Part[24]

6.3K 651 0
                                    

"မတွေ့ရတာတောင်ကြာပြီနော်"

"ကိုကြီးကျော်ဦးကတော့လုပ်ပြီ"

တကယ်ပင် သူတို့နှစ်ယောက်ကိုကြီးကျော်ဦးနဲ့မတွေ့တာကြာပြီပင်။ကိုကြီးဖိုးသားနဲ့ကမှတစ်ခါတလေတွေ့ဖြစ်သေးတာ။ခုလည်း
ဟိုးအရင်တုန်းကလို အစ်ကိုနှစ်ယောက်ဆီကအကြော်လာကပ်စားတာ။

"မြို့သားက ဒို့ရွာမှာတစ်သက်လုံးမနေတာကျေးဇူးတင်တယ်
ပြောရမယ်၊မဟုတ်လို့ကတော့သကြားသီးနှစ်လုံးကိုတွေ့ရမှာ
တောင်မဟုတ်ဘူး"

"ဟာဗျာ"

ဖိုးသားကတော့ ကျော်ဦးစကားကိုသဘောကျစွာရီနေလေသည်။

"ဧည့်သည်ကို​ ပြစ်ထားလို့မှမရတာ ကိုကြီးကျော်ဦးကလည်း"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

"သကြားသီးနှစ်လုံးရေ"

"ဗျာ"

အကြော်ကြော်နေရင်းမှ မကြီးခိုင်ကနာမည်ခေါ်လာသဖြင့်
နှစ်ယောက်သားထူးလိုက်ကြသည်။

"ဒီနေ့ ငါ့မောင်ပြန်လာမှာ"

"မင်းခန့်လား"

"အေးပေါ့ဟယ်၊ငါ့မှာမောင်ဘယ်နှယောက်ရှိတာကျလို့"

"ဘယ်အချိန်လောက်ပြန်လာမှာလဲဟင်၊မုန့်လာစားရအောင်"

"ညနေလောက်နေမှာပေါ့"

မင်းခန့်ကိုကိုကသူတို့နှစ်ယောက်နဲ့အတန်းတူသူငယ်ချင်း။ရန်ကုန်တက်ကာအလုပ်လုပ်နေခြင်းဖြစ်သည်။ရွာကလူငယ်
အများစုကမြို့တက်ကာတိုးတက်ရာတိုးတက်ကြောင်း
လမ်းကြောင်းရှာကြသည်။ဒါကြောင့် သူတို့ရွယ်တူတွေက
ရွာမှာသိပ်မရှိကြ။

"ငါ့မောင်ရွာပြန်လာတိုင်း ဘယ်တုန်းကသကြားသီးနှစ်လုံး
အတွက်မပါဘဲရှိလို့လဲအေ"

အဲ့ဒါတော့အမှန်ပင်။မင်းခန့်ရွာပြန်လာတိုင်းကျွန်တော်တို့နှစ်ယောက်အတွက်က
အမြဲတမ်းမပါမဖြစ်။

"မင်းခန့်က သူ့သူငယ်ချင်းတွေကိုတော့တော်တော်ချစ်တယ်
နော်"

ကျော်ဦးကပါဝင်ပြောလာလေသည်။

"ဟုတ်ပအေ"

MY VILLAGER (COMPLETED) Where stories live. Discover now