Part[25]

6.6K 671 6
                                    

"ဒီရွာကငါတို့ချစ်သူနှစ်ယောက်ကိုလက်မခံရင်လက်ခံတဲ့နေရာကို သွားမယ်၊ငါ့ချစ်သူနဲ့သာဆိုရင်ဘယ်နေရာဖြစ်ဖြစ်
ငါ့ချစ်သူရဲ့လက်ကိုဆွဲပြီး ငါသွားရဲတယ်"

"ဟဲ့ အစကတည်းက အချစ်လို့ပဲပြောတာလေဟယ်။ယောကျာ်းလေးနဲ့မိန်းကလေးကြားကအချစ်မှ အချစ်လို့သတ်မှတ်ခဲ့တာမှမဟုတ်တာ၊ယောကျာ်းလေးနှစ်ယောက်လည်း ချစ်လို့ရနိုင်တာပဲ"

မင်းခန့်နဲ့မိခြူးရဲ့စကားသံတွေကသူ့နားထဲဝင်ရောက်လာသည်။ဒါဆို သူနဲ့ကိုကြီးနဲ့လည်းချစ်လို့ရတာပေါ့။မဟုတ်သေးပါဘူး ငါအခုကိုကြီးနဲ့ချစ်လို့ရတယ်လို့တွေးလိုက်တာလား။

သူအတွေးတွေထဲနစ်မြောနေတုန်း ဘေးနားကအသံတွေထွက်လာသည်။

"ဝိုင်းချစ် ဘာတွေကြည့်နေတာတုန်း"

"မိခြူးဆီက ကူးထားတဲ့ဇာတ်ကားလေ၊The Untamedတဲ့၊bromanceဆိုလား၊
သိုင်းကားဆိုတော့ငါလည်းကြိုက်တာနဲ့"

"ငါလည်းကြည့်မယ်"

ဆိုကာနားကြပ်ထိုးပြီးတစ်ယောက်တစ်ဖက်တပ်လိုက်ကြသည်။

<<<<<<<<<<<<<<<>>>>>>>>>>>>>>

သူတို့နှစ်ယောက်အပိုင်း (20)အထိကြည့်ပြီးတော့ ည၁၁ခွဲနေလေပြီ။

"ဒီနေ့ကစပြီးငါလေးက လန့်ဝမ့်ကျီးရဲ့Fan boyလုပ်တော့မယ်၊ရုပ်တည်ကြီးနဲ့ချစ်စရာကြီး၊နာမည်အရင်းကဘာလဲမသိဘူး"

ဆိုကာဝိုင်းချစ်ကဝါးသန်းရင်းပြောလာလေသည်။

"ငါက ဝေ့ဝူရှန့်ကိုကြိုက်တာ၊နှာခေါင်းပွတ်တာလေးကိုကတစ်မျိုးလေး"

"မနက်ဖြန်မှ မိခြူးကိုမေးရမယ်၊ခုတော့ အိပ်ပြီ"

ဆိုကာ စောင်ခြုံကွေးပြီးတစ်ဖက်လှည့်အိပ်သွားလေသည်။

"ငါလိုင်းခနတက်ကြည့်လိုက်ဦးမယ်"

ဆိုကာဇာတ်ကားကြည့်တုန်းကဘေးချထားသောဖုန်းကိုကောက်ကိုင်ကာ လိုင်းဖွင့်လိုက်သည်။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>

မင်းမြတ်မဟော် မပြီးစီးသေးတဲ့အလုပ်တွေလုပ်ပြီးသွားတော့
ည၁၂မှတ်တင်းနေလေပြီ။အကောင်ပေါက်ကိုဖုန်းဆက်ချင်ပေမယ့်လည်း ညဥ့်နက်နေပြီဖြစ်သဖြင့် မဆက်ဖြစ်တော့။Fbပေါ်မှာ
ဘာတွေတင်ထားမလဲသိချင်တာနဲ့ အင်တာနက်ဖွင့်ကာ
အိပ်ရာပေါ်လှဲချလိုက်သည်

MY VILLAGER (COMPLETED) Where stories live. Discover now