Chapter 40: သူ့နာမည်လိုပဲ
ဇူအန် လက်မထောင်ပြလိုက်သည်။
"လူအားလုံးထဲမှာ အမှိုက်အကျဆုံးက ကျုပ်လို့ ထင်ထားတာ...အခုတော့ ခင်ဗျားအဆင့်ထိရောက်ဖို့ အဝေးကြီးလိုသေးတာပဲ"
ထိုလူက ဇူအန်စကားကို စိတ်မဆိုးချေ။ သူက ယပ်တောင်ကိုပိတ်လိုက်ပြီး ခပ်တိုးတိုးရယ်လိုက်သည်။
"ခင်ဗျားပညာလိုချင်ရင် တစ်ချက်တစ်လေ ထောက်ပြပေးလို့ရပါတယ်။ ကျုပ်နာမည်က ချီရှို့ပါ။ ခင်ဗျားက ဘယ်လိုခေါ်လဲ"
"ကျုပ်က ဇူအန်ပါ" ထိုလူ့နာမည်က ပင်ကိုယ်ဆွဲဆောင်မှု ဟု အဓိပ္ပာယ်ရသောကြောင့် ဇူအန် အံသြနေသည်။
"အိုး..ခင်ဗျားနာမည်က ရင်းနှီးနေတယ်။ တစ်နေရာမှာ ကြားဖူးနေသလိုပဲ" ယပ်တောင်ကို မေးအောက်ကို ထောက်၍ စဉ်းစဉ်းစားစား ပြောလေသည်။
ဇူအန်ပြန်ပြောရန်ကြံနေစဉ် ချန်ရှို့ပင်းက လှမ်းခေါ်လေသည်။
"သခင်လေး အလှည့်ရောက်တော့မယ် မြန်မြန်ပြန်လာတော့"
ဇူအန် လက်သီးဆုတ်၍ နှုတ်ဆက်လိုက်သည်။
"အစ်ကိုရှို့ အခွင့်ကြုံရင် ခင်ဗျားဆီက ဘယ်လို လူရှုပ်လူ....ဖီး.ဖီး..ဖီး..ကျုပ်ပြောချင်တာ ပိုးပန်းနည်းကို သင်ယူမယ်လို့ပါ"
"မင်းကြည့်ရတာ ငါနဲ့ ဝါသနာတူတစ်ယောက်ပေါ့။ ဒါပေါ့ ရပါတယ်" ချီရှို့ ပြန်နှုတ်ဆက်လိုက်သည်။
ဇူအန် စီတန်းသောနေရာကို ပုန်ရောက်သွားသည်။ သူ့ရှေ့ရှိ ဟုန်ရှင်းယင်မှ အေးစက်စက် ပြောလာသည်။
" အမျိုးတူစုတယ်ဆိုတာပဲ။ မင်းလိုလူက အဲ့လိုလူနဲ့ပဲ အပေါင်းအသင်းလုပ်နိုင်မှာပေါ့"
ဇူအန် ပုခုံးအသာတွန့်လိုက်သည်။
"နှမြောစရာပဲ ငါ့လိုလူက မင်းရဲ့အိပ်မက်ထဲက နတ်သမီးကို လက်ထပ်နိုင်လိုက်တာ"
ဟုန်ရှင်းယင် ဒေါသချက်ချင်း ထွက်သွားသည်။
"မင်းက မမလေးကို ပစ်မှားရဲတယ်လား"
သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၃၂၁ ရယူလိုက်သည်။
ဇူအန် ရယ်လိုက်ပြီး
"ငါတို့က လက်ထပ်ထားတဲ့ ဇနီးမောင်နှံလေ။ မင်းစကားကြီးက…ဘယ်လိုလုပ် ပစ်မှားတာဖြစ်မလဲ"
"မင်း…"ဟုန်ရှင်းယင်ဓားဆွဲထုတ်မိမတတ်ပေ။
သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၃၄၄ ရယူလိုက်သည်။
အကယ်ဒမီဝန်ထမ်းတစ်ဦးသည် တံခါးကို ခေါက်၍ အော်လိုက်သည်။
"မင်းတို့ ဘာပြဿနာရှာနေတာလဲ။ ပြဿနာရှာရဲတဲ့လူမှန်သမျှ ကျောင်းတက်ခွင့် အသိမ်းခံရမယ်"
ဟုန်ရှင်းယင် ဒေါသသိမ်းလိုက်ပြီး တောင့်တင်းစွာ အရှေ့ပြန်လှည့်လိုက်သည်။ ဇူအန်လို လူတစ်ယောက်အတွက် သူ့အနာဂတ်ကို ဖျက်စီးရန်မှာ နှမြောစရာပင်။
အကယ်ဒမီမှာ ငါနေရာတစ်ခုရဖို့ကို စောင့်နေ။ ငါအစေခံအဆင့်က လွတ်တဲ့အခါကျရင် သည်းခံမှာမဟုတ်တော့ဘူး။
ဇူအန် ခေါင်းယမ်းလိုက်သည်။ ဆက်ပြောလို့မရတော့သည်မှာ သနားစရာပင်။ သူက ချန်ရှို့ပင်းထံ လှည့်လိုက်ပြီး
"အဲ့ဒီ ချီရှို့ရဲ့ နောက်ခံက ဘာလဲ"
ချန်ရှို့ပင်း ပြန်ဖြေသည်။
"သူက မြို့စားအိမ်တော်ရဲ့ ဒုတိယသား" ထို့နောက် သူက အနားကပ်၍ အသံတိုးတိုးဖြင့်
"သူက လပြည့်မြို့ရဲ့ နာမည်ကြီး ငပျင်း။ သူက ဗျက်စောင်း၊ ကျား၊ လက်ရေးလှနဲ့ ပန်းချီ အားလုံးတော်တယ်-ရှိရှိသမျှ အကုန်လုံးလုပ်တယ်။ သောက်တာ၊စားတာ၊အပျော်အပါး၊လောင်းကစား သူမလုပ်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ ကျင့်ကြံမှုကတော့ အားနည်းတယ်။ အဲ့တာကြောင့် သူ့အဖေက ဘာလုပ်ရမှန်းမသိဘူး"
သခင်လေးလိုပဲ..။
ချန်ရှို့ပင်း စိတ်ထဲက ထည့်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြန်သည်။
ငါတို့သခင်လေး ချီသခင်လေးနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ အနည်းဆုံးတော့ ဟိုကအကုန်တတ်သေးတယ်။
"ငပျင်း… စိတ်ဝင်စားစရာပဲ" ချီရှို့ နောက်ထပ်မိန်းကလေးတစ်ဦးကို ချဉ်းကပ်နေကြောင်း ဇူအန် တွေ့လိုက်သည်။ သူ့အကြည့်ကို ခံစားမိ၍ ဇူအန်ကို ခေါင်းညိတ်ပြသွားလေသည်။
"နောက်တစ်ယောက်…ဝေဆောင်"
ဇူအန် ချီရှို့ကို လက်ပြရန်ပြင်နေစဉ် ဝန်ထမ်း၏အော်သံက နားထဲဝင်လာသည်။
သူမျက်လုံးပြူးသွားသည်။ ဒီလိုနာမည်မျိုး ကြားလိုက်ရမည်ဟု ဇူအန်မထင်ထားပေ။
သူလှည့်ကြည့်လိုက်ပြီး ခန္တာကိုယ်သေးသေးနှင့် လူငယ်တစ်ယောက် ရှေ့ကိုလျှောက်သွားသည်။ ခေါနေသော ရှေ့သွားနှစ်ချောင်းကြောင့် သူ့ရုပ်သည် ကြွက်နှင့် ဆင်တူနေသည်။ သူသည် လိုချင်တာရရန် နည်းလမ်းပေါင်းစုံသုံးမည့် ပုံစံပင်။
တယ်ဟုတ်ပါလား… ဒီလောက် လိုက်ဖက်တဲ့နာမည်ကို ပေးနိုင်ဖို့ သူ့မိဘတွေက ရှေ့ဖြစ်ဟောတဲ့လူတွေပဲ ဖြစ်ရမယ်။
အကယ်ဒမီဝန်ထမ်းက ဖန်လုံးတစ်ခု ထုတ်လိုက်သည်။ ဝန်ထမ်းက ဝေဆောင်၏လက်ကို အပ်နှင့်ဆွလိုက်ပြီး သွေးတစ်စက် ဖန်လုံးပေါ် ချလိုက်သည်။ ဖန်လုံးတွင် သေချာမကြည့်ပါက မြင်ရန်ခက်ခဲသော အလင်းမှိန်မှိန်တစ်ခု ပေါ်လာသည်။
"အနိမ့်စား ဒင်" (D-နှင့် ညီသည်)
ဝေဆောင်က ဖန်လုံးကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ကြည့်နေပြီး အဖြေကြားလိုက်သောအခါ မျက်လုံးမှအလင်းရောင်သည် ပူဖောင်းလေပေါက်သကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ဤလုပ်စဉ်သည် ဇူအန်ကို ဝေခွဲမရဖြစ်စေသည်။
သူက ချန်ရှို့ပင်းထဲ လှည့်၍
"သူတို့ ဘာလုပ်နေတာလဲ"
ချန်ရှို့ပင်းတွင် အဖြေရှိပြီးသားပင်
"သူတို့က ကျောင်းသားတွေအတွက် ကျင့်ကြံမှုအရည်အသွေးကို စစ်နေတာ။ အကယ်ဒမီကို ဝင်ချင်တဲ့ကျောင်းသားတိုင်း ဒီလုပ်စဉ်ကို ဖြတ်ကျော်ရတယ်။ ဒီစမ်းသပ်ချက်ရဲ့ အဖြေကိုလိုက်ပြီး တက်ရမယ့်အခန်း၊ ကျင့်ကြံဖို့ အထောက်အပံ့ အဲ့တာတွေကို ဆုံးဖြတ်ပေးတာ"
ဇူအန် အမှန်ပင် အံ့သြသွားသည်။
"ပင်းပင်းလေး ဘယ်လိုလုပ်ပြီး မင်းမှာ ငါ့မေးခွန်းတိုင်းအတွက် အဖြေရှိနေရတာလဲ"
ချန်ရှို့ပင်း ဂုဏ်ယူစွာ ရင်ကော့လိုက်သည်။
"ဒါပေါ့ အရည်အချင်းပြည့်ဝတဲ့ စာဖတ်ဖော်တစ်ယောက်အနေနဲ့ အကုန်ကြိုသိထားဖို့ လိုတယ်လေ" သူ့လေသံက ပျော်မြူးနေလေသည်။
ဇူအန် ချန်ရှို့ပင်း ခေါင်းကို အသာပုတ်လိုက်သည်။ စိတ်ထဲတွင်ကား စိတ်ပူစပြုလာလေပြီ။ အကယ်ဒမီကိုဝင်ဖို့ အရည်အသွေးစစ်ရန်လိုကြောင်း သူမသိလိုက်ချေ။ သူသောက်ထားသော ခြင်ဆီသန့်စင်ဆေးအရေအတွက်အရ သူ့အရည်အသွေးက အမြင့်ဆုံးဖြစ်လောက်သည်ပင်။
ငါ့စမ်းသပ်ချက်ရဲ့အဖြေက ဒီမှာရှိတဲ့လူအားလုံးကို ရူးသွားစေနိုင်လောက်လား။
အသုံးမကျသော အမှိုက်မှ ကျင့်ကြံမှုပါရမီရှင်အဖြစ် ရုတ်တရက်ပြောင်းလဲသွားခြင်းသည် သံသယကြီးစွာ ဝင်စေလိမ့်မည်။ ဒီလောကမှာရှိတဲ့ သုတေသနစခန်းကို ခွဲစိတ်စမ်းသပ်ခံဖို့များ ပြန်ပေးဆွဲခံရမလား။
ဇူအန် ပထမအတွေးသည် ချန်ရှို့ပင်းနှင့် သွေးလဲရန်ပင်။ သို့သော် မျက်လုံးများစွာရှိ၍ ထိုအကြံသည် မဖြစ်နိုင်ပေ။
ထားလိုက်ပါတော့ ခပ်လျှိုလျှိုနေပြီး အသက်ရှင်လို့မရမယ့်အတူတူ ချန်းပေ့ရွှမ်းလို ပါရမီရှင်အဖြစ်ပဲ လျှောက်လှမ်းလိုက်တော့မယ်။
အရှေ့ကဝန်ထမ်းသည် နောက်တသ်ခေါက်ထပ်ခေါ်သည်။
"မာကျူး"
"ဒီမှာပါ" ဝဖိမ့်ဖိမ့်လူငယ်တစ်ယောက် ရှေ့ထွက်လိုက်သည်။
ဝန်ထမ်းက သွေးထပ်ဖောက်၍ တင်လိုက်ပြန်သည်။ ခေတ္တကြာပြီးနောက် ဖန်လုံးတွင် အဖြူရောင်အလင်း တစ်ခုပေါ်လာသည်။ ဝေဆောင်၏ အလင်းသည် ပိုးစုန်းကြူး ဆိုလျှင် မာကျူး၏အလင်းသည် မီးအိမ်လိုဖြစ်နေသည်။
"သူ့အရည်အသွေးက အမြင့်စား ရီ"(B+)
ပတ်ဝန်းကျင်တွင် စိတ်လှုပ်ရှားသံများ ပြည့်လာသည်။ အကယ်ဒမီဝန်ထမ်းများပင်လျှင် တီးတိုးပြောနေကြသည်။ ပြည်နယ်အတွင်းတွင် ရီအဆင့်ရောက်သူမှာ ရှားလေသည်။ စီရင်စုအတိုင်းအတာအတွင်း ရီအဆင့်သည် ပါရမီရှင်အလားဖြစ်လေသည်။
မာကျူးသည်လည်း အမျင့်စားရီအဆင့်၏ အရေးပါမှုကို နားလည်သည်။ ဝန်ထမ်းကို နှုတ်ဆက်၍ ပတ်ဝန်းကျင်မှအားကျသောအကြည့်များကို ခံယူလျက် ဒေါင်းတစ်ကောင်ပမာ ကော့တော့ ကော့တော့နှင့် ထွက်သွားလေသည်။
ဟုန်ရှင်းယင် မာကျူး၏ ပုံသံကို ကြည့်၍ သရော်လိုက်သည်။
ရီအဆင့်သာသာကများ တစ်လောကလုံးပိုင်သလို လုပ်နေတယ်။ ရှက်စရာကောင်းအောင်။
သူက ဒီရက်ကို စောင့်နေတာကြာလှပြီ။ သူ့အရည်အသွေးက ထိပ်ဆုံးကျောင်းသားများကိုမီပြီး ပထမသခင်မလေးကိုပင် ယှဉ်နိုင်ကြောင်း ဟုန်ရှင်းယင် သိလေသည်။
ပထမသခင်မလေးက ပိုအောင်မြင်ရခြင်းမှာ သူ့ထက်ပိုများသော အထောက်အပံ့များကြောင့် ဖြစ်လေသည်။ အိမ်ထိန်းရဲ့သား ဖြစ်သော သူ့လိုလူသည် မယှဉ်နိုင်ပေ။ အချိန်ကြာလာသောအခါ သူတို့နှစ်ယောက်ကြား အကွာအဝေးသည် ကြီးသည်ထက် ကြီးလာပေလိမ့်မည်။
လွန်ခဲ့သောနှစ်အတွင်း သူချူအိမ်ကို တတ်နိုင်သမျှ ပြုစုပေးခဲ့သည်။ ခိုင်းသမျှတာဝန်ကို မည်မျှ ခက်ခဲပင်ပန်းပါစေ ပြည့်စုံစွာ ဆောင်ရွက်ခဲ့သည်။ သူက ပထမသခင်မလေးကိုသာ မြင်နေရလျှင် လုံလောက်ပြီဟု တွေးခဲ့သည်ပင်။
သူတို့၏ အဆင့်အတန်းကွာခြားမှုက သူ့ကို အားငယ်စေ၍ သခင်မလေးနှင့် မထိုက်တန်ဟု တွေးထားခဲ့သည်။ နောက်ကွယ်မှ ကာကွယ်ရန်သာ ရွေးချယ်ခဲ့လေသည်။
သူမကသာ အဆင့်အတန်းမြင့်၍ အောင်မြင်သောသူတစ်ယောက်ကို ရွေးချယ်ခဲ့လျှင် သူကျေနပ်မည်ပင်။ ချူအိမ်၏ သားမက်ရွေးပွဲအကြောင်းကြားသောအခါ သူဝမ်းသာခဲ့ရသည်။
အဆင့်အတန်းမြင့်သော အမျိုးကောင်းများသည် ထိုသို့ရွေးချယ်ပွဲများကို အထင်သေးလေသည်။ ထို့ကြောင့် တက်ရောက်သူများသည် အဆင့်အတန်းမမြင့်သောသူများနှင့် သာမန်ပြည်သူများပင် ဖြစ်လေသည်။ သူ့အခွင့်အရေး ရောက်လာပြီဟု ထင်လိုက်သည်။
အိမ်တော်ကောင်းများမှ သခင်လေးများနှင့် မယှဉ်နိုင်သော်လည်း သူ့ကျင့်ကြံမှုအရည်အသွေးကို အသုံးချကာ မမလေးမျက်စိကျရန် ကြိုးစားသည်။
အမှန်တော့ ချူသခင်မက သူ့အား သားမက်လောင်းအဖြစ် ရွေးချယ်ထားကြောင်း ကောလဟလများ ရှိလေသည်။ အဖြေထွက်ပြီးသကဲ့သို့ ဘေးနားရှိလူတိုင်းက သူ့ကို ဂုဏ်ပြုကြလေသည်။
သူက အရေးမစိုက်ပုံ ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင် ပန်းများပွင့်နေပြီး နွေဦးရောက်နေသကဲ့သို့ ပျော်ရွှင်နေခဲ့သည်။ တစ်ခါတစ်ရံ မမလေးက သူ့ကိုပြုံးပြလေသည်။ သူမကလည်း သူ့ကို စိတ်ဝင်စားနေသည်ပင်။
သူ့စိတ်တွင် လှပ၍ ကြီးကြယ်လှသော ပထမသခင်လေး သူ့မိန်းမဖြစ်လာတော့မည့်အကြောင်း ပြည့်နေလေသည်။ သူမ၏ မွှေးကြိုင်နူးညံ့သောခန္တာကိုယ်ကို ပွေ့ဖက်၍ အိပ်နိုင်တော့မည့်အကြောင်း စိတ်ကူးယဉ်လျက် အိပ်နေရင်းပင် ထရယ်နေခဲ့သည်။
ရွေးချယ်ပွဲ၏ အဖြေသည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ မမလေးက သူ့အစား တစ်ခုမှအသုံးမကျသော လူတစ်ယောက်ကို ခင်ပွန်းအဖြစ် ရွေးချယ်လိုက်လေသည်။
သူသတင်းကြားသောအခါ ကောင်းကင်ဘုံမှ ငရဲသို့ ကျသွားသလိုပင်။ သူက ဘေးလူများအတွက် ရယ်စရာဖြစ်လာရသည်။
သူက အချိန်အတော်ကြာ စိတ်ဓာတ်ကျနေပြီးမှ ဒေါသထွက်လာရသည်။
ဘာလို့လဲ။ သူမကသာ ထူးချွန်တဲ့လူတစ်ယောက်ကို ရွေးလိုက်ရင် ငါလက်ခံနိုင်သေးတယ်။ ဒါပေမဲ့ ဒီဇူအန်က အမှိုက်လိုပဲ။ သူက မမလေးနဲ့ မတန်ဘူးလေ။
အဲ့တာက သူ့ရုပ်ချောလို့လား။
မဖြစ်နိုင်ဘူး။ မမလေးက အဲ့လို အပေါ်ယံ မမက်ဘူး။
သူအချိန်အကြာကြီး မှိုင်တွေနေပြီးမှ အဖြေတစ်ခု ဝမ်းနည်းစွာ ရလာသည်။ အရာအားလုံးက သူ၏ နိမ့်ကျသော အဆင့်အတန်းကြောင့်ပင်။ သူက ချူအိမ်၏ အစေခံတစ်ယောက်မျှသာဖြစ်ပြီး သူ့ကို ယောက်ျားတစ်ယောက်အဖြစ်မြင်ရန် မဖြစ်နိုင်ပေ။
မမလေးက လက်ထပ်ပြီးတော့ရော ဘာဖြစ်လဲ။ သူက အမှိုက်သာသာပဲ။ ငါရအောင် အနိုင်ယူနိုင်တယ်။
သူ၏တစ်ခုတည်းသော နောင်တက သူ့အိပ်မက်ထဲမှ နတ်သမီးသည် အပျိုမဟုတ်တော့ခြင်းပင်။ သို့သော် သူမကိုသာပိုင်ဆိုင်နိုင်လျှင် ထိုအရာက အရေးမပါတော့ပေ။
ပြီးတော့ ချူအိမ်ဒုတိယသခင်မလေးကရော ဘာဖြစ်လဲ။ အသက်ငယ်ပေမဲ့ ဒီလောက်လှတာပဲ။ နောက်နှစ်အနည်းငယ်ကြာရင် သူလည်း ပထမသခင်မလေးနည်းတူ မိန်းမလှတစ်ယောက်ဖြစ်နိုင်သေးတာပဲ။ သူအရွယ်ရောက်တဲ့အထိ ငါစောင့်နိုင်ပါတယ်။
ဒီနေ့က လပြည့်မြို့ရဲ့သမိုင်းမှာ တွင်သွားရလိမ့်မယ်။ မဟုတ်ဘူး တစ်ပြည်လုံးက အမှတ်ရနေလိမ့်မယ်။ ငါ,ဟုန်ရှင်းယင် က မြေကြီးထဲကနေ နဂါးအဖြစ်ကို ရောက်လာလိမ့်မယ်။ ဒီမှာရှိတဲ့ လူတိုင်းက ငါ့အောင်မြင်မှုအတွက် ခြေနင်းတုံးသာသာပဲ ။ လူတိုင်းက ငါရေးတဲ့ သမိုင်းကို မျက်မြင်တွေ့ရလိမ့်မယ်။ ငါဒီအချိန်ကို စောင့်နေတာ ကြာလှပြီ။
ဟုန်ရှင်းယင် စိတ်တွင် ရည်မှန်းချက်များ ကြီးမားနေလေသည်။
"နောက်တစ်ယောက် ဟုန်ရှင်းယင် "
ဟုန်ရှင်းယင်နောက်ပြန်လှည့်၍ ဇူအန်ကို စိုက်ကြည့်လိုက်ပြီး
"မင်းနဲ့ငါရဲ့ ကွာခြားမှုကို စောင့်ကြည့်ထား။ မမလေးနဲ့တန်တာ မင်းမှာဘာမှမရှိဘူး။ ငါကသာ မမလေးကို ပျော်ရွှင်မှု ပေးနိုင်မှာ"
ဇူအန် လက်မြှောက်လိုက်သည်။
"ဆရာ ဒီကလူမှာ သူများမိန်းမကို တက်မက်တတ်တဲ့ ဆိုးဆိုးရွားရွား စွဲလမ်းမှုတစ်ခုရှိနေတယ်။ သူက ကျွန်တော်မိန်းမကို ကြာခိုဖို့ပဲ တစ်ချိန်လုံးတွေးနေတာ။ ဒီလိုလူတစ်ယောက်ကို အကယ်ဒမီထဲ ဝင်ခွင့်ပြုလိုက်ရင် ကျောင်းက မိန်းကလေးတွေနဲ့ ဆရာမတွေအတွက် အန္တရာယ်မများလွန်းဘူးလား"
သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၁၅၆ ရယူလိုက်သည်။
ဟုန်ရှင်းယင်က ဇူအန် ဆရာကိုလှမ်းတိုင်တဲ့အထိ အရှက်မဲ့လိမ့်မည်ဟု မထင်ထားပေ။ ဘယ်လောကဖြစ်ဖြစ် သူများအပေါ် တိုင်တန်းသောသူများသည် ကဲ့ရဲ့စရာပင်ဖြစ်လေသည်။
ဒီလူမှာ အရှက်မရှိဘူးလား မသိဘူး။
ဟုန်ရှင်းယင် ပေါက်ကွဲခါနီးသော်လည်း အကယ်ဒမီဝန်ထမ်း၏ အကြည့်ကြောင့် နေရာတွင် ခဲနေလေသည်။
"ဟိုက ကျောင်းသား။ ငါတို့ကျောင်းက အရည်အသွေးနဲ့ ကျင့်ကြံမှုကို အလေးပေးပေမဲ့ ကျောင်းသားရဲ့ စရိုက်ကိုလည်း အထူးအရေးပေးတယ်။ အနာဂတ်မှာ အမြော်အမြင်ရှိရှိ လုပ်ကိုင်မယ်လို့ မျှော်လင့်တယ်"
ဟုန်ရှင်းယင်က ချက်ချင်း ဦးညွှတ်လိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော် နားထောင်ပါ့မယ်"
ဝန်ထမ်းရဲ့အမြင်က သူ့အပေါ်တွင်မကောင်းကြောင်း သိလေသည်။ သို့သော် ဂရုမစိုက်ပေ။ သူ့အရည်အသွေးက အမြင်အားလုံးကို ပြောင်းပြန်လှန်နိုင်လေသည်။
ဝန်ထမ်းက သူ၏ တလေးတစားစကားကို ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ခေါ်လိုက်သည်။
"ဒီကိုလာပြီး အရည်အသွေးကို စစ်လိုက်"
ဟုန်ရှင်းယင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖန်လုံးဆီ သွားလိုက်သည်။ အရင်ကျောင်းသားများလိုပင် သွေးတစ်စက်ချလိုက်သည်။ ခနအကြာတွင် အလင်းရောင်စူးစူးတစ်ခု ထွက်လာလေသည်။
မာကျူး၏ အခင်းသည် မီးအိမ်ဆိုလျှင် ဟုန်ရှင်းယင်၏ အလင်းသည် လမင်းတစ်စင်း လောက်ရှိပေသည်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
Chapter 40: သူ႕နာမည္လိုပဲ
ဇူအန္ လက္မေထာင္ျပလိုက္သည္။
"လူအားလုံးထဲမွာ အမွိုက္အက်ဆဳံးက က်ဳပ္လို႔ ထင္ထားတာ...အခုေတာ့ ခင္ဗ်ားအဆင့္ထိေရာက္ဖို႔ အေဝးႀကီးလိုေသးတာပဲ"
ထိုလူက ဇူအန္စကားကို စိတ္မဆိုးေခ်။ သူက ယပ္ေတာင္ကိုပိတ္လိုက္ၿပီး ခပ္တိုးတိုးရယ္လိုက္သည္။
"ခင္ဗ်ားပညာလိုခ်င္ရင္ တစ္ခ်က္တစ္ေလ ေထာက္ျပေပးလို႔ရပါတယ္။ က်ဳပ္နာမည္က ခ်ီရွို႔ပါ။ ခင္ဗ်ားက ဘယ္လိုေခၚလဲ"
"က်ဳပ္က ဇူအန္ပါ" ထိုလူ႕နာမည္က ပင္ကိုယ္ဆြဲေဆာင္မႈ ဟု အဓိပၸာယ္ရေသာေၾကာင့္ ဇူအန္ အံၾသေနသည္။
"အိုး..ခင္ဗ်ားနာမည္က ရင္းႏွီးေနတယ္။ တစ္ေနရာမွာ ၾကားဖူးေနသလိုပဲ" ယပ္ေတာင္ကို ေမးေအာက္ကို ေထာက္၍ စဥ္းစဥ္းစားစား ေျပာေလသည္။
ဇူအန္ျပန္ေျပာရန္ႀကံေနစဥ္ ခ်န္ရွို႔ပင္းက လွမ္းေခၚေလသည္။
"သခင္ေလး အလွည့္ေရာက္ေတာ့မယ္ ျမန္ျမန္ျပန္လာေတာ့"
ဇူအန္ လက္သီးဆုတ္၍ ႏႈတ္ဆက္လိုက္သည္။
"အစ္ကိုရွို႔ အခြင့္ႀကဳံရင္ ခင္ဗ်ားဆီက ဘယ္လို လူရႈပ္လူ....ဖီး.ဖီး..ဖီး..က်ဳပ္ေျပာခ်င္တာ ပိုးပန္းနည္းကို သင္ယူမယ္လို႔ပါ"
"မင္းၾကည့္ရတာ ငါနဲ႕ ဝါသနာတူတစ္ေယာက္ေပါ့။ ဒါေပါ့ ရပါတယ္" ခ်ီရွို႔ ျပန္ႏႈတ္ဆက္လိုက္သည္။
ဇူအန္ စီတန္းေသာေနရာကို ပုန္ေရာက္သြားသည္။ သူ႕ေရွ႕ရွိ ဟုန္ရွင္းယင္မွ ေအးစက္စက္ ေျပာလာသည္။
" အမ်ိဳးတူစုတယ္ဆိုတာပဲ။ မင္းလိုလူက အဲ့လိုလူနဲ႕ပဲ အေပါင္းအသင္းလုပ္နိုင္မွာေပါ့"
ဇူအန္ ပုခုံးအသာတြန့္လိုက္သည္။
"ႏွေျမာစရာပဲ ငါ့လိုလူက မင္းရဲ႕အိပ္မက္ထဲက နတ္သမီးကို လက္ထပ္နိုင္လိုက္တာ"
ဟုန္ရွင္းယင္ ေဒါသခ်က္ခ်င္း ထြက္သြားသည္။
"မင္းက မမေလးကို ပစ္မွားရဲတယ္လား"
သင္သည္ ဟုန္ရွင္းယင္ ထံမွ အမ်က္ပြိုင့္ ၃၂၁ ရယူလိုက္သည္။
ဇူအန္ ရယ္လိုက္ၿပီး
"ငါတို႔က လက္ထပ္ထားတဲ့ ဇနီးေမာင္ႏွံေလ။ မင္းစကားႀကီးကဘယ္လိုလုပ္ ပစ္မွားတာျဖစ္မလဲ"
"မင္း"ဟုန္ရွင္းယင္ဓားဆြဲထုတ္မိမတတ္ေပ။
သင္သည္ ဟုန္ရွင္းယင္ ထံမွ အမ်က္ပြိုင့္ ၃၄၄ ရယူလိုက္သည္။
အကယ္ဒမီဝန္ထမ္းတစ္ဦးသည္ တံခါးကို ေခါက္၍ ေအာ္လိုက္သည္။
"မင္းတို႔ ဘာျပႆနာရွာေနတာလဲ။ ျပႆနာရွာရဲတဲ့လူမွန္သမွ် ေက်ာင္းတက္ခြင့္ အသိမ္းခံရမယ္"
ဟုန္ရွင္းယင္ ေဒါသသိမ္းလိုက္ၿပီး ေတာင့္တင္းစြာ အေရွ႕ျပန္လွည့္လိုက္သည္။ ဇူအန္လို လူတစ္ေယာက္အတြက္ သူ႕အနာဂတ္ကို ဖ်က္စီးရန္မွာ ႏွေျမာစရာပင္။
အကယ္ဒမီမွာ ငါေနရာတစ္ခုရဖို႔ကို ေစာင့္ေန။ ငါအေစခံအဆင့္က လြတ္တဲ့အခါက်ရင္ သည္းခံမွာမဟုတ္ေတာ့ဘူး။
ဇူအန္ ေခါင္းယမ္းလိုက္သည္။ ဆက္ေျပာလို႔မရေတာ့သည္မွာ သနားစရာပင္။ သူက ခ်န္ရွို႔ပင္းထံ လွည့္လိုက္ၿပီး
"အဲ့ဒီ ခ်ီရွို႔ရဲ႕ ေနာက္ခံက ဘာလဲ"
ခ်န္ရွို႔ပင္း ျပန္ေျဖသည္။
"သူက ၿမိဳ႕စားအိမ္ေတာ္ရဲ႕ ဒုတိယသား" ထို႔ေနာက္ သူက အနားကပ္၍ အသံတိုးတိုးျဖင့္
"သူက လျပည့္ၿမိဳ႕ရဲ႕ နာမည္ႀကီး ငပ်င္း။ သူက ဗ်က္ေစာင္း၊ က်ား၊ လက္ေရးလွနဲ႕ ပန္းခ်ီ အားလုံးေတာ္တယ္-ရွိရွိသမွ် အကုန္လုံးလုပ္တယ္။ ေသာက္တာ၊စားတာ၊အေပ်ာ္အပါး၊ေလာင္းကစား သူမလုပ္တာ ဘာမွမရွိဘူး။ ဒါေပမဲ့ က်င့္ႀကံမႈကေတာ့ အားနည္းတယ္။ အဲ့တာေၾကာင့္ သူ႕အေဖက ဘာလုပ္ရမွန္းမသိဘူး"
သခင္ေလးလိုပဲ..။
ခ်န္ရွို႔ပင္း စိတ္ထဲက ထည့္လိုက္သည္။ ထို႔ေနာက္ သူက ေခါင္းယမ္းလိုက္ျပန္သည္။
ငါတို႔သခင္ေလး ခ်ီသခင္ေလးနဲ႕ ဘယ္လိုလုပ္ယွဥ္နိုင္မွာလဲ။ အနည္းဆုံးေတာ့ ဟိုကအကုန္တတ္ေသးတယ္။
"ငပ်င္း စိတ္ဝင္စားစရာပဲ" ခ်ီရွို႔ ေနာက္ထပ္မိန္းကေလးတစ္ဦးကို ခ်ဥ္းကပ္ေနေၾကာင္း ဇူအန္ ေတြ႕လိုက္သည္။ သူ႕အၾကည့္ကို ခံစားမိ၍ ဇူအန္ကို ေခါင္းညိတ္ျပသြားေလသည္။
"ေနာက္တစ္ေယာက္ေဝေဆာင္"
ဇူအန္ ခ်ီရွို႔ကို လက္ျပရန္ျပင္ေနစဥ္ ဝန္ထမ္း၏ေအာ္သံက နားထဲဝင္လာသည္။
သူမ်က္လုံးျပဴးသြားသည္။ ဒီလိုနာမည္မ်ိဳး ၾကားလိုက္ရမည္ဟု ဇူအန္မထင္ထားေပ။
သူလွည့္ၾကည့္လိုက္ၿပီး ခႏၱာကိုယ္ေသးေသးႏွင့္ လူငယ္တစ္ေယာက္ ေရွ႕ကိုေလွ်ာက္သြားသည္။ ေခါေနေသာ ေရွ႕သြားႏွစ္ေခ်ာင္းေၾကာင့္ သူ႕႐ုပ္သည္ ႂကြက္ႏွင့္ ဆင္တူေနသည္။ သူသည္ လိုခ်င္တာရရန္ နည္းလမ္းေပါင္းစုံသုံးမည့္ ပုံစံပင္။
တယ္ဟုတ္ပါလား ဒီေလာက္ လိုက္ဖက္တဲ့နာမည္ကို ေပးနိုင္ဖို႔ သူ႕မိဘေတြက ေရွ႕ျဖစ္ေဟာတဲ့လူေတြပဲ ျဖစ္ရမယ္။
အကယ္ဒမီဝန္ထမ္းက ဖန္လုံးတစ္ခု ထုတ္လိုက္သည္။ ဝန္ထမ္းက ေဝေဆာင္၏လက္ကို အပ္ႏွင့္ဆြလိုက္ၿပီး ေသြးတစ္စက္ ဖန္လုံးေပၚ ခ်လိဳက္သည္။ ဖန္လုံးတြင္ ေသခ်ာမၾကည့္ပါက ျမင္ရန္ခက္ခဲေသာ အလင္းမွိန္မွိန္တစ္ခု ေပၚလာသည္။
"အနိမ့္စား ဒင္" (D-ႏွင့္ ညီသည္)
ေဝေဆာင္က ဖန္လုံးကို ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္ ေစာင့္ၾကည့္ေနၿပီး အေျဖၾကားလိုက္ေသာအခါ မ်က္လုံးမွအလင္းေရာင္သည္ ပူေဖာင္းေလေပါက္သကဲ့သို႔ ေပ်ာက္ကြယ္သြားေလသည္။
ဤလုပ္စဥ္သည္ ဇူအန္ကို ေဝခြဲမရျဖစ္ေစသည္။
သူက ခ်န္ရွို႔ပင္းထဲ လွည့္၍
"သူတို႔ ဘာလုပ္ေနတာလဲ"
ခ်န္ရွို႔ပင္းတြင္ အေျဖရွိၿပီးသားပင္
"သူတို႔က ေက်ာင္းသားေတြအတြက္ က်င့္ႀကံမႈအရည္အေသြးကို စစ္ေနတာ။ အကယ္ဒမီကို ဝင္ခ်င္တဲ့ေက်ာင္းသားတိုင္း ဒီလုပ္စဥ္ကို ျဖတ္ေက်ာ္ရတယ္။ ဒီစမ္းသပ္ခ်က္ရဲ႕ အေျဖကိုလိုက္ၿပီး တက္ရမယ့္အခန္း၊ က်င့္ႀကံဖို႔ အေထာက္အပံ့ အဲ့တာေတြကို ဆုံးျဖတ္ေပးတာ"
ဇူအန္ အမွန္ပင္ အံ့ၾသသြားသည္။
"ပင္းပင္းေလး ဘယ္လိုလုပ္ၿပီး မင္းမွာ ငါ့ေမးခြန္းတိုင္းအတြက္ အေျဖရွိေနရတာလဲ"
ခ်န္ရွို႔ပင္း ဂုဏ္ယူစြာ ရင္ေကာ့လိုက္သည္။
"ဒါေပါ့ အရည္အခ်င္းျပည့္ဝတဲ့ စာဖတ္ေဖာ္တစ္ေယာက္အေနနဲ႕ အကုန္ႀကိဳသိထားဖို႔ လိုတယ္ေလ" သူ႕ေလသံက ေပ်ာ္ျမဴးေနေလသည္။
ဇူအန္ ခ်န္ရွို႔ပင္း ေခါင္းကို အသာပုတ္လိုက္သည္။ စိတ္ထဲတြင္ကား စိတ္ပူစျပဳလာေလၿပီ။ အကယ္ဒမီကိုဝင္ဖို႔ အရည္အေသြးစစ္ရန္လိုေၾကာင္း သူမသိလိုက္ေခ်။ သူေသာက္ထားေသာ ျခင္ဆီသန့္စင္ေဆးအေရအတြက္အရ သူ႕အရည္အေသြးက အျမင့္ဆုံးျဖစ္ေလာက္သည္ပင္။
ငါ့စမ္းသပ္ခ်က္ရဲ႕အေျဖက ဒီမွာရွိတဲ့လူအားလုံးကို ႐ူးသြားေစနိုင္ေလာက္လား။
အသုံးမက်ေသာ အမွိုက္မွ က်င့္ႀကံမႈပါရမီရွင္အျဖစ္ ႐ုတ္တရက္ေျပာင္းလဲသြားျခင္းသည္ သံသယႀကီးစြာ ဝင္ေစလိမ့္မည္။ ဒီေလာကမွာရွိတဲ့ သုေတသနစခန္းကို ခြဲစိတ္စမ္းသပ္ခံဖို႔မ်ား ျပန္ေပးဆြဲခံရမလား။
ဇူအန္ ပထမအေတြးသည္ ခ်န္ရွို႔ပင္းႏွင့္ ေသြးလဲရန္ပင္။ သို႔ေသာ္ မ်က္လုံးမ်ားစြာရွိ၍ ထိုအႀကံသည္ မျဖစ္နိုင္ေပ။
ထားလိုက္ပါေတာ့ ခပ္လွ်ိုလွ်ိုေနၿပီး အသက္ရွင္လို႔မရမယ့္အတူတူ ခ်န္းေပ့႐ႊမ္းလို ပါရမီရွင္အျဖစ္ပဲ ေလွ်ာက္လွမ္းလိုက္ေတာ့မယ္။
အေရွ႕ကဝန္ထမ္းသည္ ေနာက္တသ္ေခါက္ထပ္ေခၚသည္။
"မာက်ဴး"
"ဒီမွာပါ" ဝဖိမ့္ဖိမ့္လူငယ္တစ္ေယာက္ ေရွ႕ထြက္လိုက္သည္။
ဝန္ထမ္းက ေသြးထပ္ေဖာက္၍ တင္လိုက္ျပန္သည္။ ေခတၱၾကာၿပီးေနာက္ ဖန္လုံးတြင္ အျဖဴေရာင္အလင္း တစ္ခုေပၚလာသည္။ ေဝေဆာင္၏ အလင္းသည္ ပိုးစုန္းၾကဴး ဆိုလွ်င္ မာက်ဴး၏အလင္းသည္ မီးအိမ္လိုျဖစ္ေနသည္။
"သူ႕အရည္အေသြးက အျမင့္စား ရီ"(B+)
ပတ္ဝန္းက်င္တြင္ စိတ္လႈပ္ရွားသံမ်ား ျပည့္လာသည္။ အကယ္ဒမီဝန္ထမ္းမ်ားပင္လွ်င္ တီးတိုးေျပာေနၾကသည္။ ျပည္နယ္အတြင္းတြင္ ရီအဆင့္ေရာက္သူမွာ ရွားေလသည္။ စီရင္စုအတိုင္းအတာအတြင္း ရီအဆင့္သည္ ပါရမီရွင္အလားျဖစ္ေလသည္။
မာက်ဴးသည္လည္း အမ်င့္စားရီအဆင့္၏ အေရးပါမႈကို နားလည္သည္။ ဝန္ထမ္းကို ႏႈတ္ဆက္၍ ပတ္ဝန္းက်င္မွအားက်ေသာအၾကည့္မ်ားကို ခံယူလ်က္ ေဒါင္းတစ္ေကာင္ပမာ ေကာ့ေတာ့ ေကာ့ေတာ့ႏွင့္ ထြက္သြားေလသည္။
ဟုန္ရွင္းယင္ မာက်ဴး၏ ပုံသံကို ၾကည့္၍ သေရာ္လိုက္သည္။
ရီအဆင့္သာသာကမ်ား တစ္ေလာကလုံးပိုင္သလို လုပ္ေနတယ္။ ရွက္စရာေကာင္းေအာင္။
သူက ဒီရက္ကို ေစာင့္ေနတာၾကာလွၿပီ။ သူ႕အရည္အေသြးက ထိပ္ဆုံးေက်ာင္းသားမ်ားကိုမီၿပီး ပထမသခင္မေလးကိုပင္ ယွဥ္နိုင္ေၾကာင္း ဟုန္ရွင္းယင္ သိေလသည္။
ပထမသခင္မေလးက ပိုေအာင္ျမင္ရျခင္းမွာ သူ႕ထက္ပိုမ်ားေသာ အေထာက္အပံ့မ်ားေၾကာင့္ ျဖစ္ေလသည္။ အိမ္ထိန္းရဲ႕သား ျဖစ္ေသာ သူ႕လိုလူသည္ မယွဥ္နိုင္ေပ။ အခ်ိန္ၾကာလာေသာအခါ သူတို႔ႏွစ္ေယာက္ၾကား အကြာအေဝးသည္ ႀကီးသည္ထက္ ႀကီးလာေပလိမ့္မည္။
လြန္ခဲ့ေသာႏွစ္အတြင္း သူခ်ဴအိမ္ကို တတ္နိုင္သမွ် ျပဳစုေပးခဲ့သည္။ ခိုင္းသမွ်တာဝန္ကို မည္မွ် ခက္ခဲပင္ပန္းပါေစ ျပည့္စုံစြာ ေဆာင္႐ြက္ခဲ့သည္။ သူက ပထမသခင္မေလးကိုသာ ျမင္ေနရလွ်င္ လုံေလာက္ၿပီဟု ေတြးခဲ့သည္ပင္။
သူတို႔၏ အဆင့္အတန္းကြာျခားမႈက သူ႕ကို အားငယ္ေစ၍ သခင္မေလးႏွင့္ မထိုက္တန္ဟု ေတြးထားခဲ့သည္။ ေနာက္ကြယ္မွ ကာကြယ္ရန္သာ ေ႐ြးခ်ယ္ခဲ့ေလသည္။
သူမကသာ အဆင့္အတန္းျမင့္၍ ေအာင္ျမင္ေသာသူတစ္ေယာက္ကို ေ႐ြးခ်ယ္ခဲ့လွ်င္ သူေက်နပ္မည္ပင္။ ခ်ဴအိမ္၏ သားမက္ေ႐ြးပြဲအေၾကာင္းၾကားေသာအခါ သူဝမ္းသာခဲ့ရသည္။
အဆင့္အတန္းျမင့္ေသာ အမ်ိဳးေကာင္းမ်ားသည္ ထိုသို႔ေ႐ြးခ်ယ္ပြဲမ်ားကို အထင္ေသးေလသည္။ ထို႔ေၾကာင့္ တက္ေရာက္သူမ်ားသည္ အဆင့္အတန္းမျမင့္ေသာသူမ်ားႏွင့္ သာမန္ျပည္သူမ်ားပင္ ျဖစ္ေလသည္။ သူ႕အခြင့္အေရး ေရာက္လာၿပီဟု ထင္လိုက္သည္။
အိမ္ေတာ္ေကာင္းမ်ားမွ သခင္ေလးမ်ားႏွင့္ မယွဥ္နိုင္ေသာ္လည္း သူ႕က်င့္ႀကံမႈအရည္အေသြးကို အသုံးခ်ကာ မမေလးမ်က္စိက်ရန္ ႀကိဳးစားသည္။
အမွန္ေတာ့ ခ်ဴသခင္မက သူ႕အား သားမက္ေလာင္းအျဖစ္ ေ႐ြးခ်ယ္ထားေၾကာင္း ေကာလဟလမ်ား ရွိေလသည္။ အေျဖထြက္ၿပီးသကဲ့သို႔ ေဘးနားရွိလူတိုင္းက သူ႕ကို ဂုဏ္ျပဳၾကေလသည္။
သူက အေရးမစိုက္ပုံ ဟန္ေဆာင္ေနေသာ္လည္း စိတ္ထဲတြင္ ပန္းမ်ားပြင့္ေနၿပီး ႏြေဦးေရာက္ေနသကဲ့သို႔ ေပ်ာ္႐ႊင္ေနခဲ့သည္။ တစ္ခါတစ္ရံ မမေလးက သူ႕ကိုၿပဳံးျပေလသည္။ သူမကလည္း သူ႕ကို စိတ္ဝင္စားေနသည္ပင္။
သူ႕စိတ္တြင္ လွပ၍ ႀကီးၾကယ္လွေသာ ပထမသခင္ေလး သူ႕မိန္းမျဖစ္လာေတာ့မည့္အေၾကာင္း ျပည့္ေနေလသည္။ သူမ၏ ေမႊးႀကိဳင္ႏူးညံ့ေသာခႏၱာကိုယ္ကို ေပြ႕ဖက္၍ အိပ္နိုင္ေတာ့မည့္အေၾကာင္း စိတ္ကူးယဥ္လ်က္ အိပ္ေနရင္းပင္ ထရယ္ေနခဲ့သည္။
ေ႐ြးခ်ယ္ပြဲ၏ အေျဖသည္ သူ႕မ်က္ႏွာကို ျဖတ္ရိုက္လိုက္သလိုပင္။ မမေလးက သူ႕အစား တစ္ခုမွအသုံးမက်ေသာ လူတစ္ေယာက္ကို ခင္ပြန္းအျဖစ္ ေ႐ြးခ်ယ္လိုက္ေလသည္။
သူသတင္းၾကားေသာအခါ ေကာင္းကင္ဘုံမွ ငရဲသို႔ က်သြားသလိုပင္။ သူက ေဘးလူမ်ားအတြက္ ရယ္စရာျဖစ္လာရသည္။
သူက အခ်ိန္အေတာ္ၾကာ စိတ္ဓာတ္က်ေနၿပီးမွ ေဒါသထြက္လာရသည္။
ဘာလို႔လဲ။ သူမကသာ ထူးခြၽန္တဲ့လူတစ္ေယာက္ကို ေ႐ြးလိုက္ရင္ ငါလက္ခံနိုင္ေသးတယ္။ ဒါေပမဲ့ ဒီဇူအန္က အမွိုက္လိုပဲ။ သူက မမေလးနဲ႕ မတန္ဘူးေလ။
အဲ့တာက သူ႕႐ုပ္ေခ်ာလို႔လား။
မျဖစ္နိုင္ဘူး။ မမေလးက အဲ့လို အေပၚယံ မမက္ဘူး။
သူအခ်ိန္အၾကာႀကီး မွိုင္ေတြေနၿပီးမွ အေျဖတစ္ခု ဝမ္းနည္းစြာ ရလာသည္။ အရာအားလုံးက သူ၏ နိမ့္က်ေသာ အဆင့္အတန္းေၾကာင့္ပင္။ သူက ခ်ဴအိမ္၏ အေစခံတစ္ေယာက္မွ်သာျဖစ္ၿပီး သူ႕ကို ေယာက္်ားတစ္ေယာက္အျဖစ္ျမင္ရန္ မျဖစ္နိုင္ေပ။
မမေလးက လက္ထပ္ၿပီးေတာ့ေရာ ဘာျဖစ္လဲ။ သူက အမွိုက္သာသာပဲ။ ငါရေအာင္ အနိုင္ယူနိုင္တယ္။
သူ၏တစ္ခုတည္းေသာ ေနာင္တက သူ႕အိပ္မက္ထဲမွ နတ္သမီးသည္ အပ်ိဳမဟုတ္ေတာ့ျခင္းပင္။ သို႔ေသာ္ သူမကိုသာပိုင္ဆိုင္နိုင္လွ်င္ ထိုအရာက အေရးမပါေတာ့ေပ။
ၿပီးေတာ့ ခ်ဴအိမ္ဒုတိယသခင္မေလးကေရာ ဘာျဖစ္လဲ။ အသက္ငယ္ေပမဲ့ ဒီေလာက္လွတာပဲ။ ေနာက္ႏွစ္အနည္းငယ္ၾကာရင္ သူလည္း ပထမသခင္မေလးနည္းတူ မိန္းမလွတစ္ေယာက္ျဖစ္နိုင္ေသးတာပဲ။ သူအ႐ြယ္ေရာက္တဲ့အထိ ငါေစာင့္နိုင္ပါတယ္။
ဒီေန႕က လျပည့္ၿမိဳ႕ရဲ႕သမိုင္းမွာ တြင္သြားရလိမ့္မယ္။ မဟုတ္ဘူး တစ္ျပည္လုံးက အမွတ္ရေနလိမ့္မယ္။ ငါ,ဟုန္ရွင္းယင္ က ေျမႀကီးထဲကေန နဂါးအျဖစ္ကို ေရာက္လာလိမ့္မယ္။ ဒီမွာရွိတဲ့ လူတိုင္းက ငါ့ေအာင္ျမင္မႈအတြက္ ေျခနင္းတုံးသာသာပဲ ။ လူတိုင္းက ငါေရးတဲ့ သမိုင္းကို မ်က္ျမင္ေတြ႕ရလိမ့္မယ္။ ငါဒီအခ်ိန္ကို ေစာင့္ေနတာ ၾကာလွၿပီ။
ဟုန္ရွင္းယင္ စိတ္တြင္ ရည္မွန္းခ်က္မ်ား ႀကီးမားေနေလသည္။
"ေနာက္တစ္ေယာက္ ဟုန္ရွင္းယင္ "
ဟုန္ရွင္းယင္ေနာက္ျပန္လွည့္၍ ဇူအန္ကို စိုက္ၾကည့္လိုက္ၿပီး
"မင္းနဲ႕ငါရဲ႕ ကြာျခားမႈကို ေစာင့္ၾကည့္ထား။ မမေလးနဲ႕တန္တာ မင္းမွာဘာမွမရွိဘူး။ ငါကသာ မမေလးကို ေပ်ာ္႐ႊင္မႈ ေပးနိုင္မွာ"
ဇူအန္ လက္ျမႇောက္လိုက္သည္။
"ဆရာ ဒီကလူမွာ သူမ်ားမိန္းမကို တက္မက္တတ္တဲ့ ဆိုးဆိုး႐ြား႐ြား စြဲလမ္းမႈတစ္ခုရွိေနတယ္။ သူက ကြၽန္ေတာ္မိန္းမကို ၾကာခိုဖို႔ပဲ တစ္ခ်ိန္လုံးေတြးေနတာ။ ဒီလိုလူတစ္ေယာက္ကို အကယ္ဒမီထဲ ဝင္ခြင့္ျပဳလိုက္ရင္ ေက်ာင္းက မိန္းကေလးေတြနဲ႕ ဆရာမေတြအတြက္ အႏၱရာယ္မမ်ားလြန္းဘူးလား"
သင္သည္ ဟုန္ရွင္းယင္ ထံမွ အမ်က္ပြိုင့္ ၁၅၆ ရယူလိုက္သည္။
ဟုန္ရွင္းယင္က ဇူအန္ ဆရာကိုလွမ္းတိုင္တဲ့အထိ အရွက္မဲ့လိမ့္မည္ဟု မထင္ထားေပ။ ဘယ္ေလာကျဖစ္ျဖစ္ သူမ်ားအေပၚ တိုင္တန္းေသာသူမ်ားသည္ ကဲ့ရဲ႕စရာပင္ျဖစ္ေလသည္။
ဒီလူမွာ အရွက္မရွိဘူးလား မသိဘူး။
ဟုန္ရွင္းယင္ ေပါက္ကြဲခါနီးေသာ္လည္း အကယ္ဒမီဝန္ထမ္း၏ အၾကည့္ေၾကာင့္ ေနရာတြင္ ခဲေနေလသည္။
"ဟိုက ေက်ာင္းသား။ ငါတို႔ေက်ာင္းက အရည္အေသြးနဲ႕ က်င့္ႀကံမႈကို အေလးေပးေပမဲ့ ေက်ာင္းသားရဲ႕ စရိုက္ကိုလည္း အထူးအေရးေပးတယ္။ အနာဂတ္မွာ အေျမာ္အျမင္ရွိရွိ လုပ္ကိုင္မယ္လို႔ ေမွ်ာ္လင့္တယ္"
ဟုန္ရွင္းယင္က ခ်က္ခ်င္း ဦးၫႊတ္လိုက္သည္။
"ဟုတ္ကဲ့ ကြၽန္ေတာ္ နားေထာင္ပါ့မယ္"
ဝန္ထမ္းရဲ႕အျမင္က သူ႕အေပၚတြင္မေကာင္းေၾကာင္း သိေလသည္။ သို႔ေသာ္ ဂ႐ုမစိုက္ေပ။ သူ႕အရည္အေသြးက အျမင္အားလုံးကို ေျပာင္းျပန္လွန္နိုင္ေလသည္။
ဝန္ထမ္းက သူ၏ တေလးတစားစကားကို ေခါင္းညိတ္လိုက္ၿပီး ေရွ႕သို႔ေခၚလိုက္သည္။
"ဒီကိုလာၿပီး အရည္အေသြးကို စစ္လိုက္"
ဟုန္ရွင္းယင္က အသက္ျပင္းျပင္း ရႉလိုက္ၿပီး ဖန္လုံးဆီ သြားလိုက္သည္။ အရင္ေက်ာင္းသားမ်ားလိုပင္ ေသြးတစ္စက္ခ်လိဳက္သည္။ ခနအၾကာတြင္ အလင္းေရာင္စူးစူးတစ္ခု ထြက္လာေလသည္။
မာက်ဴး၏ အခင္းသည္ မီးအိမ္ဆိုလွ်င္ ဟုန္ရွင္းယင္၏ အလင္းသည္ လမင္းတစ္စင္း ေလာက္ရွိေပသည္။
----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- -----