပာရသည္။
"အမွန္ပဲ ခ်ဴမိန္းကေလးမလိမ္ဘူးဆိုတာ က်ဳပ္အသက္နဲ႕လဲၿပီး အာမခံရဲတယ္။ သူက..."

ဆန္းရွန္စကားမဆုံးခင္ ဇူအန္က ျဖတ္ေျပာသည္။
"အသည္း  မင္းသာ လိမ္ေနတာလို႔ ဒီေနရာမွာ ဝန္ခံလိုက္ရင္ အဲ့ဒီ ဆန္းအရာရွိ ကိုယ့္ကိုကိုယ္သတ္ေသဖို႔ ကိုယ္တို႔ ဖိအားေပးလို႔ရမလား..."

ပုရစ္ေအာ္သံသာ ၾကားရေတာ့သည္။ ဆန္းရွန္၊ ပန္ခြၽမ္ ၊ ခ်ီရွို႔ ၊ ေမေခ်ာက္ဖုန္း ဇူအန္ကို စိုက္ၾကည့္၍ သူတို႔၏ မ်က္ႏွာမ်ား မယုံၾကည္နိုင္မႈမွ ေဒါသသို႔ တစ္ျဖည္းျဖည္းေျပာင္းလဲလာသည္။
အဲ့တာက စကားသက္သက္ပဲကို မင္းက အတည္ယူေနတာလား။ ခ်ဴအိမ္က ဘယ္လို သားမက္မ်ိဳး အိမ္ထဲ ေခၚသြင္းလိုက္တာလဲ။
သင္သည္ ဆန္းရွန္ ထံမွ အမ်က္ပြိုင့္ ၂၁၃ ရယူလိုက္သည္။

ခ်ဴခ်ဴယန္ မ်က္ႏွာလည္း မည္းသြားသည္။
"တိတ္တိတ္ေန။ ေပါက္ကရမေျပာနဲ႕"

ဆန္းရွန္က ဇူအန္၏စကားကို လ်စ္လ်ႉရႉကာ ဆက္ေျပာရန္ ျပင္လိုက္သည္။
ေနဦး..ငါေျပာတာဘယ္ေရာက္သြားၿပီလဲ။ ေသစမ္း အဲ့ဒီေကာင္။

"ခ်ဴမိန္းကေလးက ဘယ္ေတာ့မွ လိမ္မွာမဟုတ္ဘူး။ ဇူသခင္ေလးအေၾကာင္းကေတာ့ တစ္ၿမိဳ႕လုံးက သူ႕အရည္အခ်င္းနဲ႕ သူ႕စရိုက္ကို သိမယ္ထင္ပါတယ္။ သူ႕အေနနဲ႕ ႏွစ္ခ်ီတည္းနဲ႕ ၇ သန္းခြဲ နိုင္ဖို႔ မျဖစ္နိုင္ဘူး။ အေျဖက တစ္ခုပဲ ရွိေတာ့တယ္။ အဲ့တာက..သူမက္မြန္ပြင့္ဂိုဏ္းကို လိမ္ဖို႔ မက္မြန္ပြင့္ ၇ကို လာဘ္ထိုးထားတာပဲ"

ဇူအန္က အမွိုက္ဟုေျပာရန္သာ က်န္ေတာ့ေလသည္။

ေမေခ်ာက္ဖုန္း မ်က္လုံးတစ္ခ်က္လက္သြားသည္။ သူ႕အရင္ စြတ္စြဲခ်က္က ဟာကြက္ေတြအမ်ားႀကီးရွိေပမဲ့ ဆန္းရွန္၏ ေျပာဆိုမႈက ဇူအန္ တရားမဝင္နည္းျဖင့္ ေငြစနိုင္ခဲ့ေၾကာင္း ေထာက္ျပေနေလသည္။  ထို႔အျပင္ ဇူအန္အေပၚ ျပန္တိုက္ခိုက္ရန္ အခြင့္အေရး ရနိုင္ေလသည္။

ၿမိဳ႕ေတာ္က လာတဲ့သူ ပီသေပသည္။ ဘယ္လိုေတာင္ ျပည့္စုံတဲ့ အကြက္လဲ။

"ဝူး.." ေဘးမွၾကည့္ေနေသာ မက္မြန္ပြင့္ ၇ ေၾကာက္လန့္သြားရသည္။ သူက ဆြဲခ်ခံလိုက္ရမည္ဟု မထင္ထားေပ။ ကံဆိုးစြာပင္ သူ႕ေမးရိုးက အခ်ိဳးခံထားရ၍ ေခ်ပနိုင္ျခင္းမရွိေခ်။

ေျဖာင္းေျဖာင္းေျဖာင္း
လက္ခုပ္တီးသံတစ္ခု ၾကားလိုက္သည္။ မ်က္လုံးမ်ားက အသံလာရာလွည့္ၾကည့္ခ်ိန္တြင္ ဇူအန္ျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။
"ဆန္းအရာရွိ ေငြခ်ိတ္ေလာင္းကစား႐ုံရဲ႕ ပိုင္ရွင္တစ္ေယာက္က ခင္ဗ်ားမ်ား ျဖစ္ေနလား"

ဆန္းရွန္ မ်က္ႏွာမည္းသြားသည္။
"မင္းဘာအမွိုက္စကားေတြ ေျပာေနတာလဲ။ ေတာ္ဝင္လႊတ္ေတာ္ရဲ႕ အရာရွိတစ္ေယာက္ကို စြတ္စြဲတာက ျပစ္မႈအႀကီးႀကီးေနာ္"

သင္သည္ ဆန္းရွန္ ထံမွ အမ်က္ပြိုင့္ ၂၀၀ ရယူလိုက္သည္။

"ခင္ဗ်ားက ပိုင္ရွင္မဟုတ္ရင္ ဒီေနရာကို စေရာက္တည္းက ဘာလို႔ သူတို႔ဘက္က တစ္ခ်ိန္လုံး ကာကြယ္တာ မရပ္ရတာလဲ"ဇူအန္ ေမးလိုက္သည္။

ဆန္းရွန္ ႏွာမႈတ္လိုက္သည္။
"ငါက အခ်က္အလက္ေပၚမူတည္ၿပီး ေကာက္ခ်က္ခ်႐ုံပဲ"

"ခင္ဗ်ားေျပာသလို ေကာက္ခ်က္ခ်႐ုံသက္သက္ပဲ။ အဲ့တာေၾကာင့္ ခင္ဗ်ား ေမေခ်ာက္ဖုန္းကို ကူေျပာေပးေနတဲ့အခ်က္ကို ၾကည့္ၿပီး ခင္ဗ်ားက ေမေခ်ာက္ဖုန္းနဲ႕ ပူးေပါင္းေနတယ္လို႔ က်ဳပ္လည္း ေကာက္ခ်က္ဆြဲ လိုက္တာပဲ။ က်ဳပ္ရဲ႕ ေကာက္ခ်က္ခ်မႈလည္း သက္ေသအျဖစ္ တင္ျပလို႔ ရလား"

"မင္း" ဆန္းရွန္ မ်က္ႏွာလွည့္လိုက္သည္။
"မင္းလိုလူမ်ိဳးနဲ႕ ၿပိဳင္မျငင္းခ်င္ဘူး"

သင္သည္ ဆန္းရွန္ ထံမွ အမ်က္ပြိုင့္ ၁၀၀ ရယူလိုက္သည္။

ဆန္းရွန္က တျဖည္းျဖည္း စိတ္ၿငိမ္ေအာင္ လုပ္လိုက္သည္။ သူတို႔၏ အဆင့္အတန္း ကြာျခားခ်က္အရ ဇူအန္ႏွင့္ လူၾကားတြင္ ၿပိဳင္ျငင္းရန္ သူ႕အတြက္ နိမ့္က်ေလသည္။
ဇူအန္ သူ႕ကို လႊတ္လိုက္ၿပီး ပန္ခြၽမ္ ဘက္ လွည့္လိုက္သည္။
"ဒုတိယဦးစီးမႈးခင္ဗ်ာ ခင္ဗ်ားရဲ႕ မ်ားစြာေသာအေတြ႕အႀကဳံအရ ဒီကိစၥကို ဘာျဖစ္ေနမွန္း သိေလာက္ၿပီ ထင္ပါတယ္"

ဆန္းရွန္ ျပန္ေခ်ပသည္။
"ပန္သခင္ တစ္ျခားလူတစ္ေယာက္ရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ ခင္ဗ်ားရဲ႕ ေဝဖန္နိုင္စြမ္းကို မမွားပါေစနဲ႕"

"ဒါက.. " ပန္ခြၽမ္ အၾကပ္အတည္းတြင္း ေရာက္ေနေလသည္။ သူ႕နဖူးမွ ေခြၽးမ်ား က်လဳပင္။

ဒါေပါ့ လက္ရွိအေျခအေနက ရွင္းလင္းေပသည္။ သို႔ေသာ္ မက္မြန္ပြင့္ဂိုဏ္းက လြန္ခဲ့ေသာ ႏွစ္အတြင္း ၿမိဳ႕ေတာ္အရာရွိ႐ုံးမ်ားသို႔ ဆက္သေနၿပီး သူတို႔ ေနာက္ခံက ဖမ္းရခက္သည္ပင္။ ဆန္းရွန္က ေပၚတင္ ေထာက္ခံေနေသာေၾကာင့္ မက္မြန္ပြင့္ဂိုဏ္း၏ ေနာက္ခံက ဆန္းဟုန္လား။

-----------------------------------------------------------------------------------------------

Continuă lectura

O să-ți placă și

175K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
378K 69K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
1.1M 66.2K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
735K 41.6K 26
Jk - Possessive type #Warning Cv_ Pinterest