Part[9]

7.7K 853 25
                                    

ညနေစောင်းတော့ ငါးမျှားချိတ်တွေသိမ်းကာ ပြန်လာခဲ့ကြသည်။မင်းမြတ်ကငါးမျှားတံကိုင်လျက် နောက်မှလိုက်ကာ အမြွှာနှစ်ယောက်ကတော့
ပုံးနဲ့သွပ်ချောင်ကိုင်ကာရှေ့မှသွားလေသည်။လာလမ်းတုန်းကအတိုင်း ခြံစည်းရိုးခွကာအိမ်ထဲဝင်လိုက်သည်။

"ဟဲ့ ငါးကရခဲ့တယ်လား"

သွပ်ချောင်နဲ့ပုံးတွေကိုင်ကာပြန်လာကြသောအဖွဲ့အားမြင်တော့ လူကြီးတွေနဲ့ဝိုင်းထိုင်နေရာမှ ဝိုင်းချစ်မောင်မောင်
မေးလိုက်သည်။

"ငါးကောင်ပဲရခဲ့တာ"

သွပ်ချောင်ကိုအောက်ချရင်းဝိုင်းချစ်ပြောလိုက်သည်။ချစ်ဝိုင်းနဲ့မင်းမြတ်မှာတော့ ပုံးနဲ့ငါးမျှားတံချကာ လွတ်နေတဲ့ခုံပေါ်ဝင်ထိုင်လိုက်သည်။

"မင်းတို့သွားတာ နေ့လည်ကတည်းကကို အဲ့လောက်ပဲရတာလား"

ဦးချစ်မောင်ရဲ့မေးသံကြားတော့ ဝိုင်းချစ်မှာခုံပေါ်ထိုင်နေသောချစ်ဝိုင်းအားမျက်စောင်းထိုးရင်း

"အဖေ့သားလေ၊ငါးလာချိတ်တော့မယ်ဆိုရင်ကျွန်တော့်ငါးမျှားတံကိုလာလာရိုက်တာ၊အဲ့တော့ငါးတွေကကြောက်ပြီးပြေးတော့တာပေါ့"

တရားခံဖြစ်သူချစ်ဝိုင်းမှာတော့ လူကြီးတွေအားသွားဖြဲပြကာ တဟီးဟီးနှင့်ရယ်ပြနေလေသည်။

"ဝိုင်းချစ်ပဲငါးရနေရင် သူပဲအကုသိုလ်တွေအများကြီးရနေမှာစိုးလို့"

"သြော်...ဒီတော့ညီလေးချစ်ဝိုင်းကို ကိုကိုဝိုင်းချစ်ကကျေးဇူးတင်ပါတယ်နော်"

ဝိုင်းချစ်ရဲ့ရွဲ့ပြောသံကြားတော့ လူကြီးတွေမှာသဘောတကျနဲ့ရယ်ကြလေသည်။

"မနက်ဖြန်မျှစ်ချိုးသွားမှာ၊အငယ်ကောင်နှစ်ယောက်လိုက်ခဲ့"

ဝိုင်းချစ်မောင်မောင်ရဲ့ပြောသံကြားပြီး အမြွှာနှစ်ယောက်မှာပျော်သွားကြလေသည်။သူတို့နှစ်ယောက်က တောထဲသွားရတာအရမ်းပျော်တဲ့လူတွေ။

"မိခြူးရောလိုက်ခဲ့မှာ၊စောစောထကြ"

"ဟုတ်"

"ငါ့မြေးတွေ အင်္ကျီလက်ရှည်ဝတ်သွားကြနော်၊ခြင်ကိုက်တယ်"

MY VILLAGER (COMPLETED) Where stories live. Discover now