Part[11]

7.9K 817 12
                                    

"အဖွား အသာနှိပ်ပါဆို၊နာတယ်လို့"

"ဒါအသာနှိပ်နေတာပ ငါ့မြေးရယ်၊ခဏနေရင်မနာတော့ဘူးနော်"

အဆစ်လွဲသွားသောခြေထောက်အား ဖွားချစ်မှနှိပ်ပေးနေခြင်းဖြစ်သည်။ရုန်းကန်နေသော ချစ်ဝိုင်းကိုယ်အား မင်းမြတ်မဟော်မှသိမ်းကျုံးကာဖက်ထားပေးရသည်။ကျန်ခြေထောက်တစ်ဖက်အား ဝိုင်းချစ်မှဆွဲထားပေးရ၏။

ရင်ခွင်ထဲမှာ နှာတရှုံ့ရှုံ့ဖြစ်နေသောအကောင်ပေါက်အားကြည့်ပြီးမင်းမြတ်မှာ အသနားပိုရသည်။ဖြူဥနေတဲ့ခြေထောက်လေးက အနည်းငယ်ယောင်နေတာမြင်ရတာ ရင်ထဲတဆစ်ဆစ်။

ဘေးနားချထားသောထွန်းရွှေဝါဘူးအားအဖုံးဖွင့်ကာအနည်းငယ်ကလော်လိုက်ပြီး အသာနှိပ်နယ်ပေးလိုက်သည်။ဦးချစ်မောင်မှာတော့ နာလွန်း၍ငိုနေသောသားဖြစ်သူအားကြည့်ကာ ရင်ထဲမကောင်း။

"ကဲ...နှိပ်ပြီးပြီ၊ပြန်ကောင်းသွားမှာနော် ငါ့မြေးလေး"

"နာသေးတယ်"

"နောက်ကျရင် မနာတော့ဘူးနော်၊မောင်မင်းမြတ်ရေ မင်းညီကိုအခန်းထဲတွဲကူလိုက်ပါဦး"

"ဟုတ်ကဲ့ ဖွားချစ်"

ပြောပြောဆိုဆိုနှင့်မင်းမြတ်မှာ ချစ်ဝိုင်းကိုကောက်ပွေ့ကာ အိမ်ပေါ်ထပ်သို့သယ်သွားလိုက်သည်။

"သြော် ဒီကလေးနှယ်၊ဒီတိုင်းတွဲသွားလည်း ရတဲ့ဟာကိုကွယ်"

"ဝိုင်းချစ်လာ၊ငါ့ကို မျှစ်လွှာကူ"

မီးဖိုချောင်မှမမဝိုင်းရဲ့အော်သံကြားပြီး ဝိုင်းချစ်နှာခေါင်းရှုံ့မိသည်။ဒီနေ့တော့ သူလေးနားရတော့မည်မဟုတ်ပါ။

"ဟဲ့လာပါဆို၊ငါဒီမှာ မျှစ်ပြုတ်နေလို့၊ပြုတ်ပြီးသားတွေလွှာပြီးရင် နေပူတုန်းလှန်းရမှာ၊မဟုတ်ရင် မိုးကသေချာတာမဟုတ်ဘူး"

"လာပါပြီ မမဝိုင်းရေ"

<<<<<<<<<<<<<<<<<<<<<<<<<<<<

မင်းမြတ် အကောင်ပေါက်ကို အခန်းထဲမှမွေ့ယာပေါ်သို့ခြေထောက်မခိုင်းမိအောင် သတိထားပြီးအသာလေးချပေးလိုက်သည်။ရွာဆိုတော့ ကုတင်မဟုတ်ဘဲ ဖျာပေါ်မှာမွေ့ယာထပ်ခင်းထားခြင်းဖြစ်သည်။

MY VILLAGER (COMPLETED) Where stories live. Discover now