Part[3]

11.5K 1.1K 33
                                    

"အဲ့ဒါကြောင့်မို့ အဖေ့ကိုပြောတာ၊အစကတည်းက ဆိုင်ကယ်တစ်ယောက်တစ်စီး ဝယ်ပေးပါဆိုတာ၊ခုလိုအရေးအကြောင်းဆို သူများအိမ်ကငှားရပြီ"

ဟုတ်တယ်လေ၊ဆိုင်ကယ်သုံးစီးနဲ့သွားရမှာကို အိမ်မှာကနှစ်စီးထဲရှိတာ။မမဝိုင်းဆိုင်ကယ်ရယ်၊ကိုယ်တွေနှစ်ယောက်စီးတဲ့ဆိုင်ကယ်ရယ်။ကိုယ်နဲ့ဝိုင်းချစ်နဲ့က ကျောင်းတက်စဥ်ကလည်း အဆောင်တူမေဂျာတူဆိုတော့ အဖေက ပိုက်ဆံအပိုမကုန်ရအောင် နှစ်ယောက်ပေါင်းတစ်စီးထဲ ဝယ်ပေးထားတာ။ချစ်ဝိုင်း ဒီလိုပြောတာ လုံးဝမလွန်ဘူး။

"ဟဲ့အကောင် နင်သွားငှားရင်တောင် ခုချိန်အရှေ့ရွာရောက်နေလောက်ပြီ"

နှုတ်ခမ်းစူကာ အဖေ့အားဂျိုကြည့်ကြည့်နေသော မောင်ဖြစ်သူချစ်ဝိုင်းအား သူမမှလှမ်းအော်လိုက်ရသည်။ဒီနှစ်ယောက်က တစ်ခုမဟုတ်တစ်ခု အထွန့်တက်လိုက်ရမှ နေသာထိုင်သာရှိတဲ့ဟာတွေ။ခုလည်း ဘေးအိမ်ကဆိုင်ကယ်သွားငှားခိုင်းတာကို အဖွားကြီးတွေလို ဗျစ်တောက်ဗျစ်တောက် ပြောနေကြတာ။

အဖေကတော့ ဒီနှစ်ယောက်ကို မနိုင်လို့လားမသိ။ဘာမှဝင်မပြောပဲ သူ့ကွမ်းသာယာနေတာ။

"ချစ်ဝိုင်းပြောတာ မဟုတ်တာကျလို့ မမဝိုင်းကလည်း၊ခုဆိုင်ကယ်တောင် ဖွားခင်ဝယ်ပေးထားလို့"

ဖွားခင်ဆိုတာက သွားလေသူမိခင်ရဲ့မိခင်။ကံ့ကော်ဖြူရွာ သားအဖေက ​မြို့စျေးသွားဝယ်ရင်း ​မြို့သူအမေနဲ့ ချစ်ကြိုက်ညားပြီး ကိုယ်တို့မောင်နှမသုံးယောက် မွေးခဲ့ပါသည်ပေါ့။

"သွား..သွား၊ပြောနေတာကြာတယ် ၊လေရှည်မနေရင် သွားနေရလောက်ပြီ"

ခြေဆောင့်ကာဖြင့် ဘေးအိမ်ဆိုင်ကယ်သွားငှားပါသော အမောင်ချစ်ဝိုင်း။ဘေးအိမ်နဲ့သူမတို့အိမ်က နည်းနည်းဝေးတယ်။သူမတို့အိမ်က အနောက်စွန်ဆုံး။အိမ်ကွင်းက ဘော်လုံးတစ်ကွင်းစာလောက်ရှိတယ်။အဖေလေ သားသမီးတွေ အိမ်ထောင်ကျရင် မိသားစုတွေသိုက်သိုက်ဝန်းဝန်းနဲ့နေလို့ရအောင်ပါတဲ့။

ဟော ဆိုင်ကယ်စီးပြီး အိမ်ထဲဝင်လာပါပြီ၊။

"ဦးမောင်မရှိလို့ မကြီးမြကိုပြောပြီး ငှားလာတာ"

MY VILLAGER (COMPLETED) Where stories live. Discover now