Part[2]

13.2K 1.2K 30
                                    

"အဖေ့နိုးလာပြီလား၊ညက မိုးရွှာထားတော့ ရေအေးနေတာရယ်၊သမီး ရေနွေးစပ်မလို့ အဖေခဏ စောင့်လိုက်ဦး"

"အေး...အေး"

သူမက မနက်5ခွဲရင်ထတာ အကျင့်ဖြစ်နေပြီ။ငယ်ငယ်ကတော့ မီးဖိုချောင်က အဖွားလက် အဖွားခြေပဲ။သူမလည်း အရွယ်ရောက်လာတော့ အဖွားက သူမကိုမီးဖိုချောင် အမွေပေးလိုက်တော့တာ။

ခဏနေတော့ ရေနွေးအိုးရသွားပြီ။သူမလည်း မီးခလုတ်တွေပိတ်ကာ ရေနွေးအိုးကို ရေချိုးခြံဆီယူသွားကာ သွပ်ချောင်ထဲထည့်ပြီး ရေပူရေနွေးစပ်လိုက်သည်။

"အဖေ့ မျက်နှာသစ်လို့ရပြီ"

"လာပြီ သမီးရေ"

သူမ ထမင်းအိုးတည်ထားပြီး ဟင်းရွက်ခြွေနေတုန်း အဖေကမျက်နှာသုတ်နေပြီ။

"ညည်းမောင်တွေရော မနိုးသေးဘူးလား"

"အဖေ့သားတွေအကြောင်း သိတယ်သားနဲ့အဖေရယ်၊ဒီချိန်ဆို ကိုဖိုးသားတို့ဆီက အကြော်ကပ်စားနေမှာ"

"ဒီကောင်တွေ ဒါစားချင်ကြလို့ စောစောထရှာကြတာ၊တကယ့်ကောင်တွေ"

"အဖေ့သားတွေက အရမ်းဆိုးတယ်"

"ညည်းမောင်တွေလေ"

သားအဖနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်မိကြသည်။

.......................................................................

"မကြီးခိုင်ရေ အကြော်နောက်ထပ်နှစ်ပွဲနဲ့အချဥ်ရည် ထပ်ချပေးပါဦး"

မီးဖိုရှေ့တွင် အကြော်ထိုင်ကြော်နေသော မကြီးခိုင်အား ဖိုးသားလှမ်းအော်လိုက်သည်။မကြီးခိုင်တို့ဆိုင်လေးက အိမ်ရှေ့မှာတဲထိုးထားတာ။ဘာဆိုဆို ဝင်ငွေလေးတော့ရှိတာပေါ့။

"နင်တို့ဟာကလည်းအေ ခုနလေးတင် တစ်ပွဲထပ်ယူထားတာကို ကုန်သွားပြီလား"

အကြော်နှင့်အချဥ်ရည်လာချရင်း ဒေါ်ခိုင်ပြောမိသည်။တကယ်လည်း စားနိုင်ကြတဲ့ဟာတွေ။

"သကြားသီးနှစ်လုံးပါဗျာ၊သူတို့နှစ်ယောက်တင်ကို လေးပွဲရှိသွားပြီ"

"ကိုကြီးဖိုးသားနော် မဟုတ်ပဲနဲ့ လျှောက်ပြောပြန်ပြီ"

ဝိုင်းချစ်မှ ဖိုးသားအားနှုတ်ခမ်းစူရင်း ပြောလိုက်သည်။ချစ်ဝိုင်းကတော့ ပါးစပ်အပြည့်သွင်းထားလို့ ပြန်မပြောနိုင်ဘူး။

MY VILLAGER (COMPLETED) Where stories live. Discover now