Part[17]

6.6K 688 14
                                    

"အကောင်ပေါက် အေးတယ်လေ"

ဆိုကာကိုယ်ပေါ်ကိုလွှမ်းခြုံပေးလာတဲ့စောင်ပါးလေး
တစ်ထည်။ပြီးတော့အရှေ့ခုံမှာထိုင်ကာအပြုံးတွေ
ဖောဖောသီသီပေးလာသော
ကိုကြီးကိုပြန်ပြုံးပြလိုက်သည်။

ကိုယ်နေမကောင်းတဲ့အတောအတွင်း ကိုကြီးပဲဂရုတစိုက်
ပြုစုတာ။ရေမချိုးရဘူးဆိုလို့ တစ်ကိုယ်လုံးကိုရေပတ်တိုက်ပေးတာလည်း ကိုကြီးပဲ။ဝိုင်းချစ်ကိုတော့ အဖေကရေပတ်တိုက်ပေးတာ။

ညကျရင်လည်းဖက်အိပ်ပေးတာကိုကြီး။ပြီးတော့ ​ကိုကြီးရဲ့နှုတ်ခမ်းက နဖူးကိုခဏခဏလာထိတာလည်းသိတယ်။
နေမကောင်းတဲ့အရှိန်နဲ့မို့သာ မှိန်းနေရတာ။အဲ့အချိန် ကိုယ့်စိတ်ထဲ ထူးဆန်းတဲ့အတွေးတစ်ခုဝင်လာတယ်။
ကိုကြီးက နှုတ်ခမ်းနဲ့များအဖျားတိုင်းတာလားလို့ပေါ့။

"ငါတောထဲ ထမင်းသွားပို့လိုက်ဦးမယ်၊အဖွားတို့အိပ်နေတာ
တိုးတိုးနေကြ"

ထမင်းချိုင့်ဆွဲကာပြောလာသောမမဝိုင်းကို အမြွှာနှစ်ယောက်
ခေါင်းညိမ့်ပြလိုက်သည်။ဦးချစ်မောင်က ဒီနေ့လယ်ထဲသွားသဖြင့်ထမင်းသွားပို့ခြင်းဖြစ်သည်။

"ကိုမင်းမြတ်၊သူတို့နှစ်ယောက်ကို ဘယ်မှအသွားမခံနဲ့နော်"

"အင်း"

မင်းမြတ်ခေါင်းညိမ့်ပြလိုက်တာနဲ့ဝိုင်းချစ်မောင်မောင်မှာ အမြွှာနှစ်ယောက်ကိုတစ်လှည့်စီကြည့်ကာထွက်သွားလေသည်။

"အိမ်မှာနေရတာ ပျင်းစရာကြီး"

ရေနွေးသောက်ရင်းပြောလာသော ဝိုင်းချစ်ရဲ့အပြောကို
ချစ်ဝိုင်းမှခေါင်းတညိမ့်ညိမ့်နှင့်ထောက်ခံလေသည်။တကယ်
သူတို့နေမကောင်းတဲ့ဒီသုံးရက်အတွင်း အိမ်တွင်းအောင်းနေ
ရတာ။

မျက်နှာငယ်လေးနဲ့ကိုကြီးကိုကြည့်လိုက်တော့လည်း အထာသိစွာ ကိုကြီးကခေါင်းယမ်းပြသည်။ဒါဘယ်မှမသွားရ
ဘူးဆိုတဲ့သဘောပေါ့။

"ကိုကြီးကလည်းးးးးး"

"နေကောင်းသွားမှပေါ့၊အကောင်ပေါက်ဘယ်ကိုသွားချင်လဲ
ကိုယ်လိုက်ပို့မယ်"

MY VILLAGER (COMPLETED) Where stories live. Discover now