"ကိုကြီးဖုန်းမဆက်တာ သုံးရက်ရှိပြီ"
"ကိုကြီးမင်းမြတ် မအားလို့နေမှာပေါ့"
ချစ်ဝိုင်းစကားကို ဝိုင်းချစ်ကအေးအေးလူလူပင်
အခွံနွှာထားသောငှက်ပျောသီးကိုတစ်ဆုံးထိမျိုချရင်း
ပြောသည်။
"မင်းလူကြီးဆီကရော အဆက်အသွယ်ရလား"
"မင်းလိုပဲ သုံးရက်ရှိပြီ"
"မင်းဘယ်လိုမှမနေဘူးလား"
"ဘယ်လိုနေရမှာလဲ၊မအားဘူးလို့တွေးလိုက်တာပေါ့"
"အဲ့လိုမဟုတ်ရင် ဘယ်လိုလုပ်မလဲ"
"မင်းလူကို မင်းမယုံဘူးလား၊တကယ်လို့
ငါ့ကွယ်ရာမှာ တစ်ခြားသူနဲ့ဖြစ်လို့ကတော့
သူ့ရဲ့ဟာကို ကပ်ကြေးနဲ့အရင်းကနေဖြတ်ပစ်လိုက်မှာ"
ဝိုင်းချစ်ကပြောပြောဆိုဆိုပင် လက်နှစ်ချောင်းကို
ကတ်ကြေးပုံစံလိုပူးလိုက်ကပ်လိုက်လုပ်ပြသဖြင့်
ချစ်ဝိုင်းပင် ကြက်သီးထသွားရသည်။
တစ်ချို့လယ်တွေက စပါးအစိုက်စော၍
ရိတ်တဲ့လယ်ကရိတ်နေကြပြီ။အများအားဖြင့်
ကောက်ညှင်းစပါးပင်။အဖွားက ရွာထဲသွားပြီး
အဖေနဲ့မမဝိုင်းတို့လင်မယားကတော့
လယ်ကိစ္စတွေနဲ့အလုပ်ရှုပ်နေသဖြင့်
အိမ်မှာ သူတို့နှစ်ယောက်သာပင်ရှိသည်။
"ချစ်ချစ်နဲ့ဝိုင်းဝိုင်း"
မျက်လုံးလေးပွတ်သပ်ကာဖြင့် အခန်းထဲက
ထွက်လာပါသော ကလေးပေါက်စ။
မှားသွားလို့....အိမ်မှာသူတို့နှစ်ယောက်အပြင်
တစ်ခြားတစ်ယောက်ပါရှိနေလေသည်။
"ချာချာ နှိုးတော့တာလား"
ပေါင်ပေါ်တက်ထိုင်လာသောကလေးရဲ့ဆံပင်ကို
အသာဖွရင်းမေးလိုက်တော့ နှုတ်ခမ်းစူကာ
မျက်လုံးလှန်ကြည့်လာသည်။သဘောက
သိတယ်သားနဲ့ ဘာလို့လာမေးတာလဲဟူသော
သဘောပင်။
"ပါးစပ်ကဖြေရင် ပိုက်ဆံပေးရမှာကျနေတာပဲ"
"ဝိုင်းဝိုင်းလို စကားအများကြီးမပြောချင်ဘူး၊
ငပေါဆန်လို့"
"ဘာ...ဒီသောက်ကလေးကတော့"
"မင်းကလည်း ကလေးကို"
ချာချာက ဝိုင်းချစ်ကို ဝိုင်းဝိုင်းဟုခေါ်ကာ
ချစ်ဝိုင်းကိုတော့ ချစ်ချစ်ဟုခေါ်သည်။
လေးနှစ်သာဆိုတယ်၊စကားတတ်တဲ့ဦးလေးနှစ်ယောက်ရဲ့
တူပီသစွာ စကားအလွန်တတ်လေသည်။
ကလေးကိုအလျော့မပေးတဲ့ဝိုင်းချစ်ကြောင့်
ချာချာနဲ့ဓာတ်မတည့်ချင်သော်ငြား
ချစ်ဝိုင်းနဲ့တစ်အိမ်လုံးကအလိုလိုက်ထားသဖြင့်
အဆိုးလေးပင်။ဆော့တာကလဲ မဆူရတဲ့နေ့မရှိအောင်
ချာချာလည်ဆော့သောကြောင့် ချာချာဟု
ချစ်စနှိုးခေါ်ကြခြင်းဖြစ်သည်။
"ဦးဦးမင်းမြတ်နဲ့ဦးဦးဘုန်းမာန်က ဖုန်းမဆက်ဘူးလား
ချာချာလွမ်းလို့"
ဦးလေးအရင်းတွေကျ ဦးဦးလို့ခေါ်ပါပြောတာကို
ဘယ်လိုမှခေါ်ခိုင်းမရဘဲ ဦးလေးနှစ်ယောက်ရဲ့
သက်ဆိုင်သူတွေကိုကျ သင်ပေးစရာမလိုအောင်ပင်
ဦးဦးတပ်ခေါ်ပါသော ချာချာပါ....။
"မင်းထက်တောင် ငါတို့ကပိုလွမ်းသေးတယ်"
"ချာချာက ပိုလွမ်းတာ"
"ငါကပိုလွမ်းတာ"
"ချာချာက ပိုလွမ်းတာပါဆို...ဟင့်"
ငြင်းခုန်နေရင်း တရှုံ့ရှုံ့ဖြစ်လာပါသော ချာချာ။
အလိုလိုက်ထားသဖြင့် သူသဘောကျတာမရရင်ဖြစ်ဖြစ်၊
သူ့အကြိုက်လိုက်မပြောရင်ဖြစ်ဖြစ် ငိုပြတတ်တာ
အကျင့်လိုပင်ဖြစ်နေပြီ။
"ကလေးကို စမနေနဲ့ ဝိုင်းချစ်"
"ငါပြောတာဘာမှားလို့လဲ၊သူ့ထက် ငါတို့ကပိုလွမ်းတာ
အမှန်ပဲလေ"
"ဝိုင်းဝိုင်းကို ဖိုးဖိုးနဲ့တိုင်မှာ"
"တိုင်လေ၊လက်တောက်လောက်လေးက
ခြိမ်းခြောက်တာနဲ့ ကြောက်စရာလားနော်"
လျှာထုတ်ပြောင်ပြရင်းပင် ကလေးကို
ပိုစလေသည်။ချစ်ဝိုင်းကတော့ တူဝရီးနှစ်ယောက်ကိုကြည့်ကာ ခေါင်းတယမ်းယမ်းနှင့်။
"ဦးဦးမင်းမြတ်ရော ဦးဦးဘုန်းမာန်ရောက
ချာချာ့ကို အရမ်းချစ်တယ်တဲ့"
ချာချာ့စကားအပြီး ချစ်ဝိုင်းက ကလေးကို
ဘေးသို့ချလေသည်။ကျန်တဲ့စကားကို
သူပြုံးပြုံးကြီးနားထောင်နိုင်ပေမယ့် ကိုကြီးမင်းမြတ်ပိုချစ်တာ ချစ်ဝိုင်းပဲမို့....။
"နောက်ခါဖုန်းလာရင် မင်းဦးဦးတွေကို မေးကြည့်လေ"
"ဘာကိုလဲ"
"ဘယ်သူ့ကိုပိုချစ်တာလဲလို့မေး"
ချာချာက ခေါင်းတငြိမ့်ငြိမ့်နှင့်ပင်ထောက်ခံလေသည်။
အမြွှာနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက်
ကြည့်ရင်း ခပ်ပြုံးပြုံး....။
...............................
"ဒီနှစ်တန်ဆောင်တိုင်က အပျိုလူပျိုတွေအတွက်
ပွဲလုပ်ပေးမှာတဲ့"
ကျောင်းထိုင်ဘုန်းကြီးက ဒီနှစ်မှာအပျိုလူပျိုတွေအတွက်
ပွဲလုပ်ပေးရင် နောက်နှစ်ကျကလေးတွေအတွက်ပွဲလုပ်ပေး
သည်။
"အရင်နှစ်က ကလေးတွေအတွက်ပွဲလုပ်ပေးထားတာ
ဆိုတော့ ဒီနှစ်ကျမင်းတို့အလှည့်ပေါ့"
ဦးချစ်မောင်က ကွမ်းယာယာရင်းမေးငေါ့ပြောလိုက်တော့
အမြွှာနှစ်ယောက်မှာ အပျော်ကြီးပျော်သွားရသည်။
ဖွားချစ်ပေါင်ပေါ်ထိုင်နေတဲ့ချာချာကတော့
ဦးလေးနှစ်ယောက်ကိုသာကြည့်နေသည်။
"ဖွားမြေးတို့က ကကြမလို့လား"
"ဟုတ်၊ခါတိုင်းလိုပဲ ရွှေရိုး၊ဒေါ်မိုး ကမလားလို့
အဖွား"
"ကောင်းသားပဲ"
မမဝိုင်းကပါ ခေါင်းတငြိမ့်ငြိမ့်နှင့်ပင်။
"မှော်သွားတင်မလို့ ချာချာလိုက်ဦးမလား"
"ချာချာက ရေချိုးပြီးပြီ"
ချာချာက အသန့်ကြိုက်တဲ့ကလေးပင်။
ဘယ်လောက်ဆော့ဆော့ အင်္ကျီဘောင်းဘီတွေညစ်ပေအောင်
မဆော့ပေ။ညစ်ပေခဲ့ရင်လည်း အဝတ်လဲလေ့ရှိသည်။
"မလိုက်တော့ ပိုကောင်းသေး"
သွပ်ချောင်ကိုင်ကာဖြင့် အိမ်အနောက်ကကန်ဘက်
နှစ်ယောက်သားထွက်လာလိုက်သည်။
ဗေဒါပင်တွေကပူးကပ်ကာဖြင့် စုစုစည်းစည်း။
ဆွဲတင်လို့ကောင်းတဲ့နေရာကိုရှင်းကာ
ပါလာသောဓားဖြင့် မှော်ဘုတ်ကို
တစ်ယောက်တစ်ဖက် ကုန်းပေါ်သို့အမြန်ဆွဲတင်ကာ
ချစ်ဝိုင်းက စီးကျသွားသောရေတွေနောက်ငါးပြန်
ကျသွားမှာစိုးသဖြင့် ရေစပ်ကိုအမြန်ပြေးရသည်။
ဝိုင်းချစ်က ဘေးနားကဝါးရင်းတုတ်ကိုယူကာ
မှော်ဘုတ်ကိုရိုက်ပြီး ခါလိုက်တော့ငါးရံ့မကြီးမသေး
တစ်ကောင်ထွက်လာသည်။
အမြန်ဖမ်းကာဖြင့် ဘေးနားကသွပ်ချောင်ထဲထည့်လိုက်၏။
နေ့လယ်စောင်းတော့ ငါးတော်တော်များများရနေပြီပင်။
လူတွေကလည်း ရွံ့စက်တွေနဲ့။ဒီကြားထဲ
နှစ်ယောက်လုံး မျှော့အတွယ်ခံလိုက်ရသေးတယ်။
"ချစ်ချစ်! ဝိုင်းဝိုင်း!"
ချာချာက လူကြီးခမောက်ဆောင်းကာဖြင့်
လုံးတုံးလုံးတုံးနဲ့နာမည်အော်ကာဖြင့်
ပြေးလာသည်။
"မှောက်ယက်လှဲနေဦးမှာ ဒီကလေးကတော့..."
"ဦးဦးတို့လာတယ်"
ဝိုင်းချစ်က မော်တွေခါချရင်းပင်
"ဘယ်ဦးဦးလဲ"
"ဦးဦးမင်းမြတ်နဲ့ဦးဦးဘုန်းမာန်"
"နောက်စရာမဟုတ်နောက်နေပြန်ပါပြီ"
ထိုစကားကိုတော့ ရေစပ်သို့ဆင်းပြေးသောငါးရံ့ကို
ဖမ်းရင်း ချစ်ဝိုင်းကပြောလိုက်သည်။
"ရော်...ချာချာက အတည်ပြောတာပါဆို"
ကလေးစကားကိုမယုံသော အမြွှာနှစ်ယောက်မှာ
လုပ်လက်စလုပ်ရင်းသာ ချာချာ့ကိုလျစ်လျူရှုလိုက်သည်။
"အကောင်ပေါက်"
"ကလေး"
"ဟမ်"
ခေါ်သံတွေကို သူတို့တကယ်ပီပီသသကြီး
ကြားလိုက်ရတာပင်။ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်တော့ ကန်ဘောင်ပေါ်ကနေလက်ပြနေတဲ့
သက်ဆိုင်သူနှစ်ယောက်။
ချာချာ့ကိုကြည့်လိုက်တော့လည်း သူပြောသားပဲ
ဟူသောသဘောဖြင့် လက်ပိုက်ကာကြည့်နေလေသည်။
ဒါကြီးကတော့ မဟုတ်သေးဘူးလေ~~~~
ဒီလိုစုတ်ပြတ်နေတဲ့အခါမှ အချိန်ကိုက်ရောက်လာရသလား?
...................................
(ဝိုင်းချစ်တို့အတွဲအကြောင်း မဖတ်ရသေးရင်
"အချစ်များစွာဖြင့်သာ"ကိုဖတ်ဖို့ ညွှန်းချင်ပါတယ်❤)
Zawgyi
"ကိုႀကီးဖုန္းမဆက္တာ သုံးရက္ရွိၿပီ"
"ကိုႀကီးမင္းျမတ္ မအားလို႔ေနမွာေပါ့"
ခ်စ္ဝိုင္းစကားကို ဝိုင္းခ်စ္ကေအးေအးလူလူပင္
အခြံႏႊာထားေသာငွက္ေပ်ာသီးကိုတစ္ဆုံးထိမ်ိဳခ်ရင္း
ေျပာသည္။
"မင္းလူႀကီးဆီကေရာ အဆက္အသြယ္ရလား"
"မင္းလိုပဲ သုံးရက္ရွိၿပီ"
"မင္းဘယ္လိုမွမေနဘူးလား"
"ဘယ္လိုေနရမွာလဲ၊မအားဘူးလို႔ေတြးလိုက္တာေပါ့"
"အဲ့လိုမဟုတ္ရင္ ဘယ္လိုလုပ္မလဲ"
"မင္းလူကို မင္းမယုံဘူးလား၊တကယ္လို႔
ငါ့ကြယ္ရာမွာ တစ္ျခားသူနဲ႕ျဖစ္လို႔ကေတာ့
သူ႕ရဲ႕ဟာကို ကတ္ေၾကးနဲ႕အရင္းကေနျဖတ္ပစ္လိုက္မွာ"
ဝိုင္းခ်စ္ကေျပာေျပာဆိုဆိုပင္ လက္ႏွစ္ေခ်ာင္းကို
ကတ္ေၾကးပုံစံလိုပူးလိုက္ကပ္လိုက္လုပ္ျပသျဖင့္
ခ်စ္ဝိုင္းပင္ ၾကက္သီးထသြားရသည္။
တစ္ခ်ိဳ႕လယ္ေတြက စပါးအစိုက္ေစာ၍
ရိတ္တဲ့လယ္ကရိတ္ေနၾကၿပီ။အမ်ားအားျဖင့္
ေကာက္ညွင္းစပါးပင္။အဖြားက ႐ြာထဲသြားၿပီး
အေဖနဲ႕မမဝိုင္းတို႔လင္မယားကေတာ့
လယ္ကိစေတြနဲ႕အလုပ္ရႈပ္ေနသျဖင့္
အိမ္မွာ သူတို႔ႏွစ္ေယာက္သာပင္ရွိသည္။
"ခ်စ္ခ်စ္နဲ႕ဝိုင္းဝိုင္း"
မ်က္လုံးေလးပြတ္သပ္ကာျဖင့္ အခန္းထဲက
ထြက္လာပါေသာ ကေလးေပါက္စ။
မွားသြားလို႔....အိမ္မွာသူတို႔ႏွစ္ေယာက္အျပင္
တစ္ျခားတစ္ေယာက္ပါရွိေနေလသည္။
"ခ်ာခ်ာ ႏွိုးေတာ့တာလား"
ေပါင္ေပၚတက္ထိုင္လာေသာကေလးရဲ႕ဆံပင္ကို
အသာဖြရင္းေမးလိုက္ေတာ့ ႏႈတ္ခမ္းစူကာ
မ်က္လုံးလွန္ၾကည့္လာသည္။သေဘာက
သိတယ္သားနဲ႕ ဘာလို႔လာေမးတာလဲဟူေသာ
သေဘာပင္။
"ပါးစပ္ကေျဖရင္ ပိုက္ဆံေပးရမွာက်ေနတာပဲ"
"ဝိုင္းဝိုင္းလို စကားအမ်ားႀကီးမေျပာခ်င္ဘူး၊
ငေပါဆန္လို႔"
"ဘာ...ဒီေသာက္ကေလးကေတာ့"
"မင္းကလည္း ကေလးကို"
ခ်ာခ်ာက ဝိုင္းခ်စ္ကို ဝိုင္းဝိုင္းဟုေခၚကာ
ခ်စ္ဝိုင္းကိုေတာ့ ခ်စ္ခ်စ္ဟုေခၚသည္။
ေလးႏွစ္သာဆိုတယ္၊စကားတတ္တဲ့ဦးေလးႏွစ္ေယာက္ရဲ႕
တူပီသစြာ စကားအလြန္တတ္ေလသည္။
ကေလးကိုအေလ်ာ့မေပးတဲ့ဝိုင္းခ်စ္ေၾကာင့္
ခ်ာခ်ာနဲ႕ဓာတ္မတည့္ခ်င္ေသာ္ျငား
ခ်စ္ဝိုင္းနဲ႕တစ္အိမ္လုံးကအလိုလိုက္ထားသျဖင့္
အဆိုးေလးပင္။ေဆာ့တာကလဲ မဆူရတဲ့ေန႕မရွိေအာင္
ခ်ာခ်ာလည္ေဆာ့ေသာေၾကာင့္ ခ်ာခ်ာဟု
ခ်စ္စႏွိုးေခၚၾကျခင္းျဖစ္သည္။
"ဦးဦးမင္းျမတ္နဲ႕ဦးဦးဘုန္းမာန္က ဖုန္းမဆက္ဘူးလား
ခ်ာခ်ာလြမ္းလို႔"
ဦးေလးအရင္းေတြက် ဦးဦးလို႔ေခၚပါေျပာတာကို
ဘယ္လိုမွေခၚခိုင္းမရဘဲ ဦးေလးႏွစ္ေယာက္ရဲ႕
သက္ဆိုင္သူေတြကိုက် သင္ေပးစရာမလိုေအာင္ပင္
ဦးဦးတပ္ေခၚပါေသာ ခ်ာခ်ာပါ....။
"မင္းထက္ေတာင္ ငါတို႔ကပိုလြမ္းေသးတယ္"
"ခ်ာခ်ာက ပိုလြမ္းတာ"
"ငါကပိုလြမ္းတာ"
"ခ်ာခ်ာက ပိုလြမ္းတာပါဆို...ဟင့္"
ျငင္းခုန္ေနရင္း တရႈံ႕ရႈံ႕ျဖစ္လာပါေသာ ခ်ာခ်ာ။
အလိုလိုက္ထားသျဖင့္ သူသေဘာက်တာမရရင္ျဖစ္ျဖစ္၊
သူ႕အႀကိဳက္လိုက္မေျပာရင္ျဖစ္ျဖစ္ ငိုျပတတ္တာ
အက်င့္လိုပင္ျဖစ္ေနၿပီ။
"ကေလးကို စမေနနဲ႕ ဝိုင္းခ်စ္"
"ငါေျပာတာဘာမွားလို႔လဲ၊သူ႕ထက္ ငါတို႔ကပိုလြမ္းတာ
အမွန္ပဲေလ"
"ဝိုင္းဝိုင္းကို ဖိုးဖိုးနဲ႕တိုင္မွာ"
"တိုင္ေလ၊လက္ေတာက္ေလာက္ေလးက
ၿခိမ္းေျခာက္တာနဲ႕ ေၾကာက္စရာလားေနာ္"
လွ်ာထုတ္ေျပာင္ျပရင္းပင္ ကေလးကို
ပိုစေလသည္။ခ်စ္ဝိုင္းကေတာ့ တူဝရီးႏွစ္ေယာက္ကိုၾကည့္ကာ ေခါင္းတယမ္းယမ္းႏွင့္။
"ဦးဦးမင္းျမတ္ေရာ ဦးဦးဘုန္းမာန္ေရာက
ခ်ာခ်ာ့ကို အရမ္းခ်စ္တယ္တဲ့"
ခ်ာခ်ာ့စကားအၿပီး ခ်စ္ဝိုင္းက ကေလးကို
ေဘးသို႔ခ်ေလသည္။က်န္တဲ့စကားကို
သူၿပဳံးၿပဳံးႀကီးနားေထာင္နိုင္ေပမယ့္ ကိုႀကီးမင္းျမတ္ပိုခ်စ္တာ ခ်စ္ဝိုင္းပဲမို႔....။
"ေနာက္ခါဖုန္းလာရင္ မင္းဦးဦးေတြကို ေမးၾကည့္ေလ"
"ဘာကိုလဲ"
"ဘယ္သူ႕ကိုပိုခ်စ္တာလဲလို႔ေမး"
ခ်ာခ်ာက ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ပင္ေထာက္ခံေလသည္။
အႁမႊာႏွစ္ေယာက္ကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္
ၾကည့္ရင္း ခပ္ၿပဳံးၿပဳံး....။
...............................
"ဒီႏွစ္တန္ေဆာင္တိုင္က အပ်ိဳလူပ်ိဳေတြအတြက္
ပြဲလုပ္ေပးမွာတဲ့"
ေက်ာင္းထိုင္ဘုန္းႀကီးက ဒီႏွစ္မွာအပ်ိဳလူပ်ိဳေတြအတြက္
ပြဲလုပ္ေပးရင္ ေနာက္ႏွစ္က်ကေလးေတြအတြက္ပြဲလုပ္ေပး
သည္။
"အရင္ႏွစ္က ကေလးေတြအတြက္ပြဲလုပ္ေပးထားတာ
ဆိုေတာ့ ဒီႏွစ္က်မင္းတို႔အလွည့္ေပါ့"
ဦးခ်စ္ေမာင္က ကြမ္းယာယာရင္းေမးေငါ့ေျပာလိုက္ေတာ့
အႁမႊာႏွစ္ေယာက္မွာ အေပ်ာ္ႀကီးေပ်ာ္သြားရသည္။
ဖြားခ်စ္ေပါင္ေပၚထိုင္ေနတဲ့ခ်ာခ်ာကေတာ့
ဦးေလးႏွစ္ေယာက္ကိုသာၾကည့္ေနသည္။
"ဖြားေျမးတို႔က ကၾကမလို႔လား"
"ဟုတ္၊ခါတိုင္းလိုပဲ ေ႐ႊရိုး၊ေဒၚမိုး ကမလားလို႔
အဖြား"
"ေကာင္းသားပဲ"
မမဝိုင္းကပါ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ပင္။
"ေမာ္သြားတင္မလို႔ ခ်ာခ်ာလိုက္ဦးမလား"
"ခ်ာခ်ာက ေရခ်ိဳးၿပီးၿပီ"
ခ်ာခ်ာက အသန့္ႀကိဳက္တဲ့ကေလးပင္။
ဘယ္ေလာက္ေဆာ့ေဆာ့ အက္်ီေဘာင္းဘီေတြညစ္ေပေအာင္
မေဆာ့ေပ။ညစ္ေပခဲ့ရင္လည္း အဝတ္လဲေလ့ရွိသည္။
"မလိုက္ေတာ့ ပိုေကာင္းေသး"
သြပ္ေခ်ာင္ကိုင္ကာျဖင့္ အိမ္အေနာက္ကကန္ဘက္
ႏွစ္ေယာက္သားထြက္လာလိုက္သည္။
ေဗဒါပင္ေတြကပူးကပ္ကာျဖင့္ စုစုစည္းစည္း။
ဆြဲတင္လို႔ေကာင္းတဲ့ေနရာကိုရွင္းကာ
ပါလာေသာဓားျဖင့္ ေမာ္ဖုတ္ကို
တစ္ေယာက္တစ္ဖက္ ကုန္းေပၚသို႔အျမန္ဆြဲတင္ကာ
ခ်စ္ဝိုင္းက စီးက်သြားေသာေရေတြေနာက္ငါးျပန္
က်သြားမွာစိုးသျဖင့္ ေရစပ္ကိုအျမန္ေျပးရသည္။
ဝိုင္းခ်စ္က ေဘးနားကဝါးရင္းတုတ္ကိုယူကာ
ေမာ္ဖုတ္ကိုရိုက္ၿပီး ခါလိုက္ေတာ့ငါးရံ႕မႀကီးမေသး
တစ္ေကာင္ထြက္လာသည္။
အျမန္ဖမ္းကာျဖင့္ ေဘးနားကသြပ္ေခ်ာင္ထဲထည့္လိုက္၏။
ေန႕လယ္ေစာင္းေတာ့ ငါးေတာ္ေတာ္မ်ားမ်ားရေနၿပီပင္။
လူေတြကလည္း ႐ြံ႕စက္ေတြနဲ႕။ဒီၾကားထဲ
ႏွစ္ေယာက္လုံး ေမွ်ာ့အတြယ္ခံလိုက္ရေသးတယ္။
"ခ်စ္ခ်စ္! ဝိုင္းဝိုင္း!"
ခ်ာခ်ာက လူႀကီးခေမာက္ေဆာင္းကာျဖင့္
လုံးတုံးလုံးတုံးနဲ႕နာမည္ေအာ္ကာျဖင့္
ေျပးလာသည္။
"ေမွာက္ယက္လွဲေနဦးမွာ ဒီကေလးကေတာ့..."
"ဦးဦးတို႔လာတယ္"
ဝိုင္းခ်စ္က ေမာ္ေတြခါခ်ရင္းပင္
"ဘယ္ဦးဦးလဲ"
"ဦးဦးမင္းျမတ္နဲ႕ဦးဦးဘုန္းမာန္"
"ေနာက္စရာမဟုတ္ေနာက္ေနျပန္ပါၿပီ"
ထိုစကားကိုေတာ့ ေရစပ္သို႔ဆင္းေျပးေသာငါးရံ႕ကို
ဖမ္းရင္း ခ်စ္ဝိုင္းကေျပာလိုက္သည္။
"ေရာ္...ခ်ာခ်ာက အတည္ေျပာတာပါဆို"
ကေလးစကားကိုမယုံေသာ အႁမႊာႏွစ္ေယာက္မွာ
လုပ္လက္စလုပ္ရင္းသာ ခ်ာခ်ာ့ကိုလ်စ္လ်ဴရႈလိုက္သည္။
"အေကာင္ေပါက္"
"ကေလး"
"ဟမ္"
ေခၚသံေတြကို သူတို႔တကယ္ပီပီသသႀကီး
ၾကားလိုက္ရတာပင္။ေဘးပတ္ဝန္းက်င္ကို
ၾကည့္လိုက္ေတာ့ ကန္ေဘာင္ေပၚကေနလက္ျပေနတဲ့
သက္ဆိုင္သူႏွစ္ေယာက္။
ခ်ာခ်ာ့ကိုၾကည့္လိုက္ေတာ့လည္း သူေျပာသားပဲ
ဟူေသာသေဘာျဖင့္ လက္ပိုက္ကာၾကည့္ေနေလသည္။
ဒါႀကီးကေတာ့ မဟုတ္ေသးဘူးေလ~~~~
ဒီလိုစုတ္ျပတ္ေနတဲ့အခါမွ အခ်ိန္ကိုက္ေရာက္လာရသလား?
...................................
(ဝိုင္းခ်စ္တို႔အတြဲအေၾကာင္း မဖတ္ရေသးရင္
"အခ်စ္မ်ားစြာျဖင့္သာ"ကိုဖတ္ဖို႔ ၫႊန္းခ်င္ပါတယ္❤)