ချစ်သက်ဝေ

By MAYNINE_04

32.3K 2.9K 270

"သက်ဝေ" ဆိုတာ အသက်တမျှ၊ အသက်နဲ့ထပ်တူ ချစ်မြတ်နိုးရတဲ့သူလို့ ဆိုလိုသတဲ့။ မေရီ့အတွက်တော့ "သက်ဝေ" ဆိုတဲ့ အမျိုးသ... More

A/N
ဤသို့အစပြု၍
အပိုင်း (၁)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
A/N 0.2
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)

အပိုင်း (၂)

1.3K 137 9
By MAYNINE_04

- ချစ်သမျှကို -

၁၉၁၉ ခုနှစ် ဩဂုတ်လ (၁၇) ရက် ...။

" ကိုဘရင် တော် ဘယ်သွားမလို့တုန်း "

မညွန့်က တစ်လသမီး သက်ဝေကလေးကို နို့တိုက်ရင်း အပြင်ထွက်ရန်ပြင်နေသည့် ခင်ပွန်းဖြစ်သူကိုလှမ်းမေးလိုက်သည်။

" လူထုအစည်းအဝေးပွဲရှိတယ်ဟ မိညွန့်ရ။ နင့်မလည်း မျက်စိလေးဖွင့် နားလေးစွင့်ထားဦး။ ကိုယ့်နိုင်ငံကြီးက သူများလက်အောက်ရောက်နေတာကို သတင်းလေးဘာလေး နားစွင့်မယ်မရှိဘူး "

" တော်ပြောတော့သာလွယ်တာပေါ့။ ကျုပ်မှာက ဒီကလေး ၃ ယောက်တာဝန်ရယ်၊ အိမ်မှုကိစ္စတွေရယ်ကရှိသေးတယ်လေ။ ရှင့်လိုအားယားမနေပေါင်ဝောာ် "

ပက်ခနဲပြန်ပြောသော မိန်းမကို ကိုဘရင်ပြန်ပြောချင်ပေမယ့် အစည်းအဝေးနောက်ကျမည်စိုး၍ ပြောချင်သည့်စကားများကို မျိုချကာ ထွက်လာခဲ့သည်။ ကိုဘရင်ဟာ စာပေတွေ ဖတ်သည့်အလျောက် နိုင်ငံရေးဗဟုသုတကြွယ်ဝသည်။ ထို့အပြင် နယ်ချဲ့တော်လှန်ရေးကိစ္စများတွင်လည်း ကျရာနေရာက အားတက်သရော ပါဝင်ဆောင်ရွက်သေးသည်။

ယနေ့ကျင်းပသည့် လူထုအစည်းအဝေးကို မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအသင်းနှင့် ဝိုင်အမ်ဘီအေအသင်းတို့ ပူးပေါင်းကာကျင်းပခြင်းဖြစ်ပြီး ဝတ်လုံဦးချစ်လှိုင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ " ဖေ၊ ပု၊ ရှိန် " ကိုယ်စားလှယ်ကိုထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။

အစည်းအဝေးကအပြန်တွင် ကိုဘရင် ပို၍ပင်စိတ်အားထက်သန်လာသည်။ သားသမီးတွေကို ယခုလိုနယ်ချဲ့လက်အောက်မှာမထားချင်။ တရားမမျှတသော ပညာရေးကိုလည်း မသင်စေချင် ။ အထူးသဖြင့် ဗမာ့ယဉ်ကျေးမှုကို မေ့ကာ ဘိုဆန်ဆန်တွေဝတ်စားပြီး အနောင်တိုင်းယဉ်ကျေးမှုများအပေါ်သာယာသွားမည်ကို ကိုဘရင် အလွန်စိုးပါသည်။

အလုပ်အကိုင်ကလည်း အဆင်ပြေသည်ဟု မဆိုသာ။ မိဘတွေဆီမှ အမွေတစ်ချို့ကြောင့် အဆင်ပြေပြေနေနေရသော်လည်း အလုပ်အကိုင်က ခက်ခဲလှသည်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်သားဖြစ်ပါလျက်ကယ်နှင့် မြန်မာပြည်တွင်အလုပ်အကိုင်ကျပ်တည်းနေသည်ကို ပြောလျှင် ယုံနိုင်စရာမရှိ။ သို့သော် အမှန်ပင်ဖြစ်သည်။

အိမ်သို့ပြန်ရောက်ရောက်ချင်း ရေအိုးထဲမှ ရေတစ်ခွက်ကိုခပ်သောက်လိုက်သည်။ ရေကအေးနေသည့်တိုင်အောင် ရင်ထဲကအပူ‌တွေ မငြိမ်းနိုင်သေးပေ။ ကိုဘရင် အိမ်ရှေ့ကွပ်ပျစ်တွင် ဆော့နေသော သမီးနားသို့သွားကာ ချီလိုက်သည်။ ဒါမှတကယ့်ကို ရင်ထဲကိုအေးမြစေတဲ့ သီတာရေကြည်ကလေးပါပဲ။

" သမီးလေး သက်ဝေလေး ဖေဖေ့ကို လွမ်းနေသလား ဟုတ်လား ငါ့သမီး "

" အံ့ဩပါ့တော် သွားတာဖြင့် ၂ နာရီတောင်မပြည့်တာကို လွမ်းသလား ဘာသလားနဲ့ "

‌မိခင်၏မကြားတကြားစကားနာထိုးသံကြောင့် ကိုဘရင် မျက်မှောင်ကျုံ့လိုက်သည်။

" အမေတို့ကလည်းဗျာ ကိုယ့်သမီးကိုယ်ချစ်တာတောင် ခွင့်ပြုချက်ယူနေရဦးမယ့်ပုံ တကယ်ပါပဲ။ အကုန်ကိုလိုက်ပြောနေတော့တာပဲ "

" ဟဲ့ နင့်ဟာက ပိုလွန်းလို့ပြောနေရတာပေါ့ "

" ဒါဖြင့် အမေ ကျုပ်မွေးတုန်းက ခုလို မချစ်ခဲ့ဘူးလား ကိုင်း "

ဒေါ်အေးမက ဖက်ကြမ်းဆေးလိပ်ကို တစ်ဖွာရှိုက်လိုက်ပြီး မျက်စောင်းသာတွင်တွင်ထိုးနေတော့သည်။

ကိုဘရင်လည်း ကြားထဲတွင်ရရာအလုပ်ကိုလုပ်ရင်း နိုင်ငံရေးသတင်းကိုနားစွင့်နေသည်။ အောက်တိုဘာလထဲတွင် ပုသိမ်၌ ဝိုင်အမ်ဘီအေအသင်း ညီလာခံရှိသည်ကိုကြားသောအခါ ကိုဘရင်တစ်ယောက် မ‌န္တလေးမှ ပုသိမ်သို့ စုန်ဆင်းရန်ပြင်တော့သည်။

" ကိုဘရင် "

" ဘာတုန်းဟ "

‌" တော် တကယ်သွားဖို့လား။ ရောက်ဖူးတာလည်းမဟုတ်ဘဲနဲ့ ကိုဘရင်ရယ်။ ဝေးကဝေးနဲ့ "

မညွန့်၏စိုးရိမ်စိတ်ကို ကိုဘရင်နား‌လည်သော်လည်း မသွားလို့မဖြစ်။ ကိုယ်တိုင်ကလည်း သွားဖို့ဆန္ဒပြင်းပြနေမိသည်ကိုး။

" စိတ်မပူပါနဲ့ဟာ ငါ့အဖော်တွေနဲ့သွားမှာပါဟ ။ ကိစ္စပြီးတာနဲ့တန်းပြန်ခဲ့မှာ။ ကလေးတွေလွမ်းတာနဲ့ကို ငါကြာကြာနေနိုင်မှာမဟုတ်ဘူး "

" အော ရှင်က ကလေးတွေပဲလွမ်းတာ ကျုပ်ကျမလွမ်းဘူးပေါ့ "

မညွန့်စကားကြောင့် ကိုဘရင် ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ သမီးရည်းစားဘဝတုန်းကတော့ အနုအယွစကားအလှလေးတွေပြောဖို့ ရှက်နေသဖြင့် ချစ်တယ်ဆိုတာပင် စာနဲ့ကလွဲပြီးမပြောခဲ့သော ဇနီးက ယခုလိုပြောတော့ ကိုဘရင် ရယ်ချင်စိတ်ကိုထိန်းမရပေ။

" ဒါဖြင့် လိုက်ခဲ့မလား ငါနဲ့ ဒီလောက်တောင်မှ မခွဲနိုင်ဘူးဆိုရင် "

" အို တော်ပါ သက်ဝေလေးက ငယ်ငယ်လေးရှိသေးတာ။ ထားခဲ့လည်းမရ ခေါ်ပြန်လည်း ခရီးပန်းဦးမယ်။ တော့်ဘာတော်သာ ‌ဂရုစိုက်သွားစမ်းပါ။ ကျုပ်က စကားအဖြစ်ပြောတာ "

သူ့ဘာသူပြောပြီး ရှက်နေပြန်သော မညွန့်ကြောင့် ကိုဘရင် ပြုံးမိရပြန်သည်။ ချစ်စကားတွေ တီတီတာတာမပြောဖြစ်ကြပေမယ့် တစ်ယောက်မေတ္တာ တစ်ယောက်ခံစားသိရှိမိကြသဖြင့် ကိုဘရင်တို့ အိမ်ထောင်ရေးသာယာသည်ဟု ဆိုနိုင်သည်။

ဤသို့ဖြင့် အောက်တိုဘာ (၂) ရက်နေ့ကတည်းက မန္တလေးမှဆင်းသွားသော ကိုဘရင်သည် အောက်တိုဘာလကုန်မှ လူလုံးပေါ်လာတော့သည်။ ပေါ်လာတော့လည်း ငါးပိ၊ ငါးခြောက်တွေ တစ်ထမ်းကြီးနှင့် မည်းသည်းကာပြန်လာခဲ့ခြင်းဖြစ်သည်။

" အလိုတော် ကျုပ်အိမ်ရှေ့ ဘယ်သရဲလာရပ်နေသလဲမှတ်တာ သေချာကြည့်မှ ငါ့သားဖြစ်နေပါရောလားဟဲ့ "

" ဟာ အမေကဗျာ "

နဂိုကမှ အသားညိုသော ကိုဘရင်‌တစ်ယောက် မြစ်ဝကျွန်းဘက်ရောက်ပြီး ပိုမည်းလာခဲ့ခြင်းကို အမေဖြစ်သူ ဒေါ်အေးမက စခြင်း‌ဖြစ်သည်။

" ရှင်တို့အစည်းအဝေးက ဘယ်နှယ့်လဲ "

မညွန့်က ကိုဘရင်ပါလာသော ပစ္စည်းများ သိမ်းကာ ကိုဘရင်အတွက် ရေတစ်ခွက်ယူလာပေးရင်း မေးလိုက်သည်။

" ညီလာခံက (၁၁) ရက်နေ့ကလေ။ ဝတ်လုံဦးချစ်လှိုင်က အခု သဘာပတိဖြစ်သွားပြီ။ ဆုံးဖြတ်ချက်တွေလည်း အများကြီးလုပ်ခဲ့ကြတယ် ဥပမာပြောရရင်ကွာ ပြေစာတွေရဲ့ လူနာမည်ရှေ့မှာ ' ဦး ဒေါ် တွေ မသုံးဘဲ ငအေး မိအေး အဲလိုခေါ်တာတွေရပ်ဖို့၊ ရထားတွဲမှာ မျက်နှာဖြူတွေအတွက် သီးသန့်ထားတာတွေရပ်ဖို့ ဘာညာပေါ့ "

ဘာမှရေရေရာရာမရှိသေးသော မြန်မာနိုင်ငံ၏အနာဂတ် ...။ ကလေးတွေရဲ့ အနာဂတ် ...။

ကိုဘရင်တစ်‌ယောက် သက်ပြင်းမောတစ်ချက်ကို ခပ်လေးလေးချရင်း အိပ်ရာထဲသို့ ဝင်လှဲလိုက်တော့သည် ။

♡︎

" မေ ရေ "

" ဟော အကိုတောင်ပြန်လာပြီ။ မေ နောက်ရက်မှပဲ ဆက်သင်ပေးမယ်နော် "

" ဟုတ်ကဲ့ မမမေ "

မလှမေဟာ စိုင်းအိုက်ထွန်းနှင့် အိမ်ထောင်ကျပြီး သီပေါမြို့ကလေးတွင် လိုက်နေသည်။ စိုင်းအိုက်ထွန်းက ရှမ်းပြည်နှင့်မြေပြန့် ကုန်ရောင်းကုန်ဝယ်လုပ်ပြီး မလှမေက အိမ်တွင် ဂီတပညာကို အမှန်တကယ်စိတ်ဝင်စားသည့် အမျိုးသမီးငယ်တို့ကို အဆိုအကသင်ပေးသည်။ ဂီတနှင့်ပက်သက်လာလျှင် မလှမေအဖို့ မောသည်မရှိ ပန်းသည်မရှ်ိ။

" ဘယ့်နှယ့်လဲ အကို အရောင်းအဝယ်အဆင်ပြေရဲ့လား "

အိုက်ထွန်းထံမှ ခရီးဆောင်အိတ်တစ်ချို့ကို ကူသယ်ပေးရင်း လှမေ မေးလိုက်သည်။

" ပြေတယ်လို့လည်း ဘယ်ဟုတ်မတုန်း မေရယ်။ နယ်ချဲ့တွေလက်အောက်မှာ အရာရာဒုက္ခဆင်းရဲပါပဲ။ ဒါနဲ့ မေရော ခုလိုသင်ရပြုရတာ မမောဘူးလား "

" မေက သီချင်းဆိုရင်းတောင် သေမယ့်လူပါ အကိုရဲ့။ မပင်ပန်းပါဘူး "

" ဪ ဟုတ်သား ကိုယ့်မှာ မေ့အတွက် လက်ဆောင်ပါလာတယ် "

" ဟင် ဘာများလဲ အကို "

အိုက်ထွန်း အလုပ်သမားတွေသယ်လာသည့် ပစ္စည်း‌များထဲမှ စက္ကူသေတ္တာဖြင့် ထုပ်ထားသော အထုပ်ကိုလိုက်ရှာလိုက်သည်။ ပြီးမှ တယုတယအထုတ်ကိုဖြည်၍ ‌ဇနီးသည်လက်ထဲသို့ ထည့်ပေးလိုက်သည်။

" အို စောင်း ပါ့လား။ အကို ဘယ်လောက်တောင် ပေးခဲ့ရသလဲဟင်။ မနည်းဘူးရှိမှာဘဲနော် "

" တန်ဖိုးကိုမတွက်ပါနဲ့ မေရယ်။ မေအခုပျော်နေပြီမလား။ မေပျော်ရင် ကိုယ်လည်းပျော်တာမို့ ပျော်ရွှင်မှုကို ပစ္စည်းတန်ဖိုးနဲ့ မဖျက်ကြရအောင်လားကွယ် "

" ကျေးဇူးတင်ပါတယ် အကိုရယ် တကယ်ပါ။ ကျေးဇူးတင်တဲ့အနေနဲ့ အကို့ကို ညကျ စောင်းတီးပြီး ပတ်ပျိုးတစ်ပုဒ်ဆိုပြမယ်။ ခုတော့ ရေမိုးချိုးလိုက်ဦး။ မေ ထမင်းပွဲပြင်‌ထားမယ် ဟုတ်ပြီလား "

" ကောင်းပါပြီတဲ့ဗျာ "

စားသောက်မှုပြီးသောအခါ ညဘက်လသာသာ၌ အိမ်အပြင်ရှိ တန်းလျားပေါ်တွင်နေရာယူလိုက်သည်။ သနပ်ခါးရေကြဲလိမ်းကာ အသားရောင်ရင်ဖုံးထဘီ ကိုဝတ်ထားပြီး ဆံထုံးကိုတစ်ပတ်လျှိုထုံး၍ ဆံနွယ်တစ်ဝက်ကို ပခုံးထက်၌ ဆံမြိတ်သဖွယ်ချထားသော ထိုအမျိုးသမီးသည် အိုက်ထွန်းအဖို့တော့ ကမ္ဘာပေါ်တွင် အလှဆုံးဖြစ်မည်ထင်သည်။

လှမေ အသစ်စက်စက်စောင်းလေးကို ရင်ခွင်ထဲတွင် တယုတယကိုင်ကာ ' သစ္စာတိုင် ' ပတ်ပျိုးကို အစပျိုးလိုက်သည်။

" ချစ်သမျှကို ၊ မြင်းမိုရ်ရွှေတောင်လုံးသာပလေ ၊ လေးဆူဒီပါ ၊ သီတာရေမြေ ဆုံးစေတော့လေး × အို ဘယ်မမုန်းပါတော့နိုင် × ကပ်လုံးဆုံးတိုင်တိုင် × ရုံးညာပိုင် အုန်းလှိုင်သဉ္ဇာကြွေ့  - မှာလှလေ ၊ ကြိုးမည့်နောင်ခါ - ကမ္ဘာမြေငယ် မြေ့စေတော့လေ ... "

ခပ်သာသာစောင်းသံနှင့်အတူ လှမေ၏ချိုမြမြအသံက ညဘက်အမှောင်ထုထဲတွင် လှပစွာ ပျံ့ဝဲသွားသည်။ နားထောင်လို့ပင် မဝနိုင်ပါဘိ။

" ကောင်းလိုက်တာ မေရယ်။ မေ့ကိုပိုင်ဆိုင်ထားရတာ အကိုကတော့ ဘယ်လိုကံကောင်းမှန်းမသိဘူး "

" မေ အနေခက်အောင်ပြောနေပြန်ပါပြီ "

" ဒါနဲ့ ကိုယ်တို့ ကလေးယူကြမလား မေ "

" မေလည်း အဲဒီကိစ္စစဉ်းစားနေပါတယ်။ မေတို့သာ ကလေးရရင်တော့ မေ အဲဒီကလေးလေးကို မေ တတ်သမျှ ဂီတအမွေတွေ ပုံအောပြီးပေးပစ်လိုက်မှာပဲ "

" ဒါဆိုရင် ကိုယ်တို့ကလေးကတော့ မွေးကတည်းက အူဝဲလို့မအော်ဘဲ ' ထံတျာတေရှင် ' ရွတ်ပြီးထွက်လာမယ့်ပုံပဲ မေရေ "

" အကိုကလည်း "

ထိုညသည် သူမတို့နှစ်ယောက်အဖို့ သာယာအေးချမ်းသည့် ညလေးတစ်ညဖြစ်ခဲ့ပါ၏။

ဤသို့ဖြင့် အချိန်ကာလများ ရွေ့လျားနေသည်ဖြစ်ရာ သက်ဝေကလေးပင် တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။

" မညွန့် ငါတို့ဗမာပြည်ရဲ့ပထမဆုံးရုပ်ရှင်ပြမတဲ့ဟ။ ငါတို့တစ်မိသားစုလုံးသွားကြည့်ကြမယ်နော် "

" ဇာတ်ကားက ဘာတဲ့လဲ။ ဘယ်မှာပြမှာတဲ့လဲ "

" ဇာတ်ကားနာမည်က မေတ္တာနှင့်သူရာ တဲ့။ ပြတာတော့ ရန်ကုန်က စီနီမာဒီပဲရစ် ရုံမယ် ပြမှာတဲ့ "

" အိုတော် ရုပ်ရှင်တစ်ကားကြည့်ဖို့နဲ့ မန်းလေးကနေ ရန်ကုန်ထိ မဆင်းနိုင်ပေါင်တော် "

ကိုဘရင် သူ့မိန်းမ၏ မတက်ကြွပုံကို အားမလိုအားမရဖြစ်လာသည်။

" အလည်လည်းရောက်ဖြစ်တာပေါ့ဟ။ မြန်မာနိုင်ငံရဲ့ ပထဆုံးရုပ်ရှင်နော် ပထမဆုံးရုပ်ရှင်။ နင်မို့ စိတ်မဝင်စားဘဲနေနိုင်တယ် အံ့ဩပါ့။ ရပ်ကွက်ထဲက မိန်းမတွေဖြင့် အဲ့အကြောင်း ပြောလို့ကို မဆုံးကြဘူး "

" ကဲပါတော် သွားချင်တယ်ဆိုရင်လည်း သွားကြတာပေါ့။ ယောင်္ကျားကြီးဖြစ်ပြီး ပွစိပွစိနဲ့ နားညည်းလိုက်တာ "

ဖခင်၏အဆွယ်ကောင်းမှုကြောင့် တစ်နှစ်သမီးသက်ဝေမှာ ရန်ကုန်သို့ရောက်ရရှာသည့်အပြင် ရုပ်ရှင်ဆိုတာကိုပါ ကြည့်ခဲ့ရသည်။ တစ်နှစ်ကျော်သာရှိသေးသည်မို့ ဘာမှနားမလည်သော်လည်း ထူးဆန်းသည်က ရုပ်ရှင်ရုံထဲတွင် ဂျီလည်းမကျသလို ငိုလည်းမငိုခြင်းပင်။ သက်ဝေဟာ လူများသည့်နေရာများကို မကြိုက်။ ဇာတ်ပွဲ ၊ ဘုရားပွဲ လူရှုပ်သည့်နေရာသို့ ခေါ်သွားခံရလျှင် ချော့မရအောင် ငိုတတ်သည်။ သို့သော် ရုပ်ရှင်ရုံနှင့်တော့ ဓာတ်တည့်နေသဖြင့် မိဘများကပင် အံ့ဩယူရသည်။

" ဟ ငါ့သမီးကတော့ ကြီးလာရင် ရုပ်ရှင်မင်းသမီးဖြစ်မယ်ထင်တယ်ဟေ့။ ငိုလည်းမငို ဂျီလည်းမကျ အံ့ဩချက်ပဲ "

ကိုဘရင်၏စကားသည် နောင်တစ်ချိန်တွင် အမှန်ဖြစ်လာနိုင်သည်ဆိုတာကိုတော့ မည်သူမျှ မတွေးမိခဲ့ကြချေ။

၃၀.၁၀.၂၀၂၁

အဓိက ဇာတ်ကောင်တွေမရောက်ခင် သူတို့ရဲ့မိဘတွေနဲ့ ငယ်ဘဝကို သိမှဖြစ်မှာမို့ (သိရင်ပိုကောင်းမယ်လို့ ကျွန်မယူဆတာကြောင့်) ယခုလို ဇာတ်ကြောရှည်နေရခြင်းဖြစ်ပါတယ် ။

- ခ်စ္သမၽွကို -

၁၉၁၉ ခုႏွစ္ ဩဂုတ္လ (၁၇) ရက္ ...။

" ကိုဘရင္ ေတာ္ ဘယ္သြားမလို႔တုန္း "

မၫြန႔္က တစ္လသမီး သက္ေဝကေလးကို ႏို႔တိုက္ရင္း အျပင္ထြက္ရန္ျပင္ေနသည့္ ခင္ပြန္းျဖစ္သူကိုလွမ္းေမးလိုက္သည္။

" လူထုအစည္းအေဝးပြဲရွိတယ္ဟ မိၫြန႔္ရ။ နင့္မလည္း မ်က္စိေလးဖြင့္ နားေလးစြင့္ထားဦး။ ကိုယ့္ႏိုင္ငံႀကီးက သူမ်ားလက္ေအာက္ေရာက္ေနတာကို သတင္းေလးဘာေလး နားစြင့္မယ္မရွိဘူး "

" ေတာ္ေျပာေတာ့သာလြယ္တာေပါ့။ က်ဳပ္မွာက ဒီကေလး ၃ ေယာက္တာဝန္ရယ္၊ အိမ္မႈကိစၥေတြရယ္ကရွိေသးတယ္ေလ။ ရွင့္လိုအားယားမေနေပါင္ေဝာာ္ "

ပက္ခနဲျပန္ေျပာေသာ မိန္းမကို ကိုဘရင္ျပန္ေျပာခ်င္ေပမယ့္ အစည္းအေဝးေနာက္က်မည္စိုး၍ ေျပာခ်င္သည့္စကားမ်ားကို မ်ိဳခ်ကာ ထြက္လာခဲ့သည္။ ကိုဘရင္ဟာ စာေပေတြ ဖတ္သည့္အေလ်ာက္ ႏိုင္ငံေရးဗဟုသုတႂကြယ္ဝသည္။ ထို႔အျပင္ နယ္ခ်ဲ႕ေတာ္လွန္ေရးကိစၥမ်ားတြင္လည္း က်ရာေနရာက အားတက္သေရာ ပါဝင္ေဆာင္႐ြက္ေသးသည္။

ယေန႔က်င္းပသည့္ လူထုအစည္းအေဝးကို ျမန္မာျပည္ျပဳျပင္ေျပာင္းလဲေရးအသင္းႏွင့္ ဝိုင္အမ္ဘီေအအသင္းတို႔ ပူးေပါင္းကာက်င္းပျခင္းျဖစ္ၿပီး ဝတ္လုံဦးခ်စ္လႈိင္က သဘာပတိအျဖစ္ေဆာင္႐ြက္ကာ " ေဖ၊ ပု၊ ရွိန္ " ကိုယ္စားလွယ္ကိုေထာက္ခံေၾကာင္း ဆႏၵျပခဲ့ၾကသည္။

အစည္းအေဝးကအျပန္တြင္ ကိုဘရင္ ပို၍ပင္စိတ္အားထက္သန္လာသည္။ သားသမီးေတြကို ယခုလိုနယ္ခ်ဲ႕လက္ေအာက္မွာမထားခ်င္။ တရားမမွ်တေသာ ပညာေရးကိုလည္း မသင္ေစခ်င္ ။ အထူးသျဖင့္ ဗမာ့ယဥ္ေက်းမႈကို ေမ့ကာ ဘိုဆန္ဆန္ေတြဝတ္စားၿပီး အေနာင္တိုင္းယဥ္ေက်းမႈမ်ားအေပၚသာယာသြားမည္ကို ကိုဘရင္ အလြန္စိုးပါသည္။

အလုပ္အကိုင္ကလည္း အဆင္ေျပသည္ဟု မဆိုသာ။ မိဘေတြဆီမွ အေမြတစ္ခ်ိဳ႕ေၾကာင့္ အဆင္ေျပေျပေနေနရေသာ္လည္း အလုပ္အကိုင္က ခက္ခဲလွသည္။ ျမန္မာျပည္မွာေမြး၊ ျမန္မာျပည္သားျဖစ္ပါလ်က္ကယ္ႏွင့္ ျမန္မာျပည္တြင္အလုပ္အကိုင္က်ပ္တည္းေနသည္ကို ေျပာလွ်င္ ယုံႏိုင္စရာမရွိ။ သို႔ေသာ္ အမွန္ပင္ျဖစ္သည္။

အိမ္သို႔ျပန္ေရာက္ေရာက္ခ်င္း ေရအိုးထဲမွ ေရတစ္ခြက္ကိုခပ္ေသာက္လိုက္သည္။ ေရကေအးေနသည့္တိုင္ေအာင္ ရင္ထဲကအပူ‌ေတြ မၿငိမ္းႏိုင္ေသးေပ။ ကိုဘရင္ အိမ္ေရွ႕ကြပ္ပ်စ္တြင္ ေဆာ့ေနေသာ သမီးနားသို႔သြားကာ ခ်ီလိုက္သည္။ ဒါမွတကယ့္ကို ရင္ထဲကိုေအးျမေစတဲ့ သီတာေရၾကည္ကေလးပါပဲ။

" သမီးေလး သက္ေဝေလး ေဖေဖ့ကို လြမ္းေနသလား ဟုတ္လား ငါ့သမီး "

" အံ့ဩပါ့ေတာ္ သြားတာျဖင့္ ၂ နာရီေတာင္မျပည့္တာကို လြမ္းသလား ဘာသလားနဲ႔ "

‌မိခင္၏မၾကားတၾကားစကားနာထိုးသံေၾကာင့္ ကိုဘရင္ မ်က္ေမွာင္က်ဳံ႕လိုက္သည္။

" အေမတို႔ကလည္းဗ်ာ ကိုယ့္သမီးကိုယ္ခ်စ္တာေတာင္ ခြင့္ျပဳခ်က္ယူေနရဦးမယ့္ပုံ တကယ္ပါပဲ။ အကုန္ကိုလိုက္ေျပာေနေတာ့တာပဲ "

" ဟဲ့ နင့္ဟာက ပိုလြန္းလို႔ေျပာေနရတာေပါ့ "

" ဒါျဖင့္ အေမ က်ဳပ္ေမြးတုန္းက ခုလို မခ်စ္ခဲ့ဘူးလား ကိုင္း "

ေဒၚေအးမက ဖက္ၾကမ္းေဆးလိပ္ကို တစ္ဖြာရႈိက္လိုက္ၿပီး မ်က္ေစာင္းသာတြင္တြင္ထိုးေနေတာ့သည္။

ကိုဘရင္လည္း ၾကားထဲတြင္ရရာအလုပ္ကိုလုပ္ရင္း ႏိုင္ငံေရးသတင္းကိုနားစြင့္ေနသည္။ ေအာက္တိုဘာလထဲတြင္ ပုသိမ္၌ ဝိုင္အမ္ဘီေအအသင္း ညီလာခံရွိသည္ကိုၾကားေသာအခါ ကိုဘရင္တစ္ေယာက္ မ‌ႏၲေလးမွ ပုသိမ္သို႔ စုန္ဆင္းရန္ျပင္ေတာ့သည္။

" ကိုဘရင္ "

" ဘာတုန္းဟ "

‌" ေတာ္ တကယ္သြားဖို႔လား။ ေရာက္ဖူးတာလည္းမဟုတ္ဘဲနဲ႔ ကိုဘရင္ရယ္။ ေဝးကေဝးနဲ႔ "

မၫြန႔္၏စိုးရိမ္စိတ္ကို ကိုဘရင္နား‌လည္ေသာ္လည္း မသြားလို႔မျဖစ္။ ကိုယ္တိုင္ကလည္း သြားဖို႔ဆႏၵျပင္းျပေနမိသည္ကိုး။

" စိတ္မပူပါနဲ႔ဟာ ငါ့အေဖာ္ေတြနဲ႔သြားမွာပါဟ ။ ကိစၥၿပီးတာနဲ႔တန္းျပန္ခဲ့မွာ။ ကေလးေတြလြမ္းတာနဲ႔ကို ငါၾကာၾကာေနႏိုင္မွာမဟုတ္ဘူး "

" ေအာ ရွင္က ကေလးေတြပဲလြမ္းတာ က်ဳပ္က်မလြမ္းဘူးေပါ့ "

မၫြန႔္စကားေၾကာင့္ ကိုဘရင္ ဟက္ဟက္ပက္ပက္ရယ္လိုက္မိသည္။ သမီးရည္းစားဘဝတုန္းကေတာ့ အႏုအယြစကားအလွေလးေတြေျပာဖို႔ ရွက္ေနသျဖင့္ ခ်စ္တယ္ဆိုတာပင္ စာနဲ႔ကလြဲၿပီးမေျပာခဲ့ေသာ ဇနီးက ယခုလိုေျပာေတာ့ ကိုဘရင္ ရယ္ခ်င္စိတ္ကိုထိန္းမရေပ။

" ဒါျဖင့္ လိုက္ခဲ့မလား ငါနဲ႔ ဒီေလာက္ေတာင္မွ မခြဲႏိုင္ဘူးဆိုရင္ "

" အို ေတာ္ပါ သက္ေဝေလးက ငယ္ငယ္ေလးရွိေသးတာ။ ထားခဲ့လည္းမရ ေခၚျပန္လည္း ခရီးပန္းဦးမယ္။ ေတာ့္ဘာေတာ္သာ ‌ဂ႐ုစိုက္သြားစမ္းပါ။ က်ဳပ္က စကားအျဖစ္ေျပာတာ "

သူ႔ဘာသူေျပာၿပီး ရွက္ေနျပန္ေသာ မၫြန႔္ေၾကာင့္ ကိုဘရင္ ၿပဳံးမိရျပန္သည္။ ခ်စ္စကားေတြ တီတီတာတာမေျပာျဖစ္ၾကေပမယ့္ တစ္ေယာက္ေမတၱာ တစ္ေယာက္ခံစားသိရွိမိၾကသျဖင့္ ကိုဘရင္တို႔ အိမ္ေထာင္ေရးသာယာသည္ဟု ဆိုႏိုင္သည္။

ဤသို႔ျဖင့္ ေအာက္တိုဘာ (၂) ရက္ေန႔ကတည္းက မႏၲေလးမွဆင္းသြားေသာ ကိုဘရင္သည္ ေအာက္တိုဘာလကုန္မွ လူလုံးေပၚလာေတာ့သည္။ ေပၚလာေတာ့လည္း ငါးပိ၊ ငါးေျခာက္ေတြ တစ္ထမ္းႀကီးႏွင့္ မည္းသည္းကာျပန္လာခဲ့ျခင္းျဖစ္သည္။

" အလိုေတာ္ က်ဳပ္အိမ္ေရွ႕ ဘယ္သရဲလာရပ္ေနသလဲမွတ္တာ ေသခ်ာၾကည့္မွ ငါ့သားျဖစ္ေနပါေရာလားဟဲ့ "

" ဟာ အေမကဗ်ာ "

နဂိုကမွ အသားညိဳေသာ ကိုဘရင္‌တစ္ေယာက္ ျမစ္ဝကြၽန္းဘက္ေရာက္ၿပီး ပိုမည္းလာခဲ့ျခင္းကို အေမျဖစ္သူ ေဒၚေအးမက စျခင္း‌ျဖစ္သည္။

" ရွင္တို႔အစည္းအေဝးက ဘယ္ႏွယ့္လဲ "

မၫြန႔္က ကိုဘရင္ပါလာေသာ ပစၥည္းမ်ား သိမ္းကာ ကိုဘရင္အတြက္ ေရတစ္ခြက္ယူလာေပးရင္း ေမးလိုက္သည္။

" ညီလာခံက (၁၁) ရက္ေန႔ကေလ။ ဝတ္လုံဦးခ်စ္လႈိင္က အခု သဘာပတိျဖစ္သြားၿပီ။ ဆုံးျဖတ္ခ်က္ေတြလည္း အမ်ားႀကီးလုပ္ခဲ့ၾကတယ္ ဥပမာေျပာရရင္ကြာ ေျပစာေတြရဲ႕ လူနာမည္ေရွ႕မွာ ' ဦး ေဒၚ ေတြ မသုံးဘဲ ငေအး မိေအး အဲလိုေခၚတာေတြရပ္ဖို႔၊ ရထားတြဲမွာ မ်က္ႏွာျဖဴေတြအတြက္ သီးသန႔္ထားတာေတြရပ္ဖို႔ ဘာညာေပါ့ "

ဘာမွေရေရရာရာမရွိေသးေသာ ျမန္မာႏိုင္ငံ၏အနာဂတ္ ...။ ကေလးေတြရဲ႕ အနာဂတ္ ...။

ကိုဘရင္တစ္‌ေယာက္ သက္ျပင္းေမာတစ္ခ်က္ကို ခပ္ေလးေလးခ်ရင္း အိပ္ရာထဲသို႔ ဝင္လွဲလိုက္ေတာ့သည္ ။

♡︎

" ေမ ေရ "

" ေဟာ အကိုေတာင္ျပန္လာၿပီ။ ေမ ေနာက္ရက္မွပဲ ဆက္သင္ေပးမယ္ေနာ္ "

" ဟုတ္ကဲ့ မမေမ "

မလွေမဟာ စိုင္းအိုက္ထြန္းႏွင့္ အိမ္ေထာင္က်ၿပီး သီေပါၿမိဳ႕ကေလးတြင္ လိုက္ေနသည္။ စိုင္းအိုက္ထြန္းက ရွမ္းျပည္ႏွင့္ေျမျပန႔္ ကုန္ေရာင္းကုန္ဝယ္လုပ္ၿပီး မလွေမက အိမ္တြင္ ဂီတပညာကို အမွန္တကယ္စိတ္ဝင္စားသည့္ အမ်ိဳးသမီးငယ္တို႔ကို အဆိုအကသင္ေပးသည္။ ဂီတႏွင့္ပက္သက္လာလွ်င္ မလွေမအဖို႔ ေမာသည္မရွိ ပန္းသည္မရွ္ိ။

" ဘယ့္ႏွယ့္လဲ အကို အေရာင္းအဝယ္အဆင္ေျပရဲ႕လား "

အိုက္ထြန္းထံမွ ခရီးေဆာင္အိတ္တစ္ခ်ိဳ႕ကို ကူသယ္ေပးရင္း လွေမ ေမးလိုက္သည္။

" ေျပတယ္လို႔လည္း ဘယ္ဟုတ္မတုန္း ေမရယ္။ နယ္ခ်ဲ႕ေတြလက္ေအာက္မွာ အရာရာဒုကၡဆင္းရဲပါပဲ။ ဒါနဲ႔ ေမေရာ ခုလိုသင္ရျပဳရတာ မေမာဘူးလား "

" ေမက သီခ်င္းဆိုရင္းေတာင္ ေသမယ့္လူပါ အကိုရဲ႕။ မပင္ပန္းပါဘူး "

" ဪ ဟုတ္သား ကိုယ့္မွာ ေမ့အတြက္ လက္ေဆာင္ပါလာတယ္ "

" ဟင္ ဘာမ်ားလဲ အကို "

အိုက္ထြန္း အလုပ္သမားေတြသယ္လာသည့္ ပစၥည္း‌မ်ားထဲမွ စကၠဴေသတၱာျဖင့္ ထုပ္ထားေသာ အထုပ္ကိုလိုက္ရွာလိုက္သည္။ ၿပီးမွ တယုတယအထုတ္ကိုျဖည္၍ ‌ဇနီးသည္လက္ထဲသို႔ ထည့္ေပးလိုက္သည္။

" အို ေစာင္း ပါ့လား။ အကို ဘယ္ေလာက္ေတာင္ ေပးခဲ့ရသလဲဟင္။ မနည္းဘူးရွိမွာဘဲေနာ္ "

" တန္ဖိုးကိုမတြက္ပါနဲ႔ ေမရယ္။ ေမအခုေပ်ာ္ေနၿပီမလား။ ေမေပ်ာ္ရင္ ကိုယ္လည္းေပ်ာ္တာမို႔ ေပ်ာ္႐ႊင္မႈကို ပစၥည္းတန္ဖိုးနဲ႔ မဖ်က္ၾကရေအာင္လားကြယ္ "

" ေက်းဇူးတင္ပါတယ္ အကိုရယ္ တကယ္ပါ။ ေက်းဇူးတင္တဲ့အေနနဲ႔ အကို႔ကို ညက် ေစာင္းတီးၿပီး ပတ္ပ်ိဳးတစ္ပုဒ္ဆိုျပမယ္။ ခုေတာ့ ေရမိုးခ်ိဳးလိုက္ဦး။ ေမ ထမင္းပြဲျပင္‌ထားမယ္ ဟုတ္ၿပီလား "

" ေကာင္းပါၿပီတဲ့ဗ်ာ "

စားေသာက္မႈၿပီးေသာအခါ ညဘက္လသာသာ၌ အိမ္အျပင္ရွိ တန္းလ်ားေပၚတြင္ေနရာယူလိုက္သည္။ သနပ္ခါးေရႀကဲလိမ္းကာ အသားေရာင္ရင္ဖုံးထဘီ ကိုဝတ္ထားၿပီး ဆံထုံးကိုတစ္ပတ္လွ်ိဳထုံး၍ ဆံႏြယ္တစ္ဝက္ကို ပခုံးထက္၌ ဆံၿမိတ္သဖြယ္ခ်ထားေသာ ထိုအမ်ိဳးသမီးသည္ အိုက္ထြန္းအဖို႔ေတာ့ ကမာၻေပၚတြင္ အလွဆုံးျဖစ္မည္ထင္သည္။

လွေမ အသစ္စက္စက္ေစာင္းေလးကို ရင္ခြင္ထဲတြင္ တယုတယကိုင္ကာ ' သစၥာတိုင္ ' ပတ္ပ်ိဳးကို အစပ်ိဳးလိုက္သည္။

" ခ်စ္သမွ်ကို ၊ ျမင္းမိုရ္ေ႐ႊေတာင္လုံးသာပေလ ၊ ေလးဆူဒီပါ ၊ သီတာေရေျမ ဆုံးေစေတာ့ေလး × အို ဘယ္မမုန္းပါေတာ့ႏိုင္ × ကပ္လုံးဆုံးတိုင္တိုင္ × ႐ုံးညာပိုင္ အုန္းလႈိင္သၪၨာေႂကြ႕  - မွာလွေလ ၊ ႀကိဳးမည့္ေနာင္ခါ - ကမာၻေျမငယ္ ေျမ့ေစေတာ့ေလ ... "

ခပ္သာသာေစာင္းသံႏွင့္အတူ လွေမ၏ခ်ိဳျမျမအသံက ညဘက္အေမွာင္ထုထဲတြင္ လွပစြာ ပ်ံ႕ဝဲသြားသည္။ နားေထာင္လို႔ပင္ မဝႏိုင္ပါဘိ။

" ေကာင္းလိုက္တာ ေမရယ္။ ေမ့ကိုပိုင္ဆိုင္ထားရတာ အကိုကေတာ့ ဘယ္လိုကံေကာင္းမွန္းမသိဘူး "

" ေမ အေနခက္ေအာင္ေျပာေနျပန္ပါၿပီ "

" ဒါနဲ႔ ကိုယ္တို႔ ကေလးယူၾကမလား ေမ "

" ေမလည္း အဲဒီကိစၥစဥ္းစားေနပါတယ္။ ေမတို႔သာ ကေလးရရင္ေတာ့ ေမ အဲဒီကေလးေလးကို ေမ တတ္သမွ် ဂီတအေမြေတြ ပုံေအာၿပီးေပးပစ္လိုက္မွာပဲ "

" ဒါဆိုရင္ ကိုယ္တို႔ကေလးကေတာ့ ေမြးကတည္းက အူဝဲလို႔မေအာ္ဘဲ ' ထံတ်ာေတရွင္ ' ႐ြတ္ၿပီးထြက္လာမယ့္ပုံပဲ ေမေရ "

" အကိုကလည္း "

ထိုညသည္ သူမတို႔ႏွစ္ေယာက္အဖို႔ သာယာေအးခ်မ္းသည့္ ညေလးတစ္ညျဖစ္ခဲ့ပါ၏။

ဤသို႔ျဖင့္ အခ်ိန္ကာလမ်ား ေ႐ြ႕လ်ားေနသည္ျဖစ္ရာ သက္ေဝကေလးပင္ တစ္ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္သည္။

" မၫြန႔္ ငါတို႔ဗမာျပည္ရဲ႕ပထမဆုံး႐ုပ္ရွင္ျပမတဲ့ဟ။ ငါတို႔တစ္မိသားစုလုံးသြားၾကည့္ၾကမယ္ေနာ္ "

" ဇာတ္ကားက ဘာတဲ့လဲ။ ဘယ္မွာျပမွာတဲ့လဲ "

" ဇာတ္ကားနာမည္က ေမတၱာႏွင့္သူရာ တဲ့။ ျပတာေတာ့ ရန္ကုန္က စီနီမာဒီပဲရစ္ ႐ုံမယ္ ျပမွာတဲ့ "

" အိုေတာ္ ႐ုပ္ရွင္တစ္ကားၾကည့္ဖို႔နဲ႔ မန္းေလးကေန ရန္ကုန္ထိ မဆင္းႏိုင္ေပါင္ေတာ္ "

ကိုဘရင္ သူ႔မိန္းမ၏ မတက္ႂကြပုံကို အားမလိုအားမရျဖစ္လာသည္။

" အလည္လည္းေရာက္ျဖစ္တာေပါ့ဟ။ ျမန္မာႏိုင္ငံရဲ႕ ပထဆုံး႐ုပ္ရွင္ေနာ္ ပထမဆုံး႐ုပ္ရွင္။ နင္မို႔ စိတ္မဝင္စားဘဲေနႏိုင္တယ္ အံ့ဩပါ့။ ရပ္ကြက္ထဲက မိန္းမေတြျဖင့္ အဲ့အေၾကာင္း ေျပာလို႔ကို မဆုံးၾကဘူး "

" ကဲပါေတာ္ သြားခ်င္တယ္ဆိုရင္လည္း သြားၾကတာေပါ့။ ေယာက်ၤားႀကီးျဖစ္ၿပီး ပြစိပြစိနဲ႔ နားညည္းလိုက္တာ "

ဖခင္၏အဆြယ္ေကာင္းမႈေၾကာင့္ တစ္ႏွစ္သမီးသက္ေဝမွာ ရန္ကုန္သို႔ေရာက္ရရွာသည့္အျပင္ ႐ုပ္ရွင္ဆိုတာကိုပါ ၾကည့္ခဲ့ရသည္။ တစ္ႏွစ္ေက်ာ္သာရွိေသးသည္မို႔ ဘာမွနားမလည္ေသာ္လည္း ထူးဆန္းသည္က ႐ုပ္ရွင္႐ုံထဲတြင္ ဂ်ီလည္းမက်သလို ငိုလည္းမငိုျခင္းပင္။ သက္ေဝဟာ လူမ်ားသည့္ေနရာမ်ားကို မႀကိဳက္။ ဇာတ္ပြဲ ၊ ဘုရားပြဲ လူရႈပ္သည့္ေနရာသို႔ ေခၚသြားခံရလွ်င္ ေခ်ာ့မရေအာင္ ငိုတတ္သည္။ သို႔ေသာ္ ႐ုပ္ရွင္႐ုံႏွင့္ေတာ့ ဓာတ္တည့္ေနသျဖင့္ မိဘမ်ားကပင္ အံ့ဩယူရသည္။

" ဟ ငါ့သမီးကေတာ့ ႀကီးလာရင္ ႐ုပ္ရွင္မင္းသမီးျဖစ္မယ္ထင္တယ္ေဟ့။ ငိုလည္းမငို ဂ်ီလည္းမက် အံ့ဩခ်က္ပဲ "

ကိုဘရင္၏စကားသည္ ေနာင္တစ္ခ်ိန္တြင္ အမွန္ျဖစ္လာႏိုင္သည္ဆိုတာကိုေတာ့ မည္သူမွ် မေတြးမိခဲ့ၾကေခ်။

၃၀.၁၀.၂၀၂၁

အဓိက ဇာတ္ေကာင္ေတြမေရာက္ခင္ သူတို႔ရဲ့မိဘေတြနဲ႔ ငယ္ဘဝကို သိမွျဖစ္မွာမို႔ (သိရင္ပိုေကာင္းမယ္လို႔ ကၽြန္မယူဆတာေၾကာင့္) ယခုလို ဇာတ္ေၾကာရွည္ေနရျခင္းျဖစ္ပါတယ္ ။

Continue Reading

You'll Also Like

241K 26.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
684K 14.6K 46
အချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....
1.6M 71.7K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
236K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...