Part[1]

42K 1.8K 65
                                    

Edit. ကိုယ်ကဝါသနာအရစာရေးတာပါ။ကိုယ့်Ficမှာ လိုအပ်ချက်တွေအများကြီးရှိပါတယ်။ဒီကိုယ့်ရဲ့မကောင်းမကန်းFicလေးကို လာဖတ်ပေးတဲ့သူတွေတိုင်းကို ကျေးဇူးတင်လျက်ပါ။စာဖတ်သူတွေဆီက ကိုယ့်Ficအပေါ် Feedbackလေးတွေ လိုချင်မိပါတယ်🤗

........................................................................

"အဖေ့ ရွာထဲခြင်းခတ်သွားမလို့ ဆိုင်ကယ်သော့ပေးဦး"

မျက်မှောင်ကုတ်ကြီးနှင့်ပြောလာသော သားတော်မောင်အား တစ်ချက်သာကြည့်ပြီး ဦးချစ်မောင် ကွမ်းသာဆက်ယာနေလိုက်သည်။

"အဖေနော် မသိချင်ယောင်ဆောင်မနေနဲ့၊ဆိုင်ကယ်သော့အဖေဖွက်ထားတာ သိတယ်"

ဒါက နောက်ထပ်သားတစ်ယောက်၊ဘေးတစ်ဖက်စီမှာထိုင်ပြီးတော့ကို ဆိုင်ကယ်သော့အတင်းလာတောင်းနေကြတာ။

"မင်းတို့ဆိုင်ကယ်သော့ကို ငါကဘာလုပ်ရမှာတုန်း၊ကိုယ့်ဘာသာ အထားမှားပြီး ငါ့လာမေးလို့ကတော့ ဘာသိတတ်မှာတုန်း၊ခြင်းဝိုင်းက ရွာထဲမှာပဲဟာကို ခြေလျှင်သွားကြပါလား"

"အဲ့ဒါဆို အဖေ့အိမ်ကို ဘာလို့ရွာနောက်ပိုင်းမှာ ဆောက်ထားသေးတုန်း၊ခြင်းဝိုင်းရှိတဲ့ ရွာရှေ့ပိုင်းမှာဆောက်ခဲ့ပါလား"

"အဖေနော်၊အိမ်မှာ အဖွားမရှိတာနဲ့ သားတို့ကိုအနိုင်ကျင့်တယ်"

ဟောဗျာ၊ကိုယ်ကပဲ အနိုင်ကျင့်ရတယ်ရှိသေး၊ဒီအမြွှာကတော့ ကိုယ့်မှာတော့ သူတို့ကိုမိတဆိုးလေးတွေမို့ အလိုလိုက်ထားရတာ၊သူတို့ကတော့ ကိုယ့်ခေါင်းပေါ် ချီးတက်မပါယုံတမယ် ဆိုးလိုက်ကြတာ။

"အဖေ ဆိုင်ကယ်သော့ပေးလို့၊ဘုရားစင်ပေါ်မှာ တင်ထားတဲ့သော့က ခြေထောက်ပေါက်ပြီး လျှောက်သွားမှာတော့ မဖြစ်နိုင်ဘူး၊ဟုတ်တယ်နော့ ဝိုင်းချစ်"

ဘယ်ဘက်မှာထိုင်နေသူအား အဖော်စပ်လိုက်သော ချစ်ဝိုင်း။

"ဘယ်ခြေထောက်မှမပေါက်ဘူး မသာတွေရဲ့"

မီးဖိုချောင်ထဲအလုပ်ရှုပ်နေသော ဝိုင်းချစ်မောင်မောင်မှအိမ်ပေါ်သို့ လှမ်းအော်လိုက်သည်။သူမတို့အိမ်က ပျဥ်ထောင်အိမ်နှစ်ထပ်၊မီးဖိုချောင်ကို အိမ်ကြီးရဲ့ဘေးမှာ သပ်သပ်ဆောက်ထားခြင်းဖြစ်သည်။

MY VILLAGER (COMPLETED) Where stories live. Discover now