ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

Od SoeHmue

73.9K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... Více

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

56

343 60 0
Od SoeHmue

Chapter 56. သမက်၊ ယောက်က္ခမ ဆက်ဆံရေး

ချူချူယန် မျက်နှာ နီရဲလာသည်။ လူပေါင်းများစွာက သူမအလှကို ချီးမွမ်းဖူးကြသော်လည်း သွယ်ဝိုက်၍သာ ပြောကြခြင်းပင်။ ယခုအကြိမ်က ပထမဆုံး လူတစ်ယောက်က သူမကို တိုက်ရိုက်ပေါ်တင် ချီးမွမ်းခြင်းပင်။ ထိုအရာက သူ့ကို အနည်းငယ် ရှိုးတိုးရှန့်တန်းဖြစ်စေသည်။

ထိုစဉ် ချင်ဝမ်ယွီ မျက်မှောင်များ ပိုကြုံ့လာလေသည်။
ဒီကောင်က တကယ်လျှာသွက်တယ်။ ကြည့်လေ အမြင်ကတ်စရာ ကောင်းလေပဲ။

ချူကျုန်းထန် အသာ ချောင်းဆိုးလိုက်သည်။
"ထမင်းစားဝိုင်းမှာ စကားပြောတာက မယဉ်ကျေးဘူး" သူက ဇူအန်ကို သတိပေးလိုက်သည်။

ဇူအန် စကားမပြောရန် ဆုံးဖြတ်လိုက်ပြီး တိတ်တဆိတ် ဆက်စားကြလေသည်။ မကြာခင် ထမင်းဝိုင်းပြီးသွား၍ အာလုတ်ကျင်းရန် အစေခံများ ဆားရည်လာပို့ပြီး ပန်းကန်များ သိမ်းကြသည်။
ဇူအန်က နားမလည်ပေ။ ခါတိုင်းဆို ထမင်းကို သူ့အခန်းထဲ လာပို့သည်။ ဒီနေ့မှ လူစု၍ စားနေခြင်းပင်။ ဒါက အိမ်ထဲမှာ လက်ခံစပြုလာပြီဆိုတဲ့ လက္ခဏာလား။

သူစဉ်းစားနေတုန်း ချူကျုန်းထန် စကားစသည်။
"ချူယန် မင်း လုလင်ကို သွားတဲ့ကိစ္စ ဘယ်လိုနေလဲ"

ဇူအန် အံ့သြသွားသည်။ သူတို့က သူ့ရှေ့မှာ စီးပွားရေးအကြောင်းပြောမလို့လား။ သူ့ကို အပြင်လူအဖြစ် မမြင်တော့ဘူးလား။

"ကျွန်မ စုံစမ်းပြီးပြီ ကြည့်ရတာ ပစ္စည်းတွေက အနက်ရောင်လေခံတပ်က ဖြတ်လုသွားပုံပဲ။ ကျွန်မ နယ်မြေတစ်ဝိုက်ကို ရှာကြည့်ပေမဲ့ သူတို့က အငွေ့ပျံသွားသလိုပဲ။ သဲလွန်စတစ်ခုမှ ရှာလို့မရဘူး" ချူချူယန် ပြန်ဖြေသည်။

အနက်ရောင်လေခံတပ် လား...ဇူအန် အတွေးနက်နေသည်။
အရင်နှစ်ရက်က သူ ယုယွမ်လော့နှင့်တွေ့ချိန်ကလည်း ထိုဂိုဏ်းက ဓားပြအုပ်စုတစ်ခုပင်။ ထိုကိစ္စကို တွေးမိလိုက်လျှင်ပင် ဇူအန်ကို စိတ်တိုစေသည်။ ယုယွမ်လော့က သူ့ကို စကားသက်သက် ဂတိပေးသွားပြီး ပျောက်ကွယ်သွားလေသည်။ အမှန်တော့ မိန်းမတစ်ယောက်ပိုလှလေ ပိုကောက်ကျစ်လေပေ။

ချူကျုန်းထန် သက်ပြင်းချလိုက်သည်။
"ဒါက အနက်ရောင်လေခံတပ်ရဲ့ ထုံးစံပဲ။ သူတို့က အန္တရာယ်ကိုကြိုမြင်ပြီး အရင်ပြေးနိုင်တယ်။ ငါတို့ စစ်တပ်လွှတ်လိုက်တိုင်း နဂါးဝှက်တောင်ကို ဝင်ပုန်းကြရော။ အချိန်တိုင်း ပစ္စည်းပို့ဖို့ စစ်တပ်ကို သုံးလို့မရဘူး။ ဒါက လုပ်ရခက်စေတာပဲ"

သူခေတ္တ ရပ်လိုက်ပြီး
"မကြာသေးခင်က ယုအိမ်ရဲ့ ကုန်သည်တန်းကိုလည်း တိုက်ပြီး သူတို့လူတစ်ချို့ အသက်ဆုံးရှုံးသွားတယ် ကြားတာပဲ။ ငါတို့ ယုအိမ်နဲ့ ပေါင်းပြီး ဒီအသားပိုကို ရှင်းထုတ်ပစ်ရင် ကောင်းမယ်"

ချင်ဝမ်ယွီ ထပြောလိုက်သည်။
"ရှင် ယုယွမ်လော့ကို စ်ိတ်ဝင်စားနေတာလို့ပဲ ကျွန်မထင်တယ်" သူမ အေးစက်စက် ပြောလိုက်သည်။
"ယုအိမ်က သူ့ဘာသာတောင် ပြဿနာများလှပြီ။ ကျွန်မတို့ကို ကူပြီး အနက်ရောင်လေခံတပ်ကို ရှင်းဖို့ အချိန်ရမှာလဲ"

ချူကျုန်းထန် မျက်နှာနီသွားသည်။ သူ့မိန်းမအင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး
"မင်းထင်နေသလို မဟုတ်ပါဘူး။ ပြီးတော့ ကလေးတွေလည်း ရှိသေးတာပဲ...."

ချင်ဝမ်ယွီ မျက်နှာလှည့်၍ သူ့ယောက်ျားကို လျစ်လျှူရှုလိုက်သည်။

ဇူအန်နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာသည်။ ကြည့်ရတာ သူ့ယောက္ခထီးက အငယ်တုန်းက ယုသခင်မကို လိုက်ဖူးပုံပင်။ အင်း သူနားလည်နိုင်သည်။ တကယ်ပဲ အလွန်လှပလွန်းသည်ပင်။

ချူချူယန် လည်ချောင်းရှင်း၍ အန်းတန်းတန်း လေထုကို ဖျက်စီးလိုက်သည်။ သူမ ဆက်ပြောသည်။
"အိမ်တော်ရဲ့ လက်နက်ရောင်းဝယ်ရေးက အရှုံးပေါ်နေပြီ။ တိမ်ချောင်း ညစ်ညမ်းသွားတာက လက်နက်အရည်အသွေးမှာ ကျွန်မတို့ရဲ့ အားသာချက်ကို ဖျက်စီးလိုက်သလိုပဲ။ ပြီးတော့ ယွမ်အိမ်က အတော်အားကောင်းတဲ့ မှော်မျဉ်းဆွဲသူတစ်ယောက်ကို လက်နက်မန်းဖို့ ခေါ်ထားတယ်။ သူတို့လက်နက်က ကျွန်မတို့ထက် အရည်အသွေးသိပ်မကွာဘူး ပြီးတော့ စျေးလည်း ပိုချိုတယ်။ ကျွန်မတို့စျေးကွက်တစ်ချို့ကို တော်တော်လေး ဝင်ယူပြီးသွားပြီ။ ဒီနှုန်းအတိုင်းဆို အိမ်တော်ရဲ့ အခြေခံအုတ်မြစ်ပါ ယိုင်လာနိုင်တယ်"

ဇူအန် ကြားလိုက်ရသော သတင်းကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ယုယွမ်လော့ ရထားလုံးပေါ်ရှိ အပြာရောင်လဲ့နေသော မျဉ်းများကို ပြန်တွေးမိလိုက်သည်။ ထိုအရာက မှော်မျဉ်းဆွဲသူတစ်ယောက်၏ အလုပ်ဖြစ်ပေမည်။ မှော်မျဉ်းဆွဲသူများက အရာဝတ္ထုများတွင် လုပ်ဆောင်ချက်များ ပေါင်းထည့်နိုင်ပြီး မှော်မျဉ်းဆွဲထားသော လက်နက်သည် သာမန်လက်နက်များထက် ပိုအားကောင်းပေလိမ့်မည်။

အဲ့ဒီ အကယ်ဒမီစုတ်ကသာ ပွစိပွစိမပြောဘဲ အကျိုးရှိတာ သင်ပေးရင် ငါဒီလို ဘုမသိဘမသိ ပျင်းနေမှာ မဟုတ်ဘူး။

အမှန်တော့ ဇူအန် အကယ်ဒမီကို အထင်လွဲနေခြင်းပင်။ အနီးအနားပြည်နယ်များတွင် အကောင်းဆုံးကျောင်း ပီသစွာ ဆရာများကလည်း လူ့မလိုင် ထိပ်တန်းများပင် ဖြစ်လေသည်။ သိက္ခာတရားကဲ့သို့ သင်ခန်းစာများ သင်နေရခြင်းမှာ သူက အဝါရောင်အခန်းတွင် ရှိသောကြောင့် ဖြစ်လေသည်။
အဝါရောင်အခန်းမှလူများက ကျင့်ကြံနိုင်သူနည်း၍ ကျင့်ကြံခြင်းနှင့် ပတ်သက်သော သင်ခန်းစာများက အကျုံးမဝင်ပေ။ ထို့ကြောင့် တစ်ပတ်တွင် တစ်ခါနှစ်ခါသာ ကျင့်ကြံမှုနှင့်ဆိုင်သော အခြေခံဗဟုသုတကို သင်ပေးလေသည်။
အခြားဘက်တွင် ကောင်းကင်ခန်းလို ထိပ်ဆုံးခန်းကတော့ ကျင့်ကြံမှုကိုသာ အလေးပေး၍ အခြား သင်ခန်းစာများ အလွန်နည်းလေသည်။

ချင်ဝမ်ယွီ မျက်မှောင်ကြုံ့လိုက်သည်။
"ယွမ်အိမ်က ဘယ်လိုလုပ် မှော်မျဉ်းဆွဲတဲ့လူ ရသွားရတာလဲ။ သူတို့ အဆက်အသွယ် ဘယ်တုန်းက ဒီလောက် ပေါသွားရတာလဲ"

"သူတို့မှာ မရှိပေမဲ့ အိမ်နီးချင်း ဝူအိမ်တော်က ရှိတယ်။ ဝူအိမ်ရဲ့ ခေါင်းဆောင်ကလည်း မြို့တော်ဝန်ပဲ။ ပြီးတော့ သူကချူအိမ်ရဲ့ စျေးကွက်ကို မျက်စိကျနေတာကြာပြီ။ ကျွန်မ သတင်းနှိုက်ကြည့်ပြီးပြီ။ ကြည့်ရတာ ဝူအိမ်က ယွမ်အိမ်ကို ထောက်ပံ့ပေးနေပုံပဲ။ မဟုတ်ရင် ယွမ်အိမ်က ပေါ်တင် စိန်ခေါ်ရဲမှာ မဟုတ်ဘူး" ချူချူယန် ပြန်ဖြေသည်။

"အမှန်ပဲ အဲ့ဒီယွမ်မျိုးရိုးက ဒီနေ့လည်း ကျောင်းမှာ တအားမောက်မာနေတာ။ အိမ်တော်ပြိုင်ပွဲမှာ ခဲအိုကို ပညာပေးမယ်လို့ ကျိန်းမောင်းနေတာ" ချူဟွမ်ကျောက် စကားဝိုင်းထဲမဝင်နိုင်ဘဲရှိတာ ရင်းနှီးသောနာမည်ကြားလိုက်ရမှ ချက်ချင်း အသံထွက်လာလေသည်။

ချင်ဝမ်ယွီ ဒေါသထွက်သွားသည်။
"သူတို့က တရားလွန်လာပြီ။ ချူအိမ်ရဲ့ အစေခံနဲ့ခွေးတောင် သူတို့ဖိနှိပ်ရဲဖို့ မဟုတ်ဘူး" သူမလက်ကို စားပွဲပေါ် ရိုက်၍
"သွားမယ်။ ယွမ်အိမ်ကို သွားပြီး အကြောင်းသိအောင် ပြကြတာပေါ့"

ဇူအန် ချင်ဝမ်ယွီကို မျက်လုံးစူးစူးဖြင့်ကြည့်လိုက်ပြီး သူမစကားကြောင့် စိတ်ခုကြောင်းကို မဖုံးကွယ်ပေ။

"မိန်းမ စိတ်ကိုထိန်း ဆန်းဟုန်က အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ကျနေပြီ။ သူက ငါတို့ကိုဖြိုဖို့ အကြောင်းပြချက်တစ်ခု စောင့်နေတာ" ချူကျုန်းထန် အမြန်ထ၍ ထိန်းလိုက်သည်။
"ငါတို့ စိတ်အေးအေးထားပြီး ဖြည်းဖြည်းချင်း ပြင်ဆင်သင့်တယ်။ မဟုတ်ရင် ငါတို့ပဲ အကျိုးယုတ်မှာ..."

ဇူအန် မျက်ခုံးပင့်လိုက်မိသည်။ ချူအိမ်၏ ခမ်းနားသော အပေါ်ယံအသွင်အပြင်ကို ဆန့်ကျင်လျက် ခြိမ်းခြောက်မှုပေါင်းများစွာ ရှိနေပုံပင်။

ချူကျုန်းထန် သူ့မိန်းမနောက်ကျောကို ပုတ်လိုက်ပြီးမှ ဇူအန်ဘက်လှည့်လိုက်သည်။
"ဇူအန် ဝမ်ယွမ်ဒုံက မင်းကို ပြဿနာရှာခဲ့မှာပဲ။ ဘာမှ မဖြစ်ဘူးမလား"

ဇူအန်ပြန်မဖြေခင် ချူဟွမ်ကျောက်က ထပြောသည်။
"ယွမ်ဝမ်ဒုံ တင် မကဘူး။ ဟိုအကောင် ဟုန်ရှင်းယင်ရောပဲ။ သူက ချူအိမ်ရဲ့ လက်အောက်ငယ်သားဖြစ်ရမှာ ဒါပေမဲ့ အဲ့ဒီမျက်နှာနှစ်ဖက်နဲ့ကောင်က အပြင်လူဘက်တောင် ပါလိုက်သေးတယ်"

ချူဟွမ်ကျောက်၏ သူ့ဘက်ရပ်တည်မှုကို ကြည့်၍ ဇူအန် စိတ်လှုပ်ရှားသွားရသည်။ အနည်းဆုံးတော့ သူ့မိန်းမထက်ပင် သူ့ကို ပိုဂရုစိုက်သေးသည်။

ချူကျုန်းထန် မျက်မှောင်ကြုံ့လိုက်သည်။
"ဟုန်ရှင်းယင်လား"

ချင်ဝမ်ယွီ ထပြောသည်။
"ငါ အဲ့ဒီကလေးအကြောင်း သိတယ်။ သူက မာနကြီးပြီး နင့်အစ်မကိုလည်း အရင်က တကယ်ချစ်ခဲ့တာ။ ဇူအန်အပေါ် အမြင်မကြည်မှာသိသာတာပဲ။ မင်းသိပါတယ် လူငယ်တွေက ခံစားချက်မထိန်းနိုင်ဘူး"

ချူဟွမ်ကျောက် လွယ်လွယ်လက်မလျှော့ချင်ပင်။
"ဒါပေမဲ့..."

"ဟုတ်ပြီ" ချင်ဝမ်ယွီ တိတ်တိတ်နေရန် လက်ခါပြလိုက်သည်။
"အဲ့ကလေးက အလုပ်ကြိုးစားတယ်။ သူ့အဖေကလည်း ငါတို့အပေါ် နှစ်ပေါင်းများစွာ သစ္စာရှိလာတာ။ ဒီလို အသေးအဖွားလေးတွေ နောက်ဆို ထည့်ပြောမနေနဲ့ ။ ဒါက သူတို့ကို သွေးအေးသွားစေလိမ့်မယ်"

ချူဟွမ်ကျောက် မကျေမနပ် စူပုပ်သွားသည်။
ဟုန်ရှင်းယင် နဲ့ သူ့အဖေ သွေးအေးမှာကို အမေက ကြောက်တယ်။ ကျွန်မ ခဲအိုကျတော့ရော...။

ဇူအန်ကတော့ ဂရုမစိုက်ပေ။ သူ့လို အသုံးမကျတဲ့ အိမ်ပါသားမက်က အိမ်ထိန်းနဲ့ သူ့သားအောက် နိမ့်ကျမှန်း နားလည်လေသည်။ ချန်ရှို့ပင်း ပြောဖူးသောစကားအရ ချင်ဝမ်ယွီက ချူချူယန်ကို ဟုန်ရှင်းယင်နှင့် သဘောတူထားပြီး သူမကိုယ်တိုင်ကလည်း ပါဝင်နေပုံပင်။

သူ ချူချူယန်ကို တစ်ချက်ကြည့်လိုက်သော်ညား သူမမျက်နှာတွင် ဘာခံစားမှုမှ မပြချေ။ ကြည့်ရတာ ဟုန်ရှင်းယင်ကို စိတ်ဝင်စားပုံမပေါ်။

ချူချူယန် စကားလွှဲလိုက်သည်။
"လဝက်အကြာမှာ ကျင်းပမယ့် အိမ်တော်ပြိုင်ပွဲကို ပိုစိတ်ပူတယ်။ တစ်ခြားကိစ္စတွေက စောင့်နိုင်တယ်"

ချင်ဝမ်ယွီ မျက်မှောင်ကြုံ့လိုက်သည်။
"အခုချိန်ထိ ပြိုင်ပွဲတိုင်း နိုင်လာတာမဟုတ်ဘူးလား။ သမီးရှီနေသရွေ့ ယွမ်အိမ်က ဘယ်သူ ယှဉ်နိုင်မှာမို့လဲ"

ချူကျုန်းထန် ခေါင်းယမ်း၍ ဝင်ပြောသည်။
"ယွမ်အိမ်ကလည်း အားမနည်းဘူး။ သူတို့မှာလည်း ချူအိမ်လို ပညာရှင်လေးယောက်ရှိတယ်။ သူတို့မှာ ရာထူးကြီးကြီးမရှိလို့သာ ငါတို့ကို မခုခံရဲတာ ။ အဲ့တာကြောင့် အရင်တုန်းက ပြိုင်ပွဲတိုင်းက အပေါ်ယံသက်သက်ပဲ။ အခုတော့ သူတို့မှာ နောက်ခံ ဝူအိမ်ရှိလာပြီ။ ဒီတစ်ခါတော့ အားကုန်တိုက်မယ်ထင်ရတာပဲ။ အမှန်တော့ ဝူအိမ်က သူတို့ရဲ့ကိုယ်ပိုင်ကျင့်ကြံသူတွေကို တိတ်တဆိတ်လွှတ်မယ်လို့ ငါထင်တယ်"

သူရပ်၍ ဇူအန်ကို စိတ်ရှုပ်ထွေးသော မျက်နှာဖြင့် ကြည့်လေသည်။
"ပြီးတော့ ငါတို့မှာ ဇူအန်ဝင်ပြိုင်တာနဲ့ တစ်ပွဲက ရှုံးပြီးသားပဲ"

ဇူအန်က ကြောင်သွားသည်။
ငါက ဘေးက ပွဲကြည့်ရုံ မဟုတ်ဘူးလား။ ဘာလို့ ငါက ဒီအရှုပ်ထဲ ဝင်ပါရမှာလဲ။
"အာ..ကျုပ်က ကျင့်ကြံသူမဟူတ်ဘူးလေ။ ကျုပ်ရော ဝင်ပြိုင်ဖို့ လိုလို့လား"

"စည်းကမ်းအရ အိမ်သားတိုင်းဝင်ပြိုင်ရမယ်။ မင်းက ငါတို့ချူအိမ်ရဲ့ သားမက်ဆိုတော့ ဝူအိမ်နဲ့ ယွမ်အိမ်က အလွတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ အုပ်ချုပ်ရေးမှုးကိုယ်တိုင် ဝင်စွက်ဖက်ပြီး မင်းကို ဝင်ပြိုင်အောင် လုပ်လိမ့်မယ်။ အမှန်တော့ ဒီနေ့ မင်းကိုခေါ်ရတယ့် အကြောင်းအရင်းက မင်းကြိုတင်ပြင်ဆင်နိုင်အောင်လို့ ကြိုပြောဖို့ပဲ" ချူကျုန်းထန်က ပြောလေသည်။

ချူဟွမ်ကျောက် သူမအဖေစကားကြောင့် စိတ်ပူလာသည်။
"ဒီနေ့အစောတုန်းကပဲ ယွမ်ဝမ်ဒုံ က ခဲအိုကို ဒုက္ခိတဖြစ်အောင်လုပ်မယ်လို့ ကြေညာသွားသေးတယ်။ သူ့ကိုပြိုင်ခိုင်းလိုက်ရင် သေလမ်းပို့လိုက်တာနဲ့ အတူတူပဲ မလား"

"အဲ့တာက ပိုတောင် အလုပ်ဖြစ်သေးတယ်" ချူချူယန် ထပြောသည်။

ဇူအန် ရင်ထိတ်သွားရသည်။
နင်ငါ့ကို မကျေနပ်ရင်တောင် ကိုယ့်ယောက်ျားကို ဒီလို နည်းနဲ့တော့ မသတ်ဖူးမလား။

ချူဟွမ်ကျောက် သူ့အစ်မကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ သူမက မယုံနိုင်သော မျက်လုံးဖြင့် ကြည့်လိုက်ပြီး ရေရွတ်လိုက်မိသည်။
"မမ..နင်.."

သူတို့ အမူအရာကိုကြည့်၍ ချူကျုန်းထန် ဖြတ်ပြောသည်။
"နင့်အစ်မကို ပြီးအောင် ပြောပါစေဦး။ သူက အကြောင်းမရှိဘဲ ဒီလိုစကားပြောမှာ မဟုတ်ဘူး"

ချူချူယန် အချိန်ယူ၍ အချက်များကို ထောက်ပြသည်။
"ယွမ်အိမ်က အထူးချွန်ဆုံးလူက ယွမ်ဝမ်ဒုံပဲ ။ သူအဆင့် ၅ ရောက်သွားပြီလို့ ကြားတယ်။ သူ့ကိုမကြောက်ပေမဲ့ အိမ်တော်မှာ သူနဲ့ယှဉ်နိုင်တဲ့လူ မရှိဘူး။ ယွမ်အိမ်ကလည်း သူ့ကို ကျွန်မနဲ့ပြိုင်ဖို့ မလွှတ်မှာ သေချာတယ်။ ပြောရရင် သူ့ကိုဘယ်သူမှ မယှဉ်နိုင်တဲ့အတွက် သူက နိုင်မှာ သေချာပြီးသားပဲ"

"အဲ့လိုဆို တစ်ခြားလူကို သူ့နဲ့ယှဉ်ခိုင်းပြီး ဖြုန်းတီးမယ့်အစား ဇူအန်ကို သွားခိုင်းတာ အကောင်းဆုံးပဲ။ အဲ့လိုဆို တစ်ခြားလူတွေ နိုင်ဖို့ အခွင့်အရေးပိုများတယ်"

ဇူအန် သူမပြောချင်သော အချက်ကို နားလည်လေသည်။ အသန်မာဆုံးလူကိုပြိုင်ဖို့ အားအနည်းဆုံးလူကို ပို့လိုက်တာက အင်အားချွေတာတာပဲ။
....ဖီး..ငါဘာတွေပြောနေတာလဲ။ ငါက အားအနည်းဆုံးလို့ ဘယ်သူပြောလဲ။

ချူဟွမ်ကျောက်က အစီအစဉ်ကို စိတ်မချသေးပေ။
"ခဲအိုအတွက် အရမ်းအန္တရာယ်များလား"

ချင်ဝမ်ယွီ နဖူးအနည်းငယ် ကျုံ့သွားသည်။
ငါ့သမီးအငယ်က ဒီအလကားကောင်ကို ဒီနေ့ တအားဂရုစိုက်နေသလိုပဲ။

"စိတ်မပူနဲ့ သူတို့ပြိုင်ပွဲကို နောက်ဆုံးရောက်အောင် စီစဉ်ထားတယ်။ အဲ့ဒီမတိုင်ခင် ပြတ်ပြတ်သားသားအနိုင်ရထားရင် နောက်ဆုံးပြိုင်ပွဲက အဓိပ္ပာယ်မရှိတော့ဘူး။ အဲ့လိုဆို ငါတို့ ရိုးရိုးလေး ပယ်ချလိုက်လို့ရပြီ"

ချူဟွမ်ကျောက် သူ့အစ်မစကားကို သေချာနားထောင်၍
"အဲ့ဒီအချိန်ထိမှ အနိုင်အရှုံးမကွဲသေးရင်ရော"

ချူချူယန် တွေဝေလိုက်ပြီး ခေါင်းခါလိုက်သည်။
"စိတ်မပူပါနဲ့ အဲ့လောက်ကြီး မတိုက်ဆိုင်လောက်ပါဘူး"

ဒီမှာ နမိတ်တွေ ပြောမနေနဲ့ ။ ဂြိုလ်ဆိုးဝင်လိမ့်ဦးမယ်။
ဇူအန် စိတ်ထဲမှ ပြန်ပြောလိုက်သည်။

သူက သက်ပြင်းအသာချ၍ အခြေအနေကို ပြောလိုက်သည်။
"အဲ့ချိန်ထိ အနိုင်မရသေးရင်လည်း ထားလိုက်ပါတော့ ။ မင်းတို့သိတဲ့အတိုင်း ပြပွဲတစ်ခုရဲ့ ကြယ်ပွင့်က နောက်ဆုံးမှပေါ်လာတာမျိုး။ အဲ့လိုအခြေအနေထိ ရောက်လာရင် ငါချူအိမ်ရဲ့ ဂုဏ်သိက္ခာကို ဝင့်ဝင့်ကြွးကြွားဖြစ်အောင် လုပ်ပေးမယ်"

လုံးဝသာမန်လူမှ တတိယအဆင့်ရောက်ရန် သူ့အတွက် ရက်အနည်းငယ်သာ လိုလေသည်။ လဝက်အတွင်း သူ့ကျင့်ကြံမှုကို အများကြီး မြှင့်တင်နိုင်သေးသည်။
သူအဆင့်၅ မရောက်နိုင်လျှင်ပင် ကီးဘုတ်မှ ပစ္စည်းများနှင့် ဝှက်ဖဲများ ရှိသေးသည်။ အစီအစဉ်ကောင်းလျှင် အနိုင်ရနိုင်ချေ ရှိသေးသည်ပင်။

ဇူအန်၏ အာမခံမှုက ချင်ဝမ်ယွီ ကို မျက်မှောင်ကြုံ့စေသည်။
"ဇူအန် ယန်အာက မင်းကိုရွေးပြီးပြီဆိုတော့ မင်းရဲ့အတိတ်ကို ငါဘာမှမပြောချင်ဘူး။ ဒါပေမဲ့ မင်းရဲ့ ကြွားတတ်တဲ့ အကျင့်ကို ပြင်လ်ို့ မရဘူးလား။ ယောက်ျားတစ်ယောက်က အားနည်းလို့ရပေမဲ့ ကိုယ်ကျင့်တရားတော့ ကောင်းရမယ်။ ယွမ်ဝမ်ဒုံ က အဆင့် ၅ ရောက်နေပြီ။ ဆိုလိုတာက သူက ဒြပ်စင်ကို ထိန်းချုပ်နိုင်နေပြီ။ ဒါတောင် နင်က သူနဲ့တိုက်ပြီး နိုင်ချင်သေးတယ် ဟမ့်"

ထိုသို့ပြော၍ ချင်ဝမ်ယွီ လက်ခါ၍ အပြင်ထွက်သွားလေသည်။

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၇၆၃ ရယူလိုက်သည်။

ဇူအန် ရှင်းမပြဘဲ အသာပုခုံးတွန့်လိုက်သည်။
ချင်ဝမ်ယွီက သူ့အပေါ် အတော်လေး အမြင်စောင်းနေပုံပင်။ ပြောစကားအရ ရှေးတုန်းကယောက္ခမတွေက သားမက်ကို ချစ်တယ်တဲ့ သူတို့နှစ်ယောက်ကတော့ ပိုပိုပြီး ဆက်ဆံရေး ဆိုးရွားလာတယ်လို့ ဇူအန် ဘာလို့ထင်နေရတာလဲ။

------------------------------------------------------

Chapter 56. သမက္၊ ေယာက္ကၡမ ဆက္ဆံေရး

ခ်ဴခ်ဴယန္ မ်က္ႏွာ နီရဲလာသည္။ လူေပါင္းမ်ားစြာက သူမအလွကို ခ်ီးမြမ္းဖူးၾကေသာ္လည္း သြယ္ဝိုက္၍သာ ေျပာၾကျခင္းပင္။ ယခုအႀကိမ္က ပထမဆုံး လူတစ္ေယာက္က သူမကို တိုက္ရိုက္ေပၚတင္ ခ်ီးမြမ္းျခင္းပင္။ ထိုအရာက သူ႕ကို အနည္းငယ္ ရွိုးတိုးရွန့္တန္းျဖစ္ေစသည္။

ထိုစဥ္ ခ်င္ဝမ္ယြီ မ်က္ေမွာင္မ်ား ပိုႀကဳံ႕လာေလသည္။
ဒီေကာင္က တကယ္လွ်ာသြက္တယ္။ ၾကည့္ေလ အျမင္ကတ္စရာ ေကာင္းေလပဲ။

ခ်ဴက်ဳန္းထန္ အသာ ေခ်ာင္းဆိုးလိုက္သည္။
"ထမင္းစားဝိုင္းမွာ စကားေျပာတာက မယဥ္ေက်းဘူး" သူက ဇူအန္ကို သတိေပးလိုက္သည္။

ဇူအန္ စကားမေျပာရန္ ဆုံးျဖတ္လိုက္ၿပီး တိတ္တဆိတ္ ဆက္စားၾကေလသည္။ မၾကာခင္ ထမင္းဝိုင္းၿပီးသြား၍ အာလုတ္က်င္းရန္ အေစခံမ်ား ဆားရည္လာပို႔ၿပီး ပန္းကန္မ်ား သိမ္းၾကသည္။
ဇူအန္က နားမလည္ေပ။ ခါတိုင္းဆို ထမင္းကို သူ႕အခန္းထဲ လာပို႔သည္။ ဒီေန႕မွ လူစု၍ စားေနျခင္းပင္။ ဒါက အိမ္ထဲမွာ လက္ခံစျပဳလာၿပီဆိုတဲ့ လကၡဏာလား။

သူစဥ္းစားေနတုန္း ခ်ဴက်ဳန္းထန္ စကားစသည္။
"ခ်ဴယန္ မင္း လုလင္ကို သြားတဲ့ကိစၥ ဘယ္လိုေနလဲ"

ဇူအန္ အံ့ၾသသြားသည္။ သူတို႔က သူ႕ေရွ႕မွာ စီးပြားေရးအေၾကာင္းေျပာမလို႔လား။ သူ႕ကို အျပင္လူအျဖစ္ မျမင္ေတာ့ဘူးလား။

"ကြၽန္မ စုံစမ္းၿပီးၿပီ ၾကည့္ရတာ ပစၥည္းေတြက အနက္ေရာင္ေလခံတပ္က ျဖတ္လုသြားပုံပဲ။ ကြၽန္မ နယ္ေျမတစ္ဝိုက္ကို ရွာၾကည့္ေပမဲ့ သူတို႔က အေငြ႕ပ်ံသြားသလိုပဲ။ သဲလြန္စတစ္ခုမွ ရွာလို႔မရဘူး" ခ်ဴခ်ဴယန္ ျပန္ေျဖသည္။

အနက္ေရာင္ေလခံတပ္ လား...ဇူအန္ အေတြးနက္ေနသည္။
အရင္ႏွစ္ရက္က သူ ယုယြမ္ေလာ့ႏွင့္ေတြ႕ခ်ိန္ကလည္း ထိုဂိုဏ္းက ဓားျပအုပ္စုတစ္ခုပင္။ ထိုကိစၥကို ေတြးမိလိုက္လွ်င္ပင္ ဇူအန္ကို စိတ္တိုေစသည္။ ယုယြမ္ေလာ့က သူ႕ကို စကားသက္သက္ ဂတိေပးသြားၿပီး ေပ်ာက္ကြယ္သြားေလသည္။ အမွန္ေတာ့ မိန္းမတစ္ေယာက္ပိုလွေလ ပိုေကာက္က်စ္ေလေပ။

ခ်ဴက်ဳန္းထန္ သက္ျပင္းခ်လိဳက္သည္။
"ဒါက အနက္ေရာင္ေလခံတပ္ရဲ႕ ထုံးစံပဲ။ သူတို႔က အႏၱရာယ္ကိုႀကိဳျမင္ၿပီး အရင္ေျပးနိုင္တယ္။ ငါတို႔ စစ္တပ္လႊတ္လိုက္တိုင္း နဂါးဝွက္ေတာင္ကို ဝင္ပုန္းၾကေရာ။ အခ်ိန္တိုင္း ပစၥည္းပို႔ဖို႔ စစ္တပ္ကို သုံးလို႔မရဘူး။ ဒါက လုပ္ရခက္ေစတာပဲ"

သူေခတၱ ရပ္လိုက္ၿပီး
"မၾကာေသးခင္က ယုအိမ္ရဲ႕ ကုန္သည္တန္းကိုလည္း တိုက္ၿပီး သူတို႔လူတစ္ခ်ိဳ႕ အသက္ဆုံးရႈံးသြားတယ္ ၾကားတာပဲ။ ငါတို႔ ယုအိမ္နဲ႕ ေပါင္းၿပီး ဒီအသားပိုကို ရွင္းထုတ္ပစ္ရင္ ေကာင္းမယ္"

ခ်င္ဝမ္ယြီ ထေျပာလိုက္သည္။
"ရွင္ ယုယြမ္ေလာ့ကို စ်ိတ်ဝင်စားနေတာလို့ပဲ ကြၽန္မထင္တယ္" သူမ ေအးစက္စက္ ေျပာလိုက္သည္။
"ယုအိမ္က သူ႕ဘာသာေတာင္ ျပႆနာမ်ားလွၿပီ။ ကြၽန္မတို႔ကို ကူၿပီး အနက္ေရာင္ေလခံတပ္ကို ရွင္းဖို႔ အခ်ိန္ရမွာလဲ"

ခ်ဴက်ဳန္းထန္ မ်က္ႏွာနီသြားသည္။ သူ႕မိန္းမအကၤ်ီလက္ကို ဆြဲကိုင္လိုက္ၿပီး
"မင္းထင္ေနသလို မဟုတ္ပါဘူး။ ၿပီးေတာ့ ကေလးေတြလည္း ရွိေသးတာပဲ...."

ခ်င္ဝမ္ယြီ မ်က္ႏွာလွည့္၍ သူ႕ေယာက္်ားကို လ်စ္လ်ႉရႈလိုက္သည္။

ဇူအန္ႏႈတ္ခမ္းတြင္ အၿပဳံးတစ္ခုေပၚလာသည္။ ၾကည့္ရတာ သူ႕ေယာကၡထီးက အငယ္တုန္းက ယုသခင္မကို လိုက္ဖူးပုံပင္။ အင္း သူနားလည္နိုင္သည္။ တကယ္ပဲ အလြန္လွပလြန္းသည္ပင္။

ခ်ဴခ်ဴယန္ လည္ေခ်ာင္းရွင္း၍ အန္းတန္းတန္း ေလထုကို ဖ်က္စီးလိုက္သည္။ သူမ ဆက္ေျပာသည္။
"အိမ္ေတာ္ရဲ႕ လက္နက္ေရာင္းဝယ္ေရးက အရႈံးေပၚေနၿပီ။ တိမ္ေခ်ာင္း ညစ္ညမ္းသြားတာက လက္နက္အရည္အေသြးမွာ ကြၽန္မတို႔ရဲ႕ အားသာခ်က္ကို ဖ်က္စီးလိုက္သလိုပဲ။ ၿပီးေတာ့ ယြမ္အိမ္က အေတာ္အားေကာင္းတဲ့ ေမွာ္မ်ဥ္းဆြဲသူတစ္ေယာက္ကို လက္နက္မန္းဖို႔ ေခၚထားတယ္။ သူတို႔လက္နက္က ကြၽန္မတို႔ထက္ အရည္အေသြးသိပ္မကြာဘူး ၿပီးေတာ့ ေစ်းလည္း ပိုခ်ိဳတယ္။ ကြၽန္မတို႔ေစ်းကြက္တစ္ခ်ိဳ႕ကို ေတာ္ေတာ္ေလး ဝင္ယူၿပီးသြားၿပီ။ ဒီႏႈန္းအတိုင္းဆို အိမ္ေတာ္ရဲ႕ အေျခခံအုတ္ျမစ္ပါ ယိုင္လာနိုင္တယ္"

ဇူအန္ ၾကားလိုက္ရေသာ သတင္းကို ခြဲျခမ္းစိတ္ျဖာလိုက္သည္။ ယုယြမ္ေလာ့ ရထားလုံးေပၚရွိ အျပာေရာင္လဲ့ေနေသာ မ်ဥ္းမ်ားကို ျပန္ေတြးမိလိုက္သည္။ ထိုအရာက ေမွာ္မ်ဥ္းဆြဲသူတစ္ေယာက္၏ အလုပ္ျဖစ္ေပမည္။ ေမွာ္မ်ဥ္းဆြဲသူမ်ားက အရာဝတၳဳမ်ားတြင္ လုပ္ေဆာင္ခ်က္မ်ား ေပါင္းထည့္နိုင္ၿပီး ေမွာ္မ်ဥ္းဆြဲထားေသာ လက္နက္သည္ သာမန္လက္နက္မ်ားထက္ ပိုအားေကာင္းေပလိမ့္မည္။

အဲ့ဒီ အကယ္ဒမီစုတ္ကသာ ပြစိပြစိမေျပာဘဲ အက်ိဳးရွိတာ သင္ေပးရင္ ငါဒီလို ဘုမသိဘမသိ ပ်င္းေနမွာ မဟုတ္ဘူး။

အမွန္ေတာ့ ဇူအန္ အကယ္ဒမီကို အထင္လြဲေနျခင္းပင္။ အနီးအနားျပည္နယ္မ်ားတြင္ အေကာင္းဆုံးေက်ာင္း ပီသစြာ ဆရာမ်ားကလည္း လူ႕မလိုင္ ထိပ္တန္းမ်ားပင္ ျဖစ္ေလသည္။ သိကၡာတရားကဲ့သို႔ သင္ခန္းစာမ်ား သင္ေနရျခင္းမွာ သူက အဝါေရာင္အခန္းတြင္ ရွိေသာေၾကာင့္ ျဖစ္ေလသည္။
အဝါေရာင္အခန္းမွလူမ်ားက က်င့္ႀကံနိုင္သူနည္း၍ က်င့္ႀကံျခင္းႏွင့္ ပတ္သက္ေသာ သင္ခန္းစာမ်ားက အက်ဳံးမဝင္ေပ။ ထို႔ေၾကာင့္ တစ္ပတ္တြင္ တစ္ခါႏွစ္ခါသာ က်င့္ႀကံမႈႏွင့္ဆိုင္ေသာ အေျခခံဗဟုသုတကို သင္ေပးေလသည္။
အျခားဘက္တြင္ ေကာင္းကင္ခန္းလို ထိပ္ဆုံးခန္းကေတာ့ က်င့္ႀကံမႈကိုသာ အေလးေပး၍ အျခား သင္ခန္းစာမ်ား အလြန္နည္းေလသည္။

ခ်င္ဝမ္ယြီ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"ယြမ္အိမ္က ဘယ္လိုလုပ္ ေမွာ္မ်ဥ္းဆြဲတဲ့လူ ရသြားရတာလဲ။ သူတို႔ အဆက္အသြယ္ ဘယ္တုန္းက ဒီေလာက္ ေပါသြားရတာလဲ"

"သူတို႔မွာ မရွိေပမဲ့ အိမ္နီးခ်င္း ဝူအိမ္ေတာ္က ရွိတယ္။ ဝူအိမ္ရဲ႕ ေခါင္းေဆာင္ကလည္း ၿမိဳ႕ေတာ္ဝန္ပဲ။ ၿပီးေတာ့ သူကခ်ဴအိမ္ရဲ႕ ေစ်းကြက္ကို မ်က္စိက်ေနတာၾကာၿပီ။ ကြၽန္မ သတင္းႏွိုက္ၾကည့္ၿပီးၿပီ။ ၾကည့္ရတာ ဝူအိမ္က ယြမ္အိမ္ကို ေထာက္ပံ့ေပးေနပုံပဲ။ မဟုတ္ရင္ ယြမ္အိမ္က ေပၚတင္ စိန္ေခၚရဲမွာ မဟုတ္ဘူး" ခ်ဴခ်ဴယန္ ျပန္ေျဖသည္။

"အမွန္ပဲ အဲ့ဒီယြမ္မ်ိဳးရိုးက ဒီေန႕လည္း ေက်ာင္းမွာ တအားေမာက္မာေနတာ။ အိမ္ေတာ္ၿပိဳင္ပြဲမွာ ခဲအိုကို ပညာေပးမယ္လို႔ က်ိန္းေမာင္းေနတာ" ခ်ဴဟြမ္ေက်ာက္ စကားဝိုင္းထဲမဝင္နိုင္ဘဲရွိတာ ရင္းႏွီးေသာနာမည္ၾကားလိုက္ရမွ ခ်က္ခ်င္း အသံထြက္လာေလသည္။

ခ်င္ဝမ္ယြီ ေဒါသထြက္သြားသည္။
"သူတို႔က တရားလြန္လာၿပီ။ ခ်ဴအိမ္ရဲ႕ အေစခံနဲ႕ေခြးေတာင္ သူတို႔ဖိႏွိပ္ရဲဖို႔ မဟုတ္ဘူး" သူမလက္ကို စားပြဲေပၚ ရိုက္၍
"သြားမယ္။ ယြမ္အိမ္ကို သြားၿပီး အေၾကာင္းသိေအာင္ ျပၾကတာေပါ့"

ဇူအန္ ခ်င္ဝမ္ယြီကို မ်က္လုံးစူးစူးျဖင့္ၾကည့္လိုက္ၿပီး သူမစကားေၾကာင့္ စိတ္ခုေၾကာင္းကို မဖုံးကြယ္ေပ။

"မိန္းမ စိတ္ကိုထိန္း ဆန္းဟုန္က အုပ္ခ်ဳပ္ေရးမႉးအျဖစ္ တာဝန္က်ေနၿပီ။ သူက ငါတို႔ကိုၿဖိဳဖို႔ အေၾကာင္းျပခ်က္တစ္ခု ေစာင့္ေနတာ" ခ်ဴက်ဳန္းထန္ အျမန္ထ၍ ထိန္းလိုက္သည္။
"ငါတို႔ စိတ္ေအးေအးထားၿပီး ျဖည္းျဖည္းခ်င္း ျပင္ဆင္သင့္တယ္။ မဟုတ္ရင္ ငါတို႔ပဲ အက်ိဳးယုတ္မွာ..."

ဇူအန္ မ်က္ခုံးပင့္လိုက္မိသည္။ ခ်ဴအိမ္၏ ခမ္းနားေသာ အေပၚယံအသြင္အျပင္ကို ဆန့္က်င္လ်က္ ၿခိမ္းေျခာက္မႈေပါင္းမ်ားစြာ ရွိေနပုံပင္။

ခ်ဴက်ဳန္းထန္ သူ႕မိန္းမေနာက္ေက်ာကို ပုတ္လိုက္ၿပီးမွ ဇူအန္ဘက္လွည့္လိုက္သည္။
"ဇူအန္ ဝမ္ယြမ္ဒုံက မင္းကို ျပႆနာရွာခဲ့မွာပဲ။ ဘာမွ မျဖစ္ဘူးမလား"

ဇူအန္ျပန္မေျဖခင္ ခ်ဴဟြမ္ေက်ာက္က ထေျပာသည္။
"ယြမ္ဝမ္ဒုံ တင္ မကဘူး။ ဟိုအေကာင္ ဟုန္ရွင္းယင္ေရာပဲ။ သူက ခ်ဴအိမ္ရဲ႕ လက္ေအာက္ငယ္သားျဖစ္ရမွာ ဒါေပမဲ့ အဲ့ဒီမ်က္ႏွာႏွစ္ဖက္နဲ႕ေကာင္က အျပင္လူဘက္ေတာင္ ပါလိုက္ေသးတယ္"

ခ်ဴဟြမ္ေက်ာက္၏ သူ႕ဘက္ရပ္တည္မႈကို ၾကည့္၍ ဇူအန္ စိတ္လႈပ္ရွားသြားရသည္။ အနည္းဆုံးေတာ့ သူ႕မိန္းမထက္ပင္ သူ႕ကို ပိုဂ႐ုစိုက္ေသးသည္။

ခ်ဴက်ဳန္းထန္ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"ဟုန္ရွင္းယင္လား"

ခ်င္ဝမ္ယြီ ထေျပာသည္။
"ငါ အဲ့ဒီကေလးအေၾကာင္း သိတယ္။ သူက မာနႀကီးၿပီး နင့္အစ္မကိုလည္း အရင္က တကယ္ခ်စ္ခဲ့တာ။ ဇူအန္အေပၚ အျမင္မၾကည္မွာသိသာတာပဲ။ မင္းသိပါတယ္ လူငယ္ေတြက ခံစားခ်က္မထိန္းနိုင္ဘူး"

ခ်ဴဟြမ္ေက်ာက္ လြယ္လြယ္လက္မေလွ်ာ့ခ်င္ပင္။
"ဒါေပမဲ့..."

"ဟုတ္ၿပီ" ခ်င္ဝမ္ယြီ တိတ္တိတ္ေနရန္ လက္ခါျပလိုက္သည္။
"အဲ့ကေလးက အလုပ္ႀကိဳးစားတယ္။ သူ႕အေဖကလည္း ငါတို႔အေပၚ ႏွစ္ေပါင္းမ်ားစြာ သစၥာရွိလာတာ။ ဒီလို အေသးအဖြားေလးေတြ ေနာက္ဆို ထည့္ေျပာမေနနဲ႕ ။ ဒါက သူတို႔ကို ေသြးေအးသြားေစလိမ့္မယ္"

ခ်ဴဟြမ္ေက်ာက္ မေက်မနပ္ စူပုပ္သြားသည္။
ဟုန္ရွင္းယင္ နဲ႕ သူ႕အေဖ ေသြးေအးမွာကို အေမက ေၾကာက္တယ္။ ကြၽန္မ ခဲအိုက်ေတာ့ေရာ...။

ဇူအန္ကေတာ့ ဂ႐ုမစိုက္ေပ။ သူ႕လို အသုံးမက်တဲ့ အိမ္ပါသားမက္က အိမ္ထိန္းနဲ႕ သူ႕သားေအာက္ နိမ့္က်မွန္း နားလည္ေလသည္။ ခ်န္ရွို႔ပင္း ေျပာဖူးေသာစကားအရ ခ်င္ဝမ္ယြီက ခ်ဴခ်ဴယန္ကို ဟုန္ရွင္းယင္ႏွင့္ သေဘာတူထားၿပီး သူမကိုယ္တိုင္ကလည္း ပါဝင္ေနပုံပင္။

သူ ခ်ဴခ်ဴယန္ကို တစ္ခ်က္ၾကည့္လိုက္ေသာ္ညား သူမမ်က္ႏွာတြင္ ဘာခံစားမႈမွ မျပေခ်။ ၾကည့္ရတာ ဟုန္ရွင္းယင္ကို စိတ္ဝင္စားပုံမေပၚ။

ခ်ဴခ်ဴယန္ စကားလႊဲလိုက္သည္။
"လဝက္အၾကာမွာ က်င္းပမယ့္ အိမ္ေတာ္ၿပိဳင္ပြဲကို ပိုစိတ္ပူတယ္။ တစ္ျခားကိစၥေတြက ေစာင့္နိုင္တယ္"

ခ်င္ဝမ္ယြီ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"အခုခ်ိန္ထိ ၿပိဳင္ပြဲတိုင္း နိုင္လာတာမဟုတ္ဘူးလား။ သမီးရွီေနသေ႐ြ႕ ယြမ္အိမ္က ဘယ္သူ ယွဥ္နိုင္မွာမို႔လဲ"

ခ်ဴက်ဳန္းထန္ ေခါင္းယမ္း၍ ဝင္ေျပာသည္။
"ယြမ္အိမ္ကလည္း အားမနည္းဘူး။ သူတို႔မွာလည္း ခ်ဴအိမ္လို ပညာရွင္ေလးေယာက္ရွိတယ္။ သူတို႔မွာ ရာထူးႀကီးႀကီးမရွိလို႔သာ ငါတို႔ကို မခုခံရဲတာ ။ အဲ့တာေၾကာင့္ အရင္တုန္းက ၿပိဳင္ပြဲတိုင္းက အေပၚယံသက္သက္ပဲ။ အခုေတာ့ သူတို႔မွာ ေနာက္ခံ ဝူအိမ္ရွိလာၿပီ။ ဒီတစ္ခါေတာ့ အားကုန္တိုက္မယ္ထင္ရတာပဲ။ အမွန္ေတာ့ ဝူအိမ္က သူတို႔ရဲ႕ကိုယ္ပိုင္က်င့္ႀကံသူေတြကို တိတ္တဆိတ္လႊတ္မယ္လို႔ ငါထင္တယ္"

သူရပ္၍ ဇူအန္ကို စိတ္ရႈပ္ေထြးေသာ မ်က္ႏွာျဖင့္ ၾကည့္ေလသည္။
"ၿပီးေတာ့ ငါတို႔မွာ ဇူအန္ဝင္ၿပိဳင္တာနဲ႕ တစ္ပြဲက ရႈံးၿပီးသားပဲ"

ဇူအန္က ေၾကာင္သြားသည္။
ငါက ေဘးက ပြဲၾကည့္႐ုံ မဟုတ္ဘူးလား။ ဘာလို႔ ငါက ဒီအရႈပ္ထဲ ဝင္ပါရမွာလဲ။
"အာ..က်ဳပ္က က်င့္ႀကံသူမဟူတ္ဘူးေလ။ က်ဳပ္ေရာ ဝင္ၿပိဳင္ဖို႔ လိုလို႔လား"

"စည္းကမ္းအရ အိမ္သားတိုင္းဝင္ၿပိဳင္ရမယ္။ မင္းက ငါတို႔ခ်ဴအိမ္ရဲ႕ သားမက္ဆိုေတာ့ ဝူအိမ္နဲ႕ ယြမ္အိမ္က အလြတ္ေပးမွာ မဟုတ္ဘူး။ ၿပီးေတာ့ အုပ္ခ်ဳပ္ေရးမႈးကိုယ္တိုင္ ဝင္စြက္ဖက္ၿပီး မင္းကို ဝင္ၿပိဳင္ေအာင္ လုပ္လိမ့္မယ္။ အမွန္ေတာ့ ဒီေန႕ မင္းကိုေခၚရတယ့္ အေၾကာင္းအရင္းက မင္းႀကိဳတင္ျပင္ဆင္နိုင္ေအာင္လို႔ ႀကိဳေျပာဖို႔ပဲ" ခ်ဴက်ဳန္းထန္က ေျပာေလသည္။

ခ်ဴဟြမ္ေက်ာက္ သူမအေဖစကားေၾကာင့္ စိတ္ပူလာသည္။
"ဒီေန႕အေစာတုန္းကပဲ ယြမ္ဝမ္ဒုံ က ခဲအိုကို ဒုကၡိတျဖစ္ေအာင္လုပ္မယ္လို႔ ေၾကညာသြားေသးတယ္။ သူ႕ကိုၿပိဳင္ခိုင္းလိုက္ရင္ ေသလမ္းပို႔လိုက္တာနဲ႕ အတူတူပဲ မလား"

"အဲ့တာက ပိုေတာင္ အလုပ္ျဖစ္ေသးတယ္" ခ်ဴခ်ဴယန္ ထေျပာသည္။

ဇူအန္ ရင္ထိတ္သြားရသည္။
နင္ငါ့ကို မေက်နပ္ရင္ေတာင္ ကိုယ့္ေယာက္်ားကို ဒီလို နည္းနဲ႕ေတာ့ မသတ္ဖူးမလား။

ခ်ဴဟြမ္ေက်ာက္ သူ႕အစ္မကို ေၾကာက္လန့္တၾကား ၾကည့္လိုက္မိသည္။ သူမက မယုံနိုင္ေသာ မ်က္လုံးျဖင့္ ၾကည့္လိုက္ၿပီး ေရ႐ြတ္လိုက္မိသည္။
"မမ..နင္.."

သူတို႔ အမူအရာကိုၾကည့္၍ ခ်ဴက်ဳန္းထန္ ျဖတ္ေျပာသည္။
"နင့္အစ္မကို ၿပီးေအာင္ ေျပာပါေစဦး။ သူက အေၾကာင္းမရွိဘဲ ဒီလိုစကားေျပာမွာ မဟုတ္ဘူး"

ခ်ဴခ်ဴယန္ အခ်ိန္ယူ၍ အခ်က္မ်ားကို ေထာက္ျပသည္။
"ယြမ္အိမ္က အထူးခြၽန္ဆုံးလူက ယြမ္ဝမ္ဒုံပဲ ။ သူအဆင့္ ၅ ေရာက္သြားၿပီလို႔ ၾကားတယ္။ သူ႕ကိုမေၾကာက္ေပမဲ့ အိမ္ေတာ္မွာ သူနဲ႕ယွဥ္နိုင္တဲ့လူ မရွိဘူး။ ယြမ္အိမ္ကလည္း သူ႕ကို ကြၽန္မနဲ႕ၿပိဳင္ဖို႔ မလႊတ္မွာ ေသခ်ာတယ္။ ေျပာရရင္ သူ႕ကိုဘယ္သူမွ မယွဥ္နိုင္တဲ့အတြက္ သူက နိုင္မွာ ေသခ်ာၿပီးသားပဲ"

"အဲ့လိုဆို တစ္ျခားလူကို သူ႕နဲ႕ယွဥ္ခိုင္းၿပီး ျဖဳန္းတီးမယ့္အစား ဇူအန္ကို သြားခိုင္းတာ အေကာင္းဆုံးပဲ။ အဲ့လိုဆို တစ္ျခားလူေတြ နိုင္ဖို႔ အခြင့္အေရးပိုမ်ားတယ္"

ဇူအန္ သူမေျပာခ်င္ေသာ အခ်က္ကို နားလည္ေလသည္။ အသန္မာဆုံးလူကိုၿပိဳင္ဖို႔ အားအနည္းဆုံးလူကို ပို႔လိုက္တာက အင္အားေခြၽတာတာပဲ။
....ဖီး..ငါဘာေတြေျပာေနတာလဲ။ ငါက အားအနည္းဆုံးလို႔ ဘယ္သူေျပာလဲ။

ခ်ဴဟြမ္ေက်ာက္က အစီအစဥ္ကို စိတ္မခ်ေသးေပ။
"ခဲအိုအတြက္ အရမ္းအႏၱရာယ္မ်ားလား"

ခ်င္ဝမ္ယြီ နဖူးအနည္းငယ္ က်ဳံ႕သြားသည္။
ငါ့သမီးအငယ္က ဒီအလကားေကာင္ကို ဒီေန႕ တအားဂ႐ုစိုက္ေနသလိုပဲ။

"စိတ္မပူနဲ႕ သူတို႔ၿပိဳင္ပြဲကို ေနာက္ဆုံးေရာက္ေအာင္ စီစဥ္ထားတယ္။ အဲ့ဒီမတိုင္ခင္ ျပတ္ျပတ္သားသားအနိုင္ရထားရင္ ေနာက္ဆုံးၿပိဳင္ပြဲက အဓိပၸာယ္မရွိေတာ့ဘူး။ အဲ့လိုဆို ငါတို႔ ရိုးရိုးေလး ပယ္ခ်လိဳက္လို႔ရၿပီ"

ခ်ဴဟြမ္ေက်ာက္ သူ႕အစ္မစကားကို ေသခ်ာနားေထာင္၍
"အဲ့ဒီအခ်ိန္ထိမွ အနိုင္အရႈံးမကြဲေသးရင္ေရာ"

ခ်ဴခ်ဴယန္ ေတြေဝလိုက္ၿပီး ေခါင္းခါလိုက္သည္။
"စိတ္မပူပါနဲ႕ အဲ့ေလာက္ႀကီး မတိုက္ဆိုင္ေလာက္ပါဘူး"

ဒီမွာ နမိတ္ေတြ ေျပာမေနနဲ႕ ။ ၿဂိဳလ္ဆိုးဝင္လိမ့္ဦးမယ္။
ဇူအန္ စိတ္ထဲမွ ျပန္ေျပာလိုက္သည္။

သူက သက္ျပင္းအသာခ်၍ အေျခအေနကို ေျပာလိုက္သည္။
"အဲ့ခ်ိန္ထိ အနိုင္မရေသးရင္လည္း ထားလိုက္ပါေတာ့ ။ မင္းတို႔သိတဲ့အတိုင္း ျပပြဲတစ္ခုရဲ႕ ၾကယ္ပြင့္က ေနာက္ဆုံးမွေပၚလာတာမ်ိဳး။ အဲ့လိုအေျခအေနထိ ေရာက္လာရင္ ငါခ်ဴအိမ္ရဲ႕ ဂုဏ္သိကၡာကို ဝင့္ဝင့္ႂကြးႂကြားျဖစ္ေအာင္ လုပ္ေပးမယ္"

လုံးဝသာမန္လူမွ တတိယအဆင့္ေရာက္ရန္ သူ႕အတြက္ ရက္အနည္းငယ္သာ လိုေလသည္။ လဝက္အတြင္း သူ႕က်င့္ႀကံမႈကို အမ်ားႀကီး ျမႇင့္တင္နိုင္ေသးသည္။
သူအဆင့္၅ မေရာက္နိုင္လွ်င္ပင္ ကီးဘုတ္မွ ပစၥည္းမ်ားႏွင့္ ဝွက္ဖဲမ်ား ရွိေသးသည္။ အစီအစဥ္ေကာင္းလွ်င္ အနိုင္ရနိုင္ေခ် ရွိေသးသည္ပင္။

ဇူအန္၏ အာမခံမႈက ခ်င္ဝမ္ယြီ ကို မ်က္ေမွာင္ႀကဳံ႕ေစသည္။
"ဇူအန္ ယန္အာက မင္းကိုေ႐ြးၿပီးၿပီဆိုေတာ့ မင္းရဲ႕အတိတ္ကို ငါဘာမွမေျပာခ်င္ဘူး။ ဒါေပမဲ့ မင္းရဲ႕ ႂကြားတတ္တဲ့ အက်င့္ကို ပြင်လ်ို့ မရဘူးလား။ ေယာက္်ားတစ္ေယာက္က အားနည္းလို႔ရေပမဲ့ ကိုယ္က်င့္တရားေတာ့ ေကာင္းရမယ္။ ယြမ္ဝမ္ဒုံ က အဆင့္ ၅ ေရာက္ေနၿပီ။ ဆိုလိုတာက သူက ျဒပ္စင္ကို ထိန္းခ်ဳပ္နိုင္ေနၿပီ။ ဒါေတာင္ နင္က သူနဲ႕တိုက္ၿပီး နိုင္ခ်င္ေသးတယ္ ဟမ့္"

ထိုသို႔ေျပာ၍ ခ်င္ဝမ္ယြီ လက္ခါ၍ အျပင္ထြက္သြားေလသည္။

သင္သည္ ခ်င္ဝမ္ယြီ ထံမွ အမ်က္ပြိုင့္ ၇၆၃ ရယူလိုက္သည္။

ဇူအန္ ရွင္းမျပဘဲ အသာပုခုံးတြန့္လိုက္သည္။
ခ်င္ဝမ္ယြီက သူ႕အေပၚ အေတာ္ေလး အျမင္ေစာင္းေနပုံပင္။ ေျပာစကားအရ ေရွးတုန္းကေယာကၡမေတြက သားမက္ကို ခ်စ္တယ္တဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ ပိုပိုၿပီး ဆက္ဆံေရး ဆိုး႐ြားလာတယ္လို႔ ဇူအန္ ဘာလို႔ထင္ေနရတာလဲ။

------------------------------------------------------

Pokračovat ve čtení

Mohlo by se ti líbit

49.4K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
328K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
732K 41.5K 26
Jk - Possessive type #Warning Cv_ Pinterest
42.6K 4.9K 72
Author _ Shuiqiancheng That's not my work.I am Just Translator