Part[22]

6.2K 655 12
                                    

မင်းမြတ်အခုအရမ်းဝမ်းနည်းနေပါတယ်။
မနက်ဖြန်ဆိုရင်ပဲပြန်ရတော့မှာကိုအကောင်ပေါက်လေးကသူ့ကို အခုထိရှောင်နေတုန်း။ယောကျာ်းလေးတစ်ယောက်ဆီက
ဖွင့်ပြောခံရတာ အကောင်ပေါက်အနေနဲ့အံ့သြသွားမယ်ဆို
တာသူသိတယ်။

အကောင်ပေါက်လေးက သူ့ကိုရှောင်နေတာမချစ်လို့များလား။သူလေးကကိုယ့်အပေါ်
သံယောဇဥ်ရှိတာတော့သိတယ်။အစ်ကိုတစ်ယောက်ထက်မပို
နိုင်တော့ဘူးလားဆိုတဲ့အတွေးက သူ့ကိုနှိပ်စက်တယ်။

<<<<<<<<<<<<<<<>>>>>>>>>>>>>

"ဝိုင်းချစ် လာသွားမယ်"

ဆိုင်ကယ်ပေါ်တက်ခွထားရာကနေ လှမ်းအော်လာပါသော
အမောင်ချစ်ဝိုင်း။

"ငါမလိုက်တော့ဘူး"

"ဟမ်၊ဘာလို့လဲ"

"ဝမ်းလျှောနေလို့"

မျက်နှာကြီးရှုံ့မဲ့ကာပြောလာသောဝိုင်းချစ်ကိုကြည့်ပြီး
ချစ်ဝိုင်းကဟုတ်လို့လားဟူသောသဘောဖြင့်မျက်စောင်းစွေထိုးကြည့်လေသည်။

"ဟုတ်ပါတယ်ဆို၊ခုနလေးကတင်ဝမ်းလျှောသွားတာ"

"အဲ့ဒါဆို ငါတစ်ယောက်ထဲသွားရမှာလား"

"ကိုကြီးမင်းမြတ်ကိုခေါ်သွားလိုက်လေ"

အိမ်အောက်မှာထိုင်နေတဲ့လူကြီးတွေကိုကြည့်တော့လည်းခေါ်သွားလေသဘောဆောင်သောအကြည့်တွေနှင့်ကြည့်လာသည်။ကိုကြီးကိုကြည့်တော့လည်း လိုက်ချင်တဲ့အရိပ်အယောင်တွေနဲ့။လူကြီးတွေရှေ့ မလိုက်နဲ့လို့ငြင်းလို့လည်းမကောင်းဘူး။

"ကိုကြီး လိုက်မှာလား"

ပါးစပ်ကအဖြေမလိုပါဘူး။စွေ့ခနဲဆိုင်ကယ်ပေါ်တက်လာပြီး
သာအဖြေပြန်ပေးလာတယ်။

"သွားပြီနော်"

"အေး...မိုးမချုပ်စေနဲ့နော်"

"ဟုတ်"

တကယ်တော့ သူတို့အခုမိခြူးတို့တဲကိုသွားမှာ။ဘူးသီး၊ဖရုံသီးစားချင်ရင် လာကောက်လှည့်ပါဆိုတာနဲ့မနက်ဖြန်ကိုကြီးတို့အပြန်ထည့်ပေးချင်လို့ဝိုင်းချစ်နဲ့သွားယူမယ့်ဟာကို။

MY VILLAGER (COMPLETED) Where stories live. Discover now