Part[16]

6.8K 703 14
                                    

"အင်္ကျီလက်ရှည်ဝတ်ထားကြလေ၊မိုးရွှာနေတာကို"

မိုးသည်းနေတာကိုအင်္ကျီ လက်ပြတ်နှင့်အိမ်အောက်ထိုင်နေကြသောအမြွှာနှစ်ယောက်ကို ဝိုင်းချစ်မောင်မောင်ပြောလိုက်ရသည်။ဘေးနားထိုင်နေတဲ့
ကိုမင်းမြတ်ကလည်း အင်္ကျီလက်ပြတ်နဲ့။

"မချမ်းပါဘူး"

"ဘာမချမ်းတာလဲ၊ဖြစ်လာရင်က သူများနဲ့တူတာမဟုတ်ဘူး၊
သွားဝတ်ထား"

"မချမ်းပါဘူးဆိုဗျာ မမဝိုင်းကလည်း"

"ကိုကြီးချစ်ဝိုင်း....ကိုကြီးဝိုင်းချစ်"

အိမ်ရှေ့ကနေအင်္ကျီတုံးလုံးကြီးနဲ့လှမ်းအော်လာပါသောဂေရှောင်း။ဒါ သူမိုးရေချိုးနေတာပေါ့လေ။

"ဘာလဲ"

"လာခဲ့၊မိုးရေချိုးရအောင်"

အမြွှာနှစ်ယောက်ရဲ့အကြည့်ကမျက်လုံးစွေစောင်းဖြင့်ကြည့်နေသောဝိုင်းချစ်မောင်မောင်ဆီသို့ရောက်သွားသည်။

"ဘယ်မိုးရေမှ မချိုးရဘူး"

"နေမကောင်းဖြစ်မယ်လေ အကောင်ပေါက်"

"တစ်ခါတစ်လေလေးပဲမိုးရေချိုးမှာကို"

မျက်နှာငယ်လေးနဲ့ပြောလာကြသောနှစ်ယောက်သား။

"အေး နေမကောင်းဖြစ်လို့ကတော့ဒီတိုင်းပစ်ထားမှာနော်"

"နေမကောင်းမဖြစ်စေရဘူး စိတ်ချနော်၊မမဝိုင်း ဟီးးးဟီး"

"ကိုကြီးရော မိုးရေချိုးဦးမလား"

အင်္ကျီချွတ်ကာလှမ်းမေးလာသော အကောင်ပေါက်။မင်းမြတ်ခေါင်းယမ်းပြလိုက်သည်။

"ဂေရှောင်း လာသွားမယ်"

ပြေးထွက်သွားသောအကောင်ပေါက်ကိုကြည့်ပြီးမင်းမြတ်မှာအူယားရပြန်သည်။ဒီကလေးတွေကတောသားဟုတ်ရဲ့လားတောင်ထင်စရာမရှိဘူး။ကိုယ့်ထက်တောင် ဖြူဖွေးနေသေးတယ်။

"မိုးရွှာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်...."

တစ်ဖက်အိမ်ကကလေးသုံးယောက်အသံကမိုးသံကြားထဲမှ
ပေါ်ထွက်လာသည်။လူကြီးတွေကတော့မိုးအေးအေးနှင့်စောင်ထဲကွေးနေကြသည်။

MY VILLAGER (COMPLETED) Where stories live. Discover now