ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

81.3K 10.8K 63

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

49

404 65 1
By SoeHmue

Chapter 49. ကပ်စားဘုရင်၏ ဒဏ္ဍာရီ

ရီချန်းလျန် သူတစ်ယောက်တည်း ဖေးမြန့်မုန်ဆီ ထိပ်တိုက်ဝင်နေကြောင်း တွေ့လိုက်ရသည်။

သူက ဓားအားလုံး အငွေ့ပျံသွားသည်ကို မြင်ပြီး ကြောက်လန့်သွားရသည်။ ထိုမီးတောက်က သတ္ထုကိုပင် အရည်ပျော်ကျစေနိုင်လျှင် အသွေးအသားဖြင့် တည်ဆောက်ထားသော ခန္တာကိုယ်က ဘယ်ခံနိုင်ရည် ရှိမလဲ။

ယွမ်ဝမ်ဒုံ၏ ဓားများက ဤမျှအသုံးမကျလိမ့်မည်ဟု သူမထင်ထားမိပေ။ ကျောက်တုံးတစ်တုံးကတောင် ရေထဲကျလျှင် အနည်းဆုံးရေပွက်ထသေးသည်။ ထိုဓားများသည်ကား ဘာမှအရာမထင်ဘဲ ပျောက်ကွယ်သွားခြင်းပင်။

သူ့အသိစိတ်က အန္တရာယ်ကို တိုင်းတာပြီးချိန်တွင်ကား ရပ်တန့်ရန် အချိန်လွန်သွားလေပြီ။ သူ့ခန္တာကိုယ်က ပျက်စီးရာသို့ ဦးတည်နေခြင်းကိုသာ ဆောက်တည်ရာမရ ကြည့်နေနိုင်တော့သည်။

သူတို့နှစ်ဦးကြား ခေါင်းပြောင်ပြောင်နဲ့ လူကြီးတစ်ယောက် ဝင်ရပ်လိုက်လေသည်။ သူက ရီချန်းလျန် ခေါင်းပေါ်သို့ လက်တစ်ဖက်တင်၍ တားလိုက်လေသည်။

"အဆင့်၃ လူကများ သူ့လိုအဆင့်၅ကို တိုက်ရိုက်ဝင်တိုးဖို့ ကြိုးစားနေတယ်။ မင်းဒီနှစ်တွေ ကျောင်းမှာ ဘာသင်နေတာလဲ"
ထိုလူကြီးက ဒေါသတကြီးအော်လေသည်။ သူက ဖေးမြန့်မုန်ဘက်လှည့်၍
"မင်းရော ကျောင်းသားအချင်းချင်း ဘာလို့ဒီလောက် ရက်စက်ရတာလဲ"

ဖေးမြန့်မုန် အနက်ရောင်မီးတောက်ကို ပြန်သိမ်း၍
"ကျွန်မလုပ်တာက ဒီမှာရပ်နေရုံပဲ။ သူ့ဘာသာ အရူးလို သေလမ်းရှာပြီး ပြေးဝင်လာတာ ကျွန်မက ဘာလုပ်နိုင်မှာလဲ" ထိုသို့ပြောလိုက်ပြီး ကျောင်းသားအများစုကြောက်လန့်ရသော ထိုဆရာကို ကျောပေးကာ ထွက်သွားလေသည်။

သူမအစွမ်းကို မျက်မြင်တွေ့လိုက်ရသော လူအုပ်က အလိုလို လမ်းဖယ်ပေးလေသည်။

သူတို့နည်းတူ ဇူအန်လည်း အံ့သြနေသည်ပင်။

မနေ့ညက သူ့ဒြပ်စင်ကို မသုံးလိုက်တာ ကံကောင်းတာပဲ။ မဟုတ်ရင် ငါလည်း အဲ့ဓားတွေလို အရည်ပျော်သွားလောက်တယ်။ ကြည်နူးခြင်းဘောက ဘယ်လောက်အင်အားကြီးကြီး ပြာကျသွားရင် ကယ်နိုင်မှာမဟုတ်လောက်ဘူး။

စည်းကမ်းထိန်းသိမ်းရေးဆရာ လုဒီက ဖေးမြန့်မုန်ထွက်သွားခြင်းကို တိတ်တဆိတ်ကြည့်နေလိုက်သည်။ ထို့နောက် ရီချန်းလျန်ဘက်လှည့်၍ မျက်နှာထားလုံးဝပြောင်းသွားလေသည်။
"မင်းက ဒီမှာ ပြဿနာရှာနေတဲ့ တစ်ယောက်လား"

ရီချန်းလျန် လိပ်ပြာလွင့်မတတ်ပေ။ သူက ဇူအန်ကို အသည်းအသန်လက်ညှိုးထိုး၍
"ဆရာ ကျွန်တော်မဟုတ်ဘူး ပြဿနာရှာနေတာက သူ"

လုဒီ ဇူအန်ဘက်လှည့်၍ အေးစက်စွာဖြင့်
"မင်းက ပြဿနာရှာတဲ့ တစ်ယောက်လား"

ဇူအန် ပုခုံးတွန့်လိုက်သည်။
"ကျွန်တော် အစကအဆုံးထိ ဘာမှမလုပ်ဘဲ ရပ်နေတာ။ ကျွန်တော့်ကို ပြိုင်တိုက်စေချင်လို့ ပြဿနာတစ်ခုပြီးတစ်ခုရှာနေတာ သူတို့ပဲ။ မယုံရင် ဒီကျောင်းသားတွေကို မေးကြည့်လို့ရတယ်"

လူအုပ်က ဇူအန်ကို အမြန်ထောက်ခံပေးသည်။ အရင်က မိန်းမနားကပ်စားခြင်းကို အထင်သေးကောင်းသေးနိုင်သော်လည်း ဇူအန်၏ ပြောင်မြောက်လှသော ကပ်စားစွမ်းရည်ကြောင့် အားကျမှုများနှင့် လေးစားမှုများသာ ကျန်လေတော့သည်။

သူက အိပ်မက်ချစ်သူစာရင်း၏ မိန်းမလှ လေးဦးနှင့် ပတ်သက်နေရုံသာမက ထိုလေးယောက်အနက် ချူချူယန် နှင့် ဖေးမြန့်မုန် လို ထိပ်ဆုံးနှစ်ယောက်ပင် ပါနေသေးသည်။ ဒီဆရာဆီမှ တစ်ခုနှစ်ခုသာ သင်နိုင်လျှင် တစ်ဘဝစာ ငြိမ်းပေလိမ့်မည်။

ယနေ့ သူပြသခဲ့သော ကပ်စားဘုရင်၏ ဒဏ္ဍာရီသည် ကျောင်းသားမျိုးဆက် တော်တော်များများတွင် ဆယ်စုနှစ်တစ်ခုကျော်အထိ လက်ဆင့်ကမ်းသွားလိမ့်မည်ဟု ဇူအန်တွေးမိလိမ့်မည်မဟုတ်ချေ။ သူ့ကိုလေးစားသမှုဖြင့် နာမည်အရင်းမခေါ်ဘဲ 'အမျိုးသား' ဟုတင်စားသည်အထိ ကိုးကွယ်ကြသော လူတစ်စုပင်ရှိလေသည်။

ဇူအန်အတွက် ကျောင်းသားများ အာမခံပေးသည်ကိုကြည့်၍ လုဒီမျက်နှာ အေးစက်သွားသည်။ သူက ရီချန်းလျန်ကို လက်အတွင်းရှိ ပေတံနှင့် မညှာမတာရိုက်လေသည်။
"မင်းက ကျောင်းထဲမှာ အုပ်စုဖွဲ့ပြီး အားနည်းတဲ့ကျောင်းသားတွေကို အနိုင်ကျင့်တယ်လို့ ငါကြားတာကြာပြီ ။ ကောင်းပြီလေ။ သူတော်ကောင်းတရားကြောင့် လူတစ်ယောက်ကို ဘယ်လိုပြုပြင်ပေးလဲ ဒီနေ့မင်းကို ပြရသေးတာပေါ့"

သူ့လက်ထဲရှိ ပေတံသည် ချူဟွမ်ကျောက်၏ ကြာပွတ်ထက် ပိုအားကောင်းလေသည်။ ရီချန်းလျန် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေလျက် ရိုက်ချက်များအောက်တွင် လူးလှိမ့်နေသည်။

ယွမ်ဝမ်ဒုံက ကိစ္စအားလုံးကို စတဲ့သူလေ။ ငါ့ကိုပဲ အပြစ်ပေးရတာလဲ။

သူမကျေနပ်သော်လည်း ရီချန်းလျန် ထိုအတွေးများကို ထုတ်မပြောနိုင်ကြောင်း သိလေသည်။ ယွမ်ဝမ်ဒုံက အပေါ်ယံတွင် အမျိုးကောင်းစားဟု ထင်ရသော်လည်း ထိုအရာက သူ၏ကြမ်းတမ်းယုတ်မာမှုကို ဖုံးကွယ်ရန်သာဖြစ်သည်။ အခု သူက အဆင့်၅ရောက်သွားပြီဖြစ်၍ ရီချန်းလျန် ရန်စ၍ မရေတော့ချေ။

ရီချန်းလျန်ကို ရှင်းပြီးနောက် လုဒီအကြည့်က မြေပေါ်တွင် ကွေးကောက်နေသေးသော ဟုန်ရှင်းယင်ထံ ရောက်သွားသည်။
"မင်းလည်းအတူတူပဲ။ ဒီနေ့မှ ကျောင်းရောက်တာ ပထမဆုံးနေ့ကို ပြဿနာတန်းလုပ်တာပဲ။ မင်းက ချူအိမ်ကမို့ မင်းကိုငါ အပြစ်မပေးရဲဘူးလို့ မင်းထင်နေလား။ ဒီနေ့ ကျောင်းစည်းကမ်းတွေကို အရိုးထဲရောက်အောင် ရိုက်သွင်းပေးမယ်"

ဟုန်ရှင်းယင် ငိုမဲ့မဲ့ဖြစ်သွားသည်။

အခုနကလည်း ငါက ခံရတာအများဆုံးပဲ။ ဘာလို့ အခုလည်း ငါပဲလဲ။

သူအကယ်ဒမီကိုရောက်သည်မှာ တစ်ရက်သာရှိသေး၍ အတွင်းရေးများကို နားမလည်ပေ။ သူက ယွမ်ဝမ်ဒုံကို လက်ညှိုးထိုး၍ မြည်ကြွေးသည်။
"ဆရာ ဒါဆို သူ့ကိုကျတော့ ဘာလို့မရိုက်တာလဲ"

ယွမ်ဝမ်ဒုံ မျက်လုံးတွင် အေးစက်စက်အရိပ်တစ်ခု ဖြတ်သွားရသည်။

လုဒီ နှာမှုတ်ပြလိုက်သည်။
"သူက အဆင့်၅ ရောက်ပြီ။ မင်းကရော။ ငါမင်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်။ အဆင့်၅ရောက်တဲ့ ဘယ်ကျောင်းသားမဆို ငါတို့တိုင်းပြည်ရဲ့ အကောင်းဆုံးတွေပဲ။ သူတို့က ဘယ်နေရာသွားသွား ရတနာလို့ အသတ်မှတ်ခံရတာ။ မင်းတို့ဘယ်သူပဲဖြစ်ဖြစ် အဆင့်၅ သာရောက်ပါစေ။ အရမ်းမလွန်ကျူးရင် ဘာအပြစ်ဖြစ်ဖြစ် အကယ်ဒမီက လိုက်မထိန်းနေဘူး"

ဇူအန် ရင်တစ်ချက် ခုန်သွားသည်။ ဘယ်လောက်ဖြစ်ဖြစ် အင်အားက အရေးကြီးသည်ပင်။ ဘေးပတ်လည်မှ ကျောင်းသားများက လုဒီစကားကို အံ့သြဟန်မပြပေ။ သူတို့က ဤတရားမဝင်စည်းမျဉ်းများကို ရင်းနှီးနေကြောင်း သိသာလေသည်။

လုဒီပြောပြီးသည်နှင့် ငိုယိုနေသော ထိုကျောင်းသားနှစ်ယောက်ကို တရွတ်တိုက်ဆွဲသွားလေသည်။ လူအုပ်က ကံကောင်းပါစေဟု ဆုတောင်းပေးနေကြသည်။

ဇူအန်ပေါင်ကိုဖက်နေသော ဝေဆောင်သည် ကြောက်လန့်တကြီး တံတွေးမြိုချမိသည်။
"ဘော့စ် ခင်ဗျားသူ့ကိုပြန်ပြောတုန်းက ခင်ဗျားအသက်ကို ကျွန်တော်စိုးရိမ်လိုက်မိသေးတယ်။ အဲ့ဒီ ပြောင်ကြီးလက်ထဲ ရောက်သွားတဲ့သားကောင်ဆိုတာ ကောင်းကောင်း အဆုံးမသတ်ဘူး"

ဇူအန် ရယ်လိုက်သည်။
"လုဒီက ကျောင်းသားတွေကို သူတော်ကောင်းတရားနဲ့ ပြုပြင်ပေးချင်မှတော့ သူက အကြောင်းပြချက်ကို နားထောင်ပေးဖို့လည်း လိုသေးတယ်လေ"

"မင်းက သူနဲ့ အကျိုးအကြောင်းပြောရဲတဲ့ တစ်ဦးတည်းသော သူပဲ" ချီရှို့ ဇူအန်ထံလာရင်း အော်ရယ်လိုက်မိသည်။
"ကျုပ်က လှပတဲ့ပန်းအများကြီး ဆွတ်ခူးနိုင်တဲ့လူလို့ ကိုယ့်ကိုကိုယ်ထင်ထားတာ။ ကြည့်ရတာ အစ်ကိုဇူကို မမီတဲ့ပုံပဲ။ မိန်းမလှဆယ်ဦးထဲက လေးယောက်ကို အမိဖမ်းနိုင်တယ်လို့ တွေးမိရင် အစ်ကိုဇူရဲ့ အောင်မြင်မှုကို လေးစားပါတယ်။ အနာဂတ်မှာ အတူထိုင်ရင်း ပညာသင်ယူနိုင်ဖို့ မျှော်လင့်တယ်"

"အစ်ကိုရှို့က မြှောက်နေပါပြီ။ ခင်ဗျားဘေးမှာ အခုတစ်ယောက်ရှိနေတာပဲ မဟုတ်ဘူးလား" ဇူအန် ပြန်ဖြေသည်။

"ငါ့ဘေးမှာလား။ ငါက ဘာလို့ မသိရတာလဲ" ချီရှို့ ကြောင်သွားသည်။ သူ့ဘေးနားတွင် မိန်းမလှမပြတ်သည့်တိုင် မိန်းမလှဆယ်ဦးကိုမှီသည့် အလှမျိုး မရှိပေ။

"အစ်ကိုရှို့ရဲ့ အစ်မက မိန်းမလှဆယ်ဦးထဲက တစ်ယောက်မဟုတ်ဘူးလား။ အစ်ကိုရှို့သာ မိတ်ဆက်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ"

ချီရှို့ တံတွေးသီးမတတ်ဖြစ်သွားသည်။
"ဒ..ဒါက... ကျုပ်မှာ လုပ်စရာလေးရှိသေးလို့ ခွင့်ပြုပါဦး" ဇူအန်၏ ဆွဲထားလိုခြင်းကို လျစ်လျှူရှု၍ နောက်လှည့်မကြည့်ဘဲ တစ်ချိုးတည်း ပြန်ပြေးလေသည်။

ဇူအန် ကြောင်သွားသည်။
"သူက ဘာလို့ သရဲမြင်သလို ဖြစ်သွားရတာလဲ"

ချီရှို့နှင့်မတူစွာ ဝေဆောင်ကတော့ ဇူအန်ကို ပိုလေးစားသွားသည်။
"ဘော့စ် ခင်ဗျားကို ကျွန်တော်အလေးစားဆုံးပဲ။ မိန်းမလှလေးယောက်နဲ့တင် မကျေနပ်သေးဘဲ ချီသခင်လေးရဲ့ အစ်မကိုပါ ချိန်နေသေးတယ်။ တကယ့်ကို အံ့ချီးဖွယ်ပဲ။ ကျွန်တော်တို့မျိုးဆက်မှာ ခင်ဗျားကို ယှဉ်နိုင်တဲ့လူ တကယ်မရှိဘူး"

"မင်းက တကယ်ကို လျှာသွက်တာပဲ။ အဖွဲ့အစည်းလောကမှာ တကယ်ကို ကြီးပွားမယ့်ကောင်" ဇူအန် ဝေဆောင်၏ ကပ်ဖားမှုကို ရွံရှာဟန် ဘေးသို့ တွန်းထုတ်လိုက်သည်။

သူက ကျီရှောင်ချီဘက်လှည့်၍ အနည်းငယ်ဦးညွှတ်လိုက်ပြီး
"ကျီမိန်းကလေး ခုနက ကိစ္စမှာ ကူညီတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်"

ကျီရှောင်ချီ ပြန်မပြောနိုင်ခင် ချူဟွမ်ကျောက်က ထအော်သည်။
"နင်ပြောတာ ဘာအဓိပ္ပါယ်လဲ ။ ငါက အရင်ဆုံး ကူညီတဲ့လူလေ"

ကျီရှောင်ချီ မျက်နှာအနည်းငယ်အရောင်တက်လာ၍
"ဘာမှမဟုတ်ပါဘူး။ ကျွန်မက မှန်တာကို လုပ်ပေးတာပါ။ အခုတော့ သွားလိုက်ဦးမယ်"

အာရုံစိုက်ခံရခြင်းကို အသားမကျစွာ ရှောင်ထွက်ရန်ပြင်လေသည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ပြန်လှည့်၍
"စကားမစပ် အိမ်ဘက်ကို တစ်ချက်လာခဲ့ပါဦး။ အဖေက ရှင်နဲ့ စကားနည်းနည်းပြောချင်လို့တဲ့"

"အိုး...."

လူအုပ်က သူမတို့နှစ်ဦးအား ထူးထူးဆန်းဆန်း ကြည့်နေခြင်းကို ကျီရှောင်ချီ သတိထားမိလေသည်။ သူမ စကားထဲမှ အထင်အမြင်မှားစရာကို သတိထားမိလိုက်သော်ငြား ဘယ်ကစ၍ ရှင်းပြရမည် မသိချေ။ နောက်ဆုံးတွင် လက်လျှော့ကာ မျက်နှာရဲလျက် ထွက်ပြေးသွားလေသည်။

"အဲ့တာက ဘာသဘောလဲ။ ငါရှိနေတုန်းမှာ သူက နင့်ကို မြှူဆွယ်ရဲတယ်လား" ချူဟွမ်ကျောက် ဒေါသတကြီး စူပုတ်နေသည်။ သူမ မရှိသော ရင်ကို ကော့လိုက်ပုံလေးမှာ လွန်စွာ ချစ်စရာကောင်းလေသည်။

ဇူအန် မျက်လုံးလှန်ပြ၍
"နင်က ငါ့မိန်းမမှမဟုတ်တာ။ ငါ့ကိစ္စကို ဘာလို့ ဝင်စွက်ဖက်နေရတာလဲ"

ကျီရှောင်ချီစကားနောက်ကွယ်က အဓိပ္ပာယ်ကို ဇူအန် ရှင်းရှင်းလင်းလင်း သိလေသည်။ များသောအားဖြင့် သူ့ရောဂါအခြေအနေဖြစ်ရမည်။ ကြည့်ရတာ အတွင်းခံရှာရန် တာဝန်ကို အရှန်မြှင့်ရပေလိမ့်မည်။ အဲ့ဒီနှာဘူး ကျီတန်ထုကို လှည့်စားကောင်း လှည့်စားနိုင်ပေလိမ့်မည်။

"ငါ..ငါက ငါ့အစ်မအစား နင့်ကို စောင့်ကြည့်ပေးနေတာလေ" ချူဟွမ်ကျောက် မကျေမနပ်ဖြစ်သွားပြီး
"ငါ့အစ်မထွက်သွားတာမှ မကြာသေးဘူး။ နင်က တစ်ခြားမိန်းမတွေနဲ့ ပတ်သက်နေပြီ"

ဇူအန် ပေါ့ပျက်ပျက် ပြန်ပြောသည်။
"နင်ငါ့ကို စောင့်ကြည့်ဖို့လိုလားလို့ နင့်အစ်မကို သွားမေးကြည့်ပါလား"

ငါ့ရဲ့ အဲ့ဒီမိန်းမဆိုတဲ့သူက ငါ့ကိုကြည့်တာ လမ်းပေါ်က သူစိမ်းနဲ့ ဘာမှမထူးခြားဘူး။ မဟုတ်ဘူး။ သူစိမ်းလောက်တောင် မရှိဘူး။ ငါက ဘာကိစ္စ သူ့ကြောင့် လူပျိုဘဝကို ထိန်းသိမ်းရမှာ..ဖီး..ဖီး.ဖီး..ငါ ဘာတွေပြောနေမိတာပါလိမ့်..။

"ဟမ့် ဒီနေရာမှာ လာအီစီကလီလုပ်မနေနဲ့" ယွမ်ဝမ်ဒုံ မနှစ်မြို့စရာမျက်နှာထားဖြင့် လျှောက်လာပြီး
"ဇူအန် မင်းတစ်သက်လုံး မိန်းမတွေနောက်ပုန်းပြီးနေနိုင်တယ်လို့ ငါမထင်ဘူး။ အိမ်တော်ပြိုင်ပွဲ ရောက်ဖို့ မလိုတော့ဘူး။ အဲ့ဒီအခါကျ ကြိုးဝိုင်းထဲမှာ မင်းနေရာကို မိန်းမတစ်ယောက် အစားထိုးနိုင်မလား ကြည့်ကြသေးတာပေါ့"

ဇူအန် ကြောင်သွားပြီး ချူဟွမ်ကျောက်ကို လှည့်မေးသည်။
"ဘာအိမ်တော်ပြိုင်ပွဲလဲ"

ချူဟွမ်ကျောက် မပျော်မရွှင်ဖြစ်နေသော်လည်း ပြန်ဖြေသည်။
"ငါတို့ ချူအိမ်လိုပဲ ယွမ်အိမ်ကလည်း လက်နက်ရောင်းဝယ်မှုလုပ်တယ်။ အဲ့တာကြောင့် အိမ်တော်နှစ်ခု ပြိုင်ပွဲက ပြင်းထန်တယ်။ အခြေအနေမပြင်းထန်အောင် သုံးနှစ်တစ်ကြိမ် ပြိုင်ပွဲကျင်းပဖို့ အိမ်တော်နှစ်ခုက သဘောတူထားတာ။ အိမ်တော်က လူငယ်တိုင်း ယှဉ်ပြိုင်ရမယ်။ ပြိုင်ပွဲရဲ့ အနိုင်ရသူက နောက်သုံးနှစ်အတွင်း ဘယ်အပိုင်းကို လုပ်ငန်းဘယ်လောက်ရာခိုင်နှုန်းရမလဲဆိုတာ ဆုံးဖြတ်တာ"

"ငါလည်း ပြိုင်ဖို့ လိုတယ်လား" ဇူအန် မေးလိုက်သည်။

ချူဟွမ်ကျောက် ခေါင်းညိတ်လိုက်သည်။
"အိမ်တော်က လူတိုင်း ပါဝင်ဖို့လိုတယ်။ မနှစ်က မမနဲ့ အိမ်တော်ခွဲက ဝမ်းကွဲတွေ ဦးဆောင်တာ။ ရှင်က အိမ်တော်သားမက်ဆိုတော့ ရှေ့ထွက်ပြီး ဦးဆောင်ဖို့ လိုလိမ့်မယ်"

ဇူအန် ဒီသတင်းကြောင့် အသက်ရှုကြပ်လာသလိုပင်။

ဒါက ဘာကြီးလဲ။ အိမ်တော်ကြီးရဲ့ သားမက်အဖြစ် ရပိုင်ခွင့်တောင် မခံစားရဘဲ တာဝန်ကျတော့ ကျေပေးရဦးမှာလား။

"ဒါဆို ယွမ်အိမ်ကလည်း မြို့တော်ဝန်အိမ်ပဲလား"

ချူဟွမ်ကျောက် ခေါင်းယမ်းလိုက်သည်။
"မဟုတ်ဘူး။ သူတို့အိမ်ကလည်း အမျိုးမြတ်အိမ်တော်တစ်ခုပဲ။ သူတို့က နေရာမရှိတာပဲကွာတာ။ ရာထူးအရ ငါ့အဖေထက်တော့ နိမ့်တယ်"

"မြို့တော်ဝန်အိမ်တော်တစ်ခုက အိမ်တော်အသေးစားတစ်ခုနဲ့ ယှဉ်တိုက်ပြီးမှ ဆုံးဖြတ်ရတာ ရှက်စရာမကောင်းဘူးလား"

ချူဟွမ်ကျောက် ပြန်မဖြေနိုင်ခင် ယွမ်ဝမ်ဒုံ မှ ဖြတ်ပြောသည်။
"လပြည့်မြို့တော်ဝန်က ရာထူးကြီးပေမဲ့ ကျိုးပြည်မှာက ဥပဒေရှိတယ်လေ။ ပြီးတော့ ချူအိမ်က မြို့တော်ဝန်ရှိတဲ့ တစ်ခုတည်းသော အိမ်တော်မဟုတ်ဘူး"

ဇူအန် ခေါင်းညိတ်လိုက်သည်။
"အာ..မင်းပြောတာ ငါသိပြီ။ ပြောရမယ်ဆို မင်းမှာလည်း နောက်ကွယ်က ထောက်ပံ့နေတဲ့လူရှိတယ်ပေါ့။ မင်းဒီလောက် အသံကျယ်ကျယ်ဟောင်နေတာ မဆန်းတော့ဘူး။ လက်စသတ်တော့ သခင်ရှိပြီးသားကိုး"

သင်သည် ယွမ်ဝမ်ဒုံ ထံမှ အမျက်ပွိုင့် ၃၂၁ ရယူလိုက်သည်။

အနီးအနားရှိ အကယ်ဒမီဝန်ထမ်းတစ်ချို့ကို သတိထားမိလိုက်ပြီး ယွမ်ဝမ်ဒုံ အသက်ပြင်းပြင်းရှုလိုက်သည်။
"မင်းက အဲ့ဒီပါးစပ်ကလွဲရင် ဘာမှမရှိဘူး။အဲ့တာကြောင့် မင်းနဲ့ပြိုင် မငြင်းချင်ဘူး။ ပြိုင်ပွဲနေ့ကို ရောက်တဲ့အထိပဲ စောင့်...."

ယွမ်ဝမ်ဒုံ ဇူအန်အနားကပ်လိုက်ပြီး တိုးတိုးပြောသည်။
"ငါမင်းခြေလက်တွေကိုချိုးပြီး ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်"

ဇူအန် သက်ပြင်းချလိုက်ပြီး
"ငါတော့ မင်းဒီကျောင်းသားတွေရဲ့ ဓားတွေကို ဘယ်လိုပြန်လျော်ပေးရမလဲ စဉ်းစားသင့်တယ် ထင်တာပဲ"

လုဒီရောက်လာခြင်းက တိုက်ပွဲကို အဆုံးသတ်စေပြီး လူစုကွဲသွားစေသည်။ သို့သော် ကျောင်းသားဆယ်ယောက်ကျော်က ခြေလှမ်းပြင်နေသော်လည်း မရွေ့သေးဘဲ ယွမ်ဝမ်ဒုံကို မရဲတရဲကြည့်နေကြသေးသည်။

ယခင်က ယွမ်ဝမ်ဒုံသည် သူတို့ဓားများကိုသုံး၍ ဖေးမြန့်မုန်အား တိုက်ခိုက်ခြင်းဖြစ်၍ အနက်ရောင်မီးတောက်ကြောင့် အားလုံးပျောက်ကွယ်သွားလေပြီ။ ယွမ်ဝမ်ဒုံ တာဝန်ယူ၍ အလျော်ပေးသင့်ကြောင်း ခံစားရသော်လည်း သူ့ကို ကြောက်ရွံ့သဖြင့် အခုထိတိုင် မဟရဲသေးခြင်းပင်။

သို့သော် ဇူအန်အစပြုပေးလိုက်သဖြင့် အရဲစွန့်ကာ လှမ်းအော်ကြလေသည်။

"ငါတို့ဓားတွေအတွက် လျော်ပေး"

"ငါ့ရဲ့ အဲ့ဒီဓားအတွက် ပိုက်ဆံအများကြီး အကုန်အကျခံထားရတာ"

"ငါ့ဓားက ဆရာဘယ်သူရဲ့ လက်ရာ။ သတ္ထုကို ရွှံ့လို ဖြတ်တောက်နိုင်တယ်လို့ နာမည်ကြီး..."

......

-----------------------------------------------------------------

Chapter 49. ကပ္စားဘုရင္၏ ဒ႑ာရီ

ရီခ်န္းလ်န္ သူတစ္ေယာက္တည္း ေဖးျမန့္မုန္ဆီ ထိပ္တိုက္ဝင္ေနေၾကာင္း ေတြ႕လိုက္ရသည္။

သူက ဓားအားလုံး အေငြ႕ပ်ံသြားသည္ကို ျမင္ၿပီး ေၾကာက္လန့္သြားရသည္။ ထိုမီးေတာက္က သတၳဳကိုပင္ အရည္ေပ်ာ္က်ေစနိုင္လွ်င္ အေသြးအသားျဖင့္ တည္ေဆာက္ထားေသာ ခႏၱာကိုယ္က ဘယ္ခံနိုင္ရည္ ရွိမလဲ။

ယြမ္ဝမ္ဒုံ၏ ဓားမ်ားက ဤမွ်အသုံးမက်လိမ့္မည္ဟု သူမထင္ထားမိေပ။ ေက်ာက္တုံးတစ္တုံးကေတာင္ ေရထဲက်လွ်င္ အနည္းဆုံးေရပြက္ထေသးသည္။ ထိုဓားမ်ားသည္ကား ဘာမွအရာမထင္ဘဲ ေပ်ာက္ကြယ္သြားျခင္းပင္။

သူ႕အသိစိတ္က အႏၱရာယ္ကို တိုင္းတာၿပီးခ်ိန္တြင္ကား ရပ္တန့္ရန္ အခ်ိန္လြန္သြားေလၿပီ။ သူ႕ခႏၱာကိုယ္က ပ်က္စီးရာသို႔ ဦးတည္ေနျခင္းကိုသာ ေဆာက္တည္ရာမရ ၾကည့္ေနနိုင္ေတာ့သည္။

သူတို႔ႏွစ္ဦးၾကား ေခါင္းေျပာင္ေျပာင္နဲ႕ လူႀကီးတစ္ေယာက္ ဝင္ရပ္လိုက္ေလသည္။ သူက ရီခ်န္းလ်န္ ေခါင္းေပၚသို႔ လက္တစ္ဖက္တင္၍ တားလိုက္ေလသည္။

"အဆင့္၃ လူကမ်ား သူ႕လိုအဆင့္၅ကို တိုက္ရိုက္ဝင္တိုးဖို႔ ႀကိဳးစားေနတယ္။ မင္းဒီႏွစ္ေတြ ေက်ာင္းမွာ ဘာသင္ေနတာလဲ"
ထိုလူႀကီးက ေဒါသတႀကီးေအာ္ေလသည္။ သူက ေဖးျမန့္မုန္ဘက္လွည့္၍
"မင္းေရာ ေက်ာင္းသားအခ်င္းခ်င္း ဘာလို႔ဒီေလာက္ ရက္စက္ရတာလဲ"

ေဖးျမန့္မုန္ အနက္ေရာင္မီးေတာက္ကို ျပန္သိမ္း၍
"ကြၽန္မလုပ္တာက ဒီမွာရပ္ေန႐ုံပဲ။ သူ႕ဘာသာ အ႐ူးလို ေသလမ္းရွာၿပီး ေျပးဝင္လာတာ ကြၽန္မက ဘာလုပ္နိုင္မွာလဲ" ထိုသို႔ေျပာလိုက္ၿပီး ေက်ာင္းသားအမ်ားစုေၾကာက္လန့္ရေသာ ထိုဆရာကို ေက်ာေပးကာ ထြက္သြားေလသည္။

သူမအစြမ္းကို မ်က္ျမင္ေတြ႕လိုက္ရေသာ လူအုပ္က အလိုလို လမ္းဖယ္ေပးေလသည္။

သူတို႔နည္းတူ ဇူအန္လည္း အံ့ၾသေနသည္ပင္။

မေန႕ညက သူ႕ျဒပ္စင္ကို မသုံးလိုက္တာ ကံေကာင္းတာပဲ။ မဟုတ္ရင္ ငါလည္း အဲ့ဓားေတြလို အရည္ေပ်ာ္သြားေလာက္တယ္။ ၾကည္ႏူးျခင္းေဘာက ဘယ္ေလာက္အင္အားႀကီးႀကီး ျပာက်သြားရင္ ကယ္နိုင္မွာမဟုတ္ေလာက္ဘူး။

စည္းကမ္းထိန္းသိမ္းေရးဆရာ လုဒီက ေဖးျမန့္မုန္ထြက္သြားျခင္းကို တိတ္တဆိတ္ၾကည့္ေနလိုက္သည္။ ထို႔ေနာက္ ရီခ်န္းလ်န္ဘက္လွည့္၍ မ်က္ႏွာထားလုံးဝေျပာင္းသြားေလသည္။
"မင္းက ဒီမွာ ျပႆနာရွာေနတဲ့ တစ္ေယာက္လား"

ရီခ်န္းလ်န္ လိပ္ျပာလြင့္မတတ္ေပ။ သူက ဇူအန္ကို အသည္းအသန္လက္ညွိုးထိုး၍
"ဆရာ ကြၽန္ေတာ္မဟုတ္ဘူး ျပႆနာရွာေနတာက သူ"

လုဒီ ဇူအန္ဘက္လွည့္၍ ေအးစက္စြာျဖင့္
"မင္းက ျပႆနာရွာတဲ့ တစ္ေယာက္လား"

ဇူအန္ ပုခုံးတြန့္လိုက္သည္။
"ကြၽန္ေတာ္ အစကအဆုံးထိ ဘာမွမလုပ္ဘဲ ရပ္ေနတာ။ ကြၽန္ေတာ့္ကို ၿပိဳင္တိုက္ေစခ်င္လို႔ ျပႆနာတစ္ခုၿပီးတစ္ခုရွာေနတာ သူတို႔ပဲ။ မယုံရင္ ဒီေက်ာင္းသားေတြကို ေမးၾကည့္လို႔ရတယ္"

လူအုပ္က ဇူအန္ကို အျမန္ေထာက္ခံေပးသည္။ အရင္က မိန္းမနားကပ္စားျခင္းကို အထင္ေသးေကာင္းေသးနိုင္ေသာ္လည္း ဇူအန္၏ ေျပာင္ေျမာက္လွေသာ ကပ္စားစြမ္းရည္ေၾကာင့္ အားက်မႈမ်ားႏွင့္ ေလးစားမႈမ်ားသာ က်န္ေလေတာ့သည္။

သူက အိပ္မက္ခ်စ္သူစာရင္း၏ မိန္းမလွ ေလးဦးႏွင့္ ပတ္သက္ေန႐ုံသာမက ထိုေလးေယာက္အနက္ ခ်ဴခ်ဴယန္ ႏွင့္ ေဖးျမန့္မုန္ လို ထိပ္ဆုံးႏွစ္ေယာက္ပင္ ပါေနေသးသည္။ ဒီဆရာဆီမွ တစ္ခုႏွစ္ခုသာ သင္နိုင္လွ်င္ တစ္ဘဝစာ ၿငိမ္းေပလိမ့္မည္။

ယေန႕ သူျပသခဲ့ေသာ ကပ္စားဘုရင္၏ ဒ႑ာရီသည္ ေက်ာင္းသားမ်ိဳးဆက္ ေတာ္ေတာ္မ်ားမ်ားတြင္ ဆယ္စုႏွစ္တစ္ခုေက်ာ္အထိ လက္ဆင့္ကမ္းသြားလိမ့္မည္ဟု ဇူအန္ေတြးမိလိမ့္မည္မဟုတ္ေခ်။ သူ႕ကိုေလးစားသမႈျဖင့္ နာမည္အရင္းမေခၚဘဲ 'အမ်ိဳးသား' ဟုတင္စားသည္အထိ ကိုးကြယ္ၾကေသာ လူတစ္စုပင္ရွိေလသည္။

ဇူအန္အတြက္ ေက်ာင္းသားမ်ား အာမခံေပးသည္ကိုၾကည့္၍ လုဒီမ်က္ႏွာ ေအးစက္သြားသည္။ သူက ရီခ်န္းလ်န္ကို လက္အတြင္းရွိ ေပတံႏွင့္ မညွာမတာရိုက္ေလသည္။
"မင္းက ေက်ာင္းထဲမွာ အုပ္စုဖြဲ႕ၿပီး အားနည္းတဲ့ေက်ာင္းသားေတြကို အနိုင္က်င့္တယ္လို႔ ငါၾကားတာၾကာၿပီ ။ ေကာင္းၿပီေလ။ သူေတာ္ေကာင္းတရားေၾကာင့္ လူတစ္ေယာက္ကို ဘယ္လိုျပဳျပင္ေပးလဲ ဒီေန႕မင္းကို ျပရေသးတာေပါ့"

သူ႕လက္ထဲရွိ ေပတံသည္ ခ်ဴဟြမ္ေက်ာက္၏ ၾကာပြတ္ထက္ ပိုအားေကာင္းေလသည္။ ရီခ်န္းလ်န္ စိတ္ထဲတြင္ မေက်မနပ္ျဖစ္ေနလ်က္ ရိုက္ခ်က္မ်ားေအာက္တြင္ လူးလွိမ့္ေနသည္။

ယြမ္ဝမ္ဒုံက ကိစၥအားလုံးကို စတဲ့သူေလ။ ငါ့ကိုပဲ အျပစ္ေပးရတာလဲ။

သူမေက်နပ္ေသာ္လည္း ရီခ်န္းလ်န္ ထိုအေတြးမ်ားကို ထုတ္မေျပာနိုင္ေၾကာင္း သိေလသည္။ ယြမ္ဝမ္ဒုံက အေပၚယံတြင္ အမ်ိဳးေကာင္းစားဟု ထင္ရေသာ္လည္း ထိုအရာက သူ၏ၾကမ္းတမ္းယုတ္မာမႈကို ဖုံးကြယ္ရန္သာျဖစ္သည္။ အခု သူက အဆင့္၅ေရာက္သြားၿပီျဖစ္၍ ရီခ်န္းလ်န္ ရန္စ၍ မေရေတာ့ေခ်။

ရီခ်န္းလ်န္ကို ရွင္းၿပီးေနာက္ လုဒီအၾကည့္က ေျမေပၚတြင္ ေကြးေကာက္ေနေသးေသာ ဟုန္ရွင္းယင္ထံ ေရာက္သြားသည္။
"မင္းလည္းအတူတူပဲ။ ဒီေန႕မွ ေက်ာင္းေရာက္တာ ပထမဆုံးေန႕ကို ျပႆနာတန္းလုပ္တာပဲ။ မင္းက ခ်ဴအိမ္ကမို႔ မင္းကိုငါ အျပစ္မေပးရဲဘူးလို႔ မင္းထင္ေနလား။ ဒီေန႕ ေက်ာင္းစည္းကမ္းေတြကို အရိုးထဲေရာက္ေအာင္ ရိုက္သြင္းေပးမယ္"

ဟုန္ရွင္းယင္ ငိုမဲ့မဲ့ျဖစ္သြားသည္။

အခုနကလည္း ငါက ခံရတာအမ်ားဆုံးပဲ။ ဘာလို႔ အခုလည္း ငါပဲလဲ။

သူအကယ္ဒမီကိုေရာက္သည္မွာ တစ္ရက္သာရွိေသး၍ အတြင္းေရးမ်ားကို နားမလည္ေပ။ သူက ယြမ္ဝမ္ဒုံကို လက္ညွိုးထိုး၍ ျမည္ေႂကြးသည္။
"ဆရာ ဒါဆို သူ႕ကိုက်ေတာ့ ဘာလို႔မရိုက္တာလဲ"

ယြမ္ဝမ္ဒုံ မ်က္လုံးတြင္ ေအးစက္စက္အရိပ္တစ္ခု ျဖတ္သြားရသည္။

လုဒီ ႏွာမႈတ္ျပလိုက္သည္။
"သူက အဆင့္၅ ေရာက္ၿပီ။ မင္းကေရာ။ ငါမင္းကို ပြင့္ပြင့္လင္းလင္း ေျပာလိုက္မယ္။ အဆင့္၅ေရာက္တဲ့ ဘယ္ေက်ာင္းသားမဆို ငါတို႔တိုင္းျပည္ရဲ႕ အေကာင္းဆုံးေတြပဲ။ သူတို႔က ဘယ္ေနရာသြားသြား ရတနာလို႔ အသတ္မွတ္ခံရတာ။ မင္းတို႔ဘယ္သူပဲျဖစ္ျဖစ္ အဆင့္၅ သာေရာက္ပါေစ။ အရမ္းမလြန္က်ဴးရင္ ဘာအျပစ္ျဖစ္ျဖစ္ အကယ္ဒမီက လိုက္မထိန္းေနဘူး"

ဇူအန္ ရင္တစ္ခ်က္ ခုန္သြားသည္။ ဘယ္ေလာက္ျဖစ္ျဖစ္ အင္အားက အေရးႀကီးသည္ပင္။ ေဘးပတ္လည္မွ ေက်ာင္းသားမ်ားက လုဒီစကားကို အံ့ၾသဟန္မျပေပ။ သူတို႔က ဤတရားမဝင္စည္းမ်ဥ္းမ်ားကို ရင္းႏွီးေနေၾကာင္း သိသာေလသည္။

လုဒီေျပာၿပီးသည္ႏွင့္ ငိုယိုေနေသာ ထိုေက်ာင္းသားႏွစ္ေယာက္ကို တ႐ြတ္တိုက္ဆြဲသြားေလသည္။ လူအုပ္က ကံေကာင္းပါေစဟု ဆုေတာင္းေပးေနၾကသည္။

ဇူအန္ေပါင္ကိုဖက္ေနေသာ ေဝေဆာင္သည္ ေၾကာက္လန့္တႀကီး တံေတြးၿမိဳခ်မိသည္။
"ေဘာ့စ္ ခင္ဗ်ားသူ႕ကိုျပန္ေျပာတုန္းက ခင္ဗ်ားအသက္ကို ကြၽန္ေတာ္စိုးရိမ္လိုက္မိေသးတယ္။ အဲ့ဒီ ေျပာင္ႀကီးလက္ထဲ ေရာက္သြားတဲ့သားေကာင္ဆိုတာ ေကာင္းေကာင္း အဆုံးမသတ္ဘူး"

ဇူအန္ ရယ္လိုက္သည္။
"လုဒီက ေက်ာင္းသားေတြကို သူေတာ္ေကာင္းတရားနဲ႕ ျပဳျပင္ေပးခ်င္မွေတာ့ သူက အေၾကာင္းျပခ်က္ကို နားေထာင္ေပးဖို႔လည္း လိုေသးတယ္ေလ"

"မင္းက သူနဲ႕ အက်ိဳးအေၾကာင္းေျပာရဲတဲ့ တစ္ဦးတည္းေသာ သူပဲ" ခ်ီရွို႔ ဇူအန္ထံလာရင္း ေအာ္ရယ္လိုက္မိသည္။
"က်ဳပ္က လွပတဲ့ပန္းအမ်ားႀကီး ဆြတ္ခူးနိုင္တဲ့လူလို႔ ကိုယ့္ကိုကိုယ္ထင္ထားတာ။ ၾကည့္ရတာ အစ္ကိုဇူကို မမီတဲ့ပုံပဲ။ မိန္းမလွဆယ္ဦးထဲက ေလးေယာက္ကို အမိဖမ္းနိုင္တယ္လို႔ ေတြးမိရင္ အစ္ကိုဇူရဲ႕ ေအာင္ျမင္မႈကို ေလးစားပါတယ္။ အနာဂတ္မွာ အတူထိုင္ရင္း ပညာသင္ယူနိုင္ဖို႔ ေမွ်ာ္လင့္တယ္"

"အစ္ကိုရွို႔က ျမႇောက္ေနပါၿပီ။ ခင္ဗ်ားေဘးမွာ အခုတစ္ေယာက္ရွိေနတာပဲ မဟုတ္ဘူးလား" ဇူအန္ ျပန္ေျဖသည္။

"ငါ့ေဘးမွာလား။ ငါက ဘာလို႔ မသိရတာလဲ" ခ်ီရွို႔ ေၾကာင္သြားသည္။ သူ႕ေဘးနားတြင္ မိန္းမလွမျပတ္သည့္တိုင္ မိန္းမလွဆယ္ဦးကိုမွီသည့္ အလွမ်ိဳး မရွိေပ။

"အစ္ကိုရွို႔ရဲ႕ အစ္မက မိန္းမလွဆယ္ဦးထဲက တစ္ေယာက္မဟုတ္ဘူးလား။ အစ္ကိုရွို႔သာ မိတ္ဆက္ေပးနိုင္ရင္ သိပ္ေကာင္းမွာပဲ"

ခ်ီရွို႔ တံေတြးသီးမတတ္ျဖစ္သြားသည္။
"ဒ..ဒါက... က်ဳပ္မွာ လုပ္စရာေလးရွိေသးလို႔ ခြင့္ျပဳပါဦး" ဇူအန္၏ ဆြဲထားလိုျခင္းကို လ်စ္လ်ႉရႈ၍ ေနာက္လွည့္မၾကည့္ဘဲ တစ္ခ်ိဳးတည္း ျပန္ေျပးေလသည္။

ဇူအန္ ေၾကာင္သြားသည္။
"သူက ဘာလို႔ သရဲျမင္သလို ျဖစ္သြားရတာလဲ"

ခ်ီရွို႔ႏွင့္မတူစြာ ေဝေဆာင္ကေတာ့ ဇူအန္ကို ပိုေလးစားသြားသည္။
"ေဘာ့စ္ ခင္ဗ်ားကို ကြၽန္ေတာ္အေလးစားဆုံးပဲ။ မိန္းမလွေလးေယာက္နဲ႕တင္ မေက်နပ္ေသးဘဲ ခ်ီသခင္ေလးရဲ႕ အစ္မကိုပါ ခ်ိန္ေနေသးတယ္။ တကယ့္ကို အံ့ခ်ီးဖြယ္ပဲ။ ကြၽန္ေတာ္တို႔မ်ိဳးဆက္မွာ ခင္ဗ်ားကို ယွဥ္နိုင္တဲ့လူ တကယ္မရွိဘူး"

"မင္းက တကယ္ကို လွ်ာသြက္တာပဲ။ အဖြဲ႕အစည္းေလာကမွာ တကယ္ကို ႀကီးပြားမယ့္ေကာင္" ဇူအန္ ေဝေဆာင္၏ ကပ္ဖားမႈကို ႐ြံရွာဟန္ ေဘးသို႔ တြန္းထုတ္လိုက္သည္။

သူက က်ီေရွာင္ခ်ီဘက္လွည့္၍ အနည္းငယ္ဦးၫႊတ္လိုက္ၿပီး
"က်ီမိန္းကေလး ခုနက ကိစၥမွာ ကူညီတဲ့အတြက္ တကယ္ ေက်းဇူးတင္ပါတယ္"

က်ီေရွာင္ခ်ီ ျပန္မေျပာနိုင္ခင္ ခ်ဴဟြမ္ေက်ာက္က ထေအာ္သည္။
"နင္ေျပာတာ ဘာအဓိပ္ပါယ်လဲ ။ ငါက အရင္ဆုံး ကူညီတဲ့လူေလ"

က်ီေရွာင္ခ်ီ မ်က္ႏွာအနည္းငယ္အေရာင္တက္လာ၍
"ဘာမွမဟုတ္ပါဘူး။ ကြၽန္မက မွန္တာကို လုပ္ေပးတာပါ။ အခုေတာ့ သြားလိုက္ဦးမယ္"

အာ႐ုံစိုက္ခံရျခင္းကို အသားမက်စြာ ေရွာင္ထြက္ရန္ျပင္ေလသည္။ သို႔ေသာ္ ေျခလွမ္းအနည္းငယ္ လွမ္းၿပီးမွ ျပန္လွည့္၍
"စကားမစပ္ အိမ္ဘက္ကို တစ္ခ်က္လာခဲ့ပါဦး။ အေဖက ရွင္နဲ႕ စကားနည္းနည္းေျပာခ်င္လို႔တဲ့"

"အိုး...."

လူအုပ္က သူမတို႔ႏွစ္ဦးအား ထူးထူးဆန္းဆန္း ၾကည့္ေနျခင္းကို က်ီေရွာင္ခ်ီ သတိထားမိေလသည္။ သူမ စကားထဲမွ အထင္အျမင္မွားစရာကို သတိထားမိလိုက္ေသာ္ျငား ဘယ္ကစ၍ ရွင္းျပရမည္ မသိေခ်။ ေနာက္ဆုံးတြင္ လက္ေလွ်ာ့ကာ မ်က္ႏွာရဲလ်က္ ထြက္ေျပးသြားေလသည္။

"အဲ့တာက ဘာသေဘာလဲ။ ငါရွိေနတုန္းမွာ သူက နင့္ကို ျမႇူဆြယ္ရဲတယ္လား" ခ်ဴဟြမ္ေက်ာက္ ေဒါသတႀကီး စူပုတ္ေနသည္။ သူမ မရွိေသာ ရင္ကို ေကာ့လိုက္ပုံေလးမွာ လြန္စြာ ခ်စ္စရာေကာင္းေလသည္။

ဇူအန္ မ်က္လုံးလွန္ျပ၍
"နင္က ငါ့မိန္းမမွမဟုတ္တာ။ ငါ့ကိစၥကို ဘာလို႔ ဝင္စြက္ဖက္ေနရတာလဲ"

က်ီေရွာင္ခ်ီစကားေနာက္ကြယ္က အဓိပၸာယ္ကို ဇူအန္ ရွင္းရွင္းလင္းလင္း သိေလသည္။ မ်ားေသာအားျဖင့္ သူ႕ေရာဂါအေျခအေနျဖစ္ရမည္။ ၾကည့္ရတာ အတြင္းခံရွာရန္ တာဝန္ကို အရွန္ျမႇင့္ရေပလိမ့္မည္။ အဲ့ဒီႏွာဘူး က်ီတန္ထုကို လွည့္စားေကာင္း လွည့္စားနိုင္ေပလိမ့္မည္။

"ငါ..ငါက ငါ့အစ္မအစား နင့္ကို ေစာင့္ၾကည့္ေပးေနတာေလ" ခ်ဴဟြမ္ေက်ာက္ မေက်မနပ္ျဖစ္သြားၿပီး
"ငါ့အစ္မထြက္သြားတာမွ မၾကာေသးဘူး။ နင္က တစ္ျခားမိန္းမေတြနဲ႕ ပတ္သက္ေနၿပီ"

ဇူအန္ ေပါ့ပ်က္ပ်က္ ျပန္ေျပာသည္။
"နင္ငါ့ကို ေစာင့္ၾကည့္ဖို႔လိုလားလို႔ နင့္အစ္မကို သြားေမးၾကည့္ပါလား"

ငါ့ရဲ႕ အဲ့ဒီမိန္းမဆိုတဲ့သူက ငါ့ကိုၾကည့္တာ လမ္းေပၚက သူစိမ္းနဲ႕ ဘာမွမထူးျခားဘူး။ မဟုတ္ဘူး။ သူစိမ္းေလာက္ေတာင္ မရွိဘူး။ ငါက ဘာကိစၥ သူ႕ေၾကာင့္ လူပ်ိဳဘဝကို ထိန္းသိမ္းရမွာ..ဖီး..ဖီး.ဖီး..ငါ ဘာေတြေျပာေနမိတာပါလိမ့္..။

"ဟမ့္ ဒီေနရာမွာ လာအီစီကလီလုပ္မေနနဲ႕" ယြမ္ဝမ္ဒုံ မႏွစ္ၿမိဳ႕စရာမ်က္ႏွာထားျဖင့္ ေလွ်ာက္လာၿပီး
"ဇူအန္ မင္းတစ္သက္လုံး မိန္းမေတြေနာက္ပုန္းၿပီးေနနိုင္တယ္လို႔ ငါမထင္ဘူး။ အိမ္ေတာ္ၿပိဳင္ပြဲ ေရာက္ဖို႔ မလိုေတာ့ဘူး။ အဲ့ဒီအခါက် ႀကိဳးဝိုင္းထဲမွာ မင္းေနရာကို မိန္းမတစ္ေယာက္ အစားထိုးနိုင္မလား ၾကည့္ၾကေသးတာေပါ့"

ဇူအန္ ေၾကာင္သြားၿပီး ခ်ဴဟြမ္ေက်ာက္ကို လွည့္ေမးသည္။
"ဘာအိမ္ေတာ္ၿပိဳင္ပြဲလဲ"

ခ်ဴဟြမ္ေက်ာက္ မေပ်ာ္မ႐ႊင္ျဖစ္ေနေသာ္လည္း ျပန္ေျဖသည္။
"ငါတို႔ ခ်ဴအိမ္လိုပဲ ယြမ္အိမ္ကလည္း လက္နက္ေရာင္းဝယ္မႈလုပ္တယ္။ အဲ့တာေၾကာင့္ အိမ္ေတာ္ႏွစ္ခု ၿပိဳင္ပြဲက ျပင္းထန္တယ္။ အေျခအေနမျပင္းထန္ေအာင္ သုံးႏွစ္တစ္ႀကိမ္ ၿပိဳင္ပြဲက်င္းပဖို႔ အိမ္ေတာ္ႏွစ္ခုက သေဘာတူထားတာ။ အိမ္ေတာ္က လူငယ္တိုင္း ယွဥ္ၿပိဳင္ရမယ္။ ၿပိဳင္ပြဲရဲ႕ အနိုင္ရသူက ေနာက္သုံးႏွစ္အတြင္း ဘယ္အပိုင္းကို လုပ္ငန္းဘယ္ေလာက္ရာခိုင္ႏႈန္းရမလဲဆိုတာ ဆုံးျဖတ္တာ"

"ငါလည္း ၿပိဳင္ဖို႔ လိုတယ္လား" ဇူအန္ ေမးလိုက္သည္။

ခ်ဴဟြမ္ေက်ာက္ ေခါင္းညိတ္လိုက္သည္။
"အိမ္ေတာ္က လူတိုင္း ပါဝင္ဖို႔လိုတယ္။ မႏွစ္က မမနဲ႕ အိမ္ေတာ္ခြဲက ဝမ္းကြဲေတြ ဦးေဆာင္တာ။ ရွင္က အိမ္ေတာ္သားမက္ဆိုေတာ့ ေရွ႕ထြက္ၿပီး ဦးေဆာင္ဖို႔ လိုလိမ့္မယ္"

ဇူအန္ ဒီသတင္းေၾကာင့္ အသက္ရႈၾကပ္လာသလိုပင္။

ဒါက ဘာႀကီးလဲ။ အိမ္ေတာ္ႀကီးရဲ႕ သားမက္အျဖစ္ ရပိုင္ခြင့္ေတာင္ မခံစားရဘဲ တာဝန္က်ေတာ့ ေက်ေပးရဦးမွာလား။

"ဒါဆို ယြမ္အိမ္ကလည္း ၿမိဳ႕ေတာ္ဝန္အိမ္ပဲလား"

ခ်ဴဟြမ္ေက်ာက္ ေခါင္းယမ္းလိုက္သည္။
"မဟုတ္ဘူး။ သူတို႔အိမ္ကလည္း အမ်ိဳးျမတ္အိမ္ေတာ္တစ္ခုပဲ။ သူတို႔က ေနရာမရွိတာပဲကြာတာ။ ရာထူးအရ ငါ့အေဖထက္ေတာ့ နိမ့္တယ္"

"ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္တစ္ခုက အိမ္ေတာ္အေသးစားတစ္ခုနဲ႕ ယွဥ္တိုက္ၿပီးမွ ဆုံးျဖတ္ရတာ ရွက္စရာမေကာင္းဘူးလား"

ခ်ဴဟြမ္ေက်ာက္ ျပန္မေျဖနိုင္ခင္ ယြမ္ဝမ္ဒုံ မွ ျဖတ္ေျပာသည္။
"လျပည့္ၿမိဳ႕ေတာ္ဝန္က ရာထူးႀကီးေပမဲ့ က်ိဳးျပည္မွာက ဥပေဒရွိတယ္ေလ။ ၿပီးေတာ့ ခ်ဴအိမ္က ၿမိဳ႕ေတာ္ဝန္ရွိတဲ့ တစ္ခုတည္းေသာ အိမ္ေတာ္မဟုတ္ဘူး"

ဇူအန္ ေခါင္းညိတ္လိုက္သည္။
"အာ..မင္းေျပာတာ ငါသိၿပီ။ ေျပာရမယ္ဆို မင္းမွာလည္း ေနာက္ကြယ္က ေထာက္ပံ့ေနတဲ့လူရွိတယ္ေပါ့။ မင္းဒီေလာက္ အသံက်ယ္က်ယ္ေဟာင္ေနတာ မဆန္းေတာ့ဘူး။ လက္စသတ္ေတာ့ သခင္ရွိၿပီးသားကိုး"

သင္သည္ ယြမ္ဝမ္ဒုံ ထံမွ အမ်က္ပြိုင့္ ၃၂၁ ရယူလိုက္သည္။

အနီးအနားရွိ အကယ္ဒမီဝန္ထမ္းတစ္ခ်ိဳ႕ကို သတိထားမိလိုက္ၿပီး ယြမ္ဝမ္ဒုံ အသက္ျပင္းျပင္းရႈလိုက္သည္။
"မင္းက အဲ့ဒီပါးစပ္ကလြဲရင္ ဘာမွမရွိဘူး။အဲ့တာေၾကာင့္ မင္းနဲ႕ၿပိဳင္ မျငင္းခ်င္ဘူး။ ၿပိဳင္ပြဲေန႕ကို ေရာက္တဲ့အထိပဲ ေစာင့္...."

ယြမ္ဝမ္ဒုံ ဇူအန္အနားကပ္လိုက္ၿပီး တိုးတိုးေျပာသည္။
"ငါမင္းေျခလက္ေတြကိုခ်ိဳးၿပီး ဒုကၡိတျဖစ္ေအာင္ လုပ္ပစ္မယ္"

ဇူအန္ သက္ျပင္းခ်လိဳက္ၿပီး
"ငါေတာ့ မင္းဒီေက်ာင္းသားေတြရဲ႕ ဓားေတြကို ဘယ္လိုျပန္ေလ်ာ္ေပးရမလဲ စဥ္းစားသင့္တယ္ ထင္တာပဲ"

လုဒီေရာက္လာျခင္းက တိုက္ပြဲကို အဆုံးသတ္ေစၿပီး လူစုကြဲသြားေစသည္။ သို႔ေသာ္ ေက်ာင္းသားဆယ္ေယာက္ေက်ာ္က ေျခလွမ္းျပင္ေနေသာ္လည္း မေ႐ြ႕ေသးဘဲ ယြမ္ဝမ္ဒုံကို မရဲတရဲၾကည့္ေနၾကေသးသည္။

ယခင္က ယြမ္ဝမ္ဒုံသည္ သူတို႔ဓားမ်ားကိုသုံး၍ ေဖးျမန့္မုန္အား တိုက္ခိုက္ျခင္းျဖစ္၍ အနက္ေရာင္မီးေတာက္ေၾကာင့္ အားလုံးေပ်ာက္ကြယ္သြားေလၿပီ။ ယြမ္ဝမ္ဒုံ တာဝန္ယူ၍ အေလ်ာ္ေပးသင့္ေၾကာင္း ခံစားရေသာ္လည္း သူ႕ကို ေၾကာက္႐ြံ႕သျဖင့္ အခုထိတိုင္ မဟရဲေသးျခင္းပင္။

သို႔ေသာ္ ဇူအန္အစျပဳေပးလိုက္သျဖင့္ အရဲစြန့္ကာ လွမ္းေအာ္ၾကေလသည္။

"ငါတို႔ဓားေတြအတြက္ ေလ်ာ္ေပး"

"ငါ့ရဲ႕ အဲ့ဒီဓားအတြက္ ပိုက္ဆံအမ်ားႀကီး အကုန္အက်ခံထားရတာ"

"ငါ့ဓားက ဆရာဘယ္သူရဲ႕ လက္ရာ။ သတၳဳကို ႐ႊံ႕လို ျဖတ္ေတာက္နိုင္တယ္လို႔ နာမည္ႀကီး..."

......

-----------------------------------------------------------------

Continue Reading

You'll Also Like

306K 24K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...
1.1M 113K 61
BL
1.3M 96.4K 65
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Artist-Thin Thin Hlaing
512K 59.4K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...