ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.1K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

55

345 58 0
By SoeHmue

Chapter 55. အဝတ်ပြန်ဝတ်ပြီးတာနဲ့ တာဝန်က ရှောင်ချင်တာလား

"ဒီကိစ္စကို အိမ်တော်ထဲက ဘယ်သူ့ကိုမှ မပြောမိစေနဲ့ မှတ်ထား" ဇူအန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

ချန်ရှို့ပင်း ရင်ဘတ်ပုတ်လိုက်၍
"သခင်လေး ကျွန်တော်နာမည်ကို မေ့သွားပြီလား။ ပုလင်းကို အဖုံးဆို့ထားသလို ပါးစပ်လုံတဲ့ ချန်ရှို့ပင်း ပါဗျ"

သူ့အာမခံမှုက ဇူအန်ကို ပို၍ပင် စိတ်မချဖြစ်စေသည်။ သူအမှားအကြီးကြီးလုပ်မိသလို ခံစားလိုက်ရသည်။
"ဒီကိစ္စကို မင်းကို အပ်လိုက်မယ်။ ငါနည်းနည်းပင်ပန်းနေလို့ နားလိုက်ဦးမယ်။ အာ နေဦး မျက်နှာသစ်ဖို့ ရေတစ်ဇလုံ အရင်ခတ်ပေးဦး" ဇူအန် သူ့ကို လက်ခါ၍ နှင်လိုက်သည်။

သူ့အစီအစဉ်က မျက်နှာနှင့်ကိုယ်လက်ဆေး၍ ကံစမ်းရန်ပင် ။ အခုတော့ သူ့အနာဂတ်က တောက်ပနေသည်ပင်။

"ကြည့်ရတာ မင်းစိတ်ကောင်းဝင်နေပုံပဲ" အသံအက်အက်တစ်ခု ဇူအန်နားထဲ ဝင်လာသည်။

ဇူအန် လန့်၍ ထခုန်မိလိုက်သည်။ သူနောက်လှည့်ကြည့်ရာ လောင်မိုင်ကို တွေ့လိုက်ရလေသည်။ နှလုံးခုန်မြန်နေသေး၍
"အမြဲတမ်း ဘာလို့ အသံမပေး ဘာမပေး လျှောက်သွားနေရတာလဲ။ တစ်နေ့နေ့တော့ ခင်ဗျားကြောင့် ကျုပ်လန့်သေလိမ့်မယ်"

လောင်မိုင် ဇူအန်စကားကို လျစ်လျှူရှု၍ ဆက်မေးသည်။
"မင်းဒီနေ့တော့ ကျောင်းမပြေးဘူးမလား"

"ခင်ဗျားက သတိပေးပြီးပြီပဲ ပြေးရဲပါ့မလား" မျက်လုံးနက်နက်များကိုကြည့်၍ သူသာကျောင်းပြေးပါက မက်မွန်ပွင့် ၁၃ နှင့် အခြေအနေတူလိမ့်မည်ဖြစ်ကြောင်း ဇူအန် ကြိုသိနေသည်။

"အဲ့တာကောင်းတယ်" လောင်မိုင် ရယ်လိုက်ပြီး
"ဝေဟုန်ဒီနဲ့ တွေ့ခဲ့လား"

လောင်မိုင်၏အပြုံးက ဇူအန်ကို ကြက်သီးထစေသည်။
"မတွေ့သေးဘူး" လောင်မိုင် မျက်မှောင်ကြုံ့လာ၍ ဇူအန် အမြန်ဆက်ပြောသည်။
"ဒါပေမဲ့ သူ့ညီနဲ့ သူငယ်ချင်းဖြစ်လာပြီ"

"သူ့မှာ ညီရှိတယ်လား" လောင်မိုင် ရှုပ်ထွေးသွားသည်။

"ဟုတ်တယ် နာမည်က ဝေဆောင် တဲ့.." ဇူအန် ရှင်းပြသည်။

"သူ့မှာ သားနောက်တစ်ယောက်ရှိလိမ့်ဦးမယ်လို့ ငါမထင်ထားမိဘူး ။ ဟမ့် သူက အတော်လေး ကောင်းကောင်းရှင်သန်နေတာပဲ" လောင်မိုင် တီးတိုး ရေရွတ်လိုက်သည်။

ဇူအန် ခနကြောင်သွားသည်။
"ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ဘူး" လောင်မိုင် ခေါင်းယမ်းလိုက်သည်။ သူက ငွေအိတ်တစ်ခု ဇူအန်ကို ပစ်ပေးလိုက်ပြီး
"ဒီငွေကိုယူ။ သူတို့ညီအစ်ကို နှစ်ယောက်ကို ဒကာခံပြီး များများဆက်ဆံ။ မင်းသူတို့နဲ့ ပိုပြီး ရင်နှီးဖို့လိုတယ်"

ဇူအန် စကားစကြည့်သည်။
"ဘာလို့လဲ သိလို့ရမလား။ ခင်ဗျားလုပ်တဲ့အဲ့ဒီဟာ ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်နိုင်အောင်လို့"

လောင်မိုင်မျက်နှာတွင် နောက်ထပ်ကျောချမ်းစရာ အပြုံးတစ်ခု ပေါ်လာ၍
"မင်း အချိန်တန်ရင် သိပါလိမ့်မယ်" ထိုသို့ပြောပြီး ပြန်သွားလေသည်။

ဇူအန် မသင်္ကာဖြစ်သွားသည်။
ခင်ဗျား ကျုပ်ကို တော်ဝင်ရတနာတိုက်ထဲက ရတနာတစ်ခုခုခိုးခိုင်းမလို့တော့ မဟုတ်ပါဘူးနော်..

လောင်မိုင်ပေးသောအိတ်ထဲမှ ငွေစကို ရေလိုက်သည်။ စုစုပေါင်း ငွေစတစ်ရာရှိလေသည်။ ချူအိပ်က ပန်းစိုက်သူလူအိုကြီးက ဘယ်လိုလုပ် ငွေဒီလောက်များများ စုနိုင်လဲ ဇူအန် သိချင်လေသည်။
သက်ပြင်းချ၍ ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။ ကီးဘုတ်ကိုထုတ်၍ အမျက်ပွိုင့် ရေတွက်လိုက်သည်။ နေ့လည်က ကံစမ်းပြီးနောက် အမျက်ပွိုင့် ၅၄ ခုသာကျန်သည်။ လက်ရှိတွင်ကား ၈၃၀၅ ပွိုင့် ရှိနေလေသည်။

မက်မွန်ပွင့် ၁၃က တွေ့ဆုံချိန်ခနအတွင်း အမျက်ပွိုင့် ၈ထောင်ကျော် ထောက်ပံ့ပေးသွားသည်လေ။

သို့သော်လည်း ဇူအန်မကျေနပ်ပေ။ နောက်တစ်ကြိမ် တစ်ယောက်တည်းကို ဦးတည်ခြင်းထက် AOE က ပိုကောင်းကြောင်း သက်သေပြလိုက်သလိုပင်။ မက်မွန်ပွင့် ၁၃ လို ရန်သူများ အများအပြားရောက်လာရန်သာ ဆုတောင်းနိုင်တော့သည်။
သူက မျက်နှာသစ် ခြေလက်ဆေး၍ ထီကို အာရုံစိုက်လိုက်သည်။ သို့သော် အစေခံတစ်ယောက် ပြေးဝင်လာ၍
"သခင်လေး သခင်ကြီးနဲ့ သခင်မက ခေါ်နေတယ်"

ဇူအန် မျက်လုံးပြူးသွားသည်။
ငါချူဟွမ်ကျောက်ကို လမ်းမှားရောက်အောင်လုပ်မိတာ သိသွားတာတော့ မဟုတ်ပါဘူးနော်..။

ပူပန်စွာဖြင့် အစေခံနောက် လိုက်သွားလေသည်။ အစေခံက သူ့ကို စင်္ကြံတစ်ခုပြီးတစ်ခု ရှုပ်ထွေးသောလမ်းကို ခေါ်သွားသည်။ ဇူအန် တဖြည်းဖြည်း အစေခံကို သံသယဝင်လာသည်။
အသေခံများစွာ တံခါးဝတွင် ရပ်နေသော ခန်းမတစ်ခုကို ရောက်မှသာ ဇူအန် စိတ်ချသွားရသည်။
ဒီလောက်လူအများကြီး ငါ့ကိုတစ်ခုခုလုပ်မှာ ပူစရာမလိုတော့ဘူး။

သူ့မျက်လုံးက ခါးသွယ်သွယ်နှင့် ဆံပင်မြှောက်စီးထားသော အစိမ်းရောင်ဝတ်မိန်းကလေးတစ်ယောက်ထံ ကျရောက်သွားသည်။ သူမ၏ တည်ရှီမှုကြောင့် အနည်းငယ်သတိထားမိလိုက်သော်လည်း မျက်နှာတွင်ကား တောက်ပစွာပြုံးနေလိုက်သည်။ဇူအန်သွား၍
"အို..ငါတို့တွေ့တာ ရက်အနည်းငယ်ပဲရှိသေးတယ်။ စနိုး မင်းခါးက ပိုသေးသွားသလိုပဲ။ အပြင်မှာ ကောင်းကောင်းမစားခဲ့ဘူးလား လာပါ ငါမင်းကို နှိပ်ပေးမယ်"

ပြောရင်း လက်ကလည်း ခါးကို ဖက်လိုက်လေသည်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၂၅၆ ရယူလိုက်သည်။

ဇူအန် အံ့သြသွားသည်။ စနိုးက အမည်ရင်းမဟုတ်ကြောင်း သိသော်လည်း အစေခံတစ်ယောက်တွင် ပြည့်စုံသော မျိုးရိုးနှင့် နာမည်ရှိရန် ခက်လေသည်။ အထူးသဖြင့် ဤမျှ နားထောင်ကောင်းသော နာမည်မျိုးက ပိုရှားပေသည်။

ကြည့်ရတာ သူ့မှာ နောက်ခံကြီးကြီး ရှိပုံပဲ။
အရင်က စနိုးကို ဒေါသထွက်အောင် လုပ်ဖူးသော်ငြား ကီးဘုတ်အသက်မ၀င်သေးသလို အမျက်ပွိုင့်မရသေး၍ နာမည်အရင်းကို မသိခြင်းပင်။ ယခုအကြိမ်က ပထမဆုံးပင်။

သူမက လွယ်ကူစွာ ရှောင်လိုက်ပြီး အေးစက်စက်ပြောလေသည်။
"မတွေ့ရတဲ့ ရက်နည်းနည်းအတွင်း နင်က အရင်လို ကျက်သရေမရှိတုန်းပဲ"

ဇူအန် မျက်နှာမည်းသွားသည်။
"မင်းက နည်းနည်းလွန်လာပြီ။ ဘာပဲပြောပြော ငါတို့က တစ်ညအတူနေဖူးတာပဲ။ အဝတ်ပြန်ဝတ်ပြီးတာနဲ့ တာဝန်က ရှောင်ချင်တာလား"

"နင်…" စနိုးမျက်နှာ ရဲလာသည်။ ဒီနှာဘူးကောင် အကြည့်များ သူမ၏ ဖြူစင်သော အပျိုစင်ခန္တာကိုယ် တစ်ခုလုံး အကြည့်ခံရခြင်းသည် ဘယ်တော့မှ မေ့မရပေ။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

"စိတ်တိုလား။ ဒါဆို ငါ့ကိုရိုက်လေ ရိုက်ကြည့်လေ" ဇူအန် လူရမ်းကားလို ပြောလိုက်သည်။ သူ့ကို ရေကန်ထဲကန်ချတုန်းက ဇူအန် ကျင့်ကြံသူမဖြစ်သေး၍ သူမအဆင့်ကို မသိနိုင်ပေ။ အခုချိန်သည် စမ်းသပ်ရန် အချိန်ကောင်းဖြစ်လေသည်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

စနိုးဒေါသက ကြီးလွန်း၍ မူးမေ့မတတ်ပေ။ လောကတွင် ဒီလောက်အရှက်မရှိသူ ရှိမည်ဟု မထင်ထားပေ။ သိက္ခာတရားကို လွှင့်ပစ်၍ သူ့ရှေ့က လူကို ထိုးရန် စဉ်းစားနေလေသည်။

"လျှောက်လုပ်မနေနဲ့တော့ ဝင်လာခဲ့" ချူချူယန်၏ အေးစက်ငြိမ့်ညောင်းသော အသံ အခန်းထဲမှ ထွက်လာလေသည်။

စနိုး အသက်ပြင်းပြင်းရှူ၍ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူမအသံက နာမည်လို အေးစက်နေသည်။
"သခင်ကြီးနဲ့ သခင်မ အထဲမှာ စောင့်နေတယ်။ ရှင် ဝင်သင့်ပြီ"

ဇူအန် နှမြောစွာ ခေါင်းယမ်းလိုက်သည်။ အဝတ်ကို သေချာဖြန့်၍ အခန်းထဲ ဝင်လိုက်သည်။

ချူကျုန်းထန် ၊ ချင်ဝမ်ယွီ ၊ ချူချူယန် ၊ ချူဟွမ်ကျောက် လေးယောက်လုံး စားပွဲတစ်ခုတွင် ထိုင်နေသည်။ စားပွဲပေါ်တွငင်ကား သားနားသော စားသောက်ဖွယ်ရာများပင်။ ချူဟွမ်ကျောက် သတိပေး၍ အကြည့်တစ်ချက် ပေးလိုက်သည်။
ဒီကလေးမက သစ္စာရှိသားပဲ။ ငါအလိုလိုက်ရကျိုး နပ်တယ်။

"ဇူအန် ငါတို့ရှေ့မှာတောင် ဘယ်လိုလုပ် အစေခံတစ်ဦးကို မြှူရဲတာလဲ။ ချူယန်ကို ဘာထင်နေလဲ။ ငါတို့ချူအိမ်ကိုရော ဘာထင်နေလဲ" ချင်ဝမ်ယွီ ဒေါသတကြီး အော်လိုက်သည်။

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၄၄၇ ရယူလိုက်သည်။

သူမဒေါသသည် ဖြစ်သင့်ပေသည်။ သူ့သမီး ဒီလိုလူကို လက်ထပ်တာပင် မကျေနပ်သည်ကို သူက အိမ်တော်မှ အစေခံများကို လိုက်မြှူဆွယ်နေသေးသည်။ ဒါက အတင့်ရဲခြင်းပင်။

"သူ့ကို မမြှူဆွယ်ပါဘူး" ဇူအန် အစွပ်စွဲခံရကြောင်း ပြောလိုက်သည်။

ချင်ဝမ်ယွီ နှာမှုတ်လိုက်သည်။
"နင်က ဗြောင်လိမ်ချင်နေသေးတယ်။ ငါတို့နားတွေက အလှဆင်ထားတယ် ထင်လို့လား"

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၅၂၂ ရယူလိုက်သည်။

ချူကျုန်းထန် က ချောင်းအသာဟန့်၍ ရှင်းပြသည်။
"မင်းက ကျင့်ကြံသူမဟုတ်လို့ မသိတာဖြစ်ရမယ်။ ဒီလို အကွာအဝေးက ငါတို့အတွက် ပြဿနာမရှိဘူး။ အပြင်မှာ ဖြစ်သမျှ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားကြားရတယ်"

ဇူအန် ချူကျုန်းထန်၏ စိတ်ထားကောင်းမှုကြောင့် စိတ်လှုပ်ရှားသွားရသည်။
"ယောက္ခမကြီး ကျုပ်တကယ်မလိမ်ဘူး။ အဲ့တာ စနိုးက ကျုပ်မိန်းမဖြစ်ပြီးပြီမို့လေ"

လူတိုင်း ရှော့ခ် ရသွားသည်။ သူမနှင့်မဆိုင်သလို ပွဲကြည့်နေသော ချူချူယန်ပင် ရေနွေးသီးမတတ်ပင်။ လက်ကိုင်ပုဝါကို အမြန်ထုတ်၍ ပါးစပ်အနားကို သုတ်လိုက်ရသည်။
ချူကျုန်းထန် ဇူအန်ကို အံ့သြတကြီးကြည့်နေသည်။ သူ့အကြည့်က အနည်းငယ် လေးစားရိပ်ပင် သန်းနေသေးသည်။
ချင်ဝမ်ယွီ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဦးနှောက်ခန ရပ်သွားသလိုပင်။

ချူဟွမ်ကျောက် ဇူအန်စကားပြောနေတုန်း အစားခိုးစားနေ၍ လက်မခိုးထောင်ပြလိုက်သည်။ သူမခဲအိုက တကယ်လေးစားစရာပုဂ္ဂိုလ်ပင်။ မက်မွန်ပွင့် ၁၃ ဒီလောက် ဆိုးဆိုးရွားရွား ခံလိုက်ရတာ မဆန်းတော့ချေ။

"ဇူအန် နင်ဘယ်လို ပေါက်ကရ ပြောရဲရတာလဲ" စနိုး မျက်နှာမည်းလျက် ဝင်လာသည်။

ချူကျုန်းထန် နှင့် ချင်ဝမ်ယွီ အပြင်ကစကားကို ကြားနိုင်သလို စနိုးသည်လည်း နားစွင့်၍ အထဲမှ စကားကို နားထောင်နေခြင်းပင်။
ဇူအန်စကားကိုကြားချိန်တွင် စိတ်လွတ်ထွက်သွားမတတ်ပင်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

“ဘန်း”

ချင်ဝမ်ယွီ စားပွဲကိုရိုက်လိုက်ပြီး
"နင့်အပြုအမူတွေ ဘယ်ရောက်သွားတာလဲ ထွက်သွားစမ်း"

စနိုး ချင်သခင်မကို မကျေမချမ်းကြည့်၍ တိုးတိုးချေပရန်ပြင်သည်။
"သခင်မ ကျွန်မ..."

ချူချူယန် အသာ ဖြတ်ပြောလိုက်သည်။
"စနိုး အခုမင်းအပြင်ထွက်သင့်ပြီ"

ရွေးချယ်စရာမရှိ၍ အခန်းပြင်ကို ထွက်သွားလေသည်။ ထွက်သွားရင်း ဇူအန်ကို မျက်စောင်းထိုးရန် မမေ့ပေ။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၄၀၀ ရယူလိုက်သည်။

ပွဲကြည့်ရင်း သူ့ရဲ့ ဖျက်ထိုးဉာဏ်ကို ဇူအန် ချီးကျူးလိုက်မိသည်။ တစ်ခွန်းထဲနဲ့ အမျက်ပွိုင့် အများကြီး ရလိုက်လေသည်။

စနိုးအပြင်ရောက်သွားသည်နှင့် ချင်ဝမ်ယွီ မျက်နှာ ပြင်းထန်လာပြီး တစ်ယောက်ယောက်ကို လည်ပင်းညှစ်တော့မည့်ပုံပင်
"ဇူအန် ဘာဖြစ်နေလဲဆိုတာ ပြောပြတာကောင်းမယ်။ အိမ်တော်က အစေခံတစ်ယောက်ကို မြှူဆွယ်တဲ့အတွက် အိမ်ပါသားမက်တစ်ယောက်ကို သေဒဏ်ပေးလို့ရတာ သိလား"

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၅၈၇ ရယူလိုက်သည်။

ဇူအန် စိတ်ထဲတွင် အိမ်ပါသားမက်များ၏ လူ့အခွင့်အရေးဆုံးရှုံးမှုကို အပြစ်တင်နေသည်။ သက်ပြင်းအသာချ၍ ဖြည်းဖြည်းချင်း ရှင်းပြလေသည်။
"ကျုပ် စနိုးကို မမြှူဆွယ်ပါဘူး။ ချူယန် ပေးထားတာ။ သူက စနိုးကို အိပ်ရာထဲမှာ ကျုပ်ကိုအဖော်လုပ်ပေးဖို့ ကိုယ်တိုင်မှာလိုက်တာ"

ချင်ဝမ်ယွီ ထိုစကားများကြောင့် မျက်မှောင်ကြုံလိုက်သည်။ သူ့သမီးထံ လှည့်၍ မေးလေသည်။
"ချူယန် အဲ့တာ တကယ်ပဲလား"

ငါ့သမီးက ဘာဖြစ်နေတာလဲ။ သူ့ယောက်ျားခုတင်ပေါ်ကို တစ်ခြားမိန်းမတစ်ယောက် တကယ်ပို့လိုက်တာလား။ ငါက သူ့ကို ရှေ့က လမ်းပြခဲ့တယ်လို့ ထင်နေတာ။ ဒီနှစ်တွေမှာ နင့်အဖေအနားကို ဘယ်မိန်းမကပ်ဖို့ ငါခွင့်ပြုခဲ့လို့လဲ။

ချူချူယန် မျက်နှာရဲသွားပြီး ဇူအန်ကို မျက်စောင်းထိုးလေသည်။
"အမေ သမီး အဲ့လိုစကားမျိုး ပြောဖူးတယ်။ ဒါပေမဲ့ အဲ့တာက ဟာသအဖြစ်ပါ။ သူ့ပေါက်ကရကို နားထောင်မနေနဲ့"

"အဲ့တာ အမှန်ပဲပေါ့" ချင်ဝမ်ယွီ သံသယဖြင့် မေးလိုက်သေးသည်။

"ဒါပေါ့"

ချူချူယန် ဇူအန်ကို တစ်ချက်ကြည့်၍
"မြန်မြန် ကိုယ့်နေရာကိုယ်ထိုင်တော့။ နောက်ဆိုရင် ကိုယ့်စကားကိုယ်ကြည့်ပြောသင့်တယ်။ မဟုတ်ရင် ဘယ်သူ့ကို ရန်စမိမှန်း သိမှာမဟုတ်ဘူး"

ဇူအန် ချက်ချင်းပင် အထွန့်တက်လိုက်သည်။
"အဲ့တာမရဘူး။ ငါက ပါးစပ်ပေါ် မူတည်ပြီး အသက်မွေးနေရတာ"
ပါးစပ်ကသာ လျှောက်မပြောရင် ဘယ်က အမျက်ပွိုင့် ရမှာလဲ။

ချူဟွမ်ကျောက် အားမနာတန်း ထရယ်သည်။
"ရှင်ပြောတော့ မျက်နှာနဲ့ အသက်မွေးတာဆို"

ဇူအန် အရှက်ရခြင်း တစ်စက်မှ မရှိပေ
"ငါက နှစ်လမ်းလုံးလိုက်တယ်။ အရည်အချင်းဆိုတာ ခွဲထားတာအကောင်းဆုံးပဲ ။ အဲ့တာမှ စျေးကွက်ထဲ ဝင်ဆံ့မှာ"

"တော်ပြီ ပေါက်ကရတွေမပြောဘဲ စားကြတော့"
ဇူအန်နှင့် ချူဟွမ်ကျောက်၏ ရင်းနှီးနေပုံရသော စကားပြောပုံက ချင်ဝမ်ယွီကို တစ်မျိုးမျိုးဖြင့် စ်ိတ်အနှောင့်အယှက် ဖြစ်စေသည်။

ဇူအန် ထိုင်ခုံတွင် ထိုင်လိုက်၍ ချူချူယန် ကို တစ်ချက်ကြည့်လိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ဒီမိန်းမက သူ့အပေါ် အတော်တော့ ကောင်းပါသည်။ ခုနက ကိစ္စဖြစ်သွားသော်လည်း သူ့မြုံနေခြင်းကို မဖော်ထုတ်ပေ။

ထိုသတင်းက သူနဲ့စနိုးကြား ပတ်သက်မှုကို ချင်ဝမ်ယွီ အထင်လွဲစရာအကြောင်း မရှိအောင် လုပ်ပေးနိုင်သည်ပင်။

"ငါ့ကို ဘာကြည့်နေတာလဲ" ဇူအန်ကို ပြန်မကြည့်ဘဲ ချူချူယန် မေးလိုက်သည်။ သူမက ဟင်းရွက်တစ်ခုကို ကောက်ယူလိုက်သည်။

"မင်းကလှတယ်လေ။ ငါစာအုပ်ထဲမှာဖတ်ဖူးတယ်။ သိပ်လှတဲ့မိန်းမတစ်ယောက်ကိုကြည့်ရင် ဗိုက်ဝတယ်တဲ့။ အမှန်တိုင်းပြောရရင် အရင်က သိပ်မယုံချင်ဘူး။ အခုမှပဲ ကိုယ်တိုင်ခံစားလာရတာ" ဇူအန် ပြုံးရင်း ပြန်ဖြေသည်။

သူ့မိန်းမ၏ ဘေးတိုက်မျက်နှာသည် ပြီးပြည့်စုံလွန်းသည်။ သူမ၏ ချောမွတ်နူးညံ့သော အသားအရည်သည် ဆွဲဆောင်လွန်းသည်။ မနမ်းနိုင်သည်မှာ နှမြောစရာပင်။

ချူချူယန်က သူ့စကားကြောင့် အံ့သြသွားသည်။
"ကြည့်ရတာ ရှင် အရင်ကထက် ပိုအကောင်းမြင်တတ်လာသလိုပဲ"

သူ့အောက်ပိုင်း အခြေအနေကို ပြောမှန်း ဇူအန်သိလေသည်။ အရင်တစ်ခေါက်က ပြဿနာအကြီးကြီး ရှာလိုက်သောကြောင့်ပင်။

"စောစောကတော့ တွေးပြီး မှိုင်နေတုန်းပဲ။ ဒါပေမဲ့ မင်းမျက်နှာရဲ့ အလှကြောင့် ငါ့ရဲ့ စိတ်အလိုမကျတာတွေ ပျောက်သွားပြီ"

------------------------------------------------------------------

Chapter 55. အဝတ္ျပန္ဝတ္ၿပီးတာနဲ႕ တာဝန္က ေရွာင္ခ်င္တာလား

"ဒီကိစၥကို အိမ္ေတာ္ထဲက ဘယ္သူ႕ကိုမွ မေျပာမိေစနဲ႕ မွတ္ထား" ဇူအန္ ျပင္းျပင္းထန္ထန္ သတိေပးလိုက္သည္။

ခ်န္ရွို႔ပင္း ရင္ဘတ္ပုတ္လိုက္၍
"သခင္ေလး ကြၽန္ေတာ္နာမည္ကို ေမ့သြားၿပီလား။ ပုလင္းကို အဖုံးဆို႔ထားသလို ပါးစပ္လုံတဲ့ ခ်န္ရွို႔ပင္း ပါဗ်"

သူ႕အာမခံမႈက ဇူအန္ကို ပို၍ပင္ စိတ္မခ်ျဖစ္ေစသည္။ သူအမွားအႀကီးႀကီးလုပ္မိသလို ခံစားလိုက္ရသည္။
"ဒီကိစၥကို မင္းကို အပ္လိုက္မယ္။ ငါနည္းနည္းပင္ပန္းေနလို႔ နားလိုက္ဦးမယ္။ အာ ေနဦး မ်က္ႏွာသစ္ဖို႔ ေရတစ္ဇလုံ အရင္ခတ္ေပးဦး" ဇူအန္ သူ႕ကို လက္ခါ၍ ႏွင္လိုက္သည္။

သူ႕အစီအစဥ္က မ်က္ႏွာႏွင့္ကိုယ္လက္ေဆး၍ ကံစမ္းရန္ပင္ ။ အခုေတာ့ သူ႕အနာဂတ္က ေတာက္ပေနသည္ပင္။

"ၾကည့္ရတာ မင္းစိတ္ေကာင္းဝင္ေနပုံပဲ" အသံအက္အက္တစ္ခု ဇူအန္နားထဲ ဝင္လာသည္။

ဇူအန္ လန့္၍ ထခုန္မိလိုက္သည္။ သူေနာက္လွည့္ၾကည့္ရာ ေလာင္မိုင္ကို ေတြ႕လိုက္ရေလသည္။ ႏွလုံးခုန္ျမန္ေနေသး၍
"အၿမဲတမ္း ဘာလို႔ အသံမေပး ဘာမေပး ေလွ်ာက္သြားေနရတာလဲ။ တစ္ေန႕ေန႕ေတာ့ ခင္ဗ်ားေၾကာင့္ က်ဳပ္လန့္ေသလိမ့္မယ္"

ေလာင္မိုင္ ဇူအန္စကားကို လ်စ္လ်ႉရႈ၍ ဆက္ေမးသည္။
"မင္းဒီေန႕ေတာ့ ေက်ာင္းမေျပးဘူးမလား"

"ခင္ဗ်ားက သတိေပးၿပီးၿပီပဲ ေျပးရဲပါ့မလား" မ်က္လုံးနက္နက္မ်ားကိုၾကည့္၍ သူသာေက်ာင္းေျပးပါက မက္မြန္ပြင့္ ၁၃ ႏွင့္ အေျခအေနတူလိမ့္မည္ျဖစ္ေၾကာင္း ဇူအန္ ႀကိဳသိေနသည္။

"အဲ့တာေကာင္းတယ္" ေလာင္မိုင္ ရယ္လိုက္ၿပီး
"ေဝဟုန္ဒီနဲ႕ ေတြ႕ခဲ့လား"

ေလာင္မိုင္၏အၿပဳံးက ဇူအန္ကို ၾကက္သီးထေစသည္။
"မေတြ႕ေသးဘူး" ေလာင္မိုင္ မ်က္ေမွာင္ႀကဳံ႕လာ၍ ဇူအန္ အျမန္ဆက္ေျပာသည္။
"ဒါေပမဲ့ သူ႕ညီနဲ႕ သူငယ္ခ်င္းျဖစ္လာၿပီ"

"သူ႕မွာ ညီရွိတယ္လား" ေလာင္မိုင္ ရႈပ္ေထြးသြားသည္။

"ဟုတ္တယ္ နာမည္က ေဝေဆာင္ တဲ့.." ဇူအန္ ရွင္းျပသည္။

"သူ႕မွာ သားေနာက္တစ္ေယာက္ရွိလိမ့္ဦးမယ္လို႔ ငါမထင္ထားမိဘူး ။ ဟမ့္ သူက အေတာ္ေလး ေကာင္းေကာင္းရွင္သန္ေနတာပဲ" ေလာင္မိုင္ တီးတိုး ေရ႐ြတ္လိုက္သည္။

ဇူအန္ ခနေၾကာင္သြားသည္။
"ဘာေျပာလိုက္တာလဲ"

"ဘာမွမဟုတ္ဘူး" ေလာင္မိုင္ ေခါင္းယမ္းလိုက္သည္။ သူက ေငြအိတ္တစ္ခု ဇူအန္ကို ပစ္ေပးလိုက္ၿပီး
"ဒီေငြကိုယူ။ သူတို႔ညီအစ္ကို ႏွစ္ေယာက္ကို ဒကာခံၿပီး မ်ားမ်ားဆက္ဆံ။ မင္းသူတို႔နဲ႕ ပိုၿပီး ရင္ႏွီးဖို႔လိုတယ္"

ဇူအန္ စကားစၾကည့္သည္။
"ဘာလို႔လဲ သိလို႔ရမလား။ ခင္ဗ်ားလုပ္တဲ့အဲ့ဒီဟာ ဘာပဲျဖစ္ျဖစ္ ႀကိဳတင္ျပင္ဆင္နိုင္ေအာင္လို႔"

ေလာင္မိုင္မ်က္ႏွာတြင္ ေနာက္ထပ္ေက်ာခ်မ္းစရာ အၿပဳံးတစ္ခု ေပၚလာ၍
"မင္း အခ်ိန္တန္ရင္ သိပါလိမ့္မယ္" ထိုသို႔ေျပာၿပီး ျပန္သြားေလသည္။

ဇူအန္ မသကၤာျဖစ္သြားသည္။
ခင္ဗ်ား က်ဳပ္ကို ေတာ္ဝင္ရတနာတိုက္ထဲက ရတနာတစ္ခုခုခိုးခိုင္းမလို႔ေတာ့ မဟုတ္ပါဘူးေနာ္..

ေလာင္မိုင္ေပးေသာအိတ္ထဲမွ ေငြစကို ေရလိုက္သည္။ စုစုေပါင္း ေငြစတစ္ရာရွိေလသည္။ ခ်ဴအိပ္က ပန္းစိုက္သူလူအိုႀကီးက ဘယ္လိုလုပ္ ေငြဒီေလာက္မ်ားမ်ား စုနိုင္လဲ ဇူအန္ သိခ်င္ေလသည္။
သက္ျပင္းခ်၍ ထိုကိစၥကို ေဘးဖယ္ထားလိုက္သည္။ ကီးဘုတ္ကိုထုတ္၍ အမ်က္ပြိုင့္ ေရတြက္လိုက္သည္။ ေန႕လည္က ကံစမ္းၿပီးေနာက္ အမ်က္ပြိုင့္ ၅၄ ခုသာက်န္သည္။ လက္ရွိတြင္ကား ၈၃၀၅ ပြိုင့္ ရွိေနေလသည္။

မက္မြန္ပြင့္ ၁၃က ေတြ႕ဆုံခ်ိန္ခနအတြင္း အမ်က္ပြိုင့္ ၈ေထာင္ေက်ာ္ ေထာက္ပံ့ေပးသြားသည္ေလ။

သို႔ေသာ္လည္း ဇူအန္မေက်နပ္ေပ။ ေနာက္တစ္ႀကိမ္ တစ္ေယာက္တည္းကို ဦးတည္ျခင္းထက္ AOE က ပိုေကာင္းေၾကာင္း သက္ေသျပလိုက္သလိုပင္။ မက္မြန္ပြင့္ ၁၃ လို ရန္သူမ်ား အမ်ားအျပားေရာက္လာရန္သာ ဆုေတာင္းနိုင္ေတာ့သည္။
သူက မ်က္ႏွာသစ္ ေျခလက္ေဆး၍ ထီကို အာ႐ုံစိုက္လိုက္သည္။ သို႔ေသာ္ အေစခံတစ္ေယာက္ ေျပးဝင္လာ၍
"သခင္ေလး သခင္ႀကီးနဲ႕ သခင္မက ေခၚေနတယ္"

ဇူအန္ မ်က္လုံးျပဴးသြားသည္။
ငါခ်ဴဟြမ္ေက်ာက္ကို လမ္းမွားေရာက္ေအာင္လုပ္မိတာ သိသြားတာေတာ့ မဟုတ္ပါဘူးေနာ္..။

ပူပန္စြာျဖင့္ အေစခံေနာက္ လိုက္သြားေလသည္။ အေစခံက သူ႕ကို စၾကၤံတစ္ခုၿပီးတစ္ခု ရႈပ္ေထြးေသာလမ္းကို ေခၚသြားသည္။ ဇူအန္ တျဖည္းျဖည္း အေစခံကို သံသယဝင္လာသည္။
အေသခံမ်ားစြာ တံခါးဝတြင္ ရပ္ေနေသာ ခန္းမတစ္ခုကို ေရာက္မွသာ ဇူအန္ စိတ္ခ်သြားရသည္။
ဒီေလာက္လူအမ်ားႀကီး ငါ့ကိုတစ္ခုခုလုပ္မွာ ပူစရာမလိုေတာ့ဘူး။

သူ႕မ်က္လုံးက ခါးသြယ္သြယ္ႏွင့္ ဆံပင္ျမႇောက္စီးထားေသာ အစိမ္းေရာင္ဝတ္မိန္းကေလးတစ္ေယာက္ထံ က်ေရာက္သြားသည္။ သူမ၏ တည္ရွီမႈေၾကာင့္ အနည္းငယ္သတိထားမိလိုက္ေသာ္လည္း မ်က္ႏွာတြင္ကား ေတာက္ပစြာၿပဳံးေနလိုက္သည္။ဇူအန္သြား၍
"အို..ငါတို႔ေတြ႕တာ ရက္အနည္းငယ္ပဲရွိေသးတယ္။ စနိုး မင္းခါးက ပိုေသးသြားသလိုပဲ။ အျပင္မွာ ေကာင္းေကာင္းမစားခဲ့ဘူးလား လာပါ ငါမင္းကို ႏွိပ္ေပးမယ္"

ေျပာရင္း လက္ကလည္း ခါးကို ဖက္လိုက္ေလသည္။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၂၅၆ ရယူလိုက္သည္။

ဇူအန္ အံ့ၾသသြားသည္။ စနိုးက အမည္ရင္းမဟုတ္ေၾကာင္း သိေသာ္လည္း အေစခံတစ္ေယာက္တြင္ ျပည့္စုံေသာ မ်ိဳးရိုးႏွင့္ နာမည္ရွိရန္ ခက္ေလသည္။ အထူးသျဖင့္ ဤမွ် နားေထာင္ေကာင္းေသာ နာမည္မ်ိဳးက ပိုရွားေပသည္။

ၾကည့္ရတာ သူ႕မွာ ေနာက္ခံႀကီးႀကီး ရွိပုံပဲ။
အရင္က စနိုးကို ေဒါသထြက္ေအာင္ လုပ္ဖူးေသာ္ျငား ကီးဘုတ္အသက္မ၀င္ေသးသလို အမ်က္ပြိုင့္မရေသး၍ နာမည္အရင္းကို မသိျခင္းပင္။ ယခုအႀကိမ္က ပထမဆုံးပင္။

သူမက လြယ္ကူစြာ ေရွာင္လိုက္ၿပီး ေအးစက္စက္ေျပာေလသည္။
"မေတြ႕ရတဲ့ ရက္နည္းနည္းအတြင္း နင္က အရင္လို က်က္သေရမရွိတုန္းပဲ"

ဇူအန္ မ်က္ႏွာမည္းသြားသည္။
"မင္းက နည္းနည္းလြန္လာၿပီ။ ဘာပဲေျပာေျပာ ငါတို႔က တစ္ညအတူေနဖူးတာပဲ။ အဝတ္ျပန္ဝတ္ၿပီးတာနဲ႕ တာဝန္က ေရွာင္ခ်င္တာလား"

"နင္" စနိုးမ်က္ႏွာ ရဲလာသည္။ ဒီႏွာဘူးေကာင္ အၾကည့္မ်ား သူမ၏ ျဖဴစင္ေသာ အပ်ိဳစင္ခႏၱာကိုယ္ တစ္ခုလုံး အၾကည့္ခံရျခင္းသည္ ဘယ္ေတာ့မွ ေမ့မရေပ။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

"စိတ္တိုလား။ ဒါဆို ငါ့ကိုရိုက္ေလ ရိုက္ၾကည့္ေလ" ဇူအန္ လူရမ္းကားလို ေျပာလိုက္သည္။ သူ႕ကို ေရကန္ထဲကန္ခ်တဳန္းက ဇူအန္ က်င့္ႀကံသူမျဖစ္ေသး၍ သူမအဆင့္ကို မသိနိုင္ေပ။ အခုခ်ိန္သည္ စမ္းသပ္ရန္ အခ်ိန္ေကာင္းျဖစ္ေလသည္။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

စနိုးေဒါသက ႀကီးလြန္း၍ မူးေမ့မတတ္ေပ။ ေလာကတြင္ ဒီေလာက္အရွက္မရွိသူ ရွိမည္ဟု မထင္ထားေပ။ သိကၡာတရားကို လႊင့္ပစ္၍ သူ႕ေရွ႕က လူကို ထိုးရန္ စဥ္းစားေနေလသည္။

"ေလွ်ာက္လုပ္မေနနဲ႕ေတာ့ ဝင္လာခဲ့" ခ်ဴခ်ဴယန္၏ ေအးစက္ၿငိမ့္ေညာင္းေသာ အသံ အခန္းထဲမွ ထြက္လာေလသည္။

စနိုး အသက္ျပင္းျပင္းရႉ၍ စိတ္ၿငိမ္ေအာင္ ထိန္းလိုက္သည္။ သူမအသံက နာမည္လို ေအးစက္ေနသည္။
"သခင္ႀကီးနဲ႕ သခင္မ အထဲမွာ ေစာင့္ေနတယ္။ ရွင္ ဝင္သင့္ၿပီ"

ဇူအန္ ႏွေျမာစြာ ေခါင္းယမ္းလိုက္သည္။ အဝတ္ကို ေသခ်ာျဖန့္၍ အခန္းထဲ ဝင္လိုက္သည္။

ခ်ဴက်ဳန္းထန္ ၊ ခ်င္ဝမ္ယြီ ၊ ခ်ဴခ်ဴယန္ ၊ ခ်ဴဟြမ္ေက်ာက္ ေလးေယာက္လုံး စားပြဲတစ္ခုတြင္ ထိုင္ေနသည္။ စားပြဲေပၚတြငင္ကား သားနားေသာ စားေသာက္ဖြယ္ရာမ်ားပင္။ ခ်ဴဟြမ္ေက်ာက္ သတိေပး၍ အၾကည့္တစ္ခ်က္ ေပးလိုက္သည္။
ဒီကေလးမက သစၥာရွိသားပဲ။ ငါအလိုလိုက္ရက်ိဳး နပ္တယ္။

"ဇူအန္ ငါတို႔ေရွ႕မွာေတာင္ ဘယ္လိုလုပ္ အေစခံတစ္ဦးကို ျမႇူရဲတာလဲ။ ခ်ဴယန္ကို ဘာထင္ေနလဲ။ ငါတို႔ခ်ဴအိမ္ကိုေရာ ဘာထင္ေနလဲ" ခ်င္ဝမ္ယြီ ေဒါသတႀကီး ေအာ္လိုက္သည္။

သင္သည္ ခ်င္ဝမ္ယြီ ထံမွ အမ်က္ပြိုင့္ ၄၄၇ ရယူလိုက္သည္။

သူမေဒါသသည္ ျဖစ္သင့္ေပသည္။ သူ႕သမီး ဒီလိုလူကို လက္ထပ္တာပင္ မေက်နပ္သည္ကို သူက အိမ္ေတာ္မွ အေစခံမ်ားကို လိုက္ျမႇူဆြယ္ေနေသးသည္။ ဒါက အတင့္ရဲျခင္းပင္။

"သူ႕ကို မျမႇူဆြယ္ပါဘူး" ဇူအန္ အစြပ္စြဲခံရေၾကာင္း ေျပာလိုက္သည္။

ခ်င္ဝမ္ယြီ ႏွာမႈတ္လိုက္သည္။
"နင္က ေျဗာင္လိမ္ခ်င္ေနေသးတယ္။ ငါတို႔နားေတြက အလွဆင္ထားတယ္ ထင္လို႔လား"

သင္သည္ ခ်င္ဝမ္ယြီ ထံမွ အမ်က္ပြိုင့္ ၅၂၂ ရယူလိုက္သည္။

ခ်ဴက်ဳန္းထန္ က ေခ်ာင္းအသာဟန့္၍ ရွင္းျပသည္။
"မင္းက က်င့္ႀကံသူမဟုတ္လို႔ မသိတာျဖစ္ရမယ္။ ဒီလို အကြာအေဝးက ငါတို႔အတြက္ ျပႆနာမရွိဘူး။ အျပင္မွာ ျဖစ္သမွ် ရွင္းရွင္းလင္းလင္း ျပတ္ျပတ္သားသားၾကားရတယ္"

ဇူအန္ ခ်ဴက်ဳန္းထန္၏ စိတ္ထားေကာင္းမႈေၾကာင့္ စိတ္လႈပ္ရွားသြားရသည္။
"ေယာကၡမႀကီး က်ဳပ္တကယ္မလိမ္ဘူး။ အဲ့တာ စနိုးက က်ဳပ္မိန္းမျဖစ္ၿပီးၿပီမို႔ေလ"

လူတိုင္း ေရွာ့ခ္ ရသြားသည္။ သူမႏွင့္မဆိုင္သလို ပြဲၾကည့္ေနေသာ ခ်ဴခ်ဴယန္ပင္ ေရႏြေးသီးမတတ္ပင္။ လက္ကိုင္ပုဝါကို အျမန္ထုတ္၍ ပါးစပ္အနားကို သုတ္လိုက္ရသည္။
ခ်ဴက်ဳန္းထန္ ဇူအန္ကို အံ့ၾသတႀကီးၾကည့္ေနသည္။ သူ႕အၾကည့္က အနည္းငယ္ ေလးစားရိပ္ပင္ သန္းေနေသးသည္။
ခ်င္ဝမ္ယြီ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး ဦးႏွောက္ခန ရပ္သြားသလိုပင္။

ခ်ဴဟြမ္ေက်ာက္ ဇူအန္စကားေျပာေနတုန္း အစားခိုးစားေန၍ လက္မခိုးေထာင္ျပလိုက္သည္။ သူမခဲအိုက တကယ္ေလးစားစရာပုဂၢိုလ္ပင္။ မက္မြန္ပြင့္ ၁၃ ဒီေလာက္ ဆိုးဆိုး႐ြား႐ြား ခံလိုက္ရတာ မဆန္းေတာ့ေခ်။

"ဇူအန္ နင္ဘယ္လို ေပါက္ကရ ေျပာရဲရတာလဲ" စနိုး မ်က္ႏွာမည္းလ်က္ ဝင္လာသည္။

ခ်ဴက်ဳန္းထန္ ႏွင့္ ခ်င္ဝမ္ယြီ အျပင္ကစကားကို ၾကားနိုင္သလို စနိုးသည္လည္း နားစြင့္၍ အထဲမွ စကားကို နားေထာင္ေနျခင္းပင္။
ဇူအန္စကားကိုၾကားခ်ိန္တြင္ စိတ္လြတ္ထြက္သြားမတတ္ပင္။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

ဘန္း

ခ်င္ဝမ္ယြီ စားပြဲကိုရိုက္လိုက္ၿပီး
"နင့္အျပဳအမူေတြ ဘယ္ေရာက္သြားတာလဲ ထြက္သြားစမ္း"

စနိုး ခ်င္သခင္မကို မေက်မခ်မ္းၾကည့္၍ တိုးတိုးေခ်ပရန္ျပင္သည္။
"သခင္မ ကြၽန္မ..."

ခ်ဴခ်ဴယန္ အသာ ျဖတ္ေျပာလိုက္သည္။
"စနိုး အခုမင္းအျပင္ထြက္သင့္ၿပီ"

ေ႐ြးခ်ယ္စရာမရွိ၍ အခန္းျပင္ကို ထြက္သြားေလသည္။ ထြက္သြားရင္း ဇူအန္ကို မ်က္ေစာင္းထိုးရန္ မေမ့ေပ။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၄၀၀ ရယူလိုက္သည္။

ပြဲၾကည့္ရင္း သူ႕ရဲ႕ ဖ်က္ထိုးဉာဏ္ကို ဇူအန္ ခ်ီးက်ဴးလိုက္မိသည္။ တစ္ခြန္းထဲနဲ႕ အမ်က္ပြိုင့္ အမ်ားႀကီး ရလိုက္ေလသည္။

စနိုးအျပင္ေရာက္သြားသည္ႏွင့္ ခ်င္ဝမ္ယြီ မ်က္ႏွာ ျပင္းထန္လာၿပီး တစ္ေယာက္ေယာက္ကို လည္ပင္းညွစ္ေတာ့မည့္ပုံပင္
"ဇူအန္ ဘာျဖစ္ေနလဲဆိုတာ ေျပာျပတာေကာင္းမယ္။ အိမ္ေတာ္က အေစခံတစ္ေယာက္ကို ျမႇူဆြယ္တဲ့အတြက္ အိမ္ပါသားမက္တစ္ေယာက္ကို ေသဒဏ္ေပးလို႔ရတာ သိလား"

သင္သည္ ခ်င္ဝမ္ယြီ ထံမွ အမ်က္ပြိုင့္ ၅၈၇ ရယူလိုက္သည္။

ဇူအန္ စိတ္ထဲတြင္ အိမ္ပါသားမက္မ်ား၏ လူ႕အခြင့္အေရးဆုံးရႈံးမႈကို အျပစ္တင္ေနသည္။ သက္ျပင္းအသာခ်၍ ျဖည္းျဖည္းခ်င္း ရွင္းျပေလသည္။
"က်ဳပ္ စနိုးကို မျမႇူဆြယ္ပါဘူး။ ခ်ဴယန္ ေပးထားတာ။ သူက စနိုးကို အိပ္ရာထဲမွာ က်ဳပ္ကိုအေဖာ္လုပ္ေပးဖို႔ ကိုယ္တိုင္မွာလိုက္တာ"

ခ်င္ဝမ္ယြီ ထိုစကားမ်ားေၾကာင့္ မ်က္ေမွာင္ႀကဳံလိုက္သည္။ သူ႕သမီးထံ လွည့္၍ ေမးေလသည္။
"ခ်ဴယန္ အဲ့တာ တကယ္ပဲလား"

ငါ့သမီးက ဘာျဖစ္ေနတာလဲ။ သူ႕ေယာက္်ားခုတင္ေပၚကို တစ္ျခားမိန္းမတစ္ေယာက္ တကယ္ပို႔လိုက္တာလား။ ငါက သူ႕ကို ေရွ႕က လမ္းျပခဲ့တယ္လို႔ ထင္ေနတာ။ ဒီႏွစ္ေတြမွာ နင့္အေဖအနားကို ဘယ္မိန္းမကပ္ဖို႔ ငါခြင့္ျပဳခဲ့လို႔လဲ။

ခ်ဴခ်ဴယန္ မ်က္ႏွာရဲသြားၿပီး ဇူအန္ကို မ်က္ေစာင္းထိုးေလသည္။
"အေမ သမီး အဲ့လိုစကားမ်ိဳး ေျပာဖူးတယ္။ ဒါေပမဲ့ အဲ့တာက ဟာသအျဖစ္ပါ။ သူ႕ေပါက္ကရကို နားေထာင္မေနနဲ႕"

"အဲ့တာ အမွန္ပဲေပါ့" ခ်င္ဝမ္ယြီ သံသယျဖင့္ ေမးလိုက္ေသးသည္။

"ဒါေပါ့"

ခ်ဴခ်ဴယန္ ဇူအန္ကို တစ္ခ်က္ၾကည့္၍
"ျမန္ျမန္ ကိုယ့္ေနရာကိုယ္ထိုင္ေတာ့။ ေနာက္ဆိုရင္ ကိုယ့္စကားကိုယ္ၾကည့္ေျပာသင့္တယ္။ မဟုတ္ရင္ ဘယ္သူ႕ကို ရန္စမိမွန္း သိမွာမဟုတ္ဘူး"

ဇူအန္ ခ်က္ခ်င္းပင္ အထြန့္တက္လိုက္သည္။
"အဲ့တာမရဘူး။ ငါက ပါးစပ္ေပၚ မူတည္ၿပီး အသက္ေမြးေနရတာ"
ပါးစပ္ကသာ ေလွ်ာက္မေျပာရင္ ဘယ္က အမ်က္ပြိုင့္ ရမွာလဲ။

ခ်ဴဟြမ္ေက်ာက္ အားမနာတန္း ထရယ္သည္။
"ရွင္ေျပာေတာ့ မ်က္ႏွာနဲ႕ အသက္ေမြးတာဆို"

ဇူအန္ အရွက္ရျခင္း တစ္စက္မွ မရွိေပ
"ငါက ႏွစ္လမ္းလုံးလိုက္တယ္။ အရည္အခ်င္းဆိုတာ ခြဲထားတာအေကာင္းဆုံးပဲ ။ အဲ့တာမွ ေစ်းကြက္ထဲ ဝင္ဆံ့မွာ"

"ေတာ္ၿပီ ေပါက္ကရေတြမေျပာဘဲ စားၾကေတာ့"
ဇူအန္ႏွင့္ ခ်ဴဟြမ္ေက်ာက္၏ ရင္းႏွီးေနပုံရေသာ စကားေျပာပုံက ခ်င္ဝမ္ယြီကို တစ္မ်ိဳးမ်ိဳးျဖင့္ စ်ိတ်အနှောင့်အယှက် ျဖစ္ေစသည္။

ဇူအန္ ထိုင္ခုံတြင္ ထိုင္လိုက္၍ ခ်ဴခ်ဴယန္ ကို တစ္ခ်က္ၾကည့္လိုက္သည္။ ရိုးရိုးသားသားေျပာရလွ်င္ ဒီမိန္းမက သူ႕အေပၚ အေတာ္ေတာ့ ေကာင္းပါသည္။ ခုနက ကိစၥျဖစ္သြားေသာ္လည္း သူ႕ၿမဳံေနျခင္းကို မေဖာ္ထုတ္ေပ။

ထိုသတင္းက သူနဲ႕စနိုးၾကား ပတ္သက္မႈကို ခ်င္ဝမ္ယြီ အထင္လြဲစရာအေၾကာင္း မရွိေအာင္ လုပ္ေပးနိုင္သည္ပင္။

"ငါ့ကို ဘာၾကည့္ေနတာလဲ" ဇူအန္ကို ျပန္မၾကည့္ဘဲ ခ်ဴခ်ဴယန္ ေမးလိုက္သည္။ သူမက ဟင္း႐ြက္တစ္ခုကို ေကာက္ယူလိုက္သည္။

"မင္းကလွတယ္ေလ။ ငါစာအုပ္ထဲမွာဖတ္ဖူးတယ္။ သိပ္လွတဲ့မိန္းမတစ္ေယာက္ကိုၾကည့္ရင္ ဗိုက္ဝတယ္တဲ့။ အမွန္တိုင္းေျပာရရင္ အရင္က သိပ္မယုံခ်င္ဘူး။ အခုမွပဲ ကိုယ္တိုင္ခံစားလာရတာ" ဇူအန္ ၿပဳံးရင္း ျပန္ေျဖသည္။

သူ႕မိန္းမ၏ ေဘးတိုက္မ်က္ႏွာသည္ ၿပီးျပည့္စုံလြန္းသည္။ သူမ၏ ေခ်ာမြတ္ႏူးညံ့ေသာ အသားအရည္သည္ ဆြဲေဆာင္လြန္းသည္။ မနမ္းနိုင္သည္မွာ ႏွေျမာစရာပင္။

ခ်ဴခ်ဴယန္က သူ႕စကားေၾကာင့္ အံ့ၾသသြားသည္။
"ၾကည့္ရတာ ရွင္ အရင္ကထက္ ပိုအေကာင္းျမင္တတ္လာသလိုပဲ"

သူ႕ေအာက္ပိုင္း အေျခအေနကို ေျပာမွန္း ဇူအန္သိေလသည္။ အရင္တစ္ေခါက္က ျပႆနာအႀကီးႀကီး ရွာလိုက္ေသာေၾကာင့္ပင္။

"ေစာေစာကေတာ့ ေတြးၿပီး မွိုင္ေနတုန္းပဲ။ ဒါေပမဲ့ မင္းမ်က္ႏွာရဲ႕ အလွေၾကာင့္ ငါ့ရဲ႕ စိတ္အလိုမက်တာေတြ ေပ်ာက္သြားၿပီ"

------------------------------------------------------------------

Continue Reading

You'll Also Like

43.1K 5K 73
Author _ Shuiqiancheng That's not my work.I am Just Translator
329K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
1.7M 94.7K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...