Part[19]

3.9K 346 2
                                    

"ရင်ထဲရှိ ရှိသမျှပြောပြရရင် တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင်လှရက်လို့
ချူလိုသူတွေ....."

"ဥပုသ်ကျိုးပြီဟေ့ ဟားးးဟားးး"

ညနေဆို TVကလာတဲ့မြန်မာသံစဥ်တွေကိုဦးချစ်မောင်က
နားထောင်နေကျ။ဥပုသ်သည်တွေ ဥပုသ်ချပြီးတာနဲ့အိမ်ပြန်
လာတော့ သီချင်းသံကြားပြီးလိုက်ဆိုတဲ့အမြွှာနှစ်ယောက်ကို
ဝိုင်းချစ်မောင်မောင်ကဟားပါလေရော။

"သီချင်းဆိုရင် ဥပုသ်ကျိုးတယ်ဟဲ့"

ဆန်ပြာရင်းကနေတဟားဟားအော်ရယ်နေပါသော
အစ်မဖြစ်သူကြောင့် အမြွှာနှစ်ယောက်မှာမျက်စောင်းထိုးမိသည်။

"တစ်ပါးထဲကျိုးတာပါ ငါ့မြေးတို့ရယ်"

"ဟုတ်၊ထပ်မဆိုတော့ဘူး ဟီးးးဟီးး"

နေ့လည်ကတည်းကရေချိုးထားပြီးပြီဖြစ်သဖြင့်အိမ်အောက်ကခုံရှည်ပေါ်မှာသာ တုံးလုံးပက်လက်လှဲချလိုက်သည်။အဖွားနှစ်ယောက်ကအခန်းထဲဝင်သွားသည်။ဦးချစ်မောင်ကတော့ သီချင်းနားထောင်နေတုန်း။

"ညနေဘာဟင်းချက်တာလဲဟင် မမဝိုင်း"

"ငါးရံ့ပလူရွက်အတို့အမြုပ်၊အဝေရာရွက်သုပ်ရယ်၊ကိုသာအောင်ပို့သွားတဲ့ကြက်သား၊မျှစ်ဆန်လှော်"

"ထမင်းမြိန်ပြီ"

လျှာသပ်ကာပြောလာသောအကောင်ပေါက်ကိုကြည့်ပြီးမင်းမြတ်အူယားမိပြန်သည်။ကိုယ့်မှာချစ်မိတော့လည်း ဒီကလေး
ဘာလုပ်လုပ်ကိုချစ်စရာလေးလို့ပဲ မြင်နေတော့တာ။

"ထမင်းမြိန်လည်း နင်တို့မစားရပါဘူးနော်"

ငေါက်ခနဲထထိုင်လာကြပါတယ် နှစ်ယောက်သား။

"ဟင် ဘာလို့မစားရတာလဲ"

"ဟဲ့ ဘယ်ဥပုသ်သည်ကညစာစားတယ်လို့ကြားဖူးတုန်း၊
ဥပုသ်ကျိုးတယ်ဟဲ့"

"အာ...."

"ဗိုက်ဆာတယ်သားနဲ့မစားရင် ပိုငရဲကြီးတယ်ငါ့မြေးတို့ရဲ့၊
ဗိုက်ဆာရင် ပေမနေနဲ့၊စား ကြားလား"

"ဟီးဟီးးးးဟုတ်"

အခန်းထဲကထွက်လာသောဖွားချစ်ဝင်ပြောလိုက်မှ
သွားတက်နှင့်ပါးချိုင့်လေးတွေပေါ်အော်ပြုံးပျော်လာကြပါသောအမြွှာနှစ်ယောက်။

MY VILLAGER (COMPLETED) Where stories live. Discover now