Part[23]

6.4K 661 3
                                    

လွမ်းတယ်။
အဲ့ခံစားချက်ကြီးကို မကြိုက်ပါဘူး။
ကိုယ်ကသာလွမ်းနေရတာ၊ကိုယ်လွမ်းနေတဲ့သူကကိုယ့်ကိုရော
လွမ်းနေလားဆိုတာ သိမှမသိဘဲ။
ဘော်ဒါတွေမှာနေတုန်းကတောင်အိမ်ကိုမလွမ်းတဲ့ကိုယ်က
အခုပြန်သွားတာနေ့တစ်ပိုင်းတောင်မရှိသေးတဲ့ကိုကြီးကိုလွမ်း
နေတဲ့ခံစားချက်ကြီးက တစ်မျိုးပဲ။

"ကိုကြီးချစ်ဝိုင်း ကိုကြီးဝိုင်းချစ်သွားမယ်လေ၊
သူများတွေသွားကုန်ပြီ"

ဒီနေ့ကရွာကကျောင်းနဲ့အနောက်ကျောင်းဘောလုံးကန်မှာ။
ဆရာ၊ဆရာမတွေကတော့ချစ်ကြည်ရေးလို့ပြောတာပဲ။ပြီးရင်
ရန်ဖြစ်ပြီးပဲ ပြန်လာကြတာ။
ဘောလုံးပွဲကရွာသားတွေလည်းလိုက်ကြည့်လို့ရတော့
အမြွှာနှစ်ယောက်ရောလိုက်ကြည့်မှာဖြစ်သည်။

"ဝိုင်းချစ် အိမ်သာသွားတယ်၊ခနစောင့်ဦး"

"ဟုတ်"

"ငါလာပြီ...ငါလာပြီ"

"လာ ကိုကြီးဝိုင်းချစ်၊သူများတွေကတောင်ဘို့လှရွာရောက်တော့မှာ"

"မင်းကလည်း မှီပါတယ်ကွာ"

ဆိုကာဆိုင်ကယ်ပေါ်ခွပြီးစက်နှိုးလိုက်သည်။

"ဂေရှောင်း အလယ်ကတက်၊ငါကနောက်ကစီးမယ်"

"ဟုတ်"

ဝိုင်းချစ်နောက်ကဂေရှောင်း၊ဂေရှောင်းနောက်ကချစ်ဝိုင်းတက်စီးလေသည်။

"ရပြီလား ငါမောင်းပြီနော်"

"အေး"

"ဟုတ်"

ဘယ်သူမှသတိမထားမိလို့ပါ၊ထွက်ခွာသွားတဲ့ဆိုင်ကယ်လေးမှာ အလွမ်းငွေ့တွေရစ်သိုင်းနေခဲ့ပါတယ်။

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>

"ဖေကြီးရေ အမေတို့ပြန်ရောက်ပြီ"

အိမ်အောက်ကို ကားထိုးရပ်လိုက်တာနဲ့ထွက်ပေါ်လာတဲ့မေမေ့အသံ။ကားထဲကထွက်လိုက်တော့

"ငါ့သားကချောလာလိုက်တာဟယ်"

"မေမေကတော့မြှောက်ပြီ"

"မြှောက်ရပါဘူးတော်"

"ငါ့ချွေးမအသံချည်းပဲနေပြီဟေ့"

MY VILLAGER (COMPLETED) Where stories live. Discover now