ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.4K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

47

342 61 0
By SoeHmue

Chapter 47. ကပ်စားတာလည်း အစွမ်းအစလိုတယ်

လူအုပ်က ရီချန်းလျန်စကားကို ဝိုင်းထောက်ခံကြသည်။

ချူဟွမ်ကျောက် မျက်နှာများ ပူလာပြီး
"နင် ဘာ ပေါက်ကရတွေ ပြောနေတာလဲ" စိတ်တိုစွာ ငိုကြွေးခြင်းကြာပွတ်ကို ယမ်းလိုက်သည်။

ရီချန်းလျန် ကြိုတင်ပြင်ဆင်ထား၍ ဘေးကိုရှောင်လိုက်သည်။ ထို့နောက် မေးခွန်းထပ်မေးသည်။
"ချူဟွမ်ကျောက် မင်းငါနဲ့ ယှဉ်တိုက်မလို့လား"

"နင်ရဲ့နံစော်နေတဲ့ ပါးစပ်ကို ဆွဲဖြဲနိုင်အောင်လို့ ငါနင်နဲ့ ယှဉ်တိုက်မှာ" ချူဟွမ်ကျောက် ပြောရင်း နောက်တစ်ချက် ထပ်ရိုက်လေသည်။

"ငါ ယှဉ်ပြိုင်ချင်တာက အဲ့ဒီဇူအလကားကောင်ကိုလေ။ မင်းက ဘာကိစ္စဝင်ပါနေရတာလဲ။ တကယ်ပဲ မင်းတို့နှစ်ယောက် ပတ်သက်နေလို့လား" သူမ ရိုက်ချက်များကို ရှောင်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလေသည်။

သူက ချူဟွမ်ကျောက် နှင့် တိုက်ခိုက်လိုစိတ်မရှိပေ။ သူမ၏ အဆင့်အတန်းအပြင် ငိုကြွေးခြင်းကြာပွတ်၏ အရသာလည်း နောက်တစ်ကြိမ် အရိုက်မခံချင်ပေ။

ချူဟွမ်ကျောက် မျက်နှာတစ်ခုလုံး နီရဲလာသည်။ သူမက ရီချန်းလျန်ကို သေချာရိုက်မိရန်သာ အားခဲ၍ လွှဲနေလေသည်။

ရီချန်းလျန် အသည်းအသန်ရှောင်၍ ဇူအန်ကို လှမ်းစိန်ခေါ်လေသည်။
"ဇူမျိုးရိုး အလကားကောင် မင်းက ယောက်ျားရော ဟုတ်သေးလား။ မိန်းမတွေကို မှီခိုဖို့ပဲ တတ်သလား။ သတ္တိရှိရင် ငါနဲ့လာတိုက်"

ဇူအန် ပုခုံးတွန့်ပြလေသည်။
"အကူရှာနိုင်တာ ငါ့အရည်အချင်းနဲ့ငါလေ။ ငါ့အစား လုပ်ပေးမယ့် တစ်ခြားလူရှိနေတာ ငါကိုယ်တိုင်လုပ်စရာလိုသေးလို့လား။ မင်းကိုယ်မင်း အားကောင်းတယ်ထင်ရင် မင်းကိုယ်စား ထွက်လာပေးမယ့် မိန်းကလေးတစ်ယောက် သွားရှာလာခဲ့။ ဟမ့်။ မင်းမျက်နှာကို ကြည့်ရတာ ငွေပေးရင်တောင် ဘယ်သူမှ လိုချင်စရာ မရှိတဲ့ရုပ်နဲ့"

သင်သည် ရီချန်းလျန် ထံမှ အမျက်ပွိုင့် ၂၃၃ ရယူလိုက်သည်။

ချူဟွမ်ကျောက် နောက်လှည့်၍ ဇူအန်ကို ခပ်စူးစူးအော်လိုက်သည်။
"နင် ပါးစပ်ပိတ်ထား"

သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

လူအုပ်ကလည်း လုံးဝငြိမ်ကျသွားလေသည်။ ချီရှို့ မျက်တောင်ခတ်၍ အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"ဒီလူက အရှက်မဲ့တာ ကမ်းကုန်ပဲ" ဘေးမှ လူအုပ်ကလည်း ခေါင်းညိတ်ထောက်ခံကြသည်။

သင်သည် ပွဲကြည့်သူများထံမှ အမျက်ပွိုင့် ၆၆ ရယူလိုက်သည်...၆၆...၆၆..၆၆....

ဇူအန် ကောင်းကင်ပေါ်တက်သွားသည်ဟု ခံစားလိုက်ရသည်။
ငါတော့ ချမ်းသာတာပဲ။ ဒီလိုဖြစ်မယ်မှန်းသာ သိရင် အကယ်ဒမီကို မနေ့ကတည်းက လာခဲ့ပါတယ်။

ရုတ်တရက် လူရိပ်တစ်ခု ချူဟွမ်ကျောက် နှင့် ရီချန်းလျန် ကြားကို ခုန်ဝင်လာသည်။
"ချူမိန်းကလေး ရီချန်းလျန်က ယှဉ်ပြိုင်ဖို့ သဘောမတူမှတော့ ခုလို ဖိအားပေးတာ မသင့်တော်ဘူးလို့ မထင်ဘူးလား"

ထိုသူက လေထဲတွင် ဝဲပျံနေသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်တစ်ဖက်ဖြင့် ငိုကြွေးခြင်းကြာပွတ်ကို ဆုတ်ကိုင်လိုက်သည်။ သူက တက်ကြွဖျက်လတ်သော စစ်သည်တစ်ယောက် ပုံစံအတိုင်းပင်ဖြစ်သည်။

ကျောင်းသူများအကြား အုတ်အုတ်ကျက်ကျက် ဖြစ်သွားရသည်။

"အိုး… အဲ့တာ ယွမ်သခင်လေးပဲ"

"ယွမ်သခင်လေးက တကယ်ကို တင့်တယ်တာပဲ"

"သူက ငိုကြွေးခြင်းကြာပွတ်ကို ဒီလောက်လွယ်လွယ်ဖမ်းနိုင်တာ အဆင့်၄ ရောက်သွားပြီဖြစ်ရမယ်"

"ဘာအဆင့် ၄လဲ သူက အဆင့်၄ထိပ်ဆုံးကို ရောက်နေတာကြာပြီ။ မကြာခင် အဆင့်၅ ရောက်တော့မှာဟ"

ဇူအန်မျက်နှာ မှောင်မည်းသွားသည်။

ဒီမိန်းမတွေ တကယ်အပြောင်းအလဲ မြန်တာပဲ။ အခုလေးတင်ပဲ ငါ့အတွက် ပြောပေးနေသေးတယ်။ အခုကျ တစ်မျိုးပြောင်းသွားပြန်ပြီ။

လူသစ်က ဆောင်းတွင်း၏ကန်ရေပြင်အလား တည်ငြိမ်သော လေသံဖြင့် ပြောလေသည်။
"မင်းလုပ်နေတာက ကျောင်းစည်းကမ်း ဖောက်ဖျက်နေတာပဲ။ ဒီကိစ္စ ပေါက်ကြားသွားရင် လပြည့်မြို့တော်ဝန်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး"

"ယွမ်ဝမ်ဒုံ နင်မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါနဲ့" ချူဟွမ်ကျောက် ကြာပွတ်ကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သော်လည်း မဆွဲနိုင်ပေ။

ယွမ်ဝမ်ဒုံဆိုသူက အပြစ်ကင်းသော အပြုံးလေးဖြင့်
"ချူဒုတိယသခင်မလေး ဒါဆို ကျောင်းထုတ်ခံချင်လို့လား"

ချူဟွမ်ကျောက် ဒေါသကြီးစွာ မျက်စောင်းထိုးလိုက်သည်။
"နင် ငါ့ကို ခြိမ်းခြောက်နေတာလား"

"မလုပ်ရဲပါဘူး။ ဒါပေမဲ့ ကျုပ်က မင်းအစ်မနဲ့ မိတ်ဆွေတွေဆိုတော့ မင်းတစ်ခုခုဖြစ်မှာ မမြင်ချင်လို့ပါ" ယွမ်ဝမ်ဒုံ လက်ကို လွှတ်ရင်း ပြောလိုက်သည်။

ချူဟွမ်ကျောက် ကြာပွတ်ကို အမြန်ပြန်သိမ်းလိုက်ပြီး မသေချာမှုများ သူမမျက်နှာတွင် ဖြတ်ပြေးသွားလေသည်။

သူ့ရှေ့တွင် တစ်ယောက်ယောက်ရပ်တည်လိုက်သည်ကို ကြည့်ပြီး ရီချန်းလျန် ရင်ကော့၍ ဇူအန်ကို ထေ့လေသည်။
"ငါမင်းကို သင်ခန်းစာတစ်ခု ပေးလိုက်မယ်။ ဒီလောကမှာ မင်းကိုယ်မင်းပဲ အားကိုးလို့ရမယ် ။ အပြင်လူအပေါ် မီခိုတဲ့လူက တစ်ချိန်ချိန်မှာ ကျရှုံး..."

သူ့စကားမဆုံးခင်ပင် ညင်သာသောအသံတစ်ခု လူအုပ်ကြားမှ ထွက်လာသည်။
"အဲ့တာ...မဟုတ်ဘူး။ သူ..သူက တကယ် အင်အားကောင်းပါတယ်"

မျက်လုံးအားလုံးသည် အသံလာရာသို့ စုပြုံသွားပြီး ဘယ်သူဝင်စွက်ဖက်လဲ သိချင်နေကြသည်။ လက်တစ်ဝါးစာ မျက်နှာသေးသေးဖြင့် မိန်းမပျိုလေးတစ်ယောက်သည် မျက်နှာရဲရဲဖြင့် ရပ်နေသည်။ သူက အာရုံစိုက်ခံရခြင်းကို စိတ်မသက်မသာ ဖြစ်နေပုံပင်။

"အိုး..သူက ဘယ်သူလဲ။ လှလိုက်တာ"

"ဟမ့်..မင်းဘယ်လောက် စာမတတ်တာလဲ။အဲ့တာကို ချစ်စရာကောင်းတာလို့ ခေါ်တယ်"

"မင်းက လူသစ်ဖြစ်ရမယ်။ အိပ်မက်ချစ်သူစာရင်းရဲ့ ၇ ယောက်မြောက် ကျီရှောင်းချီကို တောင် ဘယ်လိုမသိရတာလဲ။ သူက နတ်ဆေးဆရာကျီရဲ့ သမီးလေ။ ပြီးတော့ ဆေးဖော်တဲ့နေရာမှာ အရွယ်တူတွေကြား ပြိုင်ဘက်မရှိဘူး"

"ဘာလို့ သူက ဇူအန် အစားပြောပေးနေရတာလဲ။ သူလည်း..."

"လျောက်မပြောနဲ့။ သူ့လို နတ်သမီးလေးက အဲ့လို လူ့အမှိုက်နဲ့ သိမတဲ့လား"

.....

ဆွေးနွေးခြင်းများ ပွက်လောရိုက်သွားသည်။ ရီချန်းလျန်ပင် ထိုအခြေအနေကို မတွေးထားမိချေ။ သူက နူးညံ့သောအပြုံးကို ပြုံးလိုက်ပြီး ညင်သာစွာဖြင့်..
"ကျီညီမလေး ဒီမှာ ဘာလုပ်နေတာလဲ"

သူသေသေချာချာ ဖြေရှင်းရမည်ပင်။ ဒီကျီရှောင်ချီက ပထမနေ့တည်းက ကျောင်းကို တုန်လှုပ်စေခဲ့သည်။ သူမ၏ ချစ်စရာကောင်းသော ရုပ်ရည်ကြောင့် တစ်ချို့နှာဘူးများက အကြံဆိုးများရှိလာကြသည်။ သို့သော် သူမအဝတ်ကို ထိထိချင်း အဆိပ်မိကုန်ကြသည်။ အများစုက လဝက်လောက် လက်ဖဝါးတစ်ခုလုံး ရောင်ကိုင်းကာ ခံစားလိုက်ရသည်။

နောက်ဆုံးတော့ ထိုလူအားလုံး ကျောင်းမှ အထုတ်ခံလိုက်ရခြင်းဖြင့် အဆုံးသတ်သွားသည်။ တစ်ချို့က နတ်ဆေးဆရာကျီ၏ အဆက်အသွယ်များကြောင့်ဟု သုံးသပ်ကြသည်။ များစွာသော ပညာရှင်များက သူ့ကို ကျေးဇူးကြွေးတင်နေကြပြီး သူ့သမီးအနိုင်ကျင့်ခံရသည်ဟု သတင်းကြားသည်နှင့် ကူညီရန် ဝန်မလေးကြပေ။

သို့သော် တစ်ချို့က ကျီရှောင်ချီကိုယ်တိုင် နောက်ခံရှိသောကြောင့်ဟု ပြောကြလေသည်။

မည်သို့ဖြစ်စေ သူမသည် ရီချန်းလျန် ရန်စနိုင်သော လူမဟုတ်ပေ။

"ကျွန်မက ဖြတ်သွားရုံပါ။ လူတွေအများကြီး စုနေတာမြင်လို့..."လူအများကြား ရပ်နေရခြင်းက ကျီရှောင်ချီကို အနည်းငယ်တုန်လှုပ်စေသည်။ သို့သော် သတ္တိကိုစုလိုက်ပြီး ပြောလေသည်။
"ရှင်တို့အားလုံး အစ်ကိုဇူကို အထင်လွဲနေကြပြီး အစ်ကိုဇူကလည်း ရှင်းမပြချင်တာကို တွေ့လို့ပါ။ အဲ့တာကြောင့်...ကျွန်မရှေ့ထွက်လိုက်ရတာ.."

သူမက တကယ် ဇူအန်အတွက်လား..။

လူအုပ်အတွင်း တီးတိုးမှုများ ပိုများလာရသည်။ ချူအိမ်ရဲ့ အိမ်ပါသားမက်က ချူအိမ်ရဲ့သမီးနှစ်ယောက် အပါအဝင် နာမည်ကြီးနတ်သမီးလေး ကျီရှောင်ချီနှင့်ပင် ဆက်နွှယ်နိုင်မည်ဟု မထင်ထားချေ။

လောကကြီး ဘာဖြစ်သွားတာလဲ။

ငါက ရုပ်အဲ့လောက် မချောလို့လား။ ဒါမှမဟုတ် ပွေတာများ မလုံလောက်သေးလို့လား။ ဒါမှမဟုတ် ကျင့်ကြံမှုကြောင့်လား နောက်ခံ မကောင်းလို့များလား။

လူအုပ်ထဲမှ ယောက်ျားသားများက ထိုသို့အတွေးများနေကြပြီး နောက်ဆုံး အဖြေတစ်ခုသာ ထွက်လေသည်။ ရုပ်ရည်မှလွဲ၍ ထိုအမှိုက်ကို မမီတာ မရှိပေ။ ဇူအန်ထံသို့ အမျက်ပွိုင့်များ စီတန်းဝင်လာရသည်။

သင်သည် ပွဲကြည့်သူများထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်.... ၉၉....၉၉...၉၉...၉၉....

ထိုအမျက်ပွိုင့်များက ဇူအန်မှန်သွားကြောင်း ပြောပြနေသည်။ အကယ်ဒမီတွင် နေ့လယ်စာစားရန် အကြံသည် သူ့ဘဝတွင် အကောင်းဆုံး ရွေးချယ်မှုပင်။

ရီချန်းလျန် အခြေအနေကိုကြည့်ပြီး လုံးဝရှုပ်ထွေးနေလေသည်။
ဒီမှာ ဘာဖြစ်နေတာလဲ။ ငါက ဒီကောင်ကို ပညာပေးချင်ရုံပါ။ သူ့ကို ကာကွယ်ဖို့ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာရတာလဲ။

ဒီလောကကြီး တစ်ခုခုမှားနေတာ ဖြစ်ရမယ်။

"ကျီညီမလေး သူနဲ့ဘာပတ်သက်လဲ" သူက အဖြစ်မှန်ကို လက်မခံချင်စွာ ထပ်မေးသည်။

"သူက..."ကျီရှောင်ချီ ဇူအန်ကိုကြည့်၍ မျက်နှာရဲသွားသည်။
"သူက ကျွန်မရဲ့ သူငယ်ချင်းကောင်းပါ"

သူတို့နှစ်ယောက် မြစ်ထဲတွင် အဝတ်ဗလာဖြစ်နေခဲ့ပုံကို သတိရသွားခြင်းပင်။ သူ့အောက်ပိုင်းက ချို့ယွင်းနေကြောင်းသိသော်လည်း သူမခန္တာကိုယ်အား ယောက်ျားတစ်ယောက် မြင်လိုက်ခြင်းမှာ ထူးဆန်းနေသေးသည်။

ဘေးမှလူများက သူမ၏တုံ့ပြန်မှုကို ရှက်ရွံ့မှုဟု အထင်မှားသွားကြပြီး ရင်လေးသွားရသည်။

ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့ ချစ်စရာနတ်သမီးလေးတောင် ဒီကောင်ရဲ့ လက်ကြားက မလွတ်ပါလား။

သူတို့၏ အထင်လွဲမှုကို မသိဘဲ ကျီရှောင်ချီ ဆက်ရှင်းပြသည်။
"ကျွန်မ နဂါးဝှက်တောင်ကို တစ်ခါသွားတုန်းက အစ်ကိုဇူ တင်ပါးကွဲဝံပုလွေအုပ်စုကို သတ်တာ ကိုယ်တိုင်မြင်ခဲ့တာ။ သူတို့ခေါင်းဆောင်တောင် မကျန်ဘူး"

အနီးမှ ယောက်ျားအားလုံး မျက်ရည်ကျလုနီးပါးပေ။

ငါတို့နတ်သမီးလေးက သူနဲ့ နဂါးဝှက်တောင်ကိုအတူသွားခဲ့တယ်တဲ့။ ယောက်ျားတစ်ယောက် နဲ့ မိန်းမတစ်ယောက် တောထဲမှာ နှစ်ယောက်တည်း...တောင်တွေက သဘဝအတိုင်း သူတို့ကို....သေလိုက်စမ်း!!!

"အဲ့လူက တကယ်ကြီး အိပ်မက်ချစ်သူစာရင်းထဲက မိန်းမလှ၃ဦးကို ချုပ်ကိုင်ထားတယ်။ ငါ့ကို မဆွဲထားနဲ့ ငါသူနဲ့ ပြိုင်မယ်"

"ဘယ်သူမှ မင်းကို မဆွဲထားဘူး။ သွားပြီး တိုက်လေ။ သူသာ တင်ပါးကွဲဝံပုလွေကို တကယ်သတ်နိုင်တာမှန်ရင် မင်းက သွားအသေခံတာပဲ အဖတ်တင်မှာ"

"ဟမ့် ရီချန်းလျန်ကိုပဲ စောင့်တော့မယ်။ ငါက သူများကို လူစုပြီးတိုက်တတ်တဲ့ လူစားမဟုတ်ဘူး "

"ဟမ့်"

သူမပြောစကားကို နားထောင်ပြီးနောက် ရီချန်းလျန် ချွေးစီးများ ကျလာရသည်။ သူက စိတ်မဝင်စားသောပုံစံဖြင့် ရပ်နေသော ဇူအန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျီရှောင်ချီဘက်ကို မယုံနိုင်သော မျက်နှာဖြင့် လှည့်မေးသည်။
"သူက တင်ပါးကွဲဝံပုလွေဒါဇင်ကျော်ကို သတ်ခဲ့တာ။ သေချာလား"

ကျီရှောင်ချီ ခေါင်းညိတ်လိုက်သည်။
"သူဘယ်လိုလုပ်လိုက်လဲ ကျွန်မမသိဘူး။ ဒါပေမဲ့ သူတကယ်သတ်ခဲ့တာ။ ရှင် မယုံရင် ကျွန်မအဖေကို သွားမေးလို့ရတယ်။ သူဒီကိစ္စကို သက်သေခံနိုင်တယ်"

ပွဲကြည့်သူများ ငြီးငြူသွားကြသည်။
သေစမ်း..သူတို့က မိဘတွေ့တဲ့ အဆင့်တောင် ရောက်သွားကြပြီတဲ့..။

ဘေးတစ်ဖက်တွင် ချီရှို့က တစ်ခြားတစ်ခုတွေးနေမိသည်။

ကျီရှောင်ချီက ဆေးဖော်သူတစ်ယောက်ဖြစ်တာကြောင့် ကျင့်ကြံမှုက သူများတွေထက်နိမ့်တယ်။ ဒါပေမဲ့ သူက အဆင့်၃ ကျင့်ကြံသူပဲ ။ ဒါတောင် သူက ဇူအန်ရဲ့ လှည့်ကွက်ကို မမြင်နိုင်ဘူးဆိုတော့ ဇူအန်မှာ အရမ်းမြန်လွန်းတဲ့ အရှိန်နှုန်း ရှိနေတာဖြစ်ရမယ်။

ချီရှို့တစ်ယောက်တည်း ထိုသို့တွေးလိုက်ခြင်း မဟုတ်ပေ။

ရီချန်းလျန် အပါအဝင် တစ်ခြားသူများလည်း ထိုသို့တွေးမိလေသည်။ သူမက နတ်ဆေးဆရာကျီ၏ နာမည်ကိုပါ ထုတ်သုံးလာသောကြောင့် လိမ်နေတာ မဖြစ်နိုင်ပေ။ ကျီရှောင်ချီက အလွန်စိတ်ထားကောင်းသူဟု နာမည်ကြီး၍ ဘယ်သူ့ကိုမှ မလိမ်ဘူးပေ။ ဒီလို ကိစ္စအတွက် သူမအဖေ၏ ဂုဏ်သတင်းကို ထိခိုက်မခံလောက်ပေ။

သူ ပြောသော စကားတိုင်းက မှန်သော်လည်း ပြောပုံက လူတိုင်းကို အထင်လွဲစေခြင်းပင်။

"ငါပြောသားပဲ ငါ့ခဲအိုက တော်ပါတယ်ဆို ရှင်တို့ပဲ မယုံကြတာ ဟွန့်.."
ချူဟွမ်ကျောက် လေသံက မကျေနပ်မှုများ ပြည့်နေသည်။
ထိုသို့ပြောလိုက်သော်ညား ဇူအန်ကိုကြည့်၍ မျက်လုံးကျဉ်းသွားသေးသည်။ ဒီလူ အပြင်ကမိန်းမများကို မည်သို့ မြှူဆွယ်လိုက်မှန်း သိချင်နေသေးသည်။

ဒါမဖြစ်ဘူး ။ အစ်မက အပြင်မှာပဲ ရှိသေးတာ။ သူ့ကို ထိန်းထားရမယ်။ ဒီအပြင်က မိန်းမပျက်...ချူဟွမ်ကျောက် အပြစ်ကင်းစင်လှသော ကျီရှောင်ချီ၏ မျက်နှာကိုကြည့်၍ စကားမဆက်နိုင်တော့ပေ။

ဒါက တကယ် သူမရဲ့အသိတရားကို ဆန့်ကျင်ခြင်းပင်။

အချက်အလက်များကို စဉ်းစားပြီးနောက် လူများ၏ မျက်နှာထား ပြောင်းသွားရသည်။ ယခင်က ချူဟွမ်ကျောက်၏ ကြာပွတ်၇ချက်သည် အကျယ်ချဲ့နေပုံ ရလေသည်။ သို့သော် ယခုကျီရှောင်ချီ၏ သက်သေခံမှုကြောင့် ဇူအန်ကို လျှိုထားသော ပညာရှင်ဖြစ်နိုင်သလား တွေးမိလေသည်။

သူတို့ အတွေးများနေစဉ် ဇူအန် ရီချန်းလျန် ရှေ့ကိုသွား၍ သနားသလိုလို ခေါင်းယမ်းလိုက်သည်။
"မင်းကိုလည်း သင်ခန်းစာတစ်ခု ပေးပါရစေ။ ကပ်စားတာက စိတ်မချရဘူးလို့ မင်းထင်ရတဲ့အကြောင်းအရင်းက မင်းက လုံလုံလောက်လောက်  ရုပ်မချောလို့ပဲ။ ဒါကြောင့် ငါ့လို ယောက်ျားတစ်ယောက်က ဘယ်လောက်ဆွဲဆောင်နိုင်လဲဆိုတာ မင်းမတွေးနိုင်တာပဲ။ မင်း ငါ့နားမှာရပ်နေတဲ့ မိန်းကလေးနှစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူးမလား။ မင်းက ငါနဲ့ ယှဉ်ဖို့ အိပ်မက်မက်နေသေးတယ်"

ချူဟွမ်ကျောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကျီရှောင်ချီလည်း ထိုနည်းတူပေ။

လူတိုင်းက သူ့စကားကြောင့် ဒယိမ်းဒယိုင် ဖြစ်သွားရသည်။ သူတို့က အရှက်မဲ့ခြင်း၏ နောက်တစ်ဆင့်ကို ဉာဏ်အလင်းပွင့်သွားလေပြီ။

-------------------------------------------------------------------

Chapter 47. ကပ္စားတာလည္း အစြမ္းအစလိုတယ္

လူအုပ္က ရီခ်န္းလ်န္စကားကို ဝိုင္းေထာက္ခံၾကသည္။

ခ်ဴဟြမ္ေက်ာက္ မ်က္ႏွာမ်ား ပူလာၿပီး
"နင္ ဘာ ေပါက္ကရေတြ ေျပာေနတာလဲ" စိတ္တိုစြာ ငိုေႂကြးျခင္းၾကာပြတ္ကို ယမ္းလိုက္သည္။

ရီခ်န္းလ်န္ ႀကိဳတင္ျပင္ဆင္ထား၍ ေဘးကိုေရွာင္လိုက္သည္။ ထို႔ေနာက္ ေမးခြန္းထပ္ေမးသည္။
"ခ်ဴဟြမ္ေက်ာက္ မင္းငါနဲ႕ ယွဥ္တိုက္မလို႔လား"

"နင္ရဲ႕နံေစာ္ေနတဲ့ ပါးစပ္ကို ဆြဲၿဖဲနိုင္ေအာင္လို႔ ငါနင္နဲ႕ ယွဥ္တိုက္မွာ" ခ်ဴဟြမ္ေက်ာက္ ေျပာရင္း ေနာက္တစ္ခ်က္ ထပ္ရိုက္ေလသည္။

"ငါ ယွဥ္ၿပိဳင္ခ်င္တာက အဲ့ဒီဇူအလကားေကာင္ကိုေလ။ မင္းက ဘာကိစၥဝင္ပါေနရတာလဲ။ တကယ္ပဲ မင္းတို႔ႏွစ္ေယာက္ ပတ္သက္ေနလို႔လား" သူမ ရိုက္ခ်က္မ်ားကို ေရွာင္လိုက္ၿပီး က်ယ္ေလာင္စြာေအာ္ေျပာေလသည္။

သူက ခ်ဴဟြမ္ေက်ာက္ ႏွင့္ တိုက္ခိုက္လိုစိတ္မရွိေပ။ သူမ၏ အဆင့္အတန္းအျပင္ ငိုေႂကြးျခင္းၾကာပြတ္၏ အရသာလည္း ေနာက္တစ္ႀကိမ္ အရိုက္မခံခ်င္ေပ။

ခ်ဴဟြမ္ေက်ာက္ မ်က္ႏွာတစ္ခုလုံး နီရဲလာသည္။ သူမက ရီခ်န္းလ်န္ကို ေသခ်ာရိုက္မိရန္သာ အားခဲ၍ လႊဲေနေလသည္။

ရီခ်န္းလ်န္ အသည္းအသန္ေရွာင္၍ ဇူအန္ကို လွမ္းစိန္ေခၚေလသည္။
"ဇူမ်ိဳးရိုး အလကားေကာင္ မင္းက ေယာက္်ားေရာ ဟုတ္ေသးလား။ မိန္းမေတြကို မွီခိုဖို႔ပဲ တတ္သလား။ သတၱိရွိရင္ ငါနဲ႕လာတိုက္"

ဇူအန္ ပုခုံးတြန့္ျပေလသည္။
"အကူရွာနိုင္တာ ငါ့အရည္အခ်င္းနဲ႕ငါေလ။ ငါ့အစား လုပ္ေပးမယ့္ တစ္ျခားလူရွိေနတာ ငါကိုယ္တိုင္လုပ္စရာလိုေသးလို႔လား။ မင္းကိုယ္မင္း အားေကာင္းတယ္ထင္ရင္ မင္းကိုယ္စား ထြက္လာေပးမယ့္ မိန္းကေလးတစ္ေယာက္ သြားရွာလာခဲ့။ ဟမ့္။ မင္းမ်က္ႏွာကို ၾကည့္ရတာ ေငြေပးရင္ေတာင္ ဘယ္သူမွ လိုခ်င္စရာ မရွိတဲ့႐ုပ္နဲ႕"

သင္သည္ ရီခ်န္းလ်န္ ထံမွ အမ်က္ပြိုင့္ ၂၃၃ ရယူလိုက္သည္။

ခ်ဴဟြမ္ေက်ာက္ ေနာက္လွည့္၍ ဇူအန္ကို ခပ္စူးစူးေအာ္လိုက္သည္။
"နင္ ပါးစပ္ပိတ္ထား"

သင္သည္ ခ်ဴဟြမ္ေက်ာက္ ထံမွ အမ်က္ပြိုင့္ ၉၉ ရယူလိုက္သည္။

လူအုပ္ကလည္း လုံးဝၿငိမ္က်သြားေလသည္။ ခ်ီရွို႔ မ်က္ေတာင္ခတ္၍ အံ့ၾသတႀကီး ေရ႐ြတ္လိုက္မိသည္။
"ဒီလူက အရွက္မဲ့တာ ကမ္းကုန္ပဲ" ေဘးမွ လူအုပ္ကလည္း ေခါင္းညိတ္ေထာက္ခံၾကသည္။

သင္သည္ ပြဲၾကည့္သူမ်ားထံမွ အမ်က္ပြိုင့္ ၆၆ ရယူလိုက္သည္...၆၆...၆၆..၆၆....

ဇူအန္ ေကာင္းကင္ေပၚတက္သြားသည္ဟု ခံစားလိုက္ရသည္။
ငါေတာ့ ခ်မ္းသာတာပဲ။ ဒီလိုျဖစ္မယ္မွန္းသာ သိရင္ အကယ္ဒမီကို မေန႕ကတည္းက လာခဲ့ပါတယ္။

႐ုတ္တရက္ လူရိပ္တစ္ခု ခ်ဴဟြမ္ေက်ာက္ ႏွင့္ ရီခ်န္းလ်န္ ၾကားကို ခုန္ဝင္လာသည္။
"ခ်ဴမိန္းကေလး ရီခ်န္းလ်န္က ယွဥ္ၿပိဳင္ဖို႔ သေဘာမတူမွေတာ့ ခုလို ဖိအားေပးတာ မသင့္ေတာ္ဘူးလို႔ မထင္ဘူးလား"

ထိုသူက ေလထဲတြင္ ဝဲပ်ံေနေသာ အျဖဴေရာင္ဝတ္စုံကို ဝတ္ဆင္ထားသည္။ လက္တစ္ဖက္ျဖင့္ ငိုေႂကြးျခင္းၾကာပြတ္ကို ဆုတ္ကိုင္လိုက္သည္။ သူက တက္ႂကြဖ်က္လတ္ေသာ စစ္သည္တစ္ေယာက္ ပုံစံအတိုင္းပင္ျဖစ္သည္။

ေက်ာင္းသူမ်ားအၾကား အုတ္အုတ္က်က္က်က္ ျဖစ္သြားရသည္။

"အိုး အဲ့တာ ယြမ္သခင္ေလးပဲ"

"ယြမ္သခင္ေလးက တကယ္ကို တင့္တယ္တာပဲ"

"သူက ငိုေႂကြးျခင္းၾကာပြတ္ကို ဒီေလာက္လြယ္လြယ္ဖမ္းနိုင္တာ အဆင့္၄ ေရာက္သြားၿပီျဖစ္ရမယ္"

"ဘာအဆင့္ ၄လဲ သူက အဆင့္၄ထိပ္ဆုံးကို ေရာက္ေနတာၾကာၿပီ။ မၾကာခင္ အဆင့္၅ ေရာက္ေတာ့မွာဟ"

ဇူအန္မ်က္ႏွာ ေမွာင္မည္းသြားသည္။

ဒီမိန္းမေတြ တကယ္အေျပာင္းအလဲ ျမန္တာပဲ။ အခုေလးတင္ပဲ ငါ့အတြက္ ေျပာေပးေနေသးတယ္။ အခုက် တစ္မ်ိဳးေျပာင္းသြားျပန္ၿပီ။

လူသစ္က ေဆာင္းတြင္း၏ကန္ေရျပင္အလား တည္ၿငိမ္ေသာ ေလသံျဖင့္ ေျပာေလသည္။
"မင္းလုပ္ေနတာက ေက်ာင္းစည္းကမ္း ေဖာက္ဖ်က္ေနတာပဲ။ ဒီကိစၥ ေပါက္ၾကားသြားရင္ လျပည့္ၿမိဳ႕ေတာ္ဝန္ေတာင္ မင္းကို ကယ္နိုင္မွာ မဟုတ္ေတာ့ဘူး"

"ယြမ္ဝမ္ဒုံ နင္မဆိုင္တဲ့ကိစၥေတြမွာ ဝင္မပါနဲ႕" ခ်ဴဟြမ္ေက်ာက္ ၾကာပြတ္ကို ျပန္ဆြဲယူရန္ ႀကိဳးစားလိုက္ေသာ္လည္း မဆြဲနိုင္ေပ။

ယြမ္ဝမ္ဒုံဆိုသူက အျပစ္ကင္းေသာ အၿပဳံးေလးျဖင့္
"ခ်ဴဒုတိယသခင္မေလး ဒါဆို ေက်ာင္းထုတ္ခံခ်င္လို႔လား"

ခ်ဴဟြမ္ေက်ာက္ ေဒါသႀကီးစြာ မ်က္ေစာင္းထိုးလိုက္သည္။
"နင္ ငါ့ကို ၿခိမ္းေျခာက္ေနတာလား"

"မလုပ္ရဲပါဘူး။ ဒါေပမဲ့ က်ဳပ္က မင္းအစ္မနဲ႕ မိတ္ေဆြေတြဆိုေတာ့ မင္းတစ္ခုခုျဖစ္မွာ မျမင္ခ်င္လို႔ပါ" ယြမ္ဝမ္ဒုံ လက္ကို လႊတ္ရင္း ေျပာလိုက္သည္။

ခ်ဴဟြမ္ေက်ာက္ ၾကာပြတ္ကို အျမန္ျပန္သိမ္းလိုက္ၿပီး မေသခ်ာမႈမ်ား သူမမ်က္ႏွာတြင္ ျဖတ္ေျပးသြားေလသည္။

သူ႕ေရွ႕တြင္ တစ္ေယာက္ေယာက္ရပ္တည္လိုက္သည္ကို ၾကည့္ၿပီး ရီခ်န္းလ်န္ ရင္ေကာ့၍ ဇူအန္ကို ေထ့ေလသည္။
"ငါမင္းကို သင္ခန္းစာတစ္ခု ေပးလိုက္မယ္။ ဒီေလာကမွာ မင္းကိုယ္မင္းပဲ အားကိုးလို႔ရမယ္ ။ အျပင္လူအေပၚ မီခိုတဲ့လူက တစ္ခ်ိန္ခ်ိန္မွာ က်ရႈံး..."

သူ႕စကားမဆုံးခင္ပင္ ညင္သာေသာအသံတစ္ခု လူအုပ္ၾကားမွ ထြက္လာသည္။
"အဲ့တာ...မဟုတ္ဘူး။ သူ..သူက တကယ္ အင္အားေကာင္းပါတယ္"

မ်က္လုံးအားလုံးသည္ အသံလာရာသို႔ စုၿပဳံသြားၿပီး ဘယ္သူဝင္စြက္ဖက္လဲ သိခ်င္ေနၾကသည္။ လက္တစ္ဝါးစာ မ်က္ႏွာေသးေသးျဖင့္ မိန္းမပ်ိဳေလးတစ္ေယာက္သည္ မ်က္ႏွာရဲရဲျဖင့္ ရပ္ေနသည္။ သူက အာ႐ုံစိုက္ခံရျခင္းကို စိတ္မသက္မသာ ျဖစ္ေနပုံပင္။

"အိုး..သူက ဘယ္သူလဲ။ လွလိုက္တာ"

"ဟမ့္..မင္းဘယ္ေလာက္ စာမတတ္တာလဲ။အဲ့တာကို ခ်စ္စရာေကာင္းတာလို႔ ေခၚတယ္"

"မင္းက လူသစ္ျဖစ္ရမယ္။ အိပ္မက္ခ်စ္သူစာရင္းရဲ႕ ၇ ေယာက္ေျမာက္ က်ီေရွာင္းခ်ီကို ေတာင္ ဘယ္လိုမသိရတာလဲ။ သူက နတ္ေဆးဆရာက်ီရဲ႕ သမီးေလ။ ၿပီးေတာ့ ေဆးေဖာ္တဲ့ေနရာမွာ အ႐ြယ္တူေတြၾကား ၿပိဳင္ဘက္မရွိဘူး"

"ဘာလို႔ သူက ဇူအန္ အစားေျပာေပးေနရတာလဲ။ သူလည္း..."

"ေလ်ာက္မေျပာနဲ႕။ သူ႕လို နတ္သမီးေလးက အဲ့လို လူ႕အမွိုက္နဲ႕ သိမတဲ့လား"

.....

ေဆြးႏြေးျခင္းမ်ား ပြက္ေလာရိုက္သြားသည္။ ရီခ်န္းလ်န္ပင္ ထိုအေျခအေနကို မေတြးထားမိေခ်။ သူက ႏူးညံ့ေသာအၿပဳံးကို ၿပဳံးလိုက္ၿပီး ညင္သာစြာျဖင့္..
"က်ီညီမေလး ဒီမွာ ဘာလုပ္ေနတာလဲ"

သူေသေသခ်ာခ်ာ ေျဖရွင္းရမည္ပင္။ ဒီက်ီေရွာင္ခ်ီက ပထမေန႕တည္းက ေက်ာင္းကို တုန္လႈပ္ေစခဲ့သည္။ သူမ၏ ခ်စ္စရာေကာင္းေသာ ႐ုပ္ရည္ေၾကာင့္ တစ္ခ်ိဳ႕ႏွာဘူးမ်ားက အႀကံဆိုးမ်ားရွိလာၾကသည္။ သို႔ေသာ္ သူမအဝတ္ကို ထိထိခ်င္း အဆိပ္မိကုန္ၾကသည္။ အမ်ားစုက လဝက္ေလာက္ လက္ဖဝါးတစ္ခုလုံး ေရာင္ကိုင္းကာ ခံစားလိုက္ရသည္။

ေနာက္ဆုံးေတာ့ ထိုလူအားလုံး ေက်ာင္းမွ အထုတ္ခံလိုက္ရျခင္းျဖင့္ အဆုံးသတ္သြားသည္။ တစ္ခ်ိဳ႕က နတ္ေဆးဆရာက်ီ၏ အဆက္အသြယ္မ်ားေၾကာင့္ဟု သုံးသပ္ၾကသည္။ မ်ားစြာေသာ ပညာရွင္မ်ားက သူ႕ကို ေက်းဇူးေႂကြးတင္ေနၾကၿပီး သူ႕သမီးအနိုင္က်င့္ခံရသည္ဟု သတင္းၾကားသည္ႏွင့္ ကူညီရန္ ဝန္မေလးၾကေပ။

သို႔ေသာ္ တစ္ခ်ိဳ႕က က်ီေရွာင္ခ်ီကိုယ္တိုင္ ေနာက္ခံရွိေသာေၾကာင့္ဟု ေျပာၾကေလသည္။

မည္သို႔ျဖစ္ေစ သူမသည္ ရီခ်န္းလ်န္ ရန္စနိုင္ေသာ လူမဟုတ္ေပ။

"ကြၽန္မက ျဖတ္သြား႐ုံပါ။ လူေတြအမ်ားႀကီး စုေနတာျမင္လို႔..."လူအမ်ားၾကား ရပ္ေနရျခင္းက က်ီေရွာင္ခ်ီကို အနည္းငယ္တုန္လႈပ္ေစသည္။ သို႔ေသာ္ သတၱိကိုစုလိုက္ၿပီး ေျပာေလသည္။
"ရွင္တို႔အားလုံး အစ္ကိုဇူကို အထင္လြဲေနၾကၿပီး အစ္ကိုဇူကလည္း ရွင္းမျပခ်င္တာကို ေတြ႕လို႔ပါ။ အဲ့တာေၾကာင့္...ကြၽန္မေရွ႕ထြက္လိုက္ရတာ.."

သူမက တကယ္ ဇူအန္အတြက္လား..။

လူအုပ္အတြင္း တီးတိုးမႈမ်ား ပိုမ်ားလာရသည္။ ခ်ဴအိမ္ရဲ႕ အိမ္ပါသားမက္က ခ်ဴအိမ္ရဲ႕သမီးႏွစ္ေယာက္ အပါအဝင္ နာမည္ႀကီးနတ္သမီးေလး က်ီေရွာင္ခ်ီႏွင့္ပင္ ဆက္ႏႊယ္နိုင္မည္ဟု မထင္ထားေခ်။

ေလာကႀကီး ဘာျဖစ္သြားတာလဲ။

ငါက ႐ုပ္အဲ့ေလာက္ မေခ်ာလို႔လား။ ဒါမွမဟုတ္ ေပြတာမ်ား မလုံေလာက္ေသးလို႔လား။ ဒါမွမဟုတ္ က်င့္ႀကံမႈေၾကာင့္လား ေနာက္ခံ မေကာင္းလို႔မ်ားလား။

လူအုပ္ထဲမွ ေယာက္်ားသားမ်ားက ထိုသို႔အေတြးမ်ားေနၾကၿပီး ေနာက္ဆုံး အေျဖတစ္ခုသာ ထြက္ေလသည္။ ႐ုပ္ရည္မွလြဲ၍ ထိုအမွိုက္ကို မမီတာ မရွိေပ။ ဇူအန္ထံသို႔ အမ်က္ပြိုင့္မ်ား စီတန္းဝင္လာရသည္။

သင္သည္ ပြဲၾကည့္သူမ်ားထံမွ အမ်က္ပြိုင့္ ၉၉ ရယူလိုက္သည္.... ၉၉....၉၉...၉၉...၉၉....

ထိုအမ်က္ပြိုင့္မ်ားက ဇူအန္မွန္သြားေၾကာင္း ေျပာျပေနသည္။ အကယ္ဒမီတြင္ ေန႕လယ္စာစားရန္ အႀကံသည္ သူ႕ဘဝတြင္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈပင္။

ရီခ်န္းလ်န္ အေျခအေနကိုၾကည့္ၿပီး လုံးဝရႈပ္ေထြးေနေလသည္။
ဒီမွာ ဘာျဖစ္ေနတာလဲ။ ငါက ဒီေကာင္ကို ပညာေပးခ်င္႐ုံပါ။ သူ႕ကို ကာကြယ္ဖို႔ မိန္းမေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္လာရတာလဲ။

ဒီေလာကႀကီး တစ္ခုခုမွားေနတာ ျဖစ္ရမယ္။

"က်ီညီမေလး သူနဲ႕ဘာပတ္သက္လဲ" သူက အျဖစ္မွန္ကို လက္မခံခ်င္စြာ ထပ္ေမးသည္။

"သူက..."က်ီေရွာင္ခ်ီ ဇူအန္ကိုၾကည့္၍ မ်က္ႏွာရဲသြားသည္။
"သူက ကြၽန္မရဲ႕ သူငယ္ခ်င္းေကာင္းပါ"

သူတို႔ႏွစ္ေယာက္ ျမစ္ထဲတြင္ အဝတ္ဗလာျဖစ္ေနခဲ့ပုံကို သတိရသြားျခင္းပင္။ သူ႕ေအာက္ပိုင္းက ခ်ိဳ႕ယြင္းေနေၾကာင္းသိေသာ္လည္း သူမခႏၱာကိုယ္အား ေယာက္်ားတစ္ေယာက္ ျမင္လိုက္ျခင္းမွာ ထူးဆန္းေနေသးသည္။

ေဘးမွလူမ်ားက သူမ၏တုံ႕ျပန္မႈကို ရွက္႐ြံ႕မႈဟု အထင္မွားသြားၾကၿပီး ရင္ေလးသြားရသည္။

ဒါဘယ္လို ျဖစ္နိုင္မွာလဲ။ ငါတို႔ရဲ႕ ခ်စ္စရာနတ္သမီးေလးေတာင္ ဒီေကာင္ရဲ႕ လက္ၾကားက မလြတ္ပါလား။

သူတို႔၏ အထင္လြဲမႈကို မသိဘဲ က်ီေရွာင္ခ်ီ ဆက္ရွင္းျပသည္။
"ကြၽန္မ နဂါးဝွက္ေတာင္ကို တစ္ခါသြားတုန္းက အစ္ကိုဇူ တင္ပါးကြဲဝံပုေလြအုပ္စုကို သတ္တာ ကိုယ္တိုင္ျမင္ခဲ့တာ။ သူတို႔ေခါင္းေဆာင္ေတာင္ မက်န္ဘူး"

အနီးမွ ေယာက္်ားအားလုံး မ်က္ရည္က်လဳနီးပါးေပ။

ငါတို႔နတ္သမီးေလးက သူနဲ႕ နဂါးဝွက္ေတာင္ကိုအတူသြားခဲ့တယ္တဲ့။ ေယာက္်ားတစ္ေယာက္ နဲ႕ မိန္းမတစ္ေယာက္ ေတာထဲမွာ ႏွစ္ေယာက္တည္း...ေတာင္ေတြက သဘဝအတိုင္း သူတို႔ကို....ေသလိုက္စမ္း!!!

"အဲ့လူက တကယ္ႀကီး အိပ္မက္ခ်စ္သူစာရင္းထဲက မိန္းမလွ၃ဦးကို ခ်ဳပ္ကိုင္ထားတယ္။ ငါ့ကို မဆြဲထားနဲ႕ ငါသူနဲ႕ ၿပိဳင္မယ္"

"ဘယ္သူမွ မင္းကို မဆြဲထားဘူး။ သြားၿပီး တိုက္ေလ။ သူသာ တင္ပါးကြဲဝံပုေလြကို တကယ္သတ္နိုင္တာမွန္ရင္ မင္းက သြားအေသခံတာပဲ အဖတ္တင္မွာ"

"ဟမ့္ ရီခ်န္းလ်န္ကိုပဲ ေစာင့္ေတာ့မယ္။ ငါက သူမ်ားကို လူစုၿပီးတိုက္တတ္တဲ့ လူစားမဟုတ္ဘူး "

"ဟမ့္"

သူမေျပာစကားကို နားေထာင္ၿပီးေနာက္ ရီခ်န္းလ်န္ ေခြၽးစီးမ်ား က်လာရသည္။ သူက စိတ္မဝင္စားေသာပုံစံျဖင့္ ရပ္ေနေသာ ဇူအန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး က်ီေရွာင္ခ်ီဘက္ကို မယုံနိုင္ေသာ မ်က္ႏွာျဖင့္ လွည့္ေမးသည္။
"သူက တင္ပါးကြဲဝံပုေလြဒါဇင္ေက်ာ္ကို သတ္ခဲ့တာ။ ေသခ်ာလား"

က်ီေရွာင္ခ်ီ ေခါင္းညိတ္လိုက္သည္။
"သူဘယ္လိုလုပ္လိုက္လဲ ကြၽန္မမသိဘူး။ ဒါေပမဲ့ သူတကယ္သတ္ခဲ့တာ။ ရွင္ မယုံရင္ ကြၽန္မအေဖကို သြားေမးလို႔ရတယ္။ သူဒီကိစၥကို သက္ေသခံနိုင္တယ္"

ပြဲၾကည့္သူမ်ား ၿငီးျငဴသြားၾကသည္။
ေသစမ္း..သူတို႔က မိဘေတြ႕တဲ့ အဆင့္ေတာင္ ေရာက္သြားၾကၿပီတဲ့..။

ေဘးတစ္ဖက္တြင္ ခ်ီရွို႔က တစ္ျခားတစ္ခုေတြးေနမိသည္။

က်ီေရွာင္ခ်ီက ေဆးေဖာ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ က်င့္ႀကံမႈက သူမ်ားေတြထက္နိမ့္တယ္။ ဒါေပမဲ့ သူက အဆင့္၃ က်င့္ႀကံသူပဲ ။ ဒါေတာင္ သူက ဇူအန္ရဲ႕ လွည့္ကြက္ကို မျမင္နိုင္ဘူးဆိုေတာ့ ဇူအန္မွာ အရမ္းျမန္လြန္းတဲ့ အရွိန္ႏႈန္း ရွိေနတာျဖစ္ရမယ္။

ခ်ီရွို႔တစ္ေယာက္တည္း ထိုသို႔ေတြးလိုက္ျခင္း မဟုတ္ေပ။

ရီခ်န္းလ်န္ အပါအဝင္ တစ္ျခားသူမ်ားလည္း ထိုသို႔ေတြးမိေလသည္။ သူမက နတ္ေဆးဆရာက်ီ၏ နာမည္ကိုပါ ထုတ္သုံးလာေသာေၾကာင့္ လိမ္ေနတာ မျဖစ္နိုင္ေပ။ က်ီေရွာင္ခ်ီက အလြန္စိတ္ထားေကာင္းသူဟု နာမည္ႀကီး၍ ဘယ္သူ႕ကိုမွ မလိမ္ဘူးေပ။ ဒီလို ကိစၥအတြက္ သူမအေဖ၏ ဂုဏ္သတင္းကို ထိခိုက္မခံေလာက္ေပ။

သူ ေျပာေသာ စကားတိုင္းက မွန္ေသာ္လည္း ေျပာပုံက လူတိုင္းကို အထင္လြဲေစျခင္းပင္။

"ငါေျပာသားပဲ ငါ့ခဲအိုက ေတာ္ပါတယ္ဆို ရွင္တို႔ပဲ မယုံၾကတာ ဟြန့္.."
ခ်ဴဟြမ္ေက်ာက္ ေလသံက မေက်နပ္မႈမ်ား ျပည့္ေနသည္။
ထိုသို႔ေျပာလိုက္ေသာ္ညား ဇူအန္ကိုၾကည့္၍ မ်က္လုံးက်ဥ္းသြားေသးသည္။ ဒီလူ အျပင္ကမိန္းမမ်ားကို မည္သို႔ ျမႇူဆြယ္လိုက္မွန္း သိခ်င္ေနေသးသည္။

ဒါမျဖစ္ဘူး ။ အစ္မက အျပင္မွာပဲ ရွိေသးတာ။ သူ႕ကို ထိန္းထားရမယ္။ ဒီအျပင္က မိန္းမပ်က္...ခ်ဴဟြမ္ေက်ာက္ အျပစ္ကင္းစင္လွေသာ က်ီေရွာင္ခ်ီ၏ မ်က္ႏွာကိုၾကည့္၍ စကားမဆက္နိုင္ေတာ့ေပ။

ဒါက တကယ္ သူမရဲ႕အသိတရားကို ဆန့္က်င္ျခင္းပင္။

အခ်က္အလက္မ်ားကို စဥ္းစားၿပီးေနာက္ လူမ်ား၏ မ်က္ႏွာထား ေျပာင္းသြားရသည္။ ယခင္က ခ်ဴဟြမ္ေက်ာက္၏ ၾကာပြတ္၇ခ်က္သည္ အက်ယ္ခ်ဲ့ေနပုံ ရေလသည္။ သို႔ေသာ္ ယခုက်ီေရွာင္ခ်ီ၏ သက္ေသခံမႈေၾကာင့္ ဇူအန္ကို လွ်ိုထားေသာ ပညာရွင္ျဖစ္နိုင္သလား ေတြးမိေလသည္။

သူတို႔ အေတြးမ်ားေနစဥ္ ဇူအန္ ရီခ်န္းလ်န္ ေရွ႕ကိုသြား၍ သနားသလိုလို ေခါင္းယမ္းလိုက္သည္။
"မင္းကိုလည္း သင္ခန္းစာတစ္ခု ေပးပါရေစ။ ကပ္စားတာက စိတ္မခ်ရဘူးလို႔ မင္းထင္ရတဲ့အေၾကာင္းအရင္းက မင္းက လုံလုံေလာက္ေလာက္  ႐ုပ္မေခ်ာလို႔ပဲ။ ဒါေၾကာင့္ ငါ့လို ေယာက္်ားတစ္ေယာက္က ဘယ္ေလာက္ဆြဲေဆာင္နိုင္လဲဆိုတာ မင္းမေတြးနိုင္တာပဲ။ မင္း ငါ့နားမွာရပ္ေနတဲ့ မိန္းကေလးႏွစ္ေယာက္ကိုေတာင္ မယွဥ္နိုင္ဘူးမလား။ မင္းက ငါနဲ႕ ယွဥ္ဖို႔ အိပ္မက္မက္ေနေသးတယ္"

ခ်ဴဟြမ္ေက်ာက္ ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။ က်ီေရွာင္ခ်ီလည္း ထိုနည္းတူေပ။

လူတိုင္းက သူ႕စကားေၾကာင့္ ဒယိမ္းဒယိုင္ ျဖစ္သြားရသည္။ သူတို႔က အရွက္မဲ့ျခင္း၏ ေနာက္တစ္ဆင့္ကို ဉာဏ္အလင္းပြင့္သြားေလၿပီ။

-------------------------------------------------------------------

Continue Reading

You'll Also Like

202K 15.2K 33
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
212K 31.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
1.1M 66.2K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
115K 4.4K 26
Short novel Mixed by Sakurak🌸