_Final_

12.7K 742 17
                                    

"ဧည့်ဝတ်မကျေဘူးဘဲဆိုဆို၊သားတစ်ယောက်လုံးယောက်ျား
ပေးစားလိုက်ရတဲ့အထိတော့ ဧည့်ဝတ်မကျေနိုင်ပါဘူး"

မျက်နှာထားတည်တည်နဲ့ပြောလာသောဦးချစ်မောင်ကြောင့်ဒေါ်မြတ်မူမှာ တံတွေးပင်မြိုချမိသည်။တကယ်ပင် သူမ
ဦးချစ်မောင်ရဲ့ဒေါသကိုကြောက်ပါသည်။မနေ့ညကသိသိချင်း ဦးချစ်မောင်ကသူမတို့သားအမိနှစ်ယောက်ကိုဘေးအိမ်မှာအိပ်စေကာ သားမက်နီတာရဲလေးကိုအခန်းထဲပိတ်ထားတယ်လေ။

"ကျွန်မ ဒီကကိုချစ်မောင်ကိုပြောချင်တာကလေ"

"ဘာမှမပြောပါနဲ့၊ဒီနေ့မြို့ပြန်မယ်လို့ မျှော်လင့်ပါတယ်"

ဘေးနားမှာမင်္ဂလာဆောင်ဝတ်စုံပင်မလဲနိုင်ဘဲရပ်ကြည့်နေတဲ့
သာအောင်နဲ့ဝိုင်းချစ်မောင်မောင်ကတော့ အားနာသလိုကြည့်
လာကြသည်။

"ကျွန်တော်က အကောင်ပေါက်လေးကိုမြတ်မြတ်နိုးနိုးချစ်တာပါ ဦးလေး၊မိသားဖသားပီပီတောင်းရမ်းပြီး လူသိရှင်ကြားခမ်းခမ်းနားနားလက်ထပ်ဖို့လည်း တွေးထားပြီးသားပါ"

တစ်ချိန်လုံးဘေးနားထိုင်ကာငြိမ်သက်နေတဲ့မင်းမြတ်ကဝင်ပြောလာလေသည်။ဦးချစ်မောင်က မင်းမြတ်ကိုစေ့စေ့ကြည့်ရင်း

"ဘယ်လိုပဲပြောပြော လက်မခံနိုင်ပါဘူး၊ပြန်သင့်ပြီထင်ပါတယ်"

"ချစ်မောင်ကလည်း စိတ်လျော့ပါဦးအေ"

ဖွားချစ်ကပါကြားထဲကမနေသာဝင်ပြောလာလေသည်။

"အဖေကလည်း အေးအေးဆေးဆေးပြောလည်းရပါတယ်ဗျာ"

"မင်းပါ အခန်းထဲပိတ်ထားလိုက်ရမလား ဟမ်"

ဦးချစ်မောင် ဟမ့်လိုက်တော့ဝိုင်းချစ်မှာဘာမှမပြောသာဘဲ
ပါးစပ်ပိတ်လိုက်ရသည်။

"ပြန်ဆိုပြန်ပါ့မယ်၊အကောင်ပေါက်လေးကိုတော့ ဘာမှမလုပ်ပါနဲ့"

"ချစ်ဝိုင်းက ငါ့သားပါ"

"ဦးလေးကို ကျွန်တော်ပြောချင်တာက အကောင်ပေါက်လေးကို ကျွန်တော်ဘယ်တော့မှလက်မလွှတ်
ပါဘူး"

"ငါကလည်း ငါ့သားကိုမိန်းမဘဲပေးစားမှာ"

"မယူဘူးနော်၊မိန်းမ မယူဘူး"

MY VILLAGER (COMPLETED) Where stories live. Discover now