Part[6]

8.8K 913 20
                                    

"ဟဲ့ အဲ့ဒါဘယ်သူ့ဖိနပ်ကြီးစီးခဲ့ပြန်တာတုန်း"

အိမ်ဝင်းထဲဝင်ကာစရှိသေး၊သိန်းငှက်မျက်လုံးအစွမ်းနဲ့မေးလာပါသော မမဝိုင်း။အဝေးကြီးကနေ မြင်တတ်ပါပေ့။အိမ်ပေါ်ထပ်မှာ မီးပူတိုက်နေရင်းကနေကို မြင်တတ်လိုက်တာ။

"ကိုမင်းမြတ်က ဖိနပ်လည်းမပါဘူးရော"

ပြောဆိုရင်း မိမိဆီရောက်လာပါသော အကြည့်တွေ။တကယ်ဆို ကိုယ်လည်း သူများဖိနပ်မစီးချင်ပါဘူး။ကိုကြီးက သူ့ဖိနပ်မစီးရင် ကိုယ့်ကိုပွေ့ချီသွားမယ်တကဲကဲ။

"ချစ်ဝိုင်းလေ မမဝိုင်း၊ခရုကောက်ရင်းရှူးပေါက်သွားတာ၊မြွေတွေ့လို့တဲ့၊ဖိနပ်တွေလည်း ဘယ်ရောက်ကုန်မှန်းမသိဘူး"

"ဟဲ့..အဲ့ဒါနဲ့ ကိုမင်းမြတ်ဖိနပ်စီးခဲ့စရာလား၊အားနာစရာကောင်းလိုက်တာ"

"အားနာစရာမလိုပါဘူး"

ဘေးနားမှနှုတ်ခမ်းစူရင်းရပ်နေသော ချစ်ဝိုင်းရဲ့စည်းထားတဲ့ဆံပင်အစုအားဆွဲရင်း မင်းမြတ်ပြောလိုက်သည်။

ကိုယ့်ဆံပင်အားဆွဲလာသော ကိုကြီးအားမော့ကြည့်လိုက်တော့ သွားဖြူလေးများပေါ်အောင် ရယ်ပြလာသော ကိုကြီး။နေပါဦး ဒီနိုင်ငံမှာနေ၊ဒီနိုင်ငံကရေသောက်တာချင်းအတူတူ ဘာလို့ကိုကြီးက ပိုချော၊ပိုတောင့်ရတာလဲ။

"မမဝိုင်း ခရုတွေကဘယ်လိုလုပ်ရမှာလဲ"

အကြည်စိုက်နေကြသော နှစ်ယောက်သားအားလျစ်လျူရှုရင်း ဝိုင်းချစ်မေးလိုက်သည်။

"ရေချိုးခြံက သွပ်ချောင်ထဲထည့်ပြီး ရေနှစ်ထပ်ဆေးလိုက်၊ပြီးရင် ဒီကိုယူခဲ့၊အိုးထဲထည့်လှောင်ထားရမှာ"

"ဟုတ်ကဲ့"

ခရုအားရေနှစ်ထပ်ဆေးပြီးတော့ ခြေထောက်မှာကပ်နေတဲ့ရွံ့တွေအား ရေဆေးချကာ အိမ်အောက်ဆင်းလာပြီဖြစ်သော မမဝိုင်းအားပေးလိုက်သည်။ကိုကြီးမင်းမြတ်နဲ့ချစ်ဝိုင်းကတော့ ခုထိရေဆေးနေတုန်း။

"မကြီးဝိုင်းရေ"

အိမ်ပေါက်ဝကနေ လှမ်းအော်လာပါသော ကလေးတစ်ယောက်။

MY VILLAGER (COMPLETED) Where stories live. Discover now