Chapter 32: ငွေရှာရန် အလွယ်ဆုံးနည်းလမ်း
ထိုလူက အေးစက်စွာ လှောင်လိုက်သည်။
"မင်းက အမေ့လွယ်တာပဲ။ ငါက မက်မွန်ပွင့် ၁၃လေ။ မင်းနဲ့တောင် လောင်းကစားအတူလုပ်သေးတယ်။ ငါ့ကို အဲ့လောက်မြန်မြန်မေ့သွားပြီလား"
"မက်မွန်ပွင့် ၁၃" မက်မွန်ပွင့် ၁၂ပြောပုံအရ မေချောက်ဖုန်ရဲ့ မွေးစားသား၁၃ယောက်အနက် အင်အားအကောင်းဆုံး ကျင့်ကြံမှု တတိယအဆင့်ရှိသူဖြစ်ကြောင်း ဇူအန် အမှန်ရလိုက်သည်။
ဇူအန် ကြေကွဲနေသည်။
ဘာလို့ ငါ့ရန်သူမှန်သမျှက ငါ့ထက်အားကောင်းနေရတာလဲ။
တစ်ချိန်တည်းမှာပင် ယခင်ဇူအန်၏ အန္တရာယ်ကို တည့်တည့်တိုးနိုင်စွမ်းကို အံ့သြနေမိသည်။ ဒီလိုလူမျိုးများနှင့်ပင် လောင်းကစားအတူ လုပ်ရဲသေးသည်။
"၁၂ ဘယ်မှာလဲ" မက်မွန်ပွင့် ၁၃က မေးလိုက်သည်။
"ဘာ ၁၂ လဲ။ အဲ့တာ ကျုပ်ကို ဘာလို့လာမေးနေတာလဲ "ဇူအန် မသိချင်ယောင်ဆောင်လိုက်သည်။ မက်မွန်ပွင့် ၁၃ ၏ အရောက်မြန်မှုကို ဇူအန် မထင်ထားပေ။
"ဟန်ဆောင်မနေနဲ့တော့။ မင်းတို့နှစ်ယောက် မြို့ပြင်ကို အတူထွက်သွားတာ တွေ့လိုက်တဲ့လူရှိတယ်။ အခု သူ့ကိုရှာမတွေ့ဘူး" မက်မွန်ပွင့် ၁၃ က အေးစက်စက် ပြောလေသည်။
"အာ မှတ်မိပြီ မင်းက မက်မွန်ပွင့် ၁၂ ကို ပြောနေတာလား" ဇူအန် တစ်စုံတစ်ခုကို သတိရဟန် လက်ခုပ်တီး၍ ပြန်ဖြေသည်။
"ငါတို့ထွက်သွားပြီး မကြာခင် တန်မျိုးရိုးနဲ့ လူတစ်ယောက်ကို လမ်းမှာ တွေ့လိုက်တယ်။ သူက အဲ့ဒီတန်မျိုးရိုးနောက် လိုက်သွားပြီး ငါတို့လမ်းခွဲလိုက်တာပဲ။ ကျန်တာတော့ ငါလည်းမသိဘူး"
"တန်မျိုးရိုးနဲ့ လူတစ်ယောက်... အဲ့တာက ဟိုသစ္စဖောက် တန်ဝေလား" မက်မွန်ပွင့် ၁၃ က မေးလိုက်သည်။
ဇူအန်ပြောလိုက်သည်။
"ကြည့်ရတာ ဘာဖြစ်သွားလဲ မင်းသိတဲ့ပုံပဲ။ ကောင်းတယ်။ ငါတို့စာရင်းရှင်းပြီဆိုတော့ ငါသွားစရာရှိတာ သွားလိုက်ဦးမယ်"
မက်မွန်ပွင့် ၁၃ က မိန်းမလှလူသတ်သမားဆိုလျှင် ဇူအန် စကားနည်းနည်းပြောဖြစ်ဦးမည်။ သို့သော် မျက်နှာမှာ အမာရွတ်ရှိသော ကြမ်းကြမ်းတမ်းတမ်းလူကို အဖော်လုပ်ပေးဖို့တော့ စ်ိတ်မဝင်စားချေ။
"ခနနေဦး" မက်မွန်ပွင့် ၁၃က ဇူအန် ပုခုံးကို လှမ်းဆွဲလိုက်သည်။
သူ့လက်၏ ဆုတ်ကိုင်မှုသည် ဇူအန်ထက်အင်အားပိုကြီးကြောင်း ပြနေသည်။ သူတိုက်ခိုင်ချင်စိတ်ကို ထိန်း၍
"မင်း ဘာလိုချင်ရပြန်တာလဲ"
မက်မွန်ပွင့် ၁၃က အင်ကျီထဲလက်နှိုက်၍ စာရွက်တစ်ရွက်ထုတ်လိုက်သည်။
"မင်းငါ့ကို အကြွေးဆပ်ဖို့ အချိန်ကျပြီမဟုတ်ဘူးလား"
"ဟမ် ဘာအကြွေးလဲ" ဇူအန် ကြောင်သွားသည်။
"မင်းအကြွေးကို ငြင်းဖို့ကြိုးစားနေတာတော့ မဟုတ်ဘူးမလား။ စာရွက်ပေါ်မှာ ရှင်းနေအောင်ရေးထားပြီး မင်းလက်ဗွေရာပါ နှိပ်ထားပြီးသား" မက်မွန်ပွင့် ၁၃က အန္တရာယ်ရှိစွာ ပြုံးလိုက်သည်။
ဇူအန် အနီးကပ်သေချာကြည့်လိုက်သည်။ သူက မက်မွန်ပွင့် ၁၃ကို ငွေစတစ်ထောင်အကြွေးတင်ကြောင်း ရေးထားပြီး အောက်တွင် လက်ဗွေရာပါ ပါလိုက်သေးသည်။ မှတ်ဉာဏ်များ ခေါင်းထဲဝင်လာသည်။ သူက မက်မွန်ပွင့် ၁၃နှင့် လောင်းကစားဝိုင်းကို အတူသွား၍ ပါသမျှ ရှုံးလေသည်။ အရှုံးကို ပြန်ဆယ်ရန် မက်မွန်ပွင့် ၁၃ ထံမှ ပိုက်ဆံချေး၍ နောက်ထပ် ငွေစတစ်ထောင်ထပ်ရှုံးသွားသည်။
ချီးပဲ။ ဒီကောင်က တကယ်ကို အမှိုက်သရိုက်ပဲ။ အိမ်က အစေခံတောင် ပြန်ပြောရဲပြီး ဘယ်သူမှ မလေးစားတာ အံ့သြစရာမရှိတော့ဘူး။
ဇူအန်က ယခင်ခန္တာပိုင်ရှင်ကို လုံးဝစိတ်ပျက်သွားလေသည်။ သူ့တည်ရှိမှုသည် ဒီလောကအတွက် ဆန်ကုန်မြေလေးပင်။ ငွေစတစ်ထောင်သည် 1800,000 ဝမ် နှင့် ညီမျှလေသည်။
"မင်းပြောတော့ ချူအိမ်ကို ပြန်ရောက်တာနဲ့ ပိုက်ဆံပြန်ပေးမယ်ဆို ။ ဘယ်မလဲ ငါ့ပိုက်ဆံ?" မက်မွန်ပွင့် ၁၃က ဇူအန်ရှေ့တွင် လက်ဖြန့်ပြလိုက်သည်။
"မင်းမပေးနိုင်ရင် စာချုပ်အတိုင်း မင်းလက်ကို ငါဖြတ်ပစ်မှာနော်"
"ငါက ချူအိမ်ရဲ့ သခင်လေးပဲ။ မင်းကငါ့ကို ထိရဲလို့လား" ဇူအန် ပြန်ပြောရန် သတ္တိရလာသည်။ သူ့မှာ ကျီရှောင်ချီနှင့် မက်မွန်ပွင့် ၁၂ ထံမှ ငွေစအချို့ ရလိုက်သော်လည်း ငွေစတစ်ထောင်ပြည့်ရန် ယောင်လို့ပင် မရှိချေ။ ပြီးတော့ ပိုက်ဆံရှိလျှင်ပင် အသုံးမကျသောလူတစ်ယောက်အစား ပြန်ဆပ်ရန် ဆန္ဒမရှိပေ။ ဘာလို့သူရှာထားတဲ့ငွေနဲ့ တခြားလူအကြွေးကို ဆပ်ပေးရမလဲ။ ပြောစရာမလိုအောင် သူ့တွင် ချူအိမ်နောက်ခံ ရှိနေလေသည်။
"မင်းသူ့ကို ပေးစရာရှိရင် ပြန်ပေးလိုက်လို့ ငါအကြံပေးချင်တယ် ။ ဒီလောကမှာရှိတဲ့ ကျိန်ဆိုမှုတွေနဲ့ စာချုပ်တွေက ပတ်သက်တဲ့လူတိုင်းကို အပြစ်ပေးလိမ့်မယ်။ လပြည့်မြို့တော်ဝန်တောင် မင်းကိုကယ်နိုင်မှာ မဟုတ်ဘူး" လသာဆောင်မှ အသံတစ်ခု ထွက်လာသည်။
"အိုး..ဒီမှာ ပုန်းနေတဲ့ မိန်းမလှလေးတစ်ယောက် ရှိသေးတယ်လား" မက်မွန်ပွင့် ၁၃၏ အကြည့်သည် လသာဆောင်မှ အမျိုးသမီးထံရောက်သွားလေသည်။
"ငါ့ကို ရိသဲ့သဲ့လုပ်ဖို့ စဉ်းစားနေတာလား" သူမက မျက်နှာကိုစောင်း၍ သိချင်စိတ်ဖြင့် မေးလေသည်။
မက်မွန်ပွင့် ၁၃က အူးယားဖားယားရယ်လိုက်ပြီး
"ဟုတ်ရင်ရော မင်း.."သူမလက်ရှိ အရက်ပုလင်းအစိမ်းရောင်ကို မြင်၍ အသံတိုးသွားသည်။
တစ်ခုခုစိတ်ထဲ ပေါ်လာပုံရပြီး မလုံမလဲ ရယ်လိုက်သည်။
"မိန်းကလေးက ကျုပ်ကိုအထင်လွဲနေပါပြီ။ ကျုပ်တို့ မက်မွန်ပွင့်ဂိုဏ်းက သမာသမတ်ကျတဲ့ ဂိုဏ်းတစ်ခုပါ။ အဲ့လိုကိစ္စမျိုး လုပ်စရာလား"
ထိုအရာက ဇူအန်၏ သိချင်စိတ်ကို ပိုတိုးစေသည်။ မက်မွန်ပွင့် ၁၃လို မောက်မာသောသူပင် မလွန်ဆန်ရဲလျှင် သူမက ပညာရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုအခွင့်အရေးကို အသုံးချကာ မက်မွန်ပွင့် လက်ထဲမှစာရွက်ကို လုယူလိုက်သည်။ သူအနီးကပ်ကြည့်ရန် လိုပေသည်။
"မင်းစာချုပ်ကိုဖြဲဖို့ ကြိုးစားနေတာလား။ အသုံးမဝင်ဘူး ငါ့မှာမိတ္တူတွေအများကြီး ရှိသေးတယ်။ အကျိုးမဝင်ဘူး" မက်မွန်ပွင့် ၁၃က အေးစက်စက် ပြောလိုက်သည်။
ဇူအန် သူ့ကို ဂရုမစိုက်ဘဲ စာချုပ်ကိုသေချာကြည့်လိုက်သည်။ မျက်လုံးတစ်ချက်လက်သွား၍
"စာချုပ်အရ အကြွေးကသုံးရက်နေမှ ရက်ပြည့်မှာမဟုတ်ဘူးလား။ အချိန်ရှိပါသေးတယ်။ မင်းကဘာတွေလောနေတာလဲ။ စိတ်မပူနဲ့ သုံးရက်အတွင်း မင်းငွေကို ငါပြန်ပေးမယ်"
မက်မွန်ပွင့် ၁၃ က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဇူအန်ကို လွယ်လွယ်မလွှတ်ပေးချင်ပေ။ သို့သော် လေသာဆောင်မှ အမျိုးသမီး....
"ကောင်းပြီးလေ။ သုံးရက်နေလို့မှ မင်းပြန်မပေးရင် ကျောက်စိမ်းဧကရာဇ်တောင် မင်းကိုကယ်နိုင်မှာ မဟုတ်ဘူး"
သူက မသွားခင် စာချုပ်ကို ပြန်ဆွဲယူလိုက်သည်။ သူက ဂိုဏ်းဗဟိုချုပ်ကို ပြန်၍ ယနေ့ကိစ္စကို ပြန်ပြောရမည်။
မက်မွန်ပွင့် ထွက်သွားသော် ဇူအန် လေသာဆောင်ဘက် လှည့်လိုက်သည်။
"သူက ခင်ဗျားကို အတော်ကြောက်ပုံပဲ"
သူမက ပြုံးပြလိုက်ပြီး
"သူက ငါ့ကိုကြောက်တာမဟုတ်ဘူး။ သူ့ဂိုဏ်းကို ပြဿနာမတက်စေချင်တာ။ ပြောရမယ်ဆိုရင် သုံးရက်အတွင်း ငွေစတစ်ထောင် မင်းဘယ်လိုရှာမလဲ ငါသိချင်နေတာ"
ဇူအန် လေသာဆောင်ဘက်လှည့်၍ ပြောင်ချော်ချော်အပြုံးတစ်ခု ပြုံးလိုက်ပြီး
"ခင်ဗျားသာ ကျုပ်ကို ချေးပေးနိုင်ရင် သူ့နောက်လိုက်ပြီး ချက်ချင်းပြန်ပေးလိုက်လို့ရတယ်"
သူမက တန့်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မင်းက တကယ် အရေထူတာပဲ"
ဇူအန် သက်ပြင်းချလိုက်သည်။
"ဘာလုပ်နိုင်မှာလဲ။ ဘယ်လောကမဆို ရိုးသားတဲ့လူက ခံရတာချည်းပဲ။ မျက်နှာထူမှလည်း အကြာကြီးသွားနိုင်တာ"
သူမ ခေါင်းယမ်း၍ အရက်တစ်ချက် ငုံလိုက်သည်။
"ငါက မင်းကို သေချာမှ မသိဘဲ ဘာလို့ ချေးရမှာလဲ။ ပြီးတော့ ငါ့မှာလည်း အဲ့လောက် မရှိဘူး"
ဇူအန် သူမအဖြေကို မျှော်လင့်ထားပြီးဖြစ်၍ စပ်ဖြဲဖြဲ ရယ်လိုက်သည်။
"အရက်အတူတူ သောက်ဖူးတဲ့မျက်နှာကို ထောက်ပြီး ဒီမြို့မှာ ဘယ်ဟာက အမြတ်များများရလဲ ပြောပြပါလား။ ကျုပ်ကံသွားစမ်းကြည့်လိုက်မယ်"
သူမက အရက်ပုလင်းကို ချ၍ ဇူအန်ကို အကဲခတ်လိုက်သည်။
"မင်းက စိတ်ဝင်စားစရာကောင်းတဲ့လူပဲ။ ဒီမြို့မှာ အမြတ်အများဆုံးက ဆားနဲ့ သတ္ထုပဲ။ ဒီလောကရဲ့ လူအများစုက သာမန်သေမျိုးတွေ။ သူတို့က စားဖို့နဲ့ စိုက်ပျိုးဖို့ လိုကြတယ်။ သူတို့ဘဝက အဲ့ဒီအရာနှစ်ခုအပေါ် မူတည်နေတယ်"
"အဲ့တာအပြင် ယုအိမ်ရဲ့ ကီကျောက် ။ ကီကျောက်က အကျိုးအမြတ်အများကြီးရတဲ့ စီးပွားရေးပဲ။ သူတို့က ရှားပြီး တန်ဖိုးရှိတယ်။ ဝယ်လိုအားက ရောင်းနိုင်တာထက် အများကြီးပိုတယ်"
"ဒါပေါ့ ငါပြောတာက မြို့ထဲမှာရှိတဲ့ စီးပွားရေးစျေးကွက်ကို ပဲပြောတာ။ မင်းက အင်အားကြီးတဲ့ ကျင့်ကြံသူဆို ဒီထက်ပိုများတဲ့ ငွေရှာနည်းတွေ ရှိသေးတယ်"
ဇူအန် မျက်လုံးလှန်ကြည့်လိုက်သည်။
"ကျုပ်သာ အင်အားကောင်းရင် မက်မွန်ပွင့်ဂိုဏ်းက ဂျလေဘီတွေရဲ့ ခြိမ်းခြောက်တာကို ခံနေမှာ မဟုတ်ဘူး"
"ဒါဆိုရင်တော့ မတတ်နိုင်ဘူးပေါ့" သူမကပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"တကယ်တော့ ပိုလွယ်ပြီး သက်သာတဲ့အပြင် တစ်ချီတည်းအများကြီး ငွေရှာနိုင်တဲ့ နည်းရှိသေးတယ်"
"အို..အဲ့တာက ဘာလဲ" သူမ စိတ်ဝင်စားလာသည်။
"ကျုပ်က ရုပ်ဖြောင့်တဲ့လူတစ်ယောက်ဆီက ကြားလာတာ။ သူကပြောတယ် ဒီလောကမှာ မိန်းမများစွာရှိပေမဲ့ ယောက်ျားလေးရဲ့ စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။ ယောက်ျားလေးတွေက တွေ့သမျှမိန်းမတိုင်းနဲ့ ပတ်သက်နေရင် အားကို ဖြုန်းနေတာနဲ့ အတူတူပဲ။ အဲ့တာကြောင့် သူက ချမ်းသာတဲ့အမျိုးသမီးတွေကိုချည်း ပတ်သက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျုပ်အခုမှ တွေးလိုက်မိတာ။ သူ့စကားက အဓိပ္ပာယ်ရှိတယ်။ သူ့နည်းအတိုင်း လုပ်ကြည့်မလားလို့" ဇူအန်လေသံသည် လုံးဝလေးနက်နေသည်။
"ခြူစားတဲ့လူကို ဘယ်လိုတောင် တင်စားလိုက်တာလဲ။ မင်းကတကယ်ကို အထူးအဆန်းပဲ" အမျိုးသမီးက မထိတထိရှုံ့ချသည်။
"မိန်းကလေး ကျုပ်ကိုမစဉ်းစားတော့ဘူးလား။ ကျုပ်လို ဖျတ်လက်တက်ကြွပြီး ထောက်ထားညှာတာစိတ်ရှိတဲ့ ယောက်ျားတစ်ယောက်က ခင်ဗျားအတွက် သင့်တော်တယ်နော်" ဇူအန် သူ့ကိုယ်သူ ကြော်ငြာဝင်လိုက်သည်။
"မင်းက ချူအိမ်ရဲ့ သားမက်ဖြစ်နေပြီမဟုတ်ဘူးလား။ ငါနဲ့ ပတ်သက်ချင်သေးတယ်ပေါ့" သူမက ပြောလိုက်သည်။
"လူရှုပ်လူပွေ"
"ခင်ဗျား ကျုပ်ကို သိလား" ဇူအန် ထိပ်လန့်သွားသည်။
"အစကတော့ မသိပါဘူး ။ မင်းတို့စကားပြောတာကြားပြီး ခန့်မှန်းဖို့က မခက်ဘူး" သူမက ဆက်ပြောသည်။
"သတင်းက တစ်မြို့လုံးပြန့်ပြီးသား။လပြည့်မြို့ရဲ့သခင် ချူအိမ်ရဲ့ ပထမသခင်မလေးက လက်ထပ်တာမကြာသေးဘူး။ သတို့သားက ဘယ်အိမ်က သခင်လေးမှ မဟုတ်ဘဲ အသုံးမကျတဲ့ အမှိုက်တစ်ယောက်"
"ရိုးရိုးသားသားပြောရရင် ချူချူယန် လို လူမျိုးက မင်းလိုလူကို ဘာလို့ရွေးလိုက်တာလဲ သိချင်နေတာ။ အခုလို လူချင်းတွေ့မှပဲ သိတော့တယ် "
ဇူအန် ရင်ကော့လိုက်ပြီး ပြောလိုက်သည်။
"ကျုပ်က ရုပ်ချောလို့လား"
"မဟုတ်ဘူး။ အရှက်မရှိလို့" အမျိုသမီးက အကြောဆန့်လိုက်ပြီး သူမခန္ဓာကိုယ်က လှပစွာ ကွေးညွတ်သွားသည်။
"ငါအပြင်ရောက်တာ ကြာနေပြီဆိုတော့ ပြန်သင့်ပြီ။ ကံကြုံရင် ပြန်ဆုံကြတာပေါ့"
သူမလှည့်၍ လေသာဆောင်နောက်ရှိ ဝါးတောထဲသို့ ဝင်သွားလေသည်။
သူမ၏နောက်ကျောသည် အထီကျန်ဆန်နေသည်။ သူမ၏ အပြုံးနှင့် ရယ်သံများကို ဆန့်ကျင်လျက် သူမကိုယ်တွင် ဝမ်းနည်းမှုများ အချိန်ပြည့် ရောယှက်နေလေသည်။
"သူမစိတ်ထဲမှာ ဘာတွေက ဒီလောက် လေးလံနေပါလိမ့်" ဇူအန် အတွေးနက်နေပြီးမှ ခေါင်းယမ်းလိုက်သည်။
ဟမ်…ရုတ်တရက်ကြီး ငါက ဘာထဖြစ်တာလဲ… ဇူအန် အတွေးများ သိမ်းလိုက်ပြီး ယုယွမ်လော့ကို ရှာရန် ပြင်လိုက်သည်။
ထိုအချိန်တွင် မက်မွန်ပွင့် ၁၃သည် မြို့တောင်ပိုင်းတွင်တည်ရှိနေသော မက်မွန်ပွင့်ဂိုဏ်းဗဟိုချုပ်ထံသို့ အပြေးသွားလေသည်။ ဌာနချုပ်သို့ ရောက်သည်နှင့် သူက ဂိုဏ်းခေါင်းဆောင်၏ စာကြည့်ခန်းသို့ တန်းခနဲ ပြေးဝင်သွားလေသည်။
“အား…”
"သတင်းဆိုးပဲ ခေါင်းဆောင်" သူဝင်ဝင်လိုက်ခြင်း ကြောက်လန့်တကြားအော်သံတစ်ခု ကြားလိုက်ရသည်။ ကိုယ်လုံးတီးမိန်းမတစ်ယောက်သည် သူ့ကိုယ်ကိုဖုံးရန်အဝတ်ရှာ၍ အသည်းအသန်ဘေးကို ရွှေ့သွားသည်။
"မင်းငါ့ကို အကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ရင် ပြစ်ဒဏ်ပေးခန်းမကို သွားပြီး ကြိမ်ချက်၂၀ သွားခံရမယ်" မျက်လုံးတစ်ဖက်လပ် လူတစ်ယောက်သည် စားပွဲခုံနောက်တွင် ထိုင်နေသည်။ သူက ထိတ်လန့်နေသော အမျိုးသမီးခေါင်းကို ဆံပင်မှကိုင်၍ အောက်သို့ ဆွဲချလိုက်သည်။
"ဝူး.ဝူး....."
အမျိုးသမီး၏ တီးတိုးသံမှလွဲ၍ အခန်းသည် တိတ်ဆိတ်နေသည်။ မက်မွန်ပွင့် ၁၃ တံတွေးမြိုချလိုက်သည်။ တန်ဝေ ရဲ့မိန်းမက တကယ်ဖြူဖွေးတဲ့ အသားအရေရှိတာပဲ...။
သူ့အတွေးများကို ရပ်လိုက်ပြီး အာရုံပြန်စိုက်လိုက်သည်။
"ကျွန်တော် အခုမှ ဇူအန်ကို တွေ့ခဲ့တာ"
ပြောစရာမလိုစွာပင် မျက်စိ တစ်ဖက်ကန်းလူကြီးသည် မေချောက်ဖုန်ပင်ဖြစ်လေသည်။
"ဘယ်ကဇူအန်လဲ" မေချောက်ဖုန်းမျက်နှာတွင် သာယာမှုများဝေနေပြီး ထိုင်ခုံနောက်ကို မှီချလိုက်သည်။
"ခေါင်းဆောင် ၁၂ကို သတ်ဖို့ အမိန့်ပေးလိုက်တဲ့ တစ်ယောက်လေ" မက်မွန်ပွင့် ၁၃ အမြန်ပြန်ဖြေလိုက်သည်။
"အာ ချူအိမ်ရဲ့ သခင်လေးလား" မေချောက်ဖုန်း မတ်မတ်ထိုင်လိုက်ပြီး မျက်လုံးတွင် ဒေါသရိပ်များ သန်းလာသည်။
“အဟွတ်.. အဟွတ်”
အောက်ကမိန်းမက ချောင်းဆိုးလိုက်သည်။
မေချောက်ဖုန် စားပွဲအောက်ကို တစ်ချက်ကြည့်၍ မက်မွန်ပွင့် ၁၃ထံ အာရုံပြန်စိုက်လေသည်။
"၁၂က အရင်တစ်ခေါက် ကျရှုံးလို့ ငါသူ့အမှားကို ပြင်ဖို့ အခွင့်အရေးပေးထားတယ်။ ဘာလဲ။ သူ နောက်တစ်ကြိမ် ထပ်ရှုံးနိမ့်ပြန်ပြီလား"
မက်မွန်ပွင့် ၁၃ ပြန်ပြောသည်။
"၁၂ကို ဇူအန်နဲ့အတူတွဲပြီး မြို့ပြင်ထွက်သွားတာတွေ့လိုက်တယ်လို့ ညီအစ်ကိုတွေပြောတယ်။ ကျွန်တော်က ကိစ္စပြတ်ပြီထင်နေတာ။ ဒါပေမဲ့ ဒီနေ့ဇူအန်ကို အကောင်းအတိုင်း တွေ့လိုက်တယ်။ ၁၂ က ခုထိပြန်မလာသေးဘူး"
"ဘာဖြစ်နေတာလဲ" မေချောက်ဖုန်း တစ်ခုခုမှားနေတာ သိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျွန်တော်သူ့ကို မေးလိုက်ပါတယ်။ သူပြောတာတော့ သူတို့နှစ်ယောက်မြို့ပြင်ထွက်ပြီး မကြာခင်ပဲ တန်ဝေနဲ့ ဆုံတယ်တဲ့။၁၂က တန်ဝေ နောက်လိုက်သွားပြီး သူတို့လမ်းခွဲလိုက်တယ်လို့ပြောတယ်"
"ဝူး...." တန်ဝေနာမည်ကြားသောအခါ ထိုမိန်းကလေးသည် စိတ်လှုပ်ရှား၍ အပေါ်မော့ရန် ရုန်းလေသည်။ မေချောက်ဖုန်းက အားဖြင့် ပြန်ဖိလိုက်သည်။
မက်မွန်ပွင့် ၁၃ အာခေါင်ခြောက်လာသည်။
"မွေးစားအဖေ..၁၂ တစ်ခုခုများ..."
"မဖြစ်နိုင်ဘူး" မေချောက်ဖုန်းက ငြင်းလိုက်သည်။
"ကျင့်ကြံမှုဖြစ်ဖြစ် ဖျက်ထိုးဉာဏ်ဖြစ်ဖြစ် တန်ဝေက ၁၂ကို မယှဉ်နိုင်ဘူး။ သူက ၁၂ကို ဒုက္ခပေးနိုင်စရာ အကြောင်းမရှိဘူး"
"တင်ပြပါတယ်" ဂိုဏ်းသားတစ်ယောက် စာကြည့်ခန်းရှေ့မှ လှမ်းအော်လေသည်။
"ကျွန်တော်တို့ မြို့ပြင်မှာ တန်ဝေရဲ့ အလောင်းကို ရှာတွေ့ပါတယ်"
----- ------ ------ ------ ------ ------ ------- ------ ------- ------ ------ -----
Chapter 32: ေငြရွာရန္ အလြယ္ဆုံးနည္းလမ္း
ထိုလူက ေအးစက္စြာ ေလွာင္လိုက္သည္။
"မင္းက အေမ့လြယ္တာပဲ။ ငါက မက္မြန္ပြင့္ ၁၃ေလ။ မင္းနဲ႕ေတာင္ ေလာင္းကစားအတူလုပ္ေသးတယ္။ ငါ့ကို အဲ့ေလာက္ျမန္ျမန္ေမ့သြားၿပီလား"
"မက္မြန္ပြင့္ ၁၃" မက္မြန္ပြင့္ ၁၂ေျပာပုံအရ ေမေခ်ာက္ဖုန္ရဲ႕ ေမြးစားသား၁၃ေယာက္အနက္ အင္အားအေကာင္းဆုံး က်င့္ႀကံမႈ တတိယအဆင့္ရွိသူျဖစ္ေၾကာင္း ဇူအန္ အမွန္ရလိုက္သည္။
ဇူအန္ ေၾကကြဲေနသည္။
ဘာလို႔ ငါ့ရန္သူမွန္သမွ်က ငါ့ထက္အားေကာင္းေနရတာလဲ။
တစ္ခ်ိန္တည္းမွာပင္ ယခင္ဇူအန္၏ အႏၱရာယ္ကို တည့္တည့္တိုးနိုင္စြမ္းကို အံ့ၾသေနမိသည္။ ဒီလိုလူမ်ိဳးမ်ားႏွင့္ပင္ ေလာင္းကစားအတူ လုပ္ရဲေသးသည္။
"၁၂ ဘယ္မွာလဲ" မက္မြန္ပြင့္ ၁၃က ေမးလိုက္သည္။
"ဘာ ၁၂ လဲ။ အဲ့တာ က်ဳပ္ကို ဘာလို႔လာေမးေနတာလဲ "ဇူအန္ မသိခ်င္ေယာင္ေဆာင္လိုက္သည္။ မက္မြန္ပြင့္ ၁၃ ၏ အေရာက္ျမန္မႈကို ဇူအန္ မထင္ထားေပ။
"ဟန္ေဆာင္မေနနဲ႕ေတာ့။ မင္းတို႔ႏွစ္ေယာက္ ၿမိဳ႕ျပင္ကို အတူထြက္သြားတာ ေတြ႕လိုက္တဲ့လူရွိတယ္။ အခု သူ႕ကိုရွာမေတြ႕ဘူး" မက္မြန္ပြင့္ ၁၃ က ေအးစက္စက္ ေျပာေလသည္။
"အာ မွတ္မိၿပီ မင္းက မက္မြန္ပြင့္ ၁၂ ကို ေျပာေနတာလား" ဇူအန္ တစ္စုံတစ္ခုကို သတိရဟန္ လက္ခုပ္တီး၍ ျပန္ေျဖသည္။
"ငါတို႔ထြက္သြားၿပီး မၾကာခင္ တန္မ်ိဳးရိုးနဲ႕ လူတစ္ေယာက္ကို လမ္းမွာ ေတြ႕လိုက္တယ္။ သူက အဲ့ဒီတန္မ်ိဳးရိုးေနာက္ လိုက္သြားၿပီး ငါတို႔လမ္းခြဲလိုက္တာပဲ။ က်န္တာေတာ့ ငါလည္းမသိဘူး"
"တန္မ်ိဳးရိုးနဲ႕ လူတစ္ေယာက္... အဲ့တာက ဟိုသစၥေဖာက္ တန္ေဝလား" မက္မြန္ပြင့္ ၁၃ က ေမးလိုက္သည္။
ဇူအန္ေျပာလိုက္သည္။
"ၾကည့္ရတာ ဘာျဖစ္သြားလဲ မင္းသိတဲ့ပုံပဲ။ ေကာင္းတယ္။ ငါတို႔စာရင္းရွင္းၿပီဆိုေတာ့ ငါသြားစရာရွိတာ သြားလိုက္ဦးမယ္"
မက္မြန္ပြင့္ ၁၃ က မိန္းမလွလူသတ္သမားဆိုလွ်င္ ဇူအန္ စကားနည္းနည္းေျပာျဖစ္ဦးမည္။ သို႔ေသာ္ မ်က္ႏွာမွာ အမာ႐ြတ္ရွိေသာ ၾကမ္းၾကမ္းတမ္းတမ္းလူကို အေဖာ္လုပ္ေပးဖို႔ေတာ့ စ်ိတ်မဝင်စားချေ။
"ခနေနဦး" မက္မြန္ပြင့္ ၁၃က ဇူအန္ ပုခုံးကို လွမ္းဆြဲလိုက္သည္။
သူ႕လက္၏ ဆုတ္ကိုင္မႈသည္ ဇူအန္ထက္အင္အားပိုႀကီးေၾကာင္း ျပေနသည္။ သူတိုက္ခိုင္ခ်င္စိတ္ကို ထိန္း၍
"မင္း ဘာလိုခ်င္ရျပန္တာလဲ"
မက္မြန္ပြင့္ ၁၃က အင္က်ီထဲလက္ႏွိုက္၍ စာ႐ြက္တစ္႐ြက္ထုတ္လိုက္သည္။
"မင္းငါ့ကို အေႂကြးဆပ္ဖို႔ အခ်ိန္က်ၿပီမဟုတ္ဘူးလား"
"ဟမ္ ဘာအေႂကြးလဲ" ဇူအန္ ေၾကာင္သြားသည္။
"မင္းအေႂကြးကို ျငင္းဖို႔ႀကိဳးစားေနတာေတာ့ မဟုတ္ဘူးမလား။ စာ႐ြက္ေပၚမွာ ရွင္းေနေအာင္ေရးထားၿပီး မင္းလက္ေဗြရာပါ ႏွိပ္ထားၿပီးသား" မက္မြန္ပြင့္ ၁၃က အႏၱရာယ္ရွိစြာ ၿပဳံးလိုက္သည္။
ဇူအန္ အနီးကပ္ေသခ်ာၾကည့္လိုက္သည္။ သူက မက္မြန္ပြင့္ ၁၃ကို ေငြစတစ္ေထာင္အေႂကြးတင္ေၾကာင္း ေရးထားၿပီး ေအာက္တြင္ လက္ေဗြရာပါ ပါလိုက္ေသးသည္။ မွတ္ဉာဏ္မ်ား ေခါင္းထဲဝင္လာသည္။ သူက မက္မြန္ပြင့္ ၁၃ႏွင့္ ေလာင္းကစားဝိုင္းကို အတူသြား၍ ပါသမွ် ရႈံးေလသည္။ အရႈံးကို ျပန္ဆယ္ရန္ မက္မြန္ပြင့္ ၁၃ ထံမွ ပိုက္ဆံေခ်း၍ ေနာက္ထပ္ ေငြစတစ္ေထာင္ထပ္ရႈံးသြားသည္။
ခ်ီးပဲ။ ဒီေကာင္က တကယ္ကို အမွိုက္သရိုက္ပဲ။ အိမ္က အေစခံေတာင္ ျပန္ေျပာရဲၿပီး ဘယ္သူမွ မေလးစားတာ အံ့ၾသစရာမရွိေတာ့ဘူး။
ဇူအန္က ယခင္ခႏၱာပိုင္ရွင္ကို လုံးဝစိတ္ပ်က္သြားေလသည္။ သူ႕တည္ရွိမႈသည္ ဒီေလာကအတြက္ ဆန္ကုန္ေျမေလးပင္။ ေငြစတစ္ေထာင္သည္ 1800,000 ဝမ္ ႏွင့္ ညီမွ်ေလသည္။
"မင္းေျပာေတာ့ ခ်ဴအိမ္ကို ျပန္ေရာက္တာနဲ႕ ပိုက္ဆံျပန္ေပးမယ္ဆို ။ ဘယ္မလဲ ငါ့ပိုက္ဆံ?" မက္မြန္ပြင့္ ၁၃က ဇူအန္ေရွ႕တြင္ လက္ျဖန့္ျပလိုက္သည္။
"မင္းမေပးနိုင္ရင္ စာခ်ဳပ္အတိုင္း မင္းလက္ကို ငါျဖတ္ပစ္မွာေနာ္"
"ငါက ခ်ဴအိမ္ရဲ႕ သခင္ေလးပဲ။ မင္းကငါ့ကို ထိရဲလို႔လား" ဇူအန္ ျပန္ေျပာရန္ သတၱိရလာသည္။ သူ႕မွာ က်ီေရွာင္ခ်ီႏွင့္ မက္မြန္ပြင့္ ၁၂ ထံမွ ေငြစအခ်ိဳ႕ ရလိုက္ေသာ္လည္း ေငြစတစ္ေထာင္ျပည့္ရန္ ေယာင္လို႔ပင္ မရွိေခ်။ ၿပီးေတာ့ ပိုက္ဆံရွိလွ်င္ပင္ အသုံးမက်ေသာလူတစ္ေယာက္အစား ျပန္ဆပ္ရန္ ဆႏၵမရွိေပ။ ဘာလို႔သူရွာထားတဲ့ေငြနဲ႕ တျခားလူအေႂကြးကို ဆပ္ေပးရမလဲ။ ေျပာစရာမလိုေအာင္ သူ႕တြင္ ခ်ဴအိမ္ေနာက္ခံ ရွိေနေလသည္။
"မင္းသူ႕ကို ေပးစရာရွိရင္ ျပန္ေပးလိုက္လို႔ ငါအႀကံေပးခ်င္တယ္ ။ ဒီေလာကမွာရွိတဲ့ က်ိန္ဆိုမႈေတြနဲ႕ စာခ်ဳပ္ေတြက ပတ္သက္တဲ့လူတိုင္းကို အျပစ္ေပးလိမ့္မယ္။ လျပည့္ၿမိဳ႕ေတာ္ဝန္ေတာင္ မင္းကိုကယ္နိုင္မွာ မဟုတ္ဘူး" လသာေဆာင္မွ အသံတစ္ခု ထြက္လာသည္။
"အိုး..ဒီမွာ ပုန္းေနတဲ့ မိန္းမလွေလးတစ္ေယာက္ ရွိေသးတယ္လား" မက္မြန္ပြင့္ ၁၃၏ အၾကည့္သည္ လသာေဆာင္မွ အမ်ိဳးသမီးထံေရာက္သြားေလသည္။
"ငါ့ကို ရိသဲ့သဲ့လုပ္ဖို႔ စဥ္းစားေနတာလား" သူမက မ်က္ႏွာကိုေစာင္း၍ သိခ်င္စိတ္ျဖင့္ ေမးေလသည္။
မက္မြန္ပြင့္ ၁၃က အူးယားဖားယားရယ္လိုက္ၿပီး
"ဟုတ္ရင္ေရာ မင္း.."သူမလက္ရွိ အရက္ပုလင္းအစိမ္းေရာင္ကို ျမင္၍ အသံတိုးသြားသည္။
တစ္ခုခုစိတ္ထဲ ေပၚလာပုံရၿပီး မလုံမလဲ ရယ္လိုက္သည္။
"မိန္းကေလးက က်ဳပ္ကိုအထင္လြဲေနပါၿပီ။ က်ဳပ္တို႔ မက္မြန္ပြင့္ဂိုဏ္းက သမာသမတ္က်တဲ့ ဂိုဏ္းတစ္ခုပါ။ အဲ့လိုကိစၥမ်ိဳး လုပ္စရာလား"
ထိုအရာက ဇူအန္၏ သိခ်င္စိတ္ကို ပိုတိုးေစသည္။ မက္မြန္ပြင့္ ၁၃လို ေမာက္မာေသာသူပင္ မလြန္ဆန္ရဲလွ်င္ သူမက ပညာရွင္တစ္ေယာက္ ျဖစ္ေပလိမ့္မည္။ ထိုအခြင့္အေရးကို အသုံးခ်ကာ မက္မြန္ပြင့္ လက္ထဲမွစာ႐ြက္ကို လုယူလိုက္သည္။ သူအနီးကပ္ၾကည့္ရန္ လိုေပသည္။
"မင္းစာခ်ဳပ္ကိုၿဖဲဖို႔ ႀကိဳးစားေနတာလား။ အသုံးမဝင္ဘူး ငါ့မွာမိတၱဴေတြအမ်ားႀကီး ရွိေသးတယ္။ အက်ိဳးမဝင္ဘူး" မက္မြန္ပြင့္ ၁၃က ေအးစက္စက္ ေျပာလိုက္သည္။
ဇူအန္ သူ႕ကို ဂ႐ုမစိုက္ဘဲ စာခ်ဳပ္ကိုေသခ်ာၾကည့္လိုက္သည္။ မ်က္လုံးတစ္ခ်က္လက္သြား၍
"စာခ်ဳပ္အရ အေႂကြးကသုံးရက္ေနမွ ရက္ျပည့္မွာမဟုတ္ဘူးလား။ အခ်ိန္ရွိပါေသးတယ္။ မင္းကဘာေတြေလာေနတာလဲ။ စိတ္မပူနဲ႕ သုံးရက္အတြင္း မင္းေငြကို ငါျပန္ေပးမယ္"
မက္မြန္ပြင့္ ၁၃ က မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူက ဇူအန္ကို လြယ္လြယ္မလႊတ္ေပးခ်င္ေပ။ သို႔ေသာ္ ေလသာေဆာင္မွ အမ်ိဳးသမီး....
"ေကာင္းၿပီးေလ။ သုံးရက္ေနလို႔မွ မင္းျပန္မေပးရင္ ေက်ာက္စိမ္းဧကရာဇ္ေတာင္ မင္းကိုကယ္နိုင္မွာ မဟုတ္ဘူး"
သူက မသြားခင္ စာခ်ဳပ္ကို ျပန္ဆြဲယူလိုက္သည္။ သူက ဂိုဏ္းဗဟိုခ်ဳပ္ကို ျပန္၍ ယေန႕ကိစၥကို ျပန္ေျပာရမည္။
မက္မြန္ပြင့္ ထြက္သြားေသာ္ ဇူအန္ ေလသာေဆာင္ဘက္ လွည့္လိုက္သည္။
"သူက ခင္ဗ်ားကို အေတာ္ေၾကာက္ပုံပဲ"
သူမက ၿပဳံးျပလိုက္ၿပီး
"သူက ငါ့ကိုေၾကာက္တာမဟုတ္ဘူး။ သူ႕ဂိုဏ္းကို ျပႆနာမတက္ေစခ်င္တာ။ ေျပာရမယ္ဆိုရင္ သုံးရက္အတြင္း ေငြစတစ္ေထာင္ မင္းဘယ္လိုရွာမလဲ ငါသိခ်င္ေနတာ"
ဇူအန္ ေလသာေဆာင္ဘက္လွည့္၍ ေျပာင္ေခ်ာ္ေခ်ာ္အၿပဳံးတစ္ခု ၿပဳံးလိုက္ၿပီး
"ခင္ဗ်ားသာ က်ဳပ္ကို ေခ်းေပးနိုင္ရင္ သူ႕ေနာက္လိုက္ၿပီး ခ်က္ခ်င္းျပန္ေပးလိုက္လို႔ရတယ္"
သူမက တန့္သြားၿပီး အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။
"မင္းက တကယ္ အေရထူတာပဲ"
ဇူအန္ သက္ျပင္းခ်လိဳက္သည္။
"ဘာလုပ္နိုင္မွာလဲ။ ဘယ္ေလာကမဆို ရိုးသားတဲ့လူက ခံရတာခ်ည္းပဲ။ မ်က္ႏွာထူမွလည္း အၾကာႀကီးသြားနိုင္တာ"
သူမ ေခါင္းယမ္း၍ အရက္တစ္ခ်က္ ငုံလိုက္သည္။
"ငါက မင္းကို ေသခ်ာမွ မသိဘဲ ဘာလို႔ ေခ်းရမွာလဲ။ ၿပီးေတာ့ ငါ့မွာလည္း အဲ့ေလာက္ မရွိဘူး"
ဇူအန္ သူမအေျဖကို ေမွ်ာ္လင့္ထားၿပီးျဖစ္၍ စပ္ၿဖဲၿဖဲ ရယ္လိုက္သည္။
"အရက္အတူတူ ေသာက္ဖူးတဲ့မ်က္ႏွာကို ေထာက္ၿပီး ဒီၿမိဳ႕မွာ ဘယ္ဟာက အျမတ္မ်ားမ်ားရလဲ ေျပာျပပါလား။ က်ဳပ္ကံသြားစမ္းၾကည့္လိုက္မယ္"
သူမက အရက္ပုလင္းကို ခ်၍ ဇူအန္ကို အကဲခတ္လိုက္သည္။
"မင္းက စိတ္ဝင္စားစရာေကာင္းတဲ့လူပဲ။ ဒီၿမိဳ႕မွာ အျမတ္အမ်ားဆုံးက ဆားနဲ႕ သတၳဳပဲ။ ဒီေလာကရဲ႕ လူအမ်ားစုက သာမန္ေသမ်ိဳးေတြ။ သူတို႔က စားဖို႔နဲ႕ စိုက္ပ်ိဳးဖို႔ လိုၾကတယ္။ သူတို႔ဘဝက အဲ့ဒီအရာႏွစ္ခုအေပၚ မူတည္ေနတယ္"
"အဲ့တာအျပင္ ယုအိမ္ရဲ႕ ကီေက်ာက္ ။ ကီေက်ာက္က အက်ိဳးအျမတ္အမ်ားႀကီးရတဲ့ စီးပြားေရးပဲ။ သူတို႔က ရွားၿပီး တန္ဖိုးရွိတယ္။ ဝယ္လိုအားက ေရာင္းနိုင္တာထက္ အမ်ားႀကီးပိုတယ္"
"ဒါေပါ့ ငါေျပာတာက ၿမိဳ႕ထဲမွာရွိတဲ့ စီးပြားေရးေစ်းကြက္ကို ပဲေျပာတာ။ မင္းက အင္အားႀကီးတဲ့ က်င့္ႀကံသူဆို ဒီထက္ပိုမ်ားတဲ့ ေငြရွာနည္းေတြ ရွိေသးတယ္"
ဇူအန္ မ်က္လုံးလွန္ၾကည့္လိုက္သည္။
"က်ဳပ္သာ အင္အားေကာင္းရင္ မက္မြန္ပြင့္ဂိုဏ္းက ဂ်ေလဘီေတြရဲ႕ ၿခိမ္းေျခာက္တာကို ခံေနမွာ မဟုတ္ဘူး"
"ဒါဆိုရင္ေတာ့ မတတ္နိုင္ဘူးေပါ့" သူမကေပါ့ေပါ့ပါးပါး ရယ္လိုက္သည္။
"တကယ္ေတာ့ ပိုလြယ္ၿပီး သက္သာတဲ့အျပင္ တစ္ခ်ီတည္းအမ်ားႀကီး ေငြရွာနိုင္တဲ့ နည္းရွိေသးတယ္"
"အို..အဲ့တာက ဘာလဲ" သူမ စိတ္ဝင္စားလာသည္။
"က်ဳပ္က ႐ုပ္ေျဖာင့္တဲ့လူတစ္ေယာက္ဆီက ၾကားလာတာ။ သူကေျပာတယ္ ဒီေလာကမွာ မိန္းမမ်ားစြာရွိေပမဲ့ ေယာက္်ားေလးရဲ႕ စြမ္းေဆာင္နိုင္စြမ္းက အကန့္အသတ္ရွိတယ္။ ေယာက္်ားေလးေတြက ေတြ႕သမွ်မိန္းမတိုင္းနဲ႕ ပတ္သက္ေနရင္ အားကို ျဖဳန္းေနတာနဲ႕ အတူတူပဲ။ အဲ့တာေၾကာင့္ သူက ခ်မ္းသာတဲ့အမ်ိဳးသမီးေတြကိုခ်ည္း ပတ္သက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ က်ဳပ္အခုမွ ေတြးလိုက္မိတာ။ သူ႕စကားက အဓိပၸာယ္ရွိတယ္။ သူ႕နည္းအတိုင္း လုပ္ၾကည့္မလားလို႔" ဇူအန္ေလသံသည္ လုံးဝေလးနက္ေနသည္။
"ျခဴစားတဲ့လူကို ဘယ္လိုေတာင္ တင္စားလိုက္တာလဲ။ မင္းကတကယ္ကို အထူးအဆန္းပဲ" အမ်ိဳးသမီးက မထိတထိရႈံ႕ခ်သည္။
"မိန္းကေလး က်ဳပ္ကိုမစဥ္းစားေတာ့ဘူးလား။ က်ဳပ္လို ဖ်တ္လက္တက္ႂကြၿပီး ေထာက္ထားညွာတာစိတ္ရွိတဲ့ ေယာက္်ားတစ္ေယာက္က ခင္ဗ်ားအတြက္ သင့္ေတာ္တယ္ေနာ္" ဇူအန္ သူ႕ကိုယ္သူ ေၾကာ္ျငာဝင္လိုက္သည္။
"မင္းက ခ်ဴအိမ္ရဲ႕ သားမက္ျဖစ္ေနၿပီမဟုတ္ဘူးလား။ ငါနဲ႕ ပတ္သက္ခ်င္ေသးတယ္ေပါ့" သူမက ေျပာလိုက္သည္။
"လူရႈပ္လူေပြ"
"ခင္ဗ်ား က်ဳပ္ကို သိလား" ဇူအန္ ထိပ္လန့္သြားသည္။
"အစကေတာ့ မသိပါဘူး ။ မင္းတို႔စကားေျပာတာၾကားၿပီး ခန့္မွန္းဖို႔က မခက္ဘူး" သူမက ဆက္ေျပာသည္။
"သတင္းက တစ္ၿမိဳ႕လုံးျပန့္ၿပီးသား။လျပည့္ၿမိဳ႕ရဲ႕သခင္ ခ်ဴအိမ္ရဲ႕ ပထမသခင္မေလးက လက္ထပ္တာမၾကာေသးဘူး။ သတို႔သားက ဘယ္အိမ္က သခင္ေလးမွ မဟုတ္ဘဲ အသုံးမက်တဲ့ အမွိုက္တစ္ေယာက္"
"ရိုးရိုးသားသားေျပာရရင္ ခ်ဴခ်ဴယန္ လို လူမ်ိဳးက မင္းလိုလူကို ဘာလို႔ေ႐ြးလိုက္တာလဲ သိခ်င္ေနတာ။ အခုလို လူခ်င္းေတြ႕မွပဲ သိေတာ့တယ္ "
ဇူအန္ ရင္ေကာ့လိုက္ၿပီး ေျပာလိုက္သည္။
"က်ဳပ္က ႐ုပ္ေခ်ာလို႔လား"
"မဟုတ္ဘူး။ အရွက္မရွိလို႔" အမ်ိဳသမီးက အေၾကာဆန့္လိုက္ၿပီး သူမခႏၶာကိုယ္က လွပစြာ ေကြးၫြတ္သြားသည္။
"ငါအျပင္ေရာက္တာ ၾကာေနၿပီဆိုေတာ့ ျပန္သင့္ၿပီ။ ကံႀကဳံရင္ ျပန္ဆုံၾကတာေပါ့"
သူမလွည့္၍ ေလသာေဆာင္ေနာက္ရွိ ဝါးေတာထဲသို႔ ဝင္သြားေလသည္။
သူမ၏ေနာက္ေက်ာသည္ အထီက်န္ဆန္ေနသည္။ သူမ၏ အၿပဳံးႏွင့္ ရယ္သံမ်ားကို ဆန႔္က်င္လ်က္ သူမကိုယ္တြင္ ဝမ္းနည္းမႈမ်ား အခ်ိန္ျပည့္ ေရာယွက္ေနေလသည္။
"သူမစိတ္ထဲမွာ ဘာေတြက ဒီေလာက္ ေလးလံေနပါလိမ့္" ဇူအန္ အေတြးနက္ေနၿပီးမွ ေခါင္းယမ္းလိုက္သည္။
ဟမ္႐ုတ္တရက္ႀကီး ငါက ဘာထျဖစ္တာလဲ ဇူအန္ အေတြးမ်ား သိမ္းလိုက္ၿပီး ယုယြမ္ေလာ့ကို ရွာရန္ ျပင္လိုက္သည္။
ထိုအခ်ိန္တြင္ မက္မြန္ပြင့္ ၁၃သည္ ၿမိဳ႕ေတာင္ပိုင္းတြင္တည္ရွိေနေသာ မက္မြန္ပြင့္ဂိုဏ္းဗဟိုခ်ဳပ္ထံသို႔ အေျပးသြားေလသည္။ ဌာနခ်ဳပ္သို႔ ေရာက္သည္ႏွင့္ သူက ဂိုဏ္းေခါင္းေဆာင္၏ စာၾကည့္ခန္းသို႔ တန္းခနဲ ေျပးဝင္သြားေလသည္။
အား
"သတင္းဆိုးပဲ ေခါင္းေဆာင္" သူဝင္ဝင္လိုက္ျခင္း ေၾကာက္လန့္တၾကားေအာ္သံတစ္ခု ၾကားလိုက္ရသည္။ ကိုယ္လုံးတီးမိန္းမတစ္ေယာက္သည္ သူ႕ကိုယ္ကိုဖုံးရန္အဝတ္ရွာ၍ အသည္းအသန္ေဘးကို ေ႐ႊ႕သြားသည္။
"မင္းငါ့ကို အေၾကာင္းျပခ်က္ေကာင္းေကာင္းမေပးနိုင္ရင္ ျပစ္ဒဏ္ေပးခန္းမကို သြားၿပီး ႀကိမ္ခ်က္၂၀ သြားခံရမယ္" မ်က္လုံးတစ္ဖက္လပ္ လူတစ္ေယာက္သည္ စားပြဲခုံေနာက္တြင္ ထိုင္ေနသည္။ သူက ထိတ္လန့္ေနေသာ အမ်ိဳးသမီးေခါင္းကို ဆံပင္မွကိုင္၍ ေအာက္သို႔ ဆြဲခ်လိဳက္သည္။
"ဝူး.ဝူး....."
အမ်ိဳးသမီး၏ တီးတိုးသံမွလြဲ၍ အခန္းသည္ တိတ္ဆိတ္ေနသည္။ မက္မြန္ပြင့္ ၁၃ တံေတြးၿမိဳခ်လိဳက္သည္။ တန္ေဝ ရဲ႕မိန္းမက တကယ္ျဖဴေဖြးတဲ့ အသားအေရရွိတာပဲ...။
သူ႕အေတြးမ်ားကို ရပ္လိုက္ၿပီး အာ႐ုံျပန္စိုက္လိုက္သည္။
"ကြၽန္ေတာ္ အခုမွ ဇူအန္ကို ေတြ႕ခဲ့တာ"
ေျပာစရာမလိုစြာပင္ မ်က္စိ တစ္ဖက္ကန္းလူႀကီးသည္ ေမေခ်ာက္ဖုန္ပင္ျဖစ္ေလသည္။
"ဘယ္ကဇူအန္လဲ" ေမေခ်ာက္ဖုန္းမ်က္ႏွာတြင္ သာယာမႈမ်ားေဝေနၿပီး ထိုင္ခုံေနာက္ကို မွီခ်လိဳက္သည္။
"ေခါင္းေဆာင္ ၁၂ကို သတ္ဖို႔ အမိန့္ေပးလိုက္တဲ့ တစ္ေယာက္ေလ" မက္မြန္ပြင့္ ၁၃ အျမန္ျပန္ေျဖလိုက္သည္။
"အာ ခ်ဴအိမ္ရဲ႕ သခင္ေလးလား" ေမေခ်ာက္ဖုန္း မတ္မတ္ထိုင္လိုက္ၿပီး မ်က္လုံးတြင္ ေဒါသရိပ္မ်ား သန္းလာသည္။
အဟြတ္.. အဟြတ္
ေအာက္ကမိန္းမက ေခ်ာင္းဆိုးလိုက္သည္။
ေမေခ်ာက္ဖုန္ စားပြဲေအာက္ကို တစ္ခ်က္ၾကည့္၍ မက္မြန္ပြင့္ ၁၃ထံ အာ႐ုံျပန္စိုက္ေလသည္။
"၁၂က အရင္တစ္ေခါက္ က်ရႈံးလို႔ ငါသူ႕အမွားကို ျပင္ဖို႔ အခြင့္အေရးေပးထားတယ္။ ဘာလဲ။ သူ ေနာက္တစ္ႀကိမ္ ထပ္ရႈံးနိမ့္ျပန္ၿပီလား"
မက္မြန္ပြင့္ ၁၃ ျပန္ေျပာသည္။
"၁၂ကို ဇူအန္နဲ႕အတူတြဲၿပီး ၿမိဳ႕ျပင္ထြက္သြားတာေတြ႕လိုက္တယ္လို႔ ညီအစ္ကိုေတြေျပာတယ္။ ကြၽန္ေတာ္က ကိစၥျပတ္ၿပီထင္ေနတာ။ ဒါေပမဲ့ ဒီေန႕ဇူအန္ကို အေကာင္းအတိုင္း ေတြ႕လိုက္တယ္။ ၁၂ က ခုထိျပန္မလာေသးဘူး"
"ဘာျဖစ္ေနတာလဲ" ေမေခ်ာက္ဖုန္း တစ္ခုခုမွားေနတာ သိလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
"ကြၽန္ေတာ္သူ႕ကို ေမးလိုက္ပါတယ္။ သူေျပာတာေတာ့ သူတို႔ႏွစ္ေယာက္ၿမိဳ႕ျပင္ထြက္ၿပီး မၾကာခင္ပဲ တန္ေဝနဲ႕ ဆုံတယ္တဲ့။၁၂က တန္ေဝ ေနာက္လိုက္သြားၿပီး သူတို႔လမ္းခြဲလိုက္တယ္လို႔ေျပာတယ္"
"ဝူး...." တန္ေဝနာမည္ၾကားေသာအခါ ထိုမိန္းကေလးသည္ စိတ္လႈပ္ရွား၍ အေပၚေမာ့ရန္ ႐ုန္းေလသည္။ ေမေခ်ာက္ဖုန္းက အားျဖင့္ ျပန္ဖိလိုက္သည္။
မက္မြန္ပြင့္ ၁၃ အာေခါင္ေျခာက္လာသည္။
"ေမြးစားအေဖ..၁၂ တစ္ခုခုမ်ား..."
"မျဖစ္နိုင္ဘူး" ေမေခ်ာက္ဖုန္းက ျငင္းလိုက္သည္။
"က်င့္ႀကံမႈျဖစ္ျဖစ္ ဖ်က္ထိုးဉာဏ္ျဖစ္ျဖစ္ တန္ေဝက ၁၂ကို မယွဥ္နိုင္ဘူး။ သူက ၁၂ကို ဒုကၡေပးနိုင္စရာ အေၾကာင္းမရွိဘူး"
"တင္ျပပါတယ္" ဂိုဏ္းသားတစ္ေယာက္ စာၾကည့္ခန္းေရွ႕မွ လွမ္းေအာ္ေလသည္။
"ကြၽန္ေတာ္တို႔ ၿမိဳ႕ျပင္မွာ တန္ေဝရဲ႕ အေလာင္းကို ရွာေတြ႕ပါတယ္"
----- ------ ------ ------ ------ ------ ------- ------ ------- ------ ------ -----