Part[20]

6.9K 637 6
                                    

"ကိုကြီးဝိုင်းချစ်တို့ကို ဘိုးလေးချစ်မောင်နဲ့တိုင်မှာ ဟီးးအီးးး"

အမြွှာနှစ်ယောက်မှာ မှန်ကြည့်လိုက်အောက်ချလိုက်နဲ့
ထထငိုနေသောဂေရှောင်းကိုကြည့်ပြီး စိတ်ညစ်နေပါသည်။
ဂေရှောင်းမှာလည်းသူနှာရည်ထွက်ကျနေအောင်ငိုတာတောင်
ချော့မယ်မရှိဘဲ ငုတ်တုတ်ထိုင်ကြည့်နေတဲ့အစ်ကိုကြီးနှစ်ယောက်ကို ပိုပြီးသာငိုပြလိုက်သည်။

"ဂေရှောင်း မငိုနဲ့တော့နော်၊ဒီကေလေးနဲ့လည်း လှပါတယ်"

"ဘာမှမလှဘူး၊ရေခွက်အုပ်ကေကြီး အီးးးးဟီးးမေမေရေ"

အငိုတိတ်ပါစေတော့ဆိုပြီးချစ်ဝိုင်းချော့လိုက်တာဂေရှောင်းအမေတပြီးတောင် ထငိုနေလေသည်။ကိုယ်ကိုလှုပ်ခါပြီးငိုနေ
တော့ ရေခွက်အုပ်ပြီးကိုက်ထားတဲ့ဆံပင်တွေကဖွာခနဲနေလေ
သည်။

"မင်းတို့ကျောင်းမှာ ဘယ်သူဒီလိုကေမျိုးထားလဲ"

"ဘယ်သူမှမထားဘူး"

"အေး..အဲ့တာကြောင့်မို့ဒီကေငါကိုက်ပေးတာလေ"

ဘာဆိုင်လို့လဲဟူသောသဘောဖြင့်ချစ်ဝိုင်းနဲ့ဂေရှောင်းက
ဝိုင်းချစ်ကိုကြည့်လာကြသည်။

"ဘယ်သူမှဒီကေမျိုးမထားဖူးတော့ မင်းကျောင်းသွားရင်
သူများတွေကအထူးအဆန်းလိုကြည့်မှာလေ၊မဟုတ်ဘူးလား"

ဟုတ်တယ်ဆိုကာ ခေါင်းငြိမ့်ပြလိုက်တော့

"ကြည့်တဲ့သူတွေထဲ ကျောင်းသူချောချောလေးတွေရောပါမှာ
လေ၊ကောင်မလေးချောချောလေးတွေကြည့်တာမခံချင်ဘူး
လား"

"ခံချင်တာပေါ့"

"နောက်နေ့ ဦးထုပ်မဆောင်းပဲသွားနော်၊ကောင်မလေးချော
ချောလေးတွေမြင်အောင်"

"ဟီးးးဟီးးးဟုတ်"

ကောင်မလေးချောချောလေးတွေဆိုတာနဲ့သဘောတွေကျနေပါသော အမောင်ဂေရှောင်းပါလေ။ချစ်ဝိုင်းကတော့
မင်းတော်တယ်ဟူသောသဘောဖြင့်ဝိုင်းချစ်ကိုလက်မထောင်ပြလိုက်သည်။

<<<<<<<<<<<<<<<<>>>>>>>>>>>>>

နောက်တစ်နေ့

MY VILLAGER (COMPLETED) Where stories live. Discover now