ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

Od SoeHmue

74.5K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... Více

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

25

421 55 0
Od SoeHmue

Chapter 25: ရှင်သန်ရန် အခွင့်အရေး

ပေါင်ခန်းက ဟက်ဟက်ပက်ပက် အော်ရယ်လိုက်သည်။
"ဒါပေါ့ ကိစ္စမရှိဘူး။ ငါတို့ အနက်ရောင်လေခံတပ်က ဘဝပေါင်းစုံက လူတွေကို လက်ခံတယ်။ အခု ဒီအစောင့်တွေကို အရင်ရှင်းလိုက်ကြမလား"

သူ့စကားများကို ဆန့်ကျင်စွာပင် စိတ်ထဲတွင် ပေါင်ခန်းတွေးနေသည်။ ယုအိမ်ကို တိုက်ခိုက်ခြင်းသည် ကိစ္စအကြီးကြီးပင်။ ဤအရာကို ပေါ်ကြားစေမည့် အရာဘာတစ်ခုမှ ချန်ခဲ့ရန် မဖြစ်နိုင်ပေ။ ဒီကျူးကျော်သူကိုသာ လွှတ်ပေးလိုက်ရင် သူတို့အတွက် ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။
သူက ဒီလူရဲ့နောက်ခံကို မသိသေး၍သာ မလှုပ်ရှားသေးခြင်းပင်။ ထို့အပြင် သူတို့သည် ယုအိမ်အစောင့်များနှင့် ယှဉ်တိုက်နေဆဲဖြစ်သည်။ အစောင့်များကိုအရင်ရှင်းပြီးမှ ဒီလူကို သတ်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။

ဘာပဲဖြစ်ဖြစ် ဒီလူက အဆင့် ၅ နဲ့အထက်တော့ မဖြစ်နိုင်ဘူး။ မဟုတ်ရင် ယုအိမ်အစောင့်တွေကို တစ်ယောက်တည်းရှင်းပေလိမ့်မည်။ သူတို့နှင့် ပူးပေါင်းရန် မလိုအပ်ပေ။

ချုံပုတ်နောက်တွင်ပုန်းနေသော ကျီရှောင်ချီသည် ပို၍ပို၍ မူးနောက်လာရသည်။ ဇူအန် ဘာလုပ်ရန်ကြိုးစားနေသည်ကို သူမ မသိပေ။
သူမသာ ဇူအန်၏အခြေအနေမှန်ကို မသိထားလျှင် သူတကယ်ပင် ထိုသို့လုပ်ရန်ရည်ရွယ်သည်ဟု ထင်ပေလိမ့်မည်။

"ကြားရတာကောင်းတယ်" ဇူအန် သူ့ဓားကိုဆွဲ၍ အနီးဆုံးယုအိမ်အစောင့်ထံသို့ ပြေးဝင်သွားသည်။

ယုအိမ်အစောင့်က သိပ်ပင်မလှုပ်လိုက်ရပေ။ ဇူအန် နောက်သို့ ခြေလှမ်းများစွာ ပြန်ဆုတ်သွားရလေသည်။
ဓားပြများရော ယုအိမ်အစောင့်များပါ မျက်လုံးပြူးသွားရသည်။

သူတို့က တောထဲမှာ ပညာရှင် တွေ့သည်ဟု ထင်ထားကြသည်။ အခုတော့ အဆင့်၃ လူတစ်ယောက်ကိုပင် မယှဉ်နိုင်ချေ။ ထိုတင်မက အစောင့်သည် ယခင်တိုက်ပွဲကြောင့် အားကုန်လုနီးနီးဖြစ်နေသူပင်။

သင်သည် ပေါင်ခန်းထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

သင်သည် အနက်ရောင်လေခံတပ် ဓားပြ A ထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

သင်သည် အနက်ရောင်လေခံတပ် ဓားပြ B ထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

သင်သည် အနက်ရောင်လေခံတပ် ဓားပြ C ထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

သင်သည် ...

ပေါင်ခန်း အရူးတစ်ယောက်လို ခံစားလိုက်ရသည်။ သူသည် ကွေ့ပတ်၍ အများကြီး ထည့်တွက်နေခဲ့သည်။

သူက ဒီလူကို အနိုင်ရရန် အကောက်ကြံ၍ အကောင်းဆုံးဖြေရှင်းနိုင်သည့် နည်းလမ်းများကို  သူ့မှာ ရှာဖွေနေခဲ့ရသည်။
အခုတော့ ဒီလူသည် ဒုတိယအဆင့်သာသာပင် ဖြစ်နေသည်။

သူက ဓားထုတ်၍ ချက်ချင်းသတ်ပစ်ချင်စိတ် ပေါ်လာရသည်။ သို့သော် သူ့ကို သတိထားမှုလျော့စေရန် တမင်လုပ်ပြခြင်းလည်း ဖြစ်နိုင်လေသည်။ သူက သတ်ချင်စိတ်ကို ခေတ္တထိန်းချုပ်လိုက်သည်။

ငါ့ကို အရူးလုပ်ရဲတယ်လား။ ငါ ယုအိမ်ကို ရှင်းပြီးတဲ့အထိ စောင့်လိုက်။ မင်းကို အရေခွံခွာပစ်မယ်။

သင်သည် ပေါင်ခန်းထံမှ အမျက်ပွိုင့် ၁၉၉ ရယူလိုက်သည်။

ပေါင်ခန်း၏ တွန့်လိမ်နေသော မျက်နှာကိုကြည့်၍ ဇူအန် ဝမ်းသာသွားသည်။
ဒီငနဲက ငါ့ကိုအမျက်ပွိုင့် အများကြီးပေးမယ့် လူစားပဲ။

သူတို့နှစ်ဖွဲ့ တိုက်ပွဲပြန်စသော်လည်း ဇူအန် ရှေ့တန်းမှ နောက်ဆုတ်မသွားသေးပါ။ ထိုအစား သူက ဟိုကုန်း ဒီကွဖြင့် တိုက်ပွဲအတွင်း ၀င်ထွက်ကာ မက်မွန်ပွင့်ထံမှ ရသော ဓါးဖြင့်လျှောက်ယမ်းနေသည်။

သူက တိုက်ပွဲ၏ခံစားမှုကို သိရန်နှင့် သူ၏စွမ်းအားအသစ်ကို အသားကျစေရန် ကြိုးစားနေသည်။ သူသည် မက်မွန်ပွင့်၁၂ ကို ရှင်းနိုင်လိုက်သော်လည်း တစ်ခါမှ မတိုက်ခိုက်ဖူးပေ။ ယခု အနက်ရောင်လေ ဓါးပြအဖွဲ့ဘက်မှနေ၍ ယုအိမ်အစောင့်များကို လိုက်လံတိုက်ခိုက်ပေးနေသည်။

သူ့လုပ်ရပ်သည် အနက်ရောင်လေခံတပ်က လူများကို အံတကြိတ်ကြိတ်ဖြစ်စေသည်။ သူ့တိုက်ချက်များက အသုံးမဝင်သည့်အပြင် သူတို့ကိုလည်း အဟန့်အတားဖြစ်စေသည်။ တတိယသခင်၏ အမိန့်ကြောင့်သာ မဟုတ်ပါက ဒီလူကို ပျော်ပျော်ကြီး ခေါင်းဖြတ်ပြီးလေပြီ။

သင်သည် အနက်ရောင်လေခံတပ် ဓားပြ A ထံမှ အမျက်ပွိုင့် ၃၃ ရယူလိုက်သည်။

သင်သည် အနက်ရောင်လေခံတပ် ဓားပြ B ထံမှ အမျက်ပွိုင့် ၃၃ ရယူလိုက်သည်။

သင်သည် အနက်ရောင်လေခံတပ် ဓားပြC ထံမှ အမျက်ပွိုင့် ၃၃ ရယူလိုက်သည်။

...

တိုက်ပွဲက တိုတောင်း၍ ပြတ်သားသည်။ ယုအိမ်၏ အစောင့်အားလုံးသည် နောက်ဆုံးတော့ အဖမ်းခံလိုက်ရသည်။
ခေတ္တတွေဝေပြီးနောက် ပေါင်ခန်း သူတို့ကို ချက်ချင်းမသတ်ဘဲ သူတို့ ကိုယ်ပေါ်တွင်အထိန်းအချုပ် ထားရှိရန် ဆုံးဖြတ်လိုက်သည်။

သူက သူတို့ထံမှ ယုအိမ်တော်၏ အတွင်းသတင်းကို နှိုက်ယူရန်နှင့် ယုသခင်မအား ခြိမ်းခြောက်ရန် ချန်ထားခြင်းဖြစ်သည်။

ယုအိမ်၏အစောင့်များ အဖမ်းခံလိုက်ရသည်ကို ကြည့်၍ ဇူအန် လက်ကို နှာဘူးဆန်ဆန် ပွတ်သပ်လိုက်ပြီး ရထားလုံးဆီသို့ သွားလိုက်သည်။
"နောက်ဆုံးတော့ ငါက ယုသခင်မ မျက်နှာကို ကိုယ်တိုင်တွေ့ရတော့မယ်"

"ယုအိမ်က မင်းတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး" ယုအိမ်၏အစောင့်တစ်ယောက်သည် လည်ပင်းတွင် ဓားထောက်ခံထားရသော်လည်း လှမ်းအော်သည်။

သင်သည် ယုဘင်းထံမှ အမျက်ပွိုင့် ၂၉၉ ရယူလိုက်သည်။

သင်သည် ယုကျွင်းထံမှ အမျက်ပွိုင့် ၂၉၉ ရယူလိုက်သည်။

သင်သည် ယုမန်ထံမှ အမျက်ပွိုင့် ၂၉၉ ရယူလိုက်သည်။

ဇူအန် အသာရယ်လိုက်သည်။
"ငါတို့က တောထဲမှာလေ။ ငါဘာလုပ်လည်းဆိုတာ ယုအိမ်တော်က သိမှာမဟုတ်ဘူး"

"ညီအစ်ကို မင်းက ရှေ့ရောက်မနေဘူးလား" ပေါင်ခန်း၏ အေးစက်စက်လှောင်သံ ဇူအန်နောက်မှ ထွက်လာသည်။

ဇူအန် မျက်လုံးကျဉ်းသွားသည်။
"မင်းဘာကို ပြောချင်တာလဲ"

ပေါင်ခန်း လက်ကိုဝေ့လိုက်၍ သူ့လူများက ဇူအန်ကို ဝန်းရံလိုက်သည်။
"ယုသခင်မလို အလှမျိုးကို မလိုချင်တဲ့လူမရှိဘူး။ ဒါပေမဲ့ ငါတို့ကအများကြီး သူကတစ်ယောက်တည်း။ ငါတို့တောင် မလောက်တာ မင်းနဲ့ ဘာလို့ မျှဝေရမှာလဲ"

"ဪ…လက်စသပ်တော့ မင်းတို့က ငါ့ကို သုံးပြီး ပစ်လိုက်တော့မလို့ပဲ" ဇူအန်က ပေါင်ခန်းကို လက်ညှိုးထိုး၍ ဒေါသထွက်သွားလေသည်။

"ဖီး" ပေါင်ခန်း အေးစက်စွာ တံတွေးထွေးလိုက်သည်။
"ဒီတောသားက ဘယ်ကလာတာလဲ။ မင်းရဲ့ ဒုတိယအဆင့် ကျင့်ကြံမှုလေးနဲ့ ငါနဲ့ညှိနှိုင်းဖို့ ဘယ်ကသတ္တိတွေ ရလာတာလဲ"

ပေါင်ခန်းက ဇူအန်၏တိုက်ခိုက်ပုံကို ကြည့်၍ သေချာသွားသည်။ တမင် အားနည်းယောင်ဆောင်ခြင်း မဟုတ်ပေ။

"သူ့ကို နုပ်နုပ်စင်းပြီး ခွေးကျွေးလိုက်" ပေါင်ခန်း အော်လိုက်သည်။ သူက စိတ်ထဲတွင် ပေါ့ပါးသွားသလိုပင်။ နောက်ဆုံးတော့ သူ့ဒေါသကို ထွက်ပေါက်ပေးလိုက်နိုင်လေပြီ။

"ရပ်လိုက်" ကျီရှောင်ချီတွင် စိတ်ရှည်မှု ကုန်သွားလေပြီ။ ဇူအန် အခြေအနေသည် အလွန်ဆိုးနေပြီ။ သူ့အကြံအစည်ကို ကျီရှောင်ချီမသိပေ။ သို့သော် သူအသတ်မခံရခင် ဝင်တားရန် လိုလေသည်။

"နောက်ထပ်လူတစ်ယောက် ရှိနေသေးတယ်" ပေါင်ခန်း အံ့သြသွားသည်။ ဇူအန်၏ ရဲရဲတင်းတင်းထွက်လာမှုကြောင့် သူတစ်ယောက်တည်းရှိနေသည်ဟု ပေါင်ခန်းထင်လိုက်မိသည်။ သူ ပေါ့လျော့သွားသည်ပင်။

ထိုမိန်းကလေးသာ ထွက်ပြေး၍ သူတို့ကိစ္စအား ဖော်ထုတ်လိုက်လျှင် တွေးကြည့်ရုံဖြင့်ပင် ပေါင်ခန်း ချွေးပြန်လာချင်သည်။

"ဟားဟားဟား တတိယသခင် နောက်ထပ်မိန်းမလှတစ်ယောက်။ ဒီနေ့တော့ ကျုပ်တို့ ကံကောင်းနေတာပဲ" ကျီရှောင်ချီ၏ လှပသောမျက်နှာကို မြင်၍ ဓားပြများ အော်ရယ်လိုက်ကြသည်။

သူတို့ ယုသခင်မကို ကစားမည်ဟုပြောနေသော်လည်း သူတို့နေရာ သူတို့သိလေသည်။ ယုသခင်မ၏ အဆင့်အတန်းသည် သူတို့ထိနိုင်သည်မဟုတ်။ သူမလိုလူမျိုးသည် သခင်ကြီးအတွက် ချန်ထားရပေမည်။

သို့သော် ဤမိန်းကလေးသည်ကား မတူပေ။ သူမက ဘယ်ကမှန်းမသိ ပေါ်လာသည့် အခြေအမြစ်မရှိသော သူတစ်ယောက်ပင်။ သူမကို ဖမ်းနိုင်လျှင် သူတို့အတွက်ဖြစ်လာပေလိမ့်မည်။

"ကျွန်မအဖေက လပြည့်မြို့ရဲ့ ကျီတန်ထုပဲ အဲ့ဒီလူကို လွှတ်လိုက်။ ရှင်တို့ရဲ့ ဒီနေ့ကိစ္စကို ကျွန်မတို့ ဘာမှပြန်မပြောဘူးလို့ ဂတိပေးတယ်" ကျီရှောင်ချီက သူမ၏ ကျင့်ကြံမှုဖြင့် သူတို့ကို တိုက်ရိုက်ရင်ဆိုင်ရန် ခက်ခဲကြောင်း သိလေသည်။ တစ်ခုတည်းသော နည်းလမ်းသည် သူမအဖေ၏ နာမည်ကို ထုတ်ပြောရန်ဖြစ်လေသည်။

အချိန်တစ်ခု ငြိမ်သက်သွားပြီးနောက် ဓားပြများက အော်ရယ်လေသည်။
"ကျီတန်ထုက ဆေးဆရာသာသာပဲ မင်းကဘယ်သူ့ကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာလဲ"

"ပါးစပ်ပိတ်ထားစမ်း"ပေါင်ခန်း ထိုစကားများကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အစ်ကိုကြီးက လပြည့်မြို့တွင် ရန်မစရမည့်သူစာရင်းကို ပြောထားသည်။ ကျီတန်ထုက တစ်ယောက်အပါအဝင်ပင်။

ခေတ္တကြာပြီးနောက် သူခေါင်းယမ်းလိုက်သည်။
"ကျီတန်ထုအကြောင်းကို ကြားဖူးတယ်။ ဒါပေမဲ့ ဒီကိစ္စက ပေါက်ကြားသွားလို့ လုံးဝမဖြစ်ဘူး။ ညီအစ်ကိုတို့ သူ့ကိုဖမ်း။ သူ့ကိုငါ့ဆီခေါ်လာနိုင်တဲ့ ပထမလူက သူ့ကိုပထမဆုံး မြည်းရမယ်"

စိတ်လှုပ်ရှားစွာအော်သံများ ထွက်လာပြီး ဓားပြများက ကျီရှောင်ချီထံသို့ အပြေးသွားကြသည်။

"ငါ့ရဲ့ လျှို့ဝှက်လက်တောက်သိုင်းကို ကြည့်စမ်း"

ပေါင်ခန်း၏နောက်မှ အသံတစ်ခုကြားလိုက်ပြီး တစ်စုံတစ်ခုပြေးလာသံကို ကြားလိုက်ရသည်။ တွေဝေမှုမရှိဘဲ သူကနောက်ပြန်လှည့်၍ ဓားကို ခုတ်ချလိုက်သည်။ ထိုအရာက တစ်စစီ ကြေမွသွားလေသည်။

"ဟားဟားဟား ဒါက မင်းရဲ့ လျှို့ဝှက်လက်တောက်သိုင်းလား" ပေါင်ခန်း အေးစက်စွာ လှောင်လိုက်သည်။ သူ့ရယ်သံသည် ခနအကြာတွင်ရပ်သွားပြီး မျက်နှာဖြူဖျော့သွားသည်။
"မင်း.."

သူနှင့် အပေါင်းအပါတစ်ချို့ မြေပေါ်သို့ မျက်နှာအပ်၍ ကျသွားသည်။

"တတိယသခင် ဘာဖြစ်တာလဲ" ဓားပြများက ကျီရှောင်ချီထံသို့ မသွားတော့ပဲ လဲကျသွားသော သူတို့ခေါင်းဆောင်ကို လာထူလေသည်။

သူ့ထံရောက်သောအခါ သူတို့သည်လည်း တဘိုင်းဘိုင်း လဲကျသွားကြသည်။

ဇူအန် သက်ပြင်းချလိုက်မိသည်။ သူ၏ အဆိပ်ပုလင်းကို အသုံးပြုရန် ဓားပြများတစ်စုတစ်ဝေးတည်းရှိချိန်အထိ စိတ်ရှည်ရှည် စောင့်နေရလေသည်။

အခွင့်အရေးရနေချိန်တွင် ကျီရှောင်ချီ၏ စွက်ဖက်မှုသည် သူ့အစီအစဉ်ကို ပျက်လုနီးပါးပင်။

ကျီရှောင်ချီထံသို့ သွားနေ၍ သက်ရောက်မှုဧရိယာပြင်ပရောက်ရှိနေသော ဓားပြများကို တိုက်ခိုက်ရန်ပင် သူအသင့်ပြင်ထားရသည်။ သို့သော် ထိုဓားပြများသည် သူထင်ထားသည်ထက် ပိုတုံးလေသည်။

သူတို့ခေါင်းဆောင်ကို ကယ်ချင်ဇောကြီး၍ အဆိပ်ပုလင်း၏သက်ရောက်မှုအတွင်း တိုးဝင်လာကြပြီး ပျော့ခွေသွားလေသည်။ ထိုအရာက ဇူအန်ကို အလုပ်ရှုပ်သက်သာစေခြင်းပင်။

"ဟေ့ကောင် မင်းငါတို့ကို ဘယ်လိုနည်းတွေသုံးလိုက်တာလဲ" ပေါင်ခန်း မြေကြီးပေါ်မှ ဒေါသတကြီးအော်နေလေသည်။ သူ့ကိုယ်တွင်းမှ ကီသည် ချိတ်ပိတ်ခံလိုက်ရပြီး လက်ချောင်းတစ်ခုပင် မလှုပ်နိုင်ချေ။ သူတစ်ကိုယ်လုံးသည် ကိုယ်ပိုင်မဟုတ်သကဲ့သို့ ထုံနေလေသည်။

သင်သည် ပေါင်ခန်းထံမှ အမျက်ပွိုင့် ၃၃၃ ရယူလိုက်သည်။

"ငါပြောပြီးသားပဲ လျှို့ဝှက်လက်တောက်သိုင်းပါလို့။ ငါ့ပညာက မီတာသုံးဆယ်အတွင်းက အရာအားလုံးရဲ့ ကီကို ကုန်ဆုံးစေနိုင်တယ်။ မင်းကငါ့ကို လျှော့တွက်တယ် ဒါက အဲ့ဒီတန်ကြေးပဲ"

စကားကြီးစကားကျယ်ပြောနေသော်လည်း ဇူအန် အနားမကပ်ရဲပေ။ ပေါင်ခန်းအနီးတစ်ဝိုက်တွင် ဆေးကျန်နေသေးလား မသေချာပေ။ သူပါ အဆိပ်မိသွားလျှင် ကပ်ဆိုက်ပေလိမ့်မည်။

"ငါ..ငါ နားလည်ပါပြီ။ ငါတို့က မင်းကိုဆန့်ကျင်တာ ကန်းနေလို့ပါ" ပေါင်ခန်း အခြေအနေကိုကြည့်၍ ချက်ချင်းလေသံပြောင်းလိုက်သည်။ ဤကျူးကျော်သူသည် တစ်ချိန်လုံး အားနည်းယောင်ဆောင်နေခြင်းပင်။

"ယုသခင်မက အဲ့ထဲမှာ ရှိတယ်။ ငါတို့ မင်းနဲ့ မပြိုင်တော့ပါဘူး"

ယုအိမ်အစောင့်များသည် ကြောင်အနေသေးသည်။ အရာအားလုံးဖြစ်ပျက်သွားခြင်းမှာ မြန်လွန်း၍ သူတို့ မလိုက်နိုင်တော့ပေ။

"ထွီ…" အဆိပ်ပြယ်ရန် အချိန်လိုသေးကြောင်း သေချာသွားပြီးနောက် ဇူအန် ပေါင်ခန်းမျက်နှာကို ဓားဖြင့်ပွတ်လိုက်သည်။
"ဟမ့်… မင်းကငါနဲ့ ပြိုင်နိုင်သေးတဲ့ အခြေအနေထင်လို့လား။ ခုနက ငါ့ကိုနုပ်နုပ်စင်းပြီး ခွေးကျွေးချင်တာက ဘယ်သူတုန်း ။ ငါတို့ ရှောင်ချီကို အသားယူချင်တာကရော ဘယ်သူတုန်း"

ကျီရှောင်ချီ ပြေးဆင်းလာရင်း ဇူအန်၏တရင်းတနှီးခေါ်သံကို ကြားသောအခါ မျက်နှာရဲသွားလေသည်။

သင်သည် ပေါင်ခန်းထံမှ အမျက်ပွိုင့် ၁၄၇ ရယူလိုက်သည်။

အနက်ရောင်လေခံတပ်၏ တတိယသခင်အနေဖြင့် ပေါင်ခန်းသည် ဘုရင်တစ်ပါးလိုဘဝမျိုးဖြင့် နေထိုင်ခဲ့ခြင်းဖြစ်သည်။ ဘယ်သူက သူ့မျက်နှာကို ဤကဲ့သို့ ဓားဖြင့်ရိုက်ရဲသနည်း။

"ကျုပ်က မျက်လုံးပါပေမဲ့ ထိုက်ရှန်တောင်ကြီးကိုမမြင်ခဲ့မိတာပါ။ ကျုပ်တို့ရဲ့ အနက်ရောင်လေခံတပ်က ခင်ဗျားရဲ့ ညှာတာမှုကို မမေ့ပါဘူး" ပေါင်ခန်းဒေါသထွက်နေသော်လည်း တမင် အနက်ရောင်လေခံတပ်နာမည်ကိုထုတ်၍ ဇူအန်ကို ခြောက်လိုက်လေသည်။

ဇူအန်က သူ့စကားကြား၍ အံ့သြသွားသည်။
"အိုး..ဒီမှာလဲ ထိုက်ရှန်တောင်က ရှိသေးတာလား။ ကောင်းပြီလေ မင်းက စကားလှလှပြောတော့လည်း မင်းကို အခွင့်အရေးတစ်ခုပေးရတာပေါ့။ မင်းသာ ငါမေးတာကို ကောင်းကောင်းဖြေရင် ငါမင်းကို လွှတ်ပေးမယ်"

ယုအိမ်အစောင့်ခေါင်းဆောင်သည် ဇူအန်၏စကားများကို ဆန့်ကျင်လေသည်။
"မင်းသူတို့ကို မလွှတ်ရဘူး။ သူတို့က အပြစ်မဲ့တဲ့လူတွေအများကြီးကို သတ်ဖူးတဲ့ ရာဇဝတ်သားတွေပဲ"

"ဘယ်သူက မင်းကိုစကားပြောခွင့် ပေးလို့လဲ။ သူတို့ကို ဘယ်လိုဖြေရှင်းမလဲ မင်း ဆုံးဖြတ်ချင်ရင် ဘာလို့ မင်းဘာသာမင်း အရင်မဖမ်းတာလဲ"

အစောင့်ခေါင်းဆောင်မျက်နှာသည် နီရဲသွားသော်လည်း တတ်နိုင်တာမရှိပေ။ သူတို့ကိုယ်ပေါ်ရှိ တားမြစ်ချက်များက သူတို့ကို မလှုပ်ရှားနိုင်ရန် ပြုလုပ်ထားလေသည်။

သင်သည် ယုဘင်းထံမှ အမျက်ပွိုင့် ၁၁၁ ရယူလိုက်သည်။

ဇူအန် ဓားပြတစ်ယောက်ကို ချဉ်းကပ်လိုက်ပြီး
"ငါမင်းကနေစမယ်။ မင်းဘယ်တူရိယာ တီးနိုင်လဲ"

ဓားပြက ကြောင်သွားသည်။
"ငါ ဘာမှ မတီးတတ်ဘူး" သူတို့လို ကြမ်းတမ်းသတ်ဖြတ်မှုများကြား အသက်မွေးသော ဓားပြတွေက အဘယ်ကြောင့် တူရိယာတီးခတ်ခြင်းကို သင်ဖူးမလဲ။

"တေးဂီတကောင်းကောင်းတောင် မတီးနိုင်ရင် ဒီလောကကြီးမှာ အသက်ရှင်စရာ ဘာအကြောင်းရှိသေးလို့လဲ" ဇူအန် လှောင်လိုက်သည်။ သူက ထိုဓားပြ၏အသက်ကို ဓားတစ်ချက်ဖြင့် အဆုံးသတ်လိုက်သည်။

သင်သည် အနက်ရောင်လေခံတပ်၏ ဓားပြများ ထံမှ အမျက်ပွိုင့် 666 ရယူလိုက်သည်။

ဇူအန် နောက်တစ်ယောက်ထံ ထပ်ရွှေ့လိုက်သည်။
"မင်းရော ဘာတီးတတ်လဲ"

ထိုသူက တံတွေးမြိုချလိုက်သည်။ သူသည်လည်း ဘာမှမတီးတတ်ချေ။ သို့သော် သူ့အဖော်၏အလောင်းသည် သူ့ဘေးတွင် လက်လက်ဆတ်ဆတ်ကြီး ရှိသေးသည်။ သူ့ ထိုအရာကို ဝန်မခံရဲပေ။ အကြံတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
"ငါ လေချွန်နိုင်တယ်"

"ဘယ်လောကမှာ လေချွန်တာကို တူရိယာတီးတာနဲ့ တူတူပဲလို့ ပြောလဲ" ဇူအန် ထပ်လှီးလိုက်သည်။ ထိုဓားပြမှာ ဖားလျားနေသောအပြုံးလေးဖြင့် အသက်ထွက်သွားလေသည်။

သင်သည် အနက်ရောင်လေခံတပ်၏ ဓားပြများ ထံမှ အမျက်ပွိုင့် 666 ရယူလိုက်သည်။

စိတ်သဘောကောင်းသော ကျီရှောင်ချီ မှာ တက်မကြည့်နိုင်တော့ပေ။ သူမက သူ့ဆီလျှောက်လာ၍ အင်္ကျီလက်ကို ဆွဲလိုက်သည်။
"အစ်ကိုဇူ ဒါက ရက်စက်ရာ မကျလွန်းဘူးလား"

ဇူအန် သက်ပြင်းချလိုက်သည်။
"ရှောင်ချီ မင်းက စိတ်ထားကောင်းလွန်းတယ်။ ငါတို့သာ သူတို့လက်ထဲရောက်သွားရင် တကယ်ရက်စက်တာကဘာလဲဆိုတာ သူတို့က လုပ်ပြလိမ့်မယ်။ ပြီးတော့ ငါ သူတို့ကို အခွင့်အရေးတစ်ခု ပေးထားတာပဲ။ သူတို့သာ စိတ်ကျေနပ်လောက်တဲ့အဖြေမျိုးပေးနိုင်ရင် သူတို့အသက်ကို ချမ်းသာပေးမှာပါ"

အနက်ရောင်လေခံတပ်မှ ဓားပြများမှာ ငိုချလုနီးပါးဖြစ်နေကြသည်။

အဲ့တာကို ရှင်သန်ဖို့အခွင့်အရေးလို့ တွက်လို့ရသလား။

----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----

Chapter 25: ရွင္သန္ရန္ အခြင့္အေရး

ေပါင္ခန္းက ဟက္ဟက္ပက္ပက္ ေအာ္ရယ္လိုက္သည္။
"ဒါေပါ့ ကိစၥမရွိဘူး။ ငါတို႔ အနက္ေရာင္ေလခံတပ္က ဘဝေပါင္းစုံက လူေတြကို လက္ခံတယ္။ အခု ဒီအေစာင့္ေတြကို အရင္ရွင္းလိုက္ၾကမလား"

သူ႕စကားမ်ားကို ဆန့္က်င္စြာပင္ စိတ္ထဲတြင္ ေပါင္ခန္းေတြးေနသည္။ ယုအိမ္ကို တိုက္ခိုက္ျခင္းသည္ ကိစၥအႀကီးႀကီးပင္။ ဤအရာကို ေပၚၾကားေစမည့္ အရာဘာတစ္ခုမွ ခ်န္ခဲ့ရန္ မျဖစ္နိုင္ေပ။ ဒီက်ဴးေက်ာ္သူကိုသာ လႊတ္ေပးလိုက္ရင္ သူတို႔အတြက္ ျပႆနာအႀကီးႀကီး တက္ေပလိမ့္မည္။
သူက ဒီလူရဲ႕ေနာက္ခံကို မသိေသး၍သာ မလႈပ္ရွားေသးျခင္းပင္။ ထို႔အျပင္ သူတို႔သည္ ယုအိမ္အေစာင့္မ်ားႏွင့္ ယွဥ္တိုက္ေနဆဲျဖစ္သည္။ အေစာင့္မ်ားကိုအရင္ရွင္းၿပီးမွ ဒီလူကို သတ္ျခင္းသည္ အေကာင္းဆုံးျဖစ္ေပသည္။

ဘာပဲျဖစ္ျဖစ္ ဒီလူက အဆင့္ ၅ နဲ႕အထက္ေတာ့ မျဖစ္နိုင္ဘူး။ မဟုတ္ရင္ ယုအိမ္အေစာင့္ေတြကို တစ္ေယာက္တည္းရွင္းေပလိမ့္မည္။ သူတို႔ႏွင့္ ပူးေပါင္းရန္ မလိုအပ္ေပ။

ခ်ဳံပုတ္ေနာက္တြင္ပုန္းေနေသာ က်ီေရွာင္ခ်ီသည္ ပို၍ပို၍ မူးေနာက္လာရသည္။ ဇူအန္ ဘာလုပ္ရန္ႀကိဳးစားေနသည္ကို သူမ မသိေပ။
သူမသာ ဇူအန္၏အေျခအေနမွန္ကို မသိထားလွ်င္ သူတကယ္ပင္ ထိုသို႔လုပ္ရန္ရည္႐ြယ္သည္ဟု ထင္ေပလိမ့္မည္။

"ၾကားရတာေကာင္းတယ္" ဇူအန္ သူ႕ဓားကိုဆြဲ၍ အနီးဆုံးယုအိမ္အေစာင့္ထံသို႔ ေျပးဝင္သြားသည္။

ယုအိမ္အေစာင့္က သိပ္ပင္မလႈပ္လိုက္ရေပ။ ဇူအန္ ေနာက္သို႔ ေျခလွမ္းမ်ားစြာ ျပန္ဆုတ္သြားရေလသည္။
ဓားျပမ်ားေရာ ယုအိမ္အေစာင့္မ်ားပါ မ်က္လုံးျပဴးသြားရသည္။

သူတို႔က ေတာထဲမွာ ပညာရွင္ ေတြ႕သည္ဟု ထင္ထားၾကသည္။ အခုေတာ့ အဆင့္၃ လူတစ္ေယာက္ကိုပင္ မယွဥ္နိုင္ေခ်။ ထိုတင္မက အေစာင့္သည္ ယခင္တိုက္ပြဲေၾကာင့္ အားကုန္လုနီးနီးျဖစ္ေနသူပင္။

သင္သည္ ေပါင္ခန္းထံမွ အမ်က္ပြိုင့္ ၉၉ ရယူလိုက္သည္။

သင္သည္ အနက္ေရာင္ေလခံတပ္ ဓားျပ A ထံမွ အမ်က္ပြိုင့္ ၉၉ ရယူလိုက္သည္။

သင္သည္ အနက္ေရာင္ေလခံတပ္ ဓားျပ B ထံမွ အမ်က္ပြိုင့္ ၉၉ ရယူလိုက္သည္။

သင္သည္ အနက္ေရာင္ေလခံတပ္ ဓားျပ C ထံမွ အမ်က္ပြိုင့္ ၉၉ ရယူလိုက္သည္။

သင္သည္ ...

ေပါင္ခန္း အ႐ူးတစ္ေယာက္လို ခံစားလိုက္ရသည္။ သူသည္ ေကြ႕ပတ္၍ အမ်ားႀကီး ထည့္တြက္ေနခဲ့သည္။

သူက ဒီလူကို အနိုင္ရရန္ အေကာက္ႀကံ၍ အေကာင္းဆုံးေျဖရွင္းနိုင္သည့္ နည္းလမ္းမ်ားကို  သူ႕မွာ ရွာေဖြေနခဲ့ရသည္။
အခုေတာ့ ဒီလူသည္ ဒုတိယအဆင့္သာသာပင္ ျဖစ္ေနသည္။

သူက ဓားထုတ္၍ ခ်က္ခ်င္းသတ္ပစ္ခ်င္စိတ္ ေပၚလာရသည္။ သို႔ေသာ္ သူ႕ကို သတိထားမႈေလ်ာ့ေစရန္ တမင္လုပ္ျပျခင္းလည္း ျဖစ္နိုင္ေလသည္။ သူက သတ္ခ်င္စိတ္ကို ေခတၱထိန္းခ်ဳပ္လိုက္သည္။

ငါ့ကို အ႐ူးလုပ္ရဲတယ္လား။ ငါ ယုအိမ္ကို ရွင္းၿပီးတဲ့အထိ ေစာင့္လိုက္။ မင္းကို အေရခြံခြာပစ္မယ္။

သင္သည္ ေပါင္ခန္းထံမွ အမ်က္ပြိုင့္ ၁၉၉ ရယူလိုက္သည္။

ေပါင္ခန္း၏ တြန့္လိမ္ေနေသာ မ်က္ႏွာကိုၾကည့္၍ ဇူအန္ ဝမ္းသာသြားသည္။
ဒီငနဲက ငါ့ကိုအမ်က္ပြိုင့္ အမ်ားႀကီးေပးမယ့္ လူစားပဲ။

သူတို႔ႏွစ္ဖြဲ႕ တိုက္ပြဲျပန္စေသာ္လည္း ဇူအန္ ေရွ႕တန္းမွ ေနာက္ဆုတ္မသြားေသးပါ။ ထိုအစား သူက ဟိုကုန္း ဒီကြျဖင့္ တိုက္ပြဲအတြင္း ၀င်ထွက်ကာ မက္မြန္ပြင့္ထံမွ ရေသာ ဓါးျဖင့္ေလွ်ာက္ယမ္းေနသည္။

သူက တိုက္ပြဲ၏ခံစားမႈကို သိရန္ႏွင့္ သူ၏စြမ္းအားအသစ္ကို အသားက်ေစရန္ ႀကိဳးစားေနသည္။ သူသည္ မက္မြန္ပြင့္၁၂ ကို ရွင္းနိုင္လိုက္ေသာ္လည္း တစ္ခါမွ မတိုက္ခိုက္ဖူးေပ။ ယခု အနက္ေရာင္ေလ ဓါးျပအဖြဲ႕ဘက္မွေန၍ ယုအိမ္အေစာင့္မ်ားကို လိုက္လံတိုက္ခိုက္ေပးေနသည္။

သူ႕လုပ္ရပ္သည္ အနက္ေရာင္ေလခံတပ္က လူမ်ားကို အံတႀကိတ္ႀကိတ္ျဖစ္ေစသည္။ သူ႕တိုက္ခ်က္မ်ားက အသုံးမဝင္သည့္အျပင္ သူတို႔ကိုလည္း အဟန့္အတားျဖစ္ေစသည္။ တတိယသခင္၏ အမိန့္ေၾကာင့္သာ မဟုတ္ပါက ဒီလူကို ေပ်ာ္ေပ်ာ္ႀကီး ေခါင္းျဖတ္ၿပီးေလၿပီ။

သင္သည္ အနက္ေရာင္ေလခံတပ္ ဓားျပ A ထံမွ အမ်က္ပြိုင့္ ၃၃ ရယူလိုက္သည္။

သင္သည္ အနက္ေရာင္ေလခံတပ္ ဓားျပ B ထံမွ အမ်က္ပြိုင့္ ၃၃ ရယူလိုက္သည္။

သင္သည္ အနက္ေရာင္ေလခံတပ္ ဓားျပC ထံမွ အမ်က္ပြိုင့္ ၃၃ ရယူလိုက္သည္။

...

တိုက္ပြဲက တိုေတာင္း၍ ျပတ္သားသည္။ ယုအိမ္၏ အေစာင့္အားလုံးသည္ ေနာက္ဆုံးေတာ့ အဖမ္းခံလိုက္ရသည္။
ေခတၱေတြေဝၿပီးေနာက္ ေပါင္ခန္း သူတို႔ကို ခ်က္ခ်င္းမသတ္ဘဲ သူတို႔ ကိုယ္ေပၚတြင္အထိန္းအခ်ဳပ္ ထားရွိရန္ ဆုံးျဖတ္လိုက္သည္။

သူက သူတို႔ထံမွ ယုအိမ္ေတာ္၏ အတြင္းသတင္းကို ႏွိုက္ယူရန္ႏွင့္ ယုသခင္မအား ၿခိမ္းေျခာက္ရန္ ခ်န္ထားျခင္းျဖစ္သည္။

ယုအိမ္၏အေစာင့္မ်ား အဖမ္းခံလိုက္ရသည္ကို ၾကည့္၍ ဇူအန္ လက္ကို ႏွာဘူးဆန္ဆန္ ပြတ္သပ္လိုက္ၿပီး ရထားလုံးဆီသို႔ သြားလိုက္သည္။
"ေနာက္ဆုံးေတာ့ ငါက ယုသခင္မ မ်က္ႏွာကို ကိုယ္တိုင္ေတြ႕ရေတာ့မယ္"

"ယုအိမ္က မင္းတို႔ကို ခြင့္လႊတ္မွာမဟုတ္ဘူး" ယုအိမ္၏အေစာင့္တစ္ေယာက္သည္ လည္ပင္းတြင္ ဓားေထာက္ခံထားရေသာ္လည္း လွမ္းေအာ္သည္။

သင္သည္ ယုဘင္းထံမွ အမ်က္ပြိုင့္ ၂၉၉ ရယူလိုက္သည္။

သင္သည္ ယုကြၽင္းထံမွ အမ်က္ပြိုင့္ ၂၉၉ ရယူလိုက္သည္။

သင္သည္ ယုမန္ထံမွ အမ်က္ပြိုင့္ ၂၉၉ ရယူလိုက္သည္။

ဇူအန္ အသာရယ္လိုက္သည္။
"ငါတို႔က ေတာထဲမွာေလ။ ငါဘာလုပ္လည္းဆိုတာ ယုအိမ္ေတာ္က သိမွာမဟုတ္ဘူး"

"ညီအစ္ကို မင္းက ေရွ႕ေရာက္မေနဘူးလား" ေပါင္ခန္း၏ ေအးစက္စက္ေလွာင္သံ ဇူအန္ေနာက္မွ ထြက္လာသည္။

ဇူအန္ မ်က္လုံးက်ဥ္းသြားသည္။
"မင္းဘာကို ေျပာခ်င္တာလဲ"

ေပါင္ခန္း လက္ကိုေဝ့လိုက္၍ သူ႕လူမ်ားက ဇူအန္ကို ဝန္းရံလိုက္သည္။
"ယုသခင္မလို အလွမ်ိဳးကို မလိုခ်င္တဲ့လူမရွိဘူး။ ဒါေပမဲ့ ငါတို႔ကအမ်ားႀကီး သူကတစ္ေယာက္တည္း။ ငါတို႔ေတာင္ မေလာက္တာ မင္းနဲ႕ ဘာလို႔ မွ်ေဝရမွာလဲ"

"ဪလက္စသပ္ေတာ့ မင္းတို႔က ငါ့ကို သုံးၿပီး ပစ္လိုက္ေတာ့မလို႔ပဲ" ဇူအန္က ေပါင္ခန္းကို လက္ညွိုးထိုး၍ ေဒါသထြက္သြားေလသည္။

"ဖီး" ေပါင္ခန္း ေအးစက္စြာ တံေတြးေထြးလိုက္သည္။
"ဒီေတာသားက ဘယ္ကလာတာလဲ။ မင္းရဲ႕ ဒုတိယအဆင့္ က်င့္ႀကံမႈေလးနဲ႕ ငါနဲ႕ညွိႏွိုင္းဖို႔ ဘယ္ကသတၱိေတြ ရလာတာလဲ"

ေပါင္ခန္းက ဇူအန္၏တိုက္ခိုက္ပုံကို ၾကည့္၍ ေသခ်ာသြားသည္။ တမင္ အားနည္းေယာင္ေဆာင္ျခင္း မဟုတ္ေပ။

"သူ႕ကို ႏုပ္ႏုပ္စင္းၿပီး ေခြးေကြၽးလိုက္" ေပါင္ခန္း ေအာ္လိုက္သည္။ သူက စိတ္ထဲတြင္ ေပါ့ပါးသြားသလိုပင္။ ေနာက္ဆုံးေတာ့ သူ႕ေဒါသကို ထြက္ေပါက္ေပးလိုက္နိုင္ေလၿပီ။

"ရပ္လိုက္" က်ီေရွာင္ခ်ီတြင္ စိတ္ရွည္မႈ ကုန္သြားေလၿပီ။ ဇူအန္ အေျခအေနသည္ အလြန္ဆိုးေနၿပီ။ သူ႕အႀကံအစည္ကို က်ီေရွာင္ခ်ီမသိေပ။ သို႔ေသာ္ သူအသတ္မခံရခင္ ဝင္တားရန္ လိုေလသည္။

"ေနာက္ထပ္လူတစ္ေယာက္ ရွိေနေသးတယ္" ေပါင္ခန္း အံ့ၾသသြားသည္။ ဇူအန္၏ ရဲရဲတင္းတင္းထြက္လာမႈေၾကာင့္ သူတစ္ေယာက္တည္းရွိေနသည္ဟု ေပါင္ခန္းထင္လိုက္မိသည္။ သူ ေပါ့ေလ်ာ့သြားသည္ပင္။

ထိုမိန္းကေလးသာ ထြက္ေျပး၍ သူတို႔ကိစၥအား ေဖာ္ထုတ္လိုက္လွ်င္ ေတြးၾကည့္႐ုံျဖင့္ပင္ ေပါင္ခန္း ေခြၽးျပန္လာခ်င္သည္။

"ဟားဟားဟား တတိယသခင္ ေနာက္ထပ္မိန္းမလွတစ္ေယာက္။ ဒီေန႕ေတာ့ က်ဳပ္တို႔ ကံေကာင္းေနတာပဲ" က်ီေရွာင္ခ်ီ၏ လွပေသာမ်က္ႏွာကို ျမင္၍ ဓားျပမ်ား ေအာ္ရယ္လိုက္ၾကသည္။

သူတို႔ ယုသခင္မကို ကစားမည္ဟုေျပာေနေသာ္လည္း သူတို႔ေနရာ သူတို႔သိေလသည္။ ယုသခင္မ၏ အဆင့္အတန္းသည္ သူတို႔ထိနိုင္သည္မဟုတ္။ သူမလိုလူမ်ိဳးသည္ သခင္ႀကီးအတြက္ ခ်န္ထားရေပမည္။

သို႔ေသာ္ ဤမိန္းကေလးသည္ကား မတူေပ။ သူမက ဘယ္ကမွန္းမသိ ေပၚလာသည့္ အေျခအျမစ္မရွိေသာ သူတစ္ေယာက္ပင္။ သူမကို ဖမ္းနိုင္လွ်င္ သူတို႔အတြက္ျဖစ္လာေပလိမ့္မည္။

"ကြၽန္မအေဖက လျပည့္ၿမိဳ႕ရဲ႕ က်ီတန္ထုပဲ အဲ့ဒီလူကို လႊတ္လိုက္။ ရွင္တို႔ရဲ႕ ဒီေန႕ကိစၥကို ကြၽန္မတို႔ ဘာမွျပန္မေျပာဘူးလို႔ ဂတိေပးတယ္" က်ီေရွာင္ခ်ီက သူမ၏ က်င့္ႀကံမႈျဖင့္ သူတို႔ကို တိုက္ရိုက္ရင္ဆိုင္ရန္ ခက္ခဲေၾကာင္း သိေလသည္။ တစ္ခုတည္းေသာ နည္းလမ္းသည္ သူမအေဖ၏ နာမည္ကို ထုတ္ေျပာရန္ျဖစ္ေလသည္။

အခ်ိန္တစ္ခု ၿငိမ္သက္သြားၿပီးေနာက္ ဓားျပမ်ားက ေအာ္ရယ္ေလသည္။
"က်ီတန္ထုက ေဆးဆရာသာသာပဲ မင္းကဘယ္သူ႕ကို ေၾကာက္ေအာင္လုပ္ဖို႔ ႀကိဳးစားေနတာလဲ"

"ပါးစပ္ပိတ္ထားစမ္း"ေပါင္ခန္း ထိုစကားမ်ားကိုၾကားေသာအခါ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူ႕အစ္ကိုႀကီးက လျပည့္ၿမိဳ႕တြင္ ရန္မစရမည့္သူစာရင္းကို ေျပာထားသည္။ က်ီတန္ထုက တစ္ေယာက္အပါအဝင္ပင္။

ေခတၱၾကာၿပီးေနာက္ သူေခါင္းယမ္းလိုက္သည္။
"က်ီတန္ထုအေၾကာင္းကို ၾကားဖူးတယ္။ ဒါေပမဲ့ ဒီကိစၥက ေပါက္ၾကားသြားလို႔ လုံးဝမျဖစ္ဘူး။ ညီအစ္ကိုတို႔ သူ႕ကိုဖမ္း။ သူ႕ကိုငါ့ဆီေခၚလာနိုင္တဲ့ ပထမလူက သူ႕ကိုပထမဆုံး ျမည္းရမယ္"

စိတ္လႈပ္ရွားစြာေအာ္သံမ်ား ထြက္လာၿပီး ဓားျပမ်ားက က်ီေရွာင္ခ်ီထံသို႔ အေျပးသြားၾကသည္။

"ငါ့ရဲ႕ လွ်ို႔ဝွက္လက္ေတာက္သိုင္းကို ၾကည့္စမ္း"

ေပါင္ခန္း၏ေနာက္မွ အသံတစ္ခုၾကားလိုက္ၿပီး တစ္စုံတစ္ခုေျပးလာသံကို ၾကားလိုက္ရသည္။ ေတြေဝမႈမရွိဘဲ သူကေနာက္ျပန္လွည့္၍ ဓားကို ခုတ္ခ်လိဳက္သည္။ ထိုအရာက တစ္စစီ ေၾကမြသြားေလသည္။

"ဟားဟားဟား ဒါက မင္းရဲ႕ လွ်ို႔ဝွက္လက္ေတာက္သိုင္းလား" ေပါင္ခန္း ေအးစက္စြာ ေလွာင္လိုက္သည္။ သူ႕ရယ္သံသည္ ခနအၾကာတြင္ရပ္သြားၿပီး မ်က္ႏွာျဖဴေဖ်ာ့သြားသည္။
"မင္း.."

သူႏွင့္ အေပါင္းအပါတစ္ခ်ိဳ႕ ေျမေပၚသို႔ မ်က္ႏွာအပ္၍ က်သြားသည္။

"တတိယသခင္ ဘာျဖစ္တာလဲ" ဓားျပမ်ားက က်ီေရွာင္ခ်ီထံသို႔ မသြားေတာ့ပဲ လဲက်သြားေသာ သူတို႔ေခါင္းေဆာင္ကို လာထူေလသည္။

သူ႕ထံေရာက္ေသာအခါ သူတို႔သည္လည္း တဘိုင္းဘိုင္း လဲက်သြားၾကသည္။

ဇူအန္ သက္ျပင္းခ်လိဳက္မိသည္။ သူ၏ အဆိပ္ပုလင္းကို အသုံးျပဳရန္ ဓားျပမ်ားတစ္စုတစ္ေဝးတည္းရွိခ်ိန္အထိ စိတ္ရွည္ရွည္ ေစာင့္ေနရေလသည္။

အခြင့္အေရးရေနခ်ိန္တြင္ က်ီေရွာင္ခ်ီ၏ စြက္ဖက္မႈသည္ သူ႕အစီအစဥ္ကို ပ်က္လုနီးပါးပင္။

က်ီေရွာင္ခ်ီထံသို႔ သြားေန၍ သက္ေရာက္မႈဧရိယာျပင္ပေရာက္ရွိေနေသာ ဓားျပမ်ားကို တိုက္ခိုက္ရန္ပင္ သူအသင့္ျပင္ထားရသည္။ သို႔ေသာ္ ထိုဓားျပမ်ားသည္ သူထင္ထားသည္ထက္ ပိုတုံးေလသည္။

သူတို႔ေခါင္းေဆာင္ကို ကယ္ခ်င္ေဇာႀကီး၍ အဆိပ္ပုလင္း၏သက္ေရာက္မႈအတြင္း တိုးဝင္လာၾကၿပီး ေပ်ာ့ေခြသြားေလသည္။ ထိုအရာက ဇူအန္ကို အလုပ္ရႈပ္သက္သာေစျခင္းပင္။

"ေဟ့ေကာင္ မင္းငါတို႔ကို ဘယ္လိုနည္းေတြသုံးလိုက္တာလဲ" ေပါင္ခန္း ေျမႀကီးေပၚမွ ေဒါသတႀကီးေအာ္ေနေလသည္။ သူ႕ကိုယ္တြင္းမွ ကီသည္ ခ်ိတ္ပိတ္ခံလိုက္ရၿပီး လက္ေခ်ာင္းတစ္ခုပင္ မလႈပ္နိုင္ေခ်။ သူတစ္ကိုယ္လုံးသည္ ကိုယ္ပိုင္မဟုတ္သကဲ့သို႔ ထုံေနေလသည္။

သင္သည္ ေပါင္ခန္းထံမွ အမ်က္ပြိုင့္ ၃၃၃ ရယူလိုက္သည္။

"ငါေျပာၿပီးသားပဲ လွ်ို႔ဝွက္လက္ေတာက္သိုင္းပါလို႔။ ငါ့ပညာက မီတာသုံးဆယ္အတြင္းက အရာအားလုံးရဲ႕ ကီကို ကုန္ဆုံးေစနိုင္တယ္။ မင္းကငါ့ကို ေလွ်ာ့တြက္တယ္ ဒါက အဲ့ဒီတန္ေၾကးပဲ"

စကားႀကီးစကားက်ယ္ေျပာေနေသာ္လည္း ဇူအန္ အနားမကပ္ရဲေပ။ ေပါင္ခန္းအနီးတစ္ဝိုက္တြင္ ေဆးက်န္ေနေသးလား မေသခ်ာေပ။ သူပါ အဆိပ္မိသြားလွ်င္ ကပ္ဆိုက္ေပလိမ့္မည္။

"ငါ..ငါ နားလည္ပါၿပီ။ ငါတို႔က မင္းကိုဆန့္က်င္တာ ကန္းေနလို႔ပါ" ေပါင္ခန္း အေျခအေနကိုၾကည့္၍ ခ်က္ခ်င္းေလသံေျပာင္းလိုက္သည္။ ဤက်ဴးေက်ာ္သူသည္ တစ္ခ်ိန္လုံး အားနည္းေယာင္ေဆာင္ေနျခင္းပင္။

"ယုသခင္မက အဲ့ထဲမွာ ရွိတယ္။ ငါတို႔ မင္းနဲ႕ မၿပိဳင္ေတာ့ပါဘူး"

ယုအိမ္အေစာင့္မ်ားသည္ ေၾကာင္အေနေသးသည္။ အရာအားလုံးျဖစ္ပ်က္သြားျခင္းမွာ ျမန္လြန္း၍ သူတို႔ မလိုက္နိုင္ေတာ့ေပ။

"ထြီ" အဆိပ္ျပယ္ရန္ အခ်ိန္လိုေသးေၾကာင္း ေသခ်ာသြားၿပီးေနာက္ ဇူအန္ ေပါင္ခန္းမ်က္ႏွာကို ဓားျဖင့္ပြတ္လိုက္သည္။
"ဟမ့္ မင္းကငါနဲ႕ ၿပိဳင္နိုင္ေသးတဲ့ အေျခအေနထင္လို႔လား။ ခုနက ငါ့ကိုႏုပ္ႏုပ္စင္းၿပီး ေခြးေကြၽးခ်င္တာက ဘယ္သူတုန္း ။ ငါတို႔ ေရွာင္ခ်ီကို အသားယူခ်င္တာကေရာ ဘယ္သူတုန္း"

က်ီေရွာင္ခ်ီ ေျပးဆင္းလာရင္း ဇူအန္၏တရင္းတႏွီးေခၚသံကို ၾကားေသာအခါ မ်က္ႏွာရဲသြားေလသည္။

သင္သည္ ေပါင္ခန္းထံမွ အမ်က္ပြိုင့္ ၁၄၇ ရယူလိုက္သည္။

အနက္ေရာင္ေလခံတပ္၏ တတိယသခင္အေနျဖင့္ ေပါင္ခန္းသည္ ဘုရင္တစ္ပါးလိုဘဝမ်ိဳးျဖင့္ ေနထိုင္ခဲ့ျခင္းျဖစ္သည္။ ဘယ္သူက သူ႕မ်က္ႏွာကို ဤကဲ့သို႔ ဓားျဖင့္ရိုက္ရဲသနည္း။

"က်ဳပ္က မ်က္လုံးပါေပမဲ့ ထိုက္ရွန္ေတာင္ႀကီးကိုမျမင္ခဲ့မိတာပါ။ က်ဳပ္တို႔ရဲ႕ အနက္ေရာင္ေလခံတပ္က ခင္ဗ်ားရဲ႕ ညွာတာမႈကို မေမ့ပါဘူး" ေပါင္ခန္းေဒါသထြက္ေနေသာ္လည္း တမင္ အနက္ေရာင္ေလခံတပ္နာမည္ကိုထုတ္၍ ဇူအန္ကို ေျခာက္လိုက္ေလသည္။

ဇူအန္က သူ႕စကားၾကား၍ အံ့ၾသသြားသည္။
"အိုး..ဒီမွာလဲ ထိုက္ရွန္ေတာင္က ရွိေသးတာလား။ ေကာင္းၿပီေလ မင္းက စကားလွလွေျပာေတာ့လည္း မင္းကို အခြင့္အေရးတစ္ခုေပးရတာေပါ့။ မင္းသာ ငါေမးတာကို ေကာင္းေကာင္းေျဖရင္ ငါမင္းကို လႊတ္ေပးမယ္"

ယုအိမ္အေစာင့္ေခါင္းေဆာင္သည္ ဇူအန္၏စကားမ်ားကို ဆန့္က်င္ေလသည္။
"မင္းသူတို႔ကို မလႊတ္ရဘူး။ သူတို႔က အျပစ္မဲ့တဲ့လူေတြအမ်ားႀကီးကို သတ္ဖူးတဲ့ ရာဇဝတ္သားေတြပဲ"

"ဘယ္သူက မင္းကိုစကားေျပာခြင့္ ေပးလို႔လဲ။ သူတို႔ကို ဘယ္လိုေျဖရွင္းမလဲ မင္း ဆုံးျဖတ္ခ်င္ရင္ ဘာလို႔ မင္းဘာသာမင္း အရင္မဖမ္းတာလဲ"

အေစာင့္ေခါင္းေဆာင္မ်က္ႏွာသည္ နီရဲသြားေသာ္လည္း တတ္နိုင္တာမရွိေပ။ သူတို႔ကိုယ္ေပၚရွိ တားျမစ္ခ်က္မ်ားက သူတို႔ကို မလႈပ္ရွားနိုင္ရန္ ျပဳလုပ္ထားေလသည္။

သင္သည္ ယုဘင္းထံမွ အမ်က္ပြိုင့္ ၁၁၁ ရယူလိုက္သည္။

ဇူအန္ ဓားျပတစ္ေယာက္ကို ခ်ဥ္းကပ္လိုက္ၿပီး
"ငါမင္းကေနစမယ္။ မင္းဘယ္တူရိယာ တီးနိုင္လဲ"

ဓားျပက ေၾကာင္သြားသည္။
"ငါ ဘာမွ မတီးတတ္ဘူး" သူတို႔လို ၾကမ္းတမ္းသတ္ျဖတ္မႈမ်ားၾကား အသက္ေမြးေသာ ဓားျပေတြက အဘယ္ေၾကာင့္ တူရိယာတီးခတ္ျခင္းကို သင္ဖူးမလဲ။

"ေတးဂီတေကာင္းေကာင္းေတာင္ မတီးနိုင္ရင္ ဒီေလာကႀကီးမွာ အသက္ရွင္စရာ ဘာအေၾကာင္းရွိေသးလို႔လဲ" ဇူအန္ ေလွာင္လိုက္သည္။ သူက ထိုဓားျပ၏အသက္ကို ဓားတစ္ခ်က္ျဖင့္ အဆုံးသတ္လိုက္သည္။

သင္သည္ အနက္ေရာင္ေလခံတပ္၏ ဓားျပမ်ား ထံမွ အမ်က္ပြိုင့္ 666 ရယူလိုက္သည္။

ဇူအန္ ေနာက္တစ္ေယာက္ထံ ထပ္ေ႐ႊ႕လိုက္သည္။
"မင္းေရာ ဘာတီးတတ္လဲ"

ထိုသူက တံေတြးၿမိဳခ်လိဳက္သည္။ သူသည္လည္း ဘာမွမတီးတတ္ေခ်။ သို႔ေသာ္ သူ႕အေဖာ္၏အေလာင္းသည္ သူ႕ေဘးတြင္ လက္လက္ဆတ္ဆတ္ႀကီး ရွိေသးသည္။ သူ႕ ထိုအရာကို ဝန္မခံရဲေပ။ အႀကံတစ္ခု ေပၚလာၿပီး ေျပာလိုက္သည္။
"ငါ ေလခြၽန္နိုင္တယ္"

"ဘယ္ေလာကမွာ ေလခြၽန္တာကို တူရိယာတီးတာနဲ႕ တူတူပဲလို႔ ေျပာလဲ" ဇူအန္ ထပ္လွီးလိုက္သည္။ ထိုဓားျပမွာ ဖားလ်ားေနေသာအၿပဳံးေလးျဖင့္ အသက္ထြက္သြားေလသည္။

သင္သည္ အနက္ေရာင္ေလခံတပ္၏ ဓားျပမ်ား ထံမွ အမ်က္ပြိုင့္ 666 ရယူလိုက္သည္။

စိတ္သေဘာေကာင္းေသာ က်ီေရွာင္ခ်ီ မွာ တက္မၾကည့္နိုင္ေတာ့ေပ။ သူမက သူ႕ဆီေလွ်ာက္လာ၍ အကၤ်ီလက္ကို ဆြဲလိုက္သည္။
"အစ္ကိုဇူ ဒါက ရက္စက္ရာ မက်လြန္းဘူးလား"

ဇူအန္ သက္ျပင္းခ်လိဳက္သည္။
"ေရွာင္ခ်ီ မင္းက စိတ္ထားေကာင္းလြန္းတယ္။ ငါတို႔သာ သူတို႔လက္ထဲေရာက္သြားရင္ တကယ္ရက္စက္တာကဘာလဲဆိုတာ သူတို႔က လုပ္ျပလိမ့္မယ္။ ၿပီးေတာ့ ငါ သူတို႔ကို အခြင့္အေရးတစ္ခု ေပးထားတာပဲ။ သူတို႔သာ စိတ္ေက်နပ္ေလာက္တဲ့အေျဖမ်ိဳးေပးနိုင္ရင္ သူတို႔အသက္ကို ခ်မ္းသာေပးမွာပါ"

အနက္ေရာင္ေလခံတပ္မွ ဓားျပမ်ားမွာ ငိုခ်လဳနီးပါးျဖစ္ေနၾကသည္။

အဲ့တာကို ရွင္သန္ဖို႔အခြင့္အေရးလို႔ တြက္လို႔ရသလား။

----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----- ----

Pokračovat ve čtení

Mohlo by se ti líbit

261K 25K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
381K 25.5K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
115K 4.4K 26
Short novel Mixed by Sakurak🌸
1.7M 95K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...