Part[28]

6.7K 636 6
                                    

"ကိုကြီး ချောင်းရေကျသွားပြီ၊ကိုကြီးကို လွမ်းတယ်"

"ကိုကြီး ညနေကဘုန်းကြီးကျောင်းမှာသီချင်းသွားဆိုတယ်၊
ကိုကြီးကိုချစ်တယ်"

"ကိုကြီး အဖေကဆူတယ်သိလား၊ကိုကြီးကို အရမ်းလွမ်း"

"ကိုကြီး ဝိုင်းချစ်ကအနိုင်ကျင့်တယ်၊ကိုကြီးကို အရမ်းချစ်တယ်နော်"

"ကိုကြီး............................."

"ကိုကြီး.............................."

တစ်နေ့ထက်တစ်နေ့အချစ်တိုးလာအောင်လုပ်တတ်လွန်းပါသောအကောင်ပေါက်လေး။ချစ်သူသက်တမ်းတစ်လကြာတော့ အကောင်ပေါက်လေးက
ချစ်စကားတွေကို မရှက်တော့ဘဲဖောဖောသီသီသုံးလာတော့
သည်။ကိုယ့်မှာ ဒါလေးကိုပဲအချစ်ပိုနေရသည်။

မေမေသိသွားတဲ့နောက် မေမေကအတင်းမိတ်ဆက်ခိုင်းလာတာနဲ့ အကောင်ပေါက်လေးရဲ့အကောင့်ပြောလိုက်တာ။ခုဆို အကောင်ပေါက်လေးနဲ့မေမေက သားသမီးအရင်းတွေလိုဖြစ်နေပြီ။အကောင်ပေါက်ရဲ့အုပ်ထိန်းသူတွေသိဖို့သာ ကျန်တော့တယ်။
ခက်ခဲမယ်ဆိုတာတော့ သူသိနေတယ်။

"ကိုကြီး မမဝိုင်းနဲ့ကိုကြီးသာအောင် ဒီလထဲမင်္ဂလာဆောင်တော့မှာ"

ဝမ်းသာစရာသတင်းကြောင့် မင်းမြတ်မှာပျော်သွားရသည်။
မင်္ဂလာဆောင်ကြောင့်ပျော်တာမဟုတ်ဘဲအကောင်ပေါက်လေးနဲ့တွေ့ရမှာမို့ပျော်တယ်ဆိုတာ သူပဲသိတယ်။

"ကိုကြီး လာမယ်မလားဟင်"

လာစေချင်နေပါသောအသံလေးနဲ့ပြောလာတဲ့အကောင်ပေါက်ကို သူအလုပ်တွေမပြီးပြတ်လို့မလာနိုင်ဘူးဆိုပြီးညာလိုက်
တယ်။

"ကိုကြီးမအားဘူးဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ"

ဆိုကာဖုန်းချသွားသောအကောင်ပေါက်လေးကိုအပြင်မှာတွေ့မှသာထွေးပွေ့ပြီးအနမ်းတွေတသီကြီးပေးဖို့တွေးထားလိုက်သည်။

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

"မြေးရေ မိချစ်အဖွားကိုဖုန်းဆက်တယ်၊သူ့မြေးမလေးမင်္ဂလာဆောင်တော့မယ်တဲ့"

နောက်နေ့မနက်ခင်းထမင်းဝိုင်းမှာစကားဆိုလာသောဖွားခင်ကို မင်းမြတ်ခေါင်းညိတ်ပြကာ

MY VILLAGER (COMPLETED) حيث تعيش القصص. اكتشف الآن