Chapter 44: ငွေညှစ်ခြင်း
ကျန်းလော့ဖူ သူ့ကို အိတ်တစ်ခု ပစ်ပေးသည်။
"မင်းယူပြီးတော့ စာသင်ခန်းကို ပြန်လို့ရပြီ"
ဇူအန် ဖမ်း၍ ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ဆေးရွက်အချို့နှင့် လက်တစ်ချောင်းစာ အနီရောင်ကျောက်တစ်ခုတွေ့ရလေသည်။ ဇူအန် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ဒါကဘာလဲ"
"မင်းလိုအပ်တဲ့ ကျင့်ကြံမှုအထောက်အပံ့လေ။ ဆေးရွက်တွေက ဆေးစိမ်ပြီး ရေချိုးဖို့အတွက် ကီကျောက်က မင်းစုပ်ယူပြီး လေ့ကျင့်ဖို့"ကျန်းလော့ဖူ ပြန်ဖြေ၏။
ဇူအန် အထင်မလွဲစေရန် ထပ်မံရှင်းပြလိုက်သေးသည်။
"ကျောင်းသားတိုင်းက တစ်စုံစီရတယ်။ ဒါက အဝါရောင်အခန်းက ကျောင်းသားတိုင်းရတဲ့ ပမာဏ"
"ဒါဆို ဒီဟာက ကီကျောက်ပေါ့" ဇူအန် ထုတ်၍ အနီးကပ် ကြည့်လိုက်သည်။ အရင်ဘဝက ပတ္တမြားနှင့် ချွတ်စွတ်ပင်။
ကျန်းလော့ဖူ နားလည်ရခက်သွားသည်။
"မင်းတစ်ခါမှ မမြင်ဖူးဘူးလား။ ဒါဆို အရင်က မင်းဘယ်လိုလေ့ကျင့်တာလဲ"
ဇူအန်က ကီးဘုတ်အကြောင်းမပြောချင်၍ စကားလှည့်လိုက်သည်။
"ခင်ဗျားပြောတော့ ကျုပ်က အကြည့်ရောင်အဆင့်ဆို။ အနည်းဆုံးတော့ ကောင်းကင်အခန်းကိုတော့ ဝင်ခွင့်ရှိမှပေါ့။ အခန်းမပြောင်းပေးရင်တောင် အထောက်အပံ့ကတော့ သူတို့နဲ့တူသင့်တယ်လေ။ မဟုတ်ဘူးလား"
ကျန်းလော့ဖူ နှာမှုတ်လိုက်သည်။
"ငါက အထောက်အပံကို စိတ်တိုင်းကျပေးလို့ရတယ် ထင်နေလား။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အထောက်အပံ့ကို တော်ဝင်လွှတ်တော်ရဲ့ စိမံဝန်ကြီးက သတ်မှတ်တာ။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ထောက်ပံ့မှုကို စာရင်းလုပ်ပြီး စစ်ဆေးဖို့ ပြန်တင်ရတယ်။ မင်းအရည်အသွေးကို တစ်ယောက်ယောက်ရှာတွေ့မှာ မကြောက်ဘူးဆိုရင် ယူပေါ့"
"မေ့လိုက်ပါတော့ အဲ့တာဆိုလည်း" ဇူအန် ပြန်ဖြေသည်။ သူ့မှာကီးဘုတ်ရှိတာပဲ။ ကီကျောက်တစ်ချို့တစ်လေအတွက် စွန့်စားဖို့မလိုပါဘူး။
"သွားတော့" ကျန်းလော့ဖူက ဇူအန်ဒီမှာဆက်ရှိနေလျှင် စိတ်ပေါက်၍ ရိုက်နှက်မိမည်ကို စိုးလေသည်။
ကျောင်းအုပ်ရုံးခန်းမှထွက်လာပြီးနောက် ဇူအန် ကျန်းလော့ဖူ၏ သွယ်လျရှည်လျားသောခြေထောက်များကို စိတ်ကူးယဉ်နေလေသည်။
ဖီးဖီး..ဖီး..ငါက သူပြောတာကို စဉ်းစားနေတာပါ။ ကြည့်ရတာ အန္တရာယ်က ခြေထောက်ပေါက်ပြီး ရောက်ရောက်လာသလိုပဲ။ ငါ့ရဲ့ ထန်စန်းလို ခန္ဓာကိုယ်က အန္တရာယ်ကို လက်ယက်ခေါ်နေတော့မှာပဲ။ ငါလမ်းလျှောက်ရင်တောင် မြေခွေးမိစ္ဆာတွေ ငါ့အပေါ် ခုန်အုပ်လာကြလိမ့်မယ်။
ဝေဆောင်နှင့် လမ်းခွဲလိုက်သော စာသင်ခန်းကိုရောက်သောအခါ ထိုင်ခုံအားလုံးနီးပါး ပြည့်နေကြောင်း တွေ့လိုက်ရသည်။ အထဲမှကျောင်းသားများသည် အပြင်ကအသံကြောင့် စိတ်လွင့်သွားပြီး တံခါးဝကို ကြည့်နေကြသည်။
ဒါဆို ငါက ပုံမှန်ကျောင်းသားမဟုတ်ဘဲ သင်ခန်းစာတစ်ဝက်ကျိုးမှ ရောက်လာတဲ့ အသစ်ပြောင်းလာတဲ့ကျောင်းသားပေါ့။
စင်မြင့်ပေါ်တွင် ရပ်နေသောဆရာသည် ပုံမှန်ရုပ်ရည်ရှိသော သာမန်သက်လတ်ပိုင်းလူတစ်ယောက်ပင်။ သူက လူအုပ်ကြားတွင် ပျောက်ကွယ်သွားနိုင်လောက်သော ပုံစံပင်-ဒါက ပညာရှင်ရုပ်အသွင်အပြင်ပဲ။
သူက ဇူအန်သူ့အတန်းကို ရောက်လာမည်ဟု ကြိုသိပြီးသားပင်။ သူက သင်ခန်းစာကို ရပ်လိုက်ပြီး ဇူအန်ကို အထဲဝင်ခိုင်းလိုက်သည်။
"အားလုံးပဲ သူကဒီနေ့ကစပြီး ငါတို့အခန်းကို ရောက်လာတဲ့ကျောင်းသားပဲ။ နွေးနွေးထွေးထွေး ကြိုဆိုလိုက်ရအောင်"
"ကြိုဆို…ပါတယ်"
အတန်းဖော်များက အသက်မဲ့စွာ ပြော၍ လက်ခုပ်တစ်ချက် နှစ်ချက် ထတီးလေသည်။
ဇူအန်က သူ့အလယ်တန်းကျောင်းသားဘဝကို ပြန်သတိရသွားသည်။ ယခုဖြစ်ပေါ်နေသော မြင်ကွင်းမှာ သူအလွန်ပင် ရင်းနှီးနေလေသည်။
"ကျောင်းသားသစ် ဒီကိုလာပြီး မိတ်ဆက်လိုက်" ဆရာက ပြောသည်။
ဇူအန် စင်မြင့်ထက်ကို သွားလိုက်ပြီး
"ဇူအန်,ယောက်ျားလေး,လိင်ကွဲစိတ်ဝင်စားတယ်" ထိုသို့ပြောပြီး ဆင်းသွားလေသည်။
နောက်က ဆရာသည် မျက်လုံးကလယ်ကလယ်ဖြင့် ကျန်ခဲ့သည်။
ဒါပဲလား...
ကျောင်းသူတစ်ချို့က တီးတိုးပြောနေကြသည်။
"ဟဲ့ သူ့မှာ ပုံစံတစ်ခုရှိတာပဲ ငါကြိုက်တယ်"
"ဘယ်လိုတောင် ချေရတာလဲ"
"သူ့ကြည့်ရတာ မိန်းမပွေသလိုပဲ"
"ဟမ့် သူ့လောက်ချောတဲ့လူက မပွေပဲ နေပါ့မလား။ လူဆိုးတိုင်းက ပိုဆွဲဆောင်မှု ရှိကြတယ်"
ကျောင်းသားများကတော့ တုံးပြန်ပုံ မတူချေ။ ဇူအန်ကို ရန်လိုစွာဖြင့် ကြည့်နေကြသည်။
"ဒီကောင်က တအားမောက်မာတာပဲ။ ထ ရိုက်ချင်စရာ"
"သူက ဘယ်လိုလုပ် ရုပ်ချောမှာလဲ။ ငါ့ကိုတောင် မမီဘူး"
"ဘာလို့ ယောက်ျားလေးပဲလဲ။ ငါတို့အထောက်အပံ့က ပိုနည်းသွားပြန်ဦးမယ်"
ဇူအန် အမျက်ပွိုင့်ရာကျော် ချက်ချင်း ရလိုက်သည်။ သူ့အတန်းဖော်အားလုံးက သူ့အမြင်တွင် ချစ်စရာကောင်းလာရသည်။
"ဒီမှာ ဒီမှာ" ဝေဆောင်က အခန်းနောက်နားမှ လက်ပြနေသည်။ ဇူအန် တွေဝေသွားသည်။ သူက မိန်းမလှလေးတစ်ယောက်နှင့် အတူထိုင်ချင်သည်။ သို့သော် စင်မြင့်ပေါ်မှ တစ်ချက်ကြည့်လိုက်စဉ်က ဤအခန်းတွင် အလွန်လှပသော မိန်းကလေးမရှိပါ။ နောက်ဆုံးတော့ ဝေဆောင်ဘေးတွင်ပင် ထိုင်လိုက်လေသည်။
“ဒေါက် ဒေါက် ဒေါက်”
ဆရာက သင်ပုန်းကိုခေါက်၍
"သင်ခန်းစာပြန်ဆက်ရအောင် ဘယ်ရောက်သွားပြီလဲ"
သူက စာအုပ်ကိုလှန်လိုက်ပြီး ဆက်ပြောလေသည်။
"အာ..ဒီမှာပဲ ။ဟုတ်ပြီ သင်ခန်းစာဆက်ရအောင်...."
"အပြစ်ရှိသူကို အပြစ်ပေး၍တားဆီးမည်။ သတ္တိရှိသူကို ချီးကျူးမည်။ ပရိယာယ်ကြွယ်၍ ပညာရှိစွာ အများအကျိုးဆောင်ရွက်သူအား ထိုက်ထိုက်တန်တန် ဆုချမည်။ စီးပွားရေးဥပဒေကို တင်းကြပ်၍ ဥပဒေမဲ့အကျိုးရှာသူများကို အပြစ်ပေးမည်။ ကုန်သွယ်မှုကို အားပေးသော်လည်း စိုက်ပျိုးရေးကို အခြေခံရမည်။ စိုက်ပျို့ရေးနိမ့်ကျလာပါက တိုင်းပြည်မငြိမ်မသက်ဖြစ်၍ အတွင်းမှ ပြိုလဲနိုင်သည်။ စားနက်ရိက္ခာအပိုရှိပါက အဆင့်အတန်းမြင့်ရန် လှူတန်းနိုင်သည်။ ဤနည်းအားဖြင့် လူတွေ စိတ်ဓာတ်တက်ကြွပြီး အလုပ်တွင်ပေလိမ့်မည်။"
"အပေါက်များပါသော ပိုက်လုံးတစ်ခုကဲ့သို့ အလုပ်လုပ်ခြင်းမှ မဟုတ်သော ပေးကမ်းခြင်းကို လက်ခံသူသည် ကျရှုံးပေလိမ့်မည်။ ချီးကျူးထိုက်သူများအား အရာရှိရာထူးခန့်အပ်ခြင်းသည် လူများ၏ ဉာဏ်ပညာကို လမ်းဖွင့်ရန်ပင်။ ရဲ့ရင့်တက်ကြွသောလူများ အုပ်ချုပ်ခြင်းဖြင့် တိုင်းပြည်တိုးတက်ပေလိမ့်မည်။ တိုင်းပြည်တစ်ခုက ကောင်းမှုကိုလိုက်၍ ဆုပေးခြင်းဖြင့် အုပ်ချုပ်မှုလည်ပတ်နိုင်ပြီး သံသယများလည်း ရှင်းသွားပေလိမ့်မည်။ ဒီအရာက နိုင်ငံရေးကို အသုံးချ၍ နိုင်ငံရေးကို ချိုးနှိမ်ခြင်း၊ စကားလုံးများကို အသုံးချ၍ အပြောများကို ဖျက်စီးခြင်း လို့ခေါ်တယ်။ ဒါကြောင့် ကောင်းမှုနဲ့ အမျိုးမြင့်ခြင်းစနစ်တစ်ခု လိုအပ်တာပဲ"
"တိုင်းပြည်က သန်မာနေသ၍ ဒါက ရှောင်ဖယ်လို့မရဘူး။ လွှတ်လိုက်တဲ့ စစ်သည်တွေက အနိုင်ရပြီး သိမ်းပိုက်လိုက်တဲ့ နယ်မြေတွေကို ထိန်းသိမ်းနိုင်တာပဲ..."
ဤစာအရှည်ကြီးများကို ဇူအန်လိုက်နားထောင်နေသည်။ ဆရာပြောသော စကားတိုင်းကို နားလည်သည်။ သို့သော် အကုန်ပြန်စုလိုက်သောအခါ တစ်ခုမှ မသိတော့ချေ။
"သူဘာတွေ ပြောနေတာလဲ" ဇူအန် ဝေဆောင့်ကို မေးလိုက်သည်။
ဝေဆောင်လည်း ခေါင်းယမ်းလိုက်ပြီး
"ငါလည်း မသိဘူး"
"ဒါက ဘာသင်ခန်းစာလဲ" မည်သို့ဆိုစေ ဇူအန်သည် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပင်။ ရုတ်တရက် စာမတတ်ပေမတတ်ဖြစ်သွားရန် မဖြစ်နိုင်ပေ။
"ဒါက ရာဇဝတ်ရေးရာဥပဒေရဲ့ သင်ခန်းစာထင်တာပဲ" ဝေဆောင် ရှင်းပြလိုက်သည်။
"အဲ့ဆရာက ကျန်စန်း-နာမည်ပြောင်က ဥပဒေအလွန်က တရားခံ။ သူက ဒုတိယရာဇဝတ်တရားသူကြီးလက်အောက်မှာ အလုပ်လုပ်နေပြီး ဥပဒေရဲ့ လက်တစ်လုံးခြားလွတ်ပေါက်တွေကို အရမ်းကျွမ်းတယ်။ သူက တစ်ခါတစ်ရံ ကျောင်းသားတွေကို ဥပဒေအကြောင်းနားလည်အောင် ယာယီဆရာတစ်ယောက်အနေနဲ့ လာလေ့ရှိတယ်။ မင်းလည်းသိတာပဲ ငါတို့အရည်အသွေးနဲ့ ကျင့်ကြံမှုမှာ တိုးတက်ဖို့မလွယ်ဘူးလေ။ အဲ့တာကြောင့် ငါတို့သင်ခန်းစာအများစုက ဒီလိုအသုံးကျတဲ့ ဗဟုသုတတွေများတယ်"
ဇူအန်က ကျင့်ကြံမှုအလျောက် ရာထူးအဆင့်များအကြောင်း အကြမ်းဖျင်းသိလေသည်။လပြည့် မြို့တော်ဝန်က အဆင့်၇ ဖြစ်ပြီး သူ့လက်အောက်တွင် ဒုတိယမြို့တော်ဝန်နှင့် စီမံရေးမှူးချုပ် ရှိသည်။ သူတို့က မြို့တော်ဝန်၏ ညာလက်ရုံးများဖြစ်ပြီး အဆင့်၅ တွင် ရှိလေသည်။
ဒုတိယမြို့တော်ဝန်အောက်တွင် ဌာန ၆ခုရှိသည်။ စစ်မက်ရေးရာဌာန၊ ဥပဒေဌာန၊ မြို့ပြရေးရာဌာန၊ ကိုယ်ရေးအချက်အလက်ဌာန၊ အခွန်ဌာနနှင့် စိုက်ပျိုးရေးရာဌာန တို့ဖြစ်ပြီး သူ့နယ်ပယ်နှင့်အလိုက် စီမံအုပ်ချုပ်ကြရသည်။ ဌာနတိုင်း၏ ခေါင်းဆောင်သည် အဆင့်၃ များဖြစ်ကြသည်။
လပြည့်မြို့သည် မြို့ကြီးတစ်ခု ဖြစ်သောကြောင့် အရာရှိများမှာလည်း အဆင့်မြင့်နေခြင်းပင်။
အလယ်အလတ်အရွယ် မြို့တွင်ကား မြို့စားသည် အဆင့်၅ ဖြစ်ပြီး ဒုတိယမြို့စားနှင့် စီမံရေးမှူးသည် အဆင့်၃ သာ ရှိလေသည်။ မြို့ငယ်များတွင်ကား အဆင့်၄ မြို့စားပင် ရှိလေသည်။
စင်မြင့်ပေါ်ရှိဆရာသည်ကား ဒုတိယမြို့တော်ဝန် လက်အောက်ရှိ ဥပဒေဌာနမှ ဖြစ်လေသည်။ သူ့တွင် အားလပ်ချိန်ရှိတိုင်း လပြည့်ဝန်းအကယ်ဒမီကိုလာ၍ ကျောင်းသားများကို ပို့ချလေ့ရှိသည်။
ဒါက ဇူအန်နှင့် မစိမ်းပေ။ သူ့အရင်ဘဝမှ တက္ကသိုလ်များတွင်လည်း အချိန်ပိုင်းဆရာများစွာ ရှိလေသည်။
"ဘယ်လိုလဲ။ ကျောင်းအုပ်ကျန်းက မိုက်လား" ဝေဆောင် ကြိုသိနေသောအကြည့်ဖြင့် မေးလေသည်။ သူ့ချစ်သူအား ကြွားဝါနေသော မျက်နှာထားနီးပါးပင်။
ဇူအန် သူ့လက်ချောင်းများမှတစ်ဆင့် ခံစားလိုက်ရသော နွေးထွေး၍ နူးညံသော အထိအတွေ့ကို ပြန်ခံစားမိလိုက်ပြီး လွှတ်ခနဲ ပြန်ဖြေလိုက်မိသည်။
"ဆောက်ရမ်းပဲ…"
"သူ့ခြေအိတ်အရောင်က ဘာရောင်လဲ" ဝေဆောင် အမာခံပရိသတ်ကဲ့သို့ပင် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဇူအန်နောက်ဆုတ်၍ နည်နည်းခွာလိုက်ပြီး
"အနက်ရောင်…ဇာထင်တာပဲ"
"ငါ့နတ်သမီးလို့မပြောရဘူး...အိုး.."ဝေဆောင် အရှက်မဲ့စွာ ငြီးလိုက်သည်။ ခြေအိတ်အရောင်သိရုံဖြင့် သူ့ကိုယ်သူသာယာမှုပေးနိုင်သည့်ပုံပင်။
ဇူအန် အထင်သေးစွာ ခေါင်းယမ်းလိုက်သည်။ ဒီကောင်က တကယ့်နှာဘူးပဲ။
ရုတ်တရက် လေတိုးသံစူးစူးတစ်ခုကြားလိုက်ရပြီး ဝေဆောင်အော်ငိုလေသည်။ သူ့နဖူးပေါ်တွင် ဘုတစ်လုံးထလာလေသည်။
ဇူအန် ဝေဆောင်ဘေးရှိ ကြမ်းပြင်တွင် မြေဖြူတစ်ပိုင်းကို တွေ့လိုက်ရသည်။ ဘယ်လောကမှာဖြစ်ဖြစ် ဆရာတိုင်းက ဒီလျှို့ဝှက်သိုင်းကို ကျွမ်းကြတာပဲဟ။
သို့သော်လည်း အရင်ဘဝတွင်မူ အနည်းငယ်သာ ခေါက်မိပေလိမ့်မည်။ ကံဆိုးစွာပင် ဒီလောကရှိ ဆရာများသည် အားကောင်းသော ကျင့်ကြံသူများ ဖြစ်နေသည်။ သူတို့သာ အတည်လုပ်ပါက လူတစ်ယောက်၏အသက်ကို နှုတ်ယူနိုင်လေသည်။
စင်မြင့်ပေါ်ရှိ ကျန်စန်းက ဝေဆောင်အား မျက်နှာမဲ့၍ ကြည့်နေလေသည်။
"မသိရင် စာသင်ခန်းနောက်မှာ နေပြီး ငါပြောတာကို သေချာနားထောင်လေ"
တွေဝေခြင်းမရှိဘဲ ဝေဆောင် အခန်းနောက်ကို သွားရပ်လိုက်လေသည်။
ဇူအန် စိတ်ထဲတွင် ကျိန်ဆဲ၍ မတ်မတ်ထိုင်လိုက်မိသည်။
သေစမ်း ဆရာတွေ စာမေးတာကို သေအောင်မုန်းတာ။ အဲ့တာက ငါ့ကို တစ်ချိန်လုံးရင်ထိတ်စေတယ်။ တစ်ခြားလောကကို ဝိညာဉ်ကူးပြောင်းလာပြီးတာတောင် ဒီလိုနှိပ်စက်မှုမျိုးကြုံရအောင် ငါဘာများ အမှားလုပ်ခဲ့မိလို့လဲ။
သင်ခန်းစာပြီးချိန်အထိ အသက်ရှင်ရန် ဇူအန်အတွက် မလွယ်ကူပေ။ဆရာထွက်သွားသည်နှင့် ကူကယ်ရာမဲ့သောမျက်နှာဖြင့် ထိုက်ခုံပေါ်တွင် မှောက်ကျသွားသည်။ ဘယ်နေ့မှ ဒီလိုကိစ္စမျိုး ပြီးလိမ့်မလဲဟု ဇူအန်တွေးနေလေသည်။
ရုတ်တရက် အရိပ်တစ်ခု ဇူအန်ပေါ်ကျလာသည်။ ဇူအန်မျက်လုံးဖွင့်လိုက်ပြီး သူ့ဘေးတွင် ရပ်နေသော ဝတုတ်တစ်ယောက်ကို တွေ့လိုက်ရသည်။
"ဟင်…"ဇူအန် စိတ်မဝင်စားသောလေသံဖြင့် မေးလိုက်သည်။ မိန်းမလှတစ်ယောက်ဆိုပါက ဇူအန်အနည်းငယ် ပျူငှာပေဦးမည်။ သို့သော် ဝက်တစ်ကောင်ကိုတော့ အဖက်လုပ်ရန် အချိန်မရှိပေ။
"ငါမင်းကို တောထဲမှာစောင့်နေမယ်" ဖက်တီးက ထိုသို့ပြောပြီး အခန်းထဲမှ ထွက်သွားလေသည်။ သူ့နောက်လိုက်ဟုထင်ရသော တစ်ချို့ကျောင်းသားများက သူ့အနောက်မှ ပါသွားလေသည်။
"အဲ့ငနဲက ဘယ်သူလဲ။ ရူးနေတာလား" ဇူအန် မေးလိုက်သည်။
အခန်းနောက်ခြမ်းမှထွက်လာသော ဝေဆောင်က အသံတိုးရန်ဟန်ပြ၍
"ရှူး တိုးတိုးပြော မကြားစေနဲ့ အဲ့ကောင်က အခန်းထဲက ခေါင်းဆောင် မန်ယွီ။ အတော်လေး ရက်စက်တဲ့ကောင်"
ဝေဆောင်မျက်နှာမှ ကြောက်လန့်မှုကိုကြည့်၍ ဇူအန် ခပ်သဲ့သဲ့ ရယ်လိုက်သည်။
"မင်းအရင်က သူရိုက်တာခံလိုက်ရတယ်မလား"
ဝေဆောင် အန်းတန်းတန်းသာ ရယ်နိုင်လေသည်။
"မင်းသွားကြည့်ဖို့ပဲ ငါအကြံပေးချင်တယ်။ မင်းသွားရင် အများဆုံးက ကီကျောက်အလုခံရရုံပဲ။ မသွားရင် အရိုက်ပါခံရနိုင်တယ်"
ဇူအန် စိတ်ဝင်စားသွားသည်။
"အဲ့ကောင်က ကီကျောက် ခိုးတယ်လား"
ဝေဆောင် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ငါရထားတဲ့ ကီကျောက်ကိုလည်း သူတို့ပဲ ယူသွားတာ။ ငါတို့က ကျင့်ကြံမှုတိုးတက်ဖို့လည်း လမ်းမမြင်တော့ သိပ်တော့အရေးမကြီးပါဘူး။ ကီကျောက်က ငါတို့အတွက် အရေးမှမကြီးတာ အဲ့အတွက်နဲ့ ဒီကောင့်ကို သွားရန်စဖို့ မတန်ဘူး"
"ဒါပေမဲ့ ကီကျောက်က တန်ဖိုးကြီးတယ်လို့ ငါကြားထားတာ"ဇူအန် ထပြောသည်။
"အာ အဲ့တာမှန်တယ်။ မှောင်ခိုစျေးမှာ တစ်တုံးကို ရွှေဆယ်စလောက်တန်တယ်လို့ ကြားတယ်။ ရောင်းချင်တဲ့လူရှိရင်ပေါ့" ဝေဆောင် ပြန်ပြောလေသည်။
ဇူအန် မျက်လုံးတောက်သွားသည်။
ပိုက်ဆံအကြောင်းဆို ငါစိတ်ဝင်စားပြီလေ။ ရွှေဆယ်စဆိုရင် 180,000 ဝမ်။
သူက ဒီလောကနှင့် စိမ်းနေသေး၍ အရင်ဘဝက ငွေကြေးကို ပိုရင်းနှီးလေသည်။ ထိုသို့တွက်ခြင်းက သူ့အတွက် မြင်သာသည်။
ပိုက်ဆံက သူလိုအပ်နေတဲ့ အရာတစ်ခုဖြစ်နေသည်ပင်။ သူသာ ကီကျောက်တစ်ချို့ ရလိုက်လျှင် ပြဿနာအများကြီး ပြေလည်သွားပေလိမ့်မည်။
သူ့စိတ်လှုပ်ရှားမှု များလွန်း၍ ထိုင်ခုံမှ ဝုန်းခနဲထရပ်လိုက်ပြီး အပြင်သို့ ပြေးထွက်သွားလေသည်။
မကြာခင် ဖက်တီးပြောသော တောစပ်ကို ရောက်လာလေသည်။ ထိုနေရာက ချောင်ကျ၍ လူအများအပြားမရှိပေ။ ထိုဝက်က ကြိုတင် ကင်းလှည့်ပြီးတာ သိသာလေသည်။
"မင်းနေရာမင်းတော့ သိသေးသားပဲ" ဇူအန်ကိုတွေ့သောအခါ ဖက်တီး မန်ယွီက ရှေ့တိုး၍ လက်ကို ဆန့်ထုတ်လိုက်သည်။
"မင်းဒီနေ့ ရလိုက်တဲ့ အထောက်အပံ့ပစ္စည်းအကုန်လုံး ငါ့ကိုပေး။ နောက်ဆို မင်းကိုငါ ကာကွယ်ပေးမယ်"
----- ----- ----- ----- ----- ----- ----- ------ ----- ------ ------ ------
Chapter 44: ေငြညွစ္ျခင္း
က်န္းေလာ့ဖူ သူ႕ကို အိတ္တစ္ခု ပစ္ေပးသည္။
"မင္းယူၿပီးေတာ့ စာသင္ခန္းကို ျပန္လို႔ရၿပီ"
ဇူအန္ ဖမ္း၍ ဖြင့္ၾကည့္လိုက္သည္။ အထဲတြင္ ေဆး႐ြက္အခ်ိဳ႕ႏွင့္ လက္တစ္ေခ်ာင္းစာ အနီေရာင္ေက်ာက္တစ္ခုေတြ႕ရေလသည္။ ဇူအန္ စိတ္ဝင္တစားျဖင့္ ေမးလိုက္သည္။
"ဒါကဘာလဲ"
"မင္းလိုအပ္တဲ့ က်င့္ႀကံမႈအေထာက္အပံ့ေလ။ ေဆး႐ြက္ေတြက ေဆးစိမ္ၿပီး ေရခ်ိဳးဖို႔အတြက္ ကီေက်ာက္က မင္းစုပ္ယူၿပီး ေလ့က်င့္ဖို႔"က်န္းေလာ့ဖူ ျပန္ေျဖ၏။
ဇူအန္ အထင္မလြဲေစရန္ ထပ္မံရွင္းျပလိုက္ေသးသည္။
"ေက်ာင္းသားတိုင္းက တစ္စုံစီရတယ္။ ဒါက အဝါေရာင္အခန္းက ေက်ာင္းသားတိုင္းရတဲ့ ပမာဏ"
"ဒါဆို ဒီဟာက ကီေက်ာက္ေပါ့" ဇူအန္ ထုတ္၍ အနီးကပ္ ၾကည့္လိုက္သည္။ အရင္ဘဝက ပတၱျမားႏွင့္ ခြၽတ္စြတ္ပင္။
က်န္းေလာ့ဖူ နားလည္ရခက္သြားသည္။
"မင္းတစ္ခါမွ မျမင္ဖူးဘူးလား။ ဒါဆို အရင္က မင္းဘယ္လိုေလ့က်င့္တာလဲ"
ဇူအန္က ကီးဘုတ္အေၾကာင္းမေျပာခ်င္၍ စကားလွည့္လိုက္သည္။
"ခင္ဗ်ားေျပာေတာ့ က်ဳပ္က အၾကည့္ေရာင္အဆင့္ဆို။ အနည္းဆုံးေတာ့ ေကာင္းကင္အခန္းကိုေတာ့ ဝင္ခြင့္ရွိမွေပါ့။ အခန္းမေျပာင္းေပးရင္ေတာင္ အေထာက္အပံ့ကေတာ့ သူတို႔နဲ႕တူသင့္တယ္ေလ။ မဟုတ္ဘူးလား"
က်န္းေလာ့ဖူ ႏွာမႈတ္လိုက္သည္။
"ငါက အေထာက္အပံကို စိတ္တိုင္းက်ေပးလို႔ရတယ္ ထင္ေနလား။ ေက်ာင္းသားတစ္ေယာက္ခ်င္းစီရဲ႕ အေထာက္အပံ့ကို ေတာ္ဝင္လႊတ္ေတာ္ရဲ႕ စိမံဝန္ႀကီးက သတ္မွတ္တာ။ ေက်ာင္းသားတစ္ေယာက္ခ်င္းစီရဲ႕ ေထာက္ပံ့မႈကို စာရင္းလုပ္ၿပီး စစ္ေဆးဖို႔ ျပန္တင္ရတယ္။ မင္းအရည္အေသြးကို တစ္ေယာက္ေယာက္ရွာေတြ႕မွာ မေၾကာက္ဘူးဆိုရင္ ယူေပါ့"
"ေမ့လိုက္ပါေတာ့ အဲ့တာဆိုလည္း" ဇူအန္ ျပန္ေျဖသည္။ သူ႕မွာကီးဘုတ္ရွိတာပဲ။ ကီေက်ာက္တစ္ခ်ိဳ႕တစ္ေလအတြက္ စြန့္စားဖို႔မလိုပါဘူး။
"သြားေတာ့" က်န္းေလာ့ဖူက ဇူအန္ဒီမွာဆက္ရွိေနလွ်င္ စိတ္ေပါက္၍ ရိုက္ႏွက္မိမည္ကို စိုးေလသည္။
ေက်ာင္းအုပ္႐ုံးခန္းမွထြက္လာၿပီးေနာက္ ဇူအန္ က်န္းေလာ့ဖူ၏ သြယ္လ်ရွည္လ်ားေသာေျခေထာက္မ်ားကို စိတ္ကူးယဥ္ေနေလသည္။
ဖီးဖီး..ဖီး..ငါက သူေျပာတာကို စဥ္းစားေနတာပါ။ ၾကည့္ရတာ အႏၱရာယ္က ေျခေထာက္ေပါက္ၿပီး ေရာက္ေရာက္လာသလိုပဲ။ ငါ့ရဲ႕ ထန္စန္းလို ခႏၶာကိုယ္က အႏၱရာယ္ကို လက္ယက္ေခၚေနေတာ့မွာပဲ။ ငါလမ္းေလွ်ာက္ရင္ေတာင္ ေျမေခြးမိစ္ဆာေတြ ငါ့အေပၚ ခုန္အုပ္လာၾကလိမ့္မယ္။
ေဝေဆာင္ႏွင့္ လမ္းခြဲလိုက္ေသာ စာသင္ခန္းကိုေရာက္ေသာအခါ ထိုင္ခုံအားလုံးနီးပါး ျပည့္ေနေၾကာင္း ေတြ႕လိုက္ရသည္။ အထဲမွေက်ာင္းသားမ်ားသည္ အျပင္ကအသံေၾကာင့္ စိတ္လြင့္သြားၿပီး တံခါးဝကို ၾကည့္ေနၾကသည္။
ဒါဆို ငါက ပုံမွန္ေက်ာင္းသားမဟုတ္ဘဲ သင္ခန္းစာတစ္ဝက္က်ိဳးမွ ေရာက္လာတဲ့ အသစ္ေျပာင္းလာတဲ့ေက်ာင္းသားေပါ့။
စင္ျမင့္ေပၚတြင္ ရပ္ေနေသာဆရာသည္ ပုံမွန္႐ုပ္ရည္ရွိေသာ သာမန္သက္လတ္ပိုင္းလူတစ္ေယာက္ပင္။ သူက လူအုပ္ၾကားတြင္ ေပ်ာက္ကြယ္သြားနိုင္ေလာက္ေသာ ပုံစံပင္-ဒါက ပညာရွင္႐ုပ္အသြင္အျပင္ပဲ။
သူက ဇူအန္သူ႕အတန္းကို ေရာက္လာမည္ဟု ႀကိဳသိၿပီးသားပင္။ သူက သင္ခန္းစာကို ရပ္လိုက္ၿပီး ဇူအန္ကို အထဲဝင္ခိုင္းလိုက္သည္။
"အားလုံးပဲ သူကဒီေန႕ကစၿပီး ငါတို႔အခန္းကို ေရာက္လာတဲ့ေက်ာင္းသားပဲ။ ႏြေးႏြေးေထြးေထြး ႀကိဳဆိုလိုက္ရေအာင္"
"ႀကိဳဆိုပါတယ္"
အတန္းေဖာ္မ်ားက အသက္မဲ့စြာ ေျပာ၍ လက္ခုပ္တစ္ခ်က္ ႏွစ္ခ်က္ ထတီးေလသည္။
ဇူအန္က သူ႕အလယ္တန္းေက်ာင္းသားဘဝကို ျပန္သတိရသြားသည္။ ယခုျဖစ္ေပၚေနေသာ ျမင္ကြင္းမွာ သူအလြန္ပင္ ရင္းႏွီးေနေလသည္။
"ေက်ာင္းသားသစ္ ဒီကိုလာၿပီး မိတ္ဆက္လိုက္" ဆရာက ေျပာသည္။
ဇူအန္ စင္ျမင့္ထက္ကို သြားလိုက္ၿပီး
"ဇူအန္,ေယာက္်ားေလး,လိင္ကြဲစိတ္ဝင္စားတယ္" ထိုသို႔ေျပာၿပီး ဆင္းသြားေလသည္။
ေနာက္က ဆရာသည္ မ်က္လုံးကလယ္ကလယ္ျဖင့္ က်န္ခဲ့သည္။
ဒါပဲလား...
ေက်ာင္းသူတစ္ခ်ိဳ႕က တီးတိုးေျပာေနၾကသည္။
"ဟဲ့ သူ႕မွာ ပုံစံတစ္ခုရွိတာပဲ ငါႀကိဳက္တယ္"
"ဘယ္လိုေတာင္ ေခ်ရတာလဲ"
"သူ႕ၾကည့္ရတာ မိန္းမေပြသလိုပဲ"
"ဟမ့္ သူ႕ေလာက္ေခ်ာတဲ့လူက မေပြပဲ ေနပါ့မလား။ လူဆိုးတိုင္းက ပိုဆြဲေဆာင္မႈ ရွိၾကတယ္"
ေက်ာင္းသားမ်ားကေတာ့ တုံးျပန္ပုံ မတူေခ်။ ဇူအန္ကို ရန္လိုစြာျဖင့္ ၾကည့္ေနၾကသည္။
"ဒီေကာင္က တအားေမာက္မာတာပဲ။ ထ ရိုက္ခ်င္စရာ"
"သူက ဘယ္လိုလုပ္ ႐ုပ္ေခ်ာမွာလဲ။ ငါ့ကိုေတာင္ မမီဘူး"
"ဘာလို႔ ေယာက္်ားေလးပဲလဲ။ ငါတို႔အေထာက္အပံ့က ပိုနည္းသြားျပန္ဦးမယ္"
ဇူအန္ အမ်က္ပြိုင့္ရာေက်ာ္ ခ်က္ခ်င္း ရလိုက္သည္။ သူ႕အတန္းေဖာ္အားလုံးက သူ႕အျမင္တြင္ ခ်စ္စရာေကာင္းလာရသည္။
"ဒီမွာ ဒီမွာ" ေဝေဆာင္က အခန္းေနာက္နားမွ လက္ျပေနသည္။ ဇူအန္ ေတြေဝသြားသည္။ သူက မိန္းမလွေလးတစ္ေယာက္ႏွင့္ အတူထိုင္ခ်င္သည္။ သို႔ေသာ္ စင္ျမင့္ေပၚမွ တစ္ခ်က္ၾကည့္လိုက္စဥ္က ဤအခန္းတြင္ အလြန္လွပေသာ မိန္းကေလးမရွိပါ။ ေနာက္ဆုံးေတာ့ ေဝေဆာင္ေဘးတြင္ပင္ ထိုင္လိုက္ေလသည္။
ေဒါက္ ေဒါက္ ေဒါက္
ဆရာက သင္ပုန္းကိုေခါက္၍
"သင္ခန္းစာျပန္ဆက္ရေအာင္ ဘယ္ေရာက္သြားၿပီလဲ"
သူက စာအုပ္ကိုလွန္လိုက္ၿပီး ဆက္ေျပာေလသည္။
"အာ..ဒီမွာပဲ ။ဟုတ္ၿပီ သင္ခန္းစာဆက္ရေအာင္...."
"အျပစ္ရွိသူကို အျပစ္ေပး၍တားဆီးမည္။ သတၱိရွိသူကို ခ်ီးက်ဴးမည္။ ပရိယာယ္ႂကြယ္၍ ပညာရွိစြာ အမ်ားအက်ိဳးေဆာင္႐ြက္သူအား ထိုက္ထိုက္တန္တန္ ဆုခ်မည္။ စီးပြားေရးဥပေဒကို တင္းၾကပ္၍ ဥပေဒမဲ့အက်ိဳးရွာသူမ်ားကို အျပစ္ေပးမည္။ ကုန္သြယ္မႈကို အားေပးေသာ္လည္း စိုက္ပ်ိဳးေရးကို အေျခခံရမည္။ စိုက္ပ်ိဳ႕ေရးနိမ့္က်လာပါက တိုင္းျပည္မၿငိမ္မသက္ျဖစ္၍ အတြင္းမွ ၿပိဳလဲနိုင္သည္။ စားနက္ရိကၡာအပိုရွိပါက အဆင့္အတန္းျမင့္ရန္ လႉတန္းနိုင္သည္။ ဤနည္းအားျဖင့္ လူေတြ စိတ္ဓာတ္တက္ႂကြၿပီး အလုပ္တြင္ေပလိမ့္မည္။"
"အေပါက္မ်ားပါေသာ ပိုက္လုံးတစ္ခုကဲ့သို႔ အလုပ္လုပ္ျခင္းမွ မဟုတ္ေသာ ေပးကမ္းျခင္းကို လက္ခံသူသည္ က်ရႈံးေပလိမ့္မည္။ ခ်ီးက်ဴးထိုက္သူမ်ားအား အရာရွိရာထူးခန့္အပ္ျခင္းသည္ လူမ်ား၏ ဉာဏ္ပညာကို လမ္းဖြင့္ရန္ပင္။ ရဲ႕ရင့္တက္ႂကြေသာလူမ်ား အုပ္ခ်ဳပ္ျခင္းျဖင့္ တိုင္းျပည္တိုးတက္ေပလိမ့္မည္။ တိုင္းျပည္တစ္ခုက ေကာင္းမႈကိုလိုက္၍ ဆုေပးျခင္းျဖင့္ အုပ္ခ်ဳပ္မႈလည္ပတ္နိုင္ၿပီး သံသယမ်ားလည္း ရွင္းသြားေပလိမ့္မည္။ ဒီအရာက နိုင္ငံေရးကို အသုံးခ်၍ နိုင္ငံေရးကို ခ်ိဳးႏွိမ္ျခင္း၊ စကားလုံးမ်ားကို အသုံးခ်၍ အေျပာမ်ားကို ဖ်က္စီးျခင္း လို႔ေခၚတယ္။ ဒါေၾကာင့္ ေကာင္းမႈနဲ႕ အမ်ိဳးျမင့္ျခင္းစနစ္တစ္ခု လိုအပ္တာပဲ"
"တိုင္းျပည္က သန္မာေနသ၍ ဒါက ေရွာင္ဖယ္လို႔မရဘူး။ လႊတ္လိုက္တဲ့ စစ္သည္ေတြက အနိုင္ရၿပီး သိမ္းပိုက္လိုက္တဲ့ နယ္ေျမေတြကို ထိန္းသိမ္းနိုင္တာပဲ..."
ဤစာအရွည္ႀကီးမ်ားကို ဇူအန္လိုက္နားေထာင္ေနသည္။ ဆရာေျပာေသာ စကားတိုင္းကို နားလည္သည္။ သို႔ေသာ္ အကုန္ျပန္စုလိုက္ေသာအခါ တစ္ခုမွ မသိေတာ့ေခ်။
"သူဘာေတြ ေျပာေနတာလဲ" ဇူအန္ ေဝေဆာင့္ကို ေမးလိုက္သည္။
ေဝေဆာင္လည္း ေခါင္းယမ္းလိုက္ၿပီး
"ငါလည္း မသိဘူး"
"ဒါက ဘာသင္ခန္းစာလဲ" မည္သို႔ဆိုေစ ဇူအန္သည္ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ပင္။ ႐ုတ္တရက္ စာမတတ္ေပမတတ္ျဖစ္သြားရန္ မျဖစ္နိုင္ေပ။
"ဒါက ရာဇဝတ္ေရးရာဥပေဒရဲ႕ သင္ခန္းစာထင္တာပဲ" ေဝေဆာင္ ရွင္းျပလိုက္သည္။
"အဲ့ဆရာက က်န္စန္း-နာမည္ေျပာင္က ဥပေဒအလြန္က တရားခံ။ သူက ဒုတိယရာဇဝတ္တရားသူႀကီးလက္ေအာက္မွာ အလုပ္လုပ္ေနၿပီး ဥပေဒရဲ႕ လက္တစ္လုံးျခားလြတ္ေပါက္ေတြကို အရမ္းကြၽမ္းတယ္။ သူက တစ္ခါတစ္ရံ ေက်ာင္းသားေတြကို ဥပေဒအေၾကာင္းနားလည္ေအာင္ ယာယီဆရာတစ္ေယာက္အေနနဲ႕ လာေလ့ရွိတယ္။ မင္းလည္းသိတာပဲ ငါတို႔အရည္အေသြးနဲ႕ က်င့္ႀကံမႈမွာ တိုးတက္ဖို႔မလြယ္ဘူးေလ။ အဲ့တာေၾကာင့္ ငါတို႔သင္ခန္းစာအမ်ားစုက ဒီလိုအသုံးက်တဲ့ ဗဟုသုတေတြမ်ားတယ္"
ဇူအန္က က်င့္ႀကံမႈအေလ်ာက္ ရာထူးအဆင့္မ်ားအေၾကာင္း အၾကမ္းဖ်င္းသိေလသည္။လျပည့္ ၿမိဳ႕ေတာ္ဝန္က အဆင့္၇ ျဖစ္ၿပီး သူ႕လက္ေအာက္တြင္ ဒုတိယၿမိဳ႕ေတာ္ဝန္ႏွင့္ စီမံေရးမႉးခ်ဳပ္ ရွိသည္။ သူတို႔က ၿမိဳ႕ေတာ္ဝန္၏ ညာလက္႐ုံးမ်ားျဖစ္ၿပီး အဆင့္၅ တြင္ ရွိေလသည္။
ဒုတိယၿမိဳ႕ေတာ္ဝန္ေအာက္တြင္ ဌာန ၆ခုရွိသည္။ စစ္မက္ေရးရာဌာန၊ ဥပေဒဌာန၊ ၿမိဳ႕ျပေရးရာဌာန၊ ကိုယ္ေရးအခ်က္အလက္ဌာန၊ အခြန္ဌာနႏွင့္ စိုက္ပ်ိဳးေရးရာဌာန တို႔ျဖစ္ၿပီး သူ႕နယ္ပယ္ႏွင့္အလိုက္ စီမံအုပ္ခ်ဳပ္ၾကရသည္။ ဌာနတိုင္း၏ ေခါင္းေဆာင္သည္ အဆင့္၃ မ်ားျဖစ္ၾကသည္။
လျပည့္ၿမိဳ႕သည္ ၿမိဳ႕ႀကီးတစ္ခု ျဖစ္ေသာေၾကာင့္ အရာရွိမ်ားမွာလည္း အဆင့္ျမင့္ေနျခင္းပင္။
အလယ္အလတ္အ႐ြယ္ ၿမိဳ႕တြင္ကား ၿမိဳ႕စားသည္ အဆင့္၅ ျဖစ္ၿပီး ဒုတိယၿမိဳ႕စားႏွင့္ စီမံေရးမႉးသည္ အဆင့္၃ သာ ရွိေလသည္။ ၿမိဳ႕ငယ္မ်ားတြင္ကား အဆင့္၄ ၿမိဳ႕စားပင္ ရွိေလသည္။
စင္ျမင့္ေပၚရွိဆရာသည္ကား ဒုတိယၿမိဳ႕ေတာ္ဝန္ လက္ေအာက္ရွိ ဥပေဒဌာနမွ ျဖစ္ေလသည္။ သူ႕တြင္ အားလပ္ခ်ိန္ရွိတိုင္း လျပည့္ဝန္းအကယ္ဒမီကိုလာ၍ ေက်ာင္းသားမ်ားကို ပို႔ခ်ေလ့ရွိသည္။
ဒါက ဇူအန္ႏွင့္ မစိမ္းေပ။ သူ႕အရင္ဘဝမွ တကၠသိုလ္မ်ားတြင္လည္း အခ်ိန္ပိုင္းဆရာမ်ားစြာ ရွိေလသည္။
"ဘယ္လိုလဲ။ ေက်ာင္းအုပ္က်န္းက မိုက္လား" ေဝေဆာင္ ႀကိဳသိေနေသာအၾကည့္ျဖင့္ ေမးေလသည္။ သူ႕ခ်စ္သူအား ႂကြားဝါေနေသာ မ်က္ႏွာထားနီးပါးပင္။
ဇူအန္ သူ႕လက္ေခ်ာင္းမ်ားမွတစ္ဆင့္ ခံစားလိုက္ရေသာ ႏြေးေထြး၍ ႏူးညံေသာ အထိအေတြ႕ကို ျပန္ခံစားမိလိုက္ၿပီး လႊတ္ခနဲ ျပန္ေျဖလိုက္မိသည္။
"ေဆာက္ရမ္းပဲ"
"သူ႕ေျခအိတ္အေရာင္က ဘာေရာင္လဲ" ေဝေဆာင္ အမာခံပရိသတ္ကဲ့သို႔ပင္ စိတ္လႈပ္ရွားစြာ ေမးလိုက္သည္။
ဇူအန္ေနာက္ဆုတ္၍ နည္နည္းခြာလိုက္ၿပီး
"အနက္ေရာင္ဇာထင္တာပဲ"
"ငါ့နတ္သမီးလို႔မေျပာရဘူး...အိုး.."ေဝေဆာင္ အရွက္မဲ့စြာ ၿငီးလိုက္သည္။ ေျခအိတ္အေရာင္သိ႐ုံျဖင့္ သူ႕ကိုယ္သူသာယာမႈေပးနိုင္သည့္ပုံပင္။
ဇူအန္ အထင္ေသးစြာ ေခါင္းယမ္းလိုက္သည္။ ဒီေကာင္က တကယ့္ႏွာဘူးပဲ။
႐ုတ္တရက္ ေလတိုးသံစူးစူးတစ္ခုၾကားလိုက္ရၿပီး ေဝေဆာင္ေအာ္ငိုေလသည္။ သူ႕နဖူးေပၚတြင္ ဘုတစ္လုံးထလာေလသည္။
ဇူအန္ ေဝေဆာင္ေဘးရွိ ၾကမ္းျပင္တြင္ ေျမျဖဴတစ္ပိုင္းကို ေတြ႕လိုက္ရသည္။ ဘယ္ေလာကမွာျဖစ္ျဖစ္ ဆရာတိုင္းက ဒီလွ်ို႔ဝွက္သိုင္းကို ကြၽမ္းၾကတာပဲဟ။
သို႔ေသာ္လည္း အရင္ဘဝတြင္မူ အနည္းငယ္သာ ေခါက္မိေပလိမ့္မည္။ ကံဆိုးစြာပင္ ဒီေလာကရွိ ဆရာမ်ားသည္ အားေကာင္းေသာ က်င့္ႀကံသူမ်ား ျဖစ္ေနသည္။ သူတို႔သာ အတည္လုပ္ပါက လူတစ္ေယာက္၏အသက္ကို ႏႈတ္ယူနိုင္ေလသည္။
စင္ျမင့္ေပၚရွိ က်န္စန္းက ေဝေဆာင္အား မ်က္ႏွာမဲ့၍ ၾကည့္ေနေလသည္။
"မသိရင္ စာသင္ခန္းေနာက္မွာ ေနၿပီး ငါေျပာတာကို ေသခ်ာနားေထာင္ေလ"
ေတြေဝျခင္းမရွိဘဲ ေဝေဆာင္ အခန္းေနာက္ကို သြားရပ္လိုက္ေလသည္။
ဇူအန္ စိတ္ထဲတြင္ က်ိန္ဆဲ၍ မတ္မတ္ထိုင္လိုက္မိသည္။
ေသစမ္း ဆရာေတြ စာေမးတာကို ေသေအာင္မုန္းတာ။ အဲ့တာက ငါ့ကို တစ္ခ်ိန္လုံးရင္ထိတ္ေစတယ္။ တစ္ျခားေလာကကို ဝိညာဥ္ကူးေျပာင္းလာၿပီးတာေတာင္ ဒီလိုႏွိပ္စက္မႈမ်ိဳးႀကဳံရေအာင္ ငါဘာမ်ား အမွားလုပ္ခဲ့မိလို႔လဲ။
သင္ခန္းစာၿပီးခ်ိန္အထိ အသက္ရွင္ရန္ ဇူအန္အတြက္ မလြယ္ကူေပ။ဆရာထြက္သြားသည္ႏွင့္ ကူကယ္ရာမဲ့ေသာမ်က္ႏွာျဖင့္ ထိုက္ခုံေပၚတြင္ ေမွာက္က်သြားသည္။ ဘယ္ေန႕မွ ဒီလိုကိစၥမ်ိဳး ၿပီးလိမ့္မလဲဟု ဇူအန္ေတြးေနေလသည္။
႐ုတ္တရက္ အရိပ္တစ္ခု ဇူအန္ေပၚက်လာသည္။ ဇူအန္မ်က္လုံးဖြင့္လိုက္ၿပီး သူ႕ေဘးတြင္ ရပ္ေနေသာ ဝတုတ္တစ္ေယာက္ကို ေတြ႕လိုက္ရသည္။
"ဟင္"ဇူအန္ စိတ္မဝင္စားေသာေလသံျဖင့္ ေမးလိုက္သည္။ မိန္းမလွတစ္ေယာက္ဆိုပါက ဇူအန္အနည္းငယ္ ပ်ဴငွာေပဦးမည္။ သို႔ေသာ္ ဝက္တစ္ေကာင္ကိုေတာ့ အဖက္လုပ္ရန္ အခ်ိန္မရွိေပ။
"ငါမင္းကို ေတာထဲမွာေစာင့္ေနမယ္" ဖက္တီးက ထိုသို႔ေျပာၿပီး အခန္းထဲမွ ထြက္သြားေလသည္။ သူ႕ေနာက္လိုက္ဟုထင္ရေသာ တစ္ခ်ိဳ႕ေက်ာင္းသားမ်ားက သူ႕အေနာက္မွ ပါသြားေလသည္။
"အဲ့ငနဲက ဘယ္သူလဲ။ ႐ူးေနတာလား" ဇူအန္ ေမးလိုက္သည္။
အခန္းေနာက္ျခမ္းမွထြက္လာေသာ ေဝေဆာင္က အသံတိုးရန္ဟန္ျပ၍
"ရႉး တိုးတိုးေျပာ မၾကားေစနဲ႕ အဲ့ေကာင္က အခန္းထဲက ေခါင္းေဆာင္ မန္ယြီ။ အေတာ္ေလး ရက္စက္တဲ့ေကာင္"
ေဝေဆာင္မ်က္ႏွာမွ ေၾကာက္လန့္မႈကိုၾကည့္၍ ဇူအန္ ခပ္သဲ့သဲ့ ရယ္လိုက္သည္။
"မင္းအရင္က သူရိုက္တာခံလိုက္ရတယ္မလား"
ေဝေဆာင္ အန္းတန္းတန္းသာ ရယ္နိုင္ေလသည္။
"မင္းသြားၾကည့္ဖို႔ပဲ ငါအႀကံေပးခ်င္တယ္။ မင္းသြားရင္ အမ်ားဆုံးက ကီေက်ာက္အလုခံရ႐ုံပဲ။ မသြားရင္ အရိုက္ပါခံရနိုင္တယ္"
ဇူအန္ စိတ္ဝင္စားသြားသည္။
"အဲ့ေကာင္က ကီေက်ာက္ ခိုးတယ္လား"
ေဝေဆာင္ ေခါင္းညိတ္လိုက္သည္။
"ဟုတ္တယ္။ ငါရထားတဲ့ ကီေက်ာက္ကိုလည္း သူတို႔ပဲ ယူသြားတာ။ ငါတို႔က က်င့္ႀကံမႈတိုးတက္ဖို႔လည္း လမ္းမျမင္ေတာ့ သိပ္ေတာ့အေရးမႀကီးပါဘူး။ ကီေက်ာက္က ငါတို႔အတြက္ အေရးမွမႀကီးတာ အဲ့အတြက္နဲ႕ ဒီေကာင့္ကို သြားရန္စဖို႔ မတန္ဘူး"
"ဒါေပမဲ့ ကီေက်ာက္က တန္ဖိုးႀကီးတယ္လို႔ ငါၾကားထားတာ"ဇူအန္ ထေျပာသည္။
"အာ အဲ့တာမွန္တယ္။ ေမွာင္ခိုေစ်းမွာ တစ္တုံးကို ေ႐ႊဆယ္စေလာက္တန္တယ္လို႔ ၾကားတယ္။ ေရာင္းခ်င္တဲ့လူရွိရင္ေပါ့" ေဝေဆာင္ ျပန္ေျပာေလသည္။
ဇူအန္ မ်က္လုံးေတာက္သြားသည္။
ပိုက္ဆံအေၾကာင္းဆို ငါစိတ္ဝင္စားၿပီေလ။ ေ႐ႊဆယ္စဆိုရင္ 180,000 ဝမ္။
သူက ဒီေလာကႏွင့္ စိမ္းေနေသး၍ အရင္ဘဝက ေငြေၾကးကို ပိုရင္းႏွီးေလသည္။ ထိုသို႔တြက္ျခင္းက သူ႕အတြက္ ျမင္သာသည္။
ပိုက္ဆံက သူလိုအပ္ေနတဲ့ အရာတစ္ခုျဖစ္ေနသည္ပင္။ သူသာ ကီေက်ာက္တစ္ခ်ိဳ႕ ရလိုက္လွ်င္ ျပႆနာအမ်ားႀကီး ေျပလည္သြားေပလိမ့္မည္။
သူ႕စိတ္လႈပ္ရွားမႈ မ်ားလြန္း၍ ထိုင္ခုံမွ ဝုန္းခနဲထရပ္လိုက္ၿပီး အျပင္သို႔ ေျပးထြက္သြားေလသည္။
မၾကာခင္ ဖက္တီးေျပာေသာ ေတာစပ္ကို ေရာက္လာေလသည္။ ထိုေနရာက ေခ်ာင္က်၍ လူအမ်ားအျပားမရွိေပ။ ထိုဝက္က ႀကိဳတင္ ကင္းလွည့္ၿပီးတာ သိသာေလသည္။
"မင္းေနရာမင္းေတာ့ သိေသးသားပဲ" ဇူအန္ကိုေတြ႕ေသာအခါ ဖက္တီး မန္ယြီက ေရွ႕တိုး၍ လက္ကို ဆန့္ထုတ္လိုက္သည္။
"မင္းဒီေန႕ ရလိုက္တဲ့ အေထာက္အပံ့ပစၥည္းအကုန္လုံး ငါ့ကိုေပး။ ေနာက္ဆို မင္းကိုငါ ကာကြယ္ေပးမယ္"
----- ----- ----- ----- ----- ----- ----- ------ ----- ------ ------ ------