Part[14]

7K 724 1
                                    

"ငါ့မြေးတို့ရေ တောထဲထမင်းသွားပို့လို့ရပြီ"

ဒီနေ့ကအိမ်ကလယ်တွေကောက်စိုက်တဲ့နေ့ဖြစ်တဲ့အတွက်
မမဝိုင်းပါ ကောက်စိုက်ပါသွားသည်။လယ်ပိုင်ရှင်က ထမင်းကျွေးသဖြင့် လယ်ပိုင်ရှင်ရဲ့သားများဖြစ်သူ
ချစ်ဝိုင်းနဲ့ဝိုင်းချစ်က ထမင်းသွားပို့ရမည်ဖြစ်သည်။

"ဟုတ်ကဲ့အဖွား၊ဒီLevelလေးတက်အောင်ဆော့ပြီးရင်သွားလိုက်မယ်"

ဝိုင်းချစ်ကသာအော်ပြောလိုက်ရသည်။ဟိုနှစ်ယောက်သားက
Animal linkကိုဖုန်းတစ်လုံးနဲ့နှစ်ယောက်ပြိုင်တူဆော့
နေကြတာ။သူ့မှာသာ အတူဆော့ပေးမယ့်အဖော်မရှိ။
ဝိုင်းချစ်လေး ဝမ်းနည်းသွားပါပြီ အဟင့်....။

"နေမြင့်နေပြီနော်၊တောထဲသွားရမှာ၊ရွာထဲတင်မဟုတ်ဘူး"

နေ့လည် ခဏတဖြုတ်TVကြည့်နေသော ဦးချစ်မောင်မှ
ဝင်ပြောလိုက်သည်။မဟုတ်ရင် ဒီသားနှစ်ယောက်က
တော်တော်ကြာသွားသေးမှာမဟုတ်ဘူး။

"အဖေကလည်း စောသေးတာကို"

"စောတယ်မလုပ်နဲ့၊မင်းတို့ခြေလျှင်သွားရမှာ"

"ဘာလို့တုန်း၊ဆိုင်ကယ်နဲ့သွားလို့မရဘူးလား"

"မိုးရွှာထားတော့ ဗွက်တွေထနေတာလေ၊မင်းတို့ဆိုင်ကယ်ဘီးနစ်ချင်ရင်တော့ စီးသွားကြ"

ထိုအခါမှသာနှစ်ယောက်သားစူပုတ်ပုတ်နဲ့ဖုန်းချကြလေသည်။မင်းမြတ်မှာတော့ ယောင်လည်လည်နဲ့သာချစ်ဝိုင်းထရာ
နောက် လိုက်နေလေသည်။

"အဖွား ဒါတွေယူသွားရမှာလား"

စားပွဲပေါ်တင်ထားသောခြင်းအားဆွဲယူကာ မီးဖိုချောင်ထဲကအဖွားကိုမေးလိုက်သည်။မမဝိုင်းကောက်စိုက်
လိုက်တော့ မီးဖိုချောင်ကအဖွားဝင်ရသည်။

"အေးအေး ဟုတ်တယ်ငါ့မြေးရေ"

"တစ်ခြားဘာယူရဦးမှာလဲ အဖွား"

"ယူစရာမရှိတော့ဘူးငါ့မြေးရေ၊မင်းတို့မမဝိုင်းမနက်ကတည်းကလိုတာယူသွားပြီးပြီ၊
ခုကထမင်းပဲသွားပို့ရမှာ"

"ဟုတ်၊ကိုကြီးလိုက်မယ်မလား"

"အင်း လိုက်မယ်လေ"

MY VILLAGER (COMPLETED) Where stories live. Discover now