Part[5]

9.5K 963 50
                                    

"ဒါက သုသာန်လေ၊ရွာတောင်ပိုင်းနဲ့လမ်းပဲခြားတာရယ်"

လမ်းဖြတ်ရင်းပြောလာသော အကောင်ပေါက်။ကိုယ်က တစ်ဦးတည်းသော သားမို့လို့လားမသိဘူး။တွေ့တာမကြာသေးဘူး။ဒီကလေးနှစ်ယောက်ကို သံယောဇဥ်တွယ်နေပြီရယ်။

"ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အိမ်မှာဝက်မွေးတယ်လေ။ညနေကျောင်းဆင်းတာနဲ့ ဝက်ကျောင်းရတော့တာပဲ။ဝက်လွှတ်တာကတော့ အနောက်ကိုလွှတ်တာ။အဲ့ဒါကို ဝက်မကြီးက ဒီတောင်ပိုင်းပဲရောက်ရောက်သွားတာ၊ပြန်တွေ့ရင် သုသာန်မှာကြီးပဲ"

"ငယ်တုန်းကတော့ သုသာန်လည်းတစ်ယောက်တည်းသွားတာပဲ၊ကြီးလာတော့ အဖော်ပါတယ်ဆိုရင်ကို သိပ်မသွားရဲတော့ဘူး၊ဟီးးးဟီး"

ရယ်ရယ်ပြုံးပြုံးနဲ့ပြောလာပါသော အကောင်ပေါက်။ဝိုင်းချစ်ကတော့ ငြိမ်ချက်သားကောင်းနေတယ်။

ရွာပြင်ရောက်တာနဲ့ လယ်ကွင်းတွေကို တစ်မျှော်တစ်ဆုံးမြင်ရတော့တာဲ။ကုန်းတွေပေါ်မှာက ပြောင်းခင်းတွေနဲ့။မနီးမဝေးက တောင်တန်းကြီးတွေ။ဟိုနားတစ်စု ဒီနားတစ်စု တဲပေါက်စတွေ။ဒီရွှာလေးက ကုန်းမြင့်ကျတယ်ပြောရမယ်။ဟိုးအနောက်မြေနိမ့်ပိုင်းဆီမှာ မြင်နေရတဲ့ ရွာငယ်လေးတစ်ရွာ။

ဟော..ရှေ့မှာချောင်းလေး။

"ဒါကတောင်ကချောင်းလေ၊ငယ်ငယ်တုန်းကတော့ ဒီချောင်းမှာအဖော်တွေနဲ့ငါးနှိုက်ငါးဖမ်းခဲ့တာ၊ရွံ့တွေနဲ့လောက်စာလုံးပြီး လောက်စာကဲတမ်းကစား၊အိမ်ပြန်ရင် အဖေကတုတ်ကိုင်ပြီးစောင့်နေပြီ"

"ဝိုင်းချစ် မင်းအရင်ရေထဲဆင်းကြည့်စမ်း၊ရေနစ်သလားသိချင်လို့"

"သိချင်ရင် မင်းဆင်းကြည့်ပါလား"

ငြင်းခုန်နေကြသော အမြွှာနှစ်ယောက်အားကြည့်ရင်း  မင်းမြတ်မှာ သဘောတွေကျနေလေသည်။

"ကိုယ်အရင်ဆင်းကြည့်မယ်"

"ကောင်းတာပေါ့၊ဟီးးးဟီး"

သြော်..ကိုယ်အရင်ဆင်းမယ်လည်းပြောလိုက်ရော ပျော်သွားကြပါသော အမောင်နှစ်ယောက်။

ရေကအပေါ်လျှံတက်နေတော့ နစ်မယ်ထင်ထားတာ။တိမ်တိမ်လေးရယ်။

MY VILLAGER (COMPLETED) Where stories live. Discover now