Part[8]

8.3K 898 9
                                    

"အကောင်ပေါက် အလေးကြီးတွေမသယ်နဲ့လေ"

မင်းမြတ်မဟော်ရဲ့အသံကြားတော့ ကျောက်ခဲအလေးကြီးသယ်ထားတဲ့ဝိုင်းချစ်မှနှာခေါင်းရှုံ့မိသည်။သူ့သယ်ထားတဲ့ကျောက်ခဲရဲ့တစ်ဝက်စာတောင်မရှိတဲ့ဟာ
လေးကို ပွေ့ထားတဲ့သူကိုကျအလေးကြီးမသယ်နဲ့တဲ့။ဘယ်မှာလဲ ဝိုင်းချစ်အတွက်တရားမျှတမှု။

"ဒီလောက်လေးကတော့ ဘာမှမဖြစ်ပါဘူး၊ကိုကြီးဗျ"

ရွာနှစ်ရွာကြားမိုးရာသီရေတိုက်စား၍ နိမ့်နေသောချောင့်ကွက်တွေကို ကျောက်ခဲအရင်ချကာအပေါ်မှမြေထပ်နေကြခြင်းဖြစ်သည်။

"သကြားသီးနှစ်လုံးရေ ဒီတစ်သက်အဲ့ကျောက်ခဲတစ်လုံးစီ
သယ်လို့ပြီးဦးမှာလား"

"လေးတယ်ဗျ ကိုကြီးကျော်ဦးကလည်း"

ရောက်ကတည်းက ကျော်ခဲတစ်ခဲသယ်လို့မပြီးနိုင်သော သကြားသီးနှစ်လုံးအားမြေထပ်နေရာမှ ကျော်ဦးလှမ်းအော်လိုက်တော့ ဝိုင်းချစ်မှခွန်းတုံ့ပြန်လာသည်။မြို့သားဆိုတဲ့ကောင်ကမှ
ပိုပြီးလုပ်သေးတယ်။

လမ်းလုပ်ထွက်လာကြသောရွာသားတွေမှာတော့ သနပ်ခါးအဖွေးသားနှင့်ဆံပင်ထိပ်စုစည်းထားသော သကြားသီးနှစ်လုံးအားကြည့်ကာ ပြုံးပြုံးကြီးတွေနှင့်။

"အဖေ၊ဒီမှာ အကြော်ရပြီ"

လမ်းဘေးကဝါးရုံပင်အောက်ဆိုင်ကယ်ရပ်ကာ ကျောက်ခဲချရမယ့်နေရာတွေပြောနေသော အဖေအား
လှမ်းအော်လိုက်သည်။

"အဲ့အပင်အောက်က ဓာတ်ဗူးတွေနားမှာထားခဲ့လိုက်တဲ့ မမဝိုင်း"

အဖေနဲ့ကနည်းနည်းအလှမ်းဝေးသဖြင့် ချစ်ဝိုင်းကြားထဲက အော်ပေးလိုက်သည်။လမ်းပြင်လာတဲ့လူတွေအတွက် သူကြီးအိမ်မှအကြော်အလှူပြုခြင်းဖြစ်ရာ မမဝိုင်းမှလာပို့ခြင်းဖြစ်သည်။

"အေး..ငါထားခဲ့ပြီနော်၊ပူတုန်းစားလိုက်ကြ"

"ဟုတ်"

မမဝိုင်းက အကြော်နဲ့ပန်းကန်တွေထည့်ထားသောခြင်းအား အပင်အောက်ချကာ ဆိုင်ကယ်မောင်းပြန်ထွက်သွားသည်။

ချစ်ဝိုင်း လမ်းဘေးပုံထားသောကျောက်ခဲပုံမှတစ်ခုမကာ ကျောက်ခဲသယ်ရန်လုပ်နေသော မင်းမြတ်အားစောင့်နေလိုက်သည်။ဝိုင်းချစ်ကတော့ မြေသယ်တဲ့အဖွဲ့ထဲရောက်သွားပြီ။

MY VILLAGER (COMPLETED) Where stories live. Discover now