[ ပေါင်ပေ့ (ကလေးလေး) ]
မနက်စာထမင်းဝိုင်းတွင် အနေရခက်နေတဲ့လူနှစ်ယောက်။
ဇွန်းတောင်မကိုင်ရသေးခင် ပြန်ထသွားကြတော့ အိမ်တော်ထိန်းကနေ။
" စားလို့ပြီးသွားပြီလား "
ဝမ်ရိပေါ် : " အင်း အလုပ်သွားတော့မယ်။"
ရှောင်းကျန့် : "ကျွန်တော်ကသီချင်းရေးစရာရှိလို့။"
ရှောင်းကျန့် ခြေလှမ်းလှမ်းပြီးမှရိပေါ်နားပြန်လာပြီး ပါးသို့ဖျတ်ခနဲနမ်းကာ။
" အလုပ် .. အလုပ်ကောင်းကောင်းသွားပါ"
ရှောင်းကျန့်ကဒုတိယထပ်သို့ပြေးတက်သွားသလို ရိပေါ်မှာလည်းအိမ်အပြင်သို့
မပြေးရုံတမယ်ထွက်သွားတော့သည်။
" သခင်ကြီးရဲ့ဖိုင်တွဲတွေကျန်ခဲ့ ..... "
အိမ်တော်ထိန်းစကားမဆုံးသေးခင် ရိပေါ်အိမ်ထဲသို့ပြန်ဝင်လာပြီး ဖိုင်တွဲတွေယူသွားလေသည်။
" သခင်ကြီးနဲ့သခင်လေးတို့ဘာတွေဖြစ်နေတာပါလိမ့် "
ရိုက်ကွင်းတစ်နေရာ၌။
" အကိုကောင်းမင်ရဲ့ဖန်တွေက food truck တစ်စီးပို့ပေးလိုက်တယ်။ ငါတို့စားဖို့သွားယူကြရအောင်။ "
ရိုက်ကူးရေးခဏနားသည့်အချိန်တွင် စားစရာရောက်လာတာကြောင့် လူတိုင်းပျော်ရွှင်စွာသွားယူနေကြသည်။ အနားယူနေသည့်ကောင်းမင်ရဲ့ပါးသို့ကပ်လာသည့် အအေးတစ်ဘူး။
" ဘယ်သူ "
Maskတပ်ထားသည့်မျက်နှာက အိပ်မက်ထဲထိသတိရနေသည့်လီမုန့်ရဲ့မျက်နှာဖြစ်လေသည်။
" food truck ပို့ပေးတဲ့သူက မင်းလား "
" အင်း မင်းနဲ့စကားအေးဆေးပြောချင်လို့။ "
ယူလာပေးသည့် အအေးဘူးကိုဖောက်သောက်လိုက်ပြီး ဘေးချင်းကပ်ထိုင်နေသည့်လူကို မသိမသာခိုးကြည့်လို့။
" ဘာပြောမလို့လဲ "
" ငါ ဇီယီကိုနောက်ထပ်မနှောင့်ယှက်တော့ဘူး။ "
ကောင်းမင်ရဲ့အမူအရာမှာအံ့သြသွားသည်ကနေ ပျော်သွားသည့်အမူအရာဖြစ်သွားတော့သည်။ လီမုန့် ကောင်းမင်ကိုကြည့်မိသည့်အချိန် နေမင်းကြီးပမာပြုံးရယ်နေတဲ့လူကြောင့် ဘာလဲဟဆိုသည့်အကြည့်ဖြင့်ပြန်ကြည့်ပေးလိုက်သည်။
" မုန့်အာက ဆုံးဖြတ်ချက်ကောင်းကောင်းချခဲ့တာပဲ "
" ဒါကချီးကျူးနေတာလား ၊ ရွဲ့နေတာလား "
ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသည့်လီမုန့်ရဲ့ခေါင်းကို ပုတ်ပေးလိုက်ပြီး။
" ဒီအကိုက ချီးကျူးနေတာပါကွာ "
ကောင်းမင်ဘေးနားနေရလျှင် လီမုန့်ရဲ့တင်းကြပ်နေသည့်အာရုံကြောများက ပြေလျော့သွားပြီးသက်တောင့်သက်သာဖြစ်လာသည်။
ခုံပေါ်အားပျော့စွာမှီလိုက်ပြီး ဦးထုပ်ကိုချွတ်လို့မျက်နှာပေါ်တင်လိုက်ကာ။
" ဒီရက်ပိုင်းကောင်းကောင်းမအိပ်ရသေးဘူး ၊ မင်းရှုတင်ပြီးသွားရင်ငါ့ကိုနှိုးလိုက် "
လျင်မြန်စွာအိပ်ပျော်သွားတဲ့လီမုန့်ကိုကြည့်ပြီး ကောင်းမင်ခေါင်းတခါခါဖြင့်။
• အဆိုးလေးပါကွာ •
ရှေးခေတ်နန်းတွင်းကားဖြစ်တာကြောင့် ဇာတ်ဝင်ခန်းတစ်ခန်းရိုက်ကူးသည့်အချိန်မှာ ထင်ထားသည်ထက်ပိုကြာခဲ့ကာ ညဘက်သို့ရောက်မှန်းမသိရောက်လာခဲ့တော့သည်။
အိပ်ပျော်ရာမှနိုးလာသည့်လီမုန့်မှာလည်း ကိုယ်ပေါ်တွင်ခြုံပေးခဲ့သည့်ကုတ်အင်္ကျီကိုလက်တွင်ပိုက်ကာ ရိုက်ကူးရေးလုပ်နေသည့်ကောင်းမင်ကို ရပ်ကြည့်နေသည်။
မင်းသမီးရဲ့အမှားကြောင့်နောက်ဆုံးအခန်းကို ထပ်တလဲလဲရိုက်နေရသည့်ကောင်းမင်မှာ အများအမြင်တွင်တော့ စိတ်ရှည်ပြီးနားလည်ပေးကာ ဖေးမသည့်လူအဖြစ်မြင်နေကြပေမဲ့ လီမုန့်မျက်လုံးထဲတွင်တော့ ထိုသူမှာအတော်လေးကိုစိတ်ပျက်ပြီး ဒေါသထွက်နေလေသည်။
ရုတ်ချည်းဆိုသလိုသူ့ဘက်သို့
အကြည့်ရောက်လာတာမြင်တော့ နှုတ်ခမ်းလှုပ်ရုံစကားပြောလိုက်သည်။
" ဒေါသမထွက်နဲ့ "
မာန်ဖီနေသည့်ဝံပုလွေရိုင်းကနေ ချက်ချင်းကိုနာခံတတ်သည့်
ခွေးပေါက်လေးဖြစ်သွားတော့သည်။ တစ်နာရီကျော်မှစောင့်ပြီးသည့်အချိန်တွင်တော့ မိတ်ကပ်ဖျက်ကာအဝတ်အစားလဲပြီးသည့် ကောင်းမင်သူ့အနားသို့ရောက်လာတော့သည်။
" တိုက်ခန်းကိုပြန်ကြမလား "
" အင်း "
"အိုခေ ဒီနေ့မင်းကိုဟင်းချက်ကျွေးမယ် "
" ကောင်းသားပဲ "
သူငယ်ချင်းမကျချစ်သူမကျသည့် လူနှစ်ယောက်ရဲ့ တစ်ဦးအပေါ်တစ်ဦးနားလည်မှုက ချစ်သူတွေထက်သာလွန်နေခဲ့သည်။
အနုပညာလောကနယ်ပယ်ထဲသို့ ချဥ်းနင်းဝင်ရောက်လာသည့်
စီးပွားရေးသမားတစ်ယောက်။ ထိုသူရဲ့ပုံစံကအရိုင်းဆန်ခြင်းမရှိသော်လည်း အဆိပ်ပြင်းကာလှပသည့်အပြာရောင်မျက်လုံးပိုင်ဆိုင်သည့် မြွေဖြူတစ်ကောင်နှယ်။
ထိုလူရဲ့နာမည်က အထက်စီးဆန်စွာဖြင့် King ။
ကုနန် သူ့အသိမိတ်ဆွေများကြားထဲတွင် ထိုနာမည်အားနားကြားပြင်းကပ်သည်အထိ ကြားနေရသောအခါစိတ်အချဥ်ပေါက်လာတော့သည်။
" မစ္စတာကုရော Kကိုသိလား "
ယောကျာ်းလေးတန်မဲ့မိန်းကလေးဖြစ်သူဆီက စနောက်ခြင်းခံထားရသည့်ကုနန် ဗြောင်လိမ်လိုက်သည်။
" မသိဘူး "
စိတ်အေးချမ်းစွာဖြင့် ဝိုင်အားမော့သောက်လိုက်သည့်အချိန်တွင် ခါးထက်သို့ရောက်လာသည့်လက်နှင့် ပုခုံးထက်သို့တင်လာသည့်မေးစေ့ကြောင့် သောက်လက်စဝိုင်မှာပါးစပ်ထဲကပြန်ထွက်လာတော့သည်။
"ကလေးလေး ကိုယ်တို့ထပ်တွေ့ကြပြန်ပြီ "
ဘေးကကမ်းပေးလာသည့်ပဝါကိုယူလို့ ဝိုင်တွေပေနေသည့်ကုနန်ရဲ့မျက်နှာကိုသုတ်ပေးလာသည်။
မသိဘူးလို့ဗြောင်ကျကျပြောပြီးမှ ရင်းနှီးသည့်အပြုအမူတွေလုပ်နေတဲ့သူမက သူ၏မျက်နှာပြောင်မှုကိုစမ်းသပ်နေသည့်အလား။
" မင်းအမေသာကလေးလေး ! မင်းတစ်မျိုးလုံးသာကလေးလေးလုပ်နေလိုက် !"
စိတ်တိုစွာဖြင့်ပါတီပွဲမှထွက်လာခဲ့သည်။
မိမိအိမ်သို့ပြန်လာသည့်လမ်းတွင်ကားရှေ့တည့်တည့်မှ အတားခံလိုက်ရတာကြောင့် ဒေါသစိတ်ကမိုးမွှန်နေတော့သည်။
' သောက်ကျိုးနည်းနေတဲ့နေ့ပါလား '
ကားပေါ်မှဆင်းလိုက်ပြီး ပိတ်ရပ်ထားသည့်ကားထံသို့သွားကာ ကားမှန်ထက်သို့ကြမ်းတမ်းသည့်
မှန်ခေါက်သံများထွက်ပေါ်လာတော့သည်။
ကားမှန်ပွင့်လာသောအခါ ကုနန်မမြင်ချင်သည့်မျက်နှာထွက်ပေါ်လာတော့သည်။ ခရစ်စတယ်အပြာရောင်လိုမျက်ဝန်းတွေက ညအမှောင်ထက်တွင်လွန်စွာတောက်ပနေသည်။
" ကလေးလေး "
"ချီးကိုကလေး ! မင်းဘိုးအေသာကလေး ! မင်းငါ့ရှေ့ထပ်ပေါ်လာရင်အသေပဲ "
ရန်စကားတွေပြောနေသည့်ကုနန်အား ကားမှန်ပေါ်တွက်လက်တင်ကာ အပြုံးမပျက်ကြည့်နေသည်။
" ဒီစကားပြောပြီးရင် မင်းနောက်မလိုက်တော့ဘူး။ "
"ဘာစကားလဲ "
အနားသို့လာဖို့လက်ယပ်ပြတော့ မယုံသည့်အကြည့်ဖြင့်ကားနားသို့ကပ်လာသည်။
ကုနန်ရဲ့နက်ခ်တိုင်စကိုဆွဲလို့ခေါင်းကိုငုံ့စေပြီး အနမ်းတစ်ခုကိုအစပျိုးလိုက်သည်။
မနမ်းတတ်သည့်အပြင်ကြောင်အစွာရပ်နေသည့် ကုနန်ကြောင့် နမ်းနေရင်းမှပြုံးလိုက်ပြီး အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။
" ကလေးလေးကအဖြူထည်လေး "
နမ်းပြီးသည်နှင့်ထွက်သွားသည့် King။ လမ်းမထက်ဒေါသထွက်စွာကျန်နေခဲ့သည့် ကုနန်။
30-8-21
အပိုင်းသစ်တင်ပေးနေပါသော်လည်း ထပ်upပေးဖို့ပဲပြောနေသာအခါ စာရေးသူနှစ်ယောက်ရဲ့အနေအထား :
အပိုင္းသစ္တင္ေပးေနပါေသာ္လည္း ထပ္upေပးဖို႔ပဲေျပာေနသာအခါ စာေရးသူႏွစ္ေယာက္ရဲ႕အေနအထား :
[ ေပါင္ေပ့ (ကေလးေလး) ]
မနက္စာထမင္းဝိုင္းတြင္ အေနရခက္ေနတဲ့လူႏွစ္ေယာက္။
ဇြန္းေတာင္မကိုင္ရေသးခင္ ျပန္ထသြားၾကေတာ့ အိမ္ေတာ္ထိန္းကေန။
" စားလို႔ၿပီးသြားၿပီလား "
ဝမ္ရိေပၚ : " အင္း အလုပ္သြားေတာ့မယ္။"
ေရွာင္းက်န့္ : "ကြၽန္ေတာ္ကသီခ်င္းေရးစရာရွိလို႔။"
ေရွာင္းက်န့္ ေျခလွမ္းလွမ္းၿပီးမွရိေပၚနားျပန္လာၿပီး ပါးသို႔ဖ်တ္ခနဲနမ္းကာ။
" အလုပ္ .. အလုပ္ေကာင္းေကာင္းသြားပါ"
ေရွာင္းက်န့္ကဒုတိယထပ္သို႔ေျပးတက္သြားသလို ရိေပၚမွာလည္းအိမ္အျပင္သို႔
မေျပး႐ုံတမယ္ထြက္သြားေတာ့သည္။
" သခင္ႀကီးရဲ႕ဖိုင္တြဲေတြက်န္ခဲ့ ..... "
အိမ္ေတာ္ထိန္းစကားမဆုံးေသးခင္ ရိေပၚအိမ္ထဲသို႔ျပန္ဝင္လာၿပီး ဖိုင္တြဲေတြယူသြားေလသည္။
" သခင္ႀကီးနဲ႕သခင္ေလးတို႔ဘာေတြျဖစ္ေနတာပါလိမ့္ "
ရိုက္ကြင္းတစ္ေနရာ၌။
" အကိုေကာင္းမင္ရဲ႕ဖန္ေတြက food truck တစ္စီးပို႔ေပးလိုက္တယ္။ ငါတို႔စားဖို႔သြားယူၾကရေအာင္။ "
ရိုက္ကူးေရးခဏနားသည့္အခ်ိန္တြင္ စားစရာေရာက္လာတာေၾကာင့္ လူတိုင္းေပ်ာ္႐ႊင္စြာသြားယူေနၾကသည္။ အနားယူေနသည့္ေကာင္းမင္ရဲ႕ပါးသို႔ကပ္လာသည့္ အေအးတစ္ဘူး။
" ဘယ္သူ "
Maskတပ္ထားသည့္မ်က္ႏွာက အိပ္မက္ထဲထိသတိရေနသည့္လီမုန့္ရဲ႕မ်က္ႏွာျဖစ္ေလသည္။
" food truck ပို႔ေပးတဲ့သူက မင္းလား "
" အင္း မင္းနဲ႕စကားေအးေဆးေျပာခ်င္လို႔။ "
ယူလာေပးသည့္ အေအးဘူးကိုေဖာက္ေသာက္လိုက္ၿပီး ေဘးခ်င္းကပ္ထိုင္ေနသည့္လူကို မသိမသာခိုးၾကည့္လို႔။
" ဘာေျပာမလို႔လဲ "
" ငါ ဇီယီကိုေနာက္ထပ္မႏွောင့္ယွက္ေတာ့ဘူး။ "
ေကာင္းမင္ရဲ႕အမူအရာမွာအံ့ၾသသြားသည္ကေန ေပ်ာ္သြားသည့္အမူအရာျဖစ္သြားေတာ့သည္။ လီမုန့္ ေကာင္းမင္ကိုၾကည့္မိသည့္အခ်ိန္ ေနမင္းႀကီးပမာၿပဳံးရယ္ေနတဲ့လူေၾကာင့္ ဘာလဲဟဆိုသည့္အၾကည့္ျဖင့္ျပန္ၾကည့္ေပးလိုက္သည္။
" မုန့္အာက ဆုံးျဖတ္ခ်က္ေကာင္းေကာင္းခ်ခဲ့တာပဲ "
" ဒါကခ်ီးက်ဴးေနတာလား ၊ ႐ြဲ႕ေနတာလား "
ဦးထုပ္ခပ္ငိုက္ငိုက္ေဆာင္းထားသည့္လီမုန့္ရဲ႕ေခါင္းကို ပုတ္ေပးလိုက္ၿပီး။
" ဒီအကိုက ခ်ီးက်ဴးေနတာပါကြာ "
ေကာင္းမင္ေဘးနားေနရလွ်င္ လီမုန့္ရဲ႕တင္းၾကပ္ေနသည့္အာ႐ုံေၾကာမ်ားက ေျပေလ်ာ့သြားၿပီးသက္ေတာင့္သက္သာျဖစ္လာသည္။
ခုံေပၚအားေပ်ာ့စြာမွီလိုက္ၿပီး ဦးထုပ္ကိုခြၽတ္လို႔မ်က္ႏွာေပၚတင္လိုက္ကာ။
" ဒီရက္ပိုင္းေကာင္းေကာင္းမအိပ္ရေသးဘူး ၊ မင္းရႈတင္ၿပီးသြားရင္ငါ့ကိုႏွိုးလိုက္ "
လ်င္ျမန္စြာအိပ္ေပ်ာ္သြားတဲ့လီမုန့္ကိုၾကည့္ၿပီး ေကာင္းမင္ေခါင္းတခါခါျဖင့္။
• အဆိုးေလးပါကြာ •
ေရွးေခတ္နန္းတြင္းကားျဖစ္တာေၾကာင့္ ဇာတ္ဝင္ခန္းတစ္ခန္းရိုက္ကူးသည့္အခ်ိန္မွာ ထင္ထားသည္ထက္ပိုၾကာခဲ့ကာ ညဘက္သို႔ေရာက္မွန္းမသိေရာက္လာခဲ့ေတာ့သည္။
အိပ္ေပ်ာ္ရာမွနိုးလာသည့္လီမုန့္မွာလည္း ကိုယ္ေပၚတြင္ၿခဳံေပးခဲ့သည့္ကုတ္အကၤ်ီကိုလက္တြင္ပိုက္ကာ ရိုက္ကူးေရးလုပ္ေနသည့္ေကာင္းမင္ကို ရပ္ၾကည့္ေနသည္။
မင္းသမီးရဲ႕အမွားေၾကာင့္ေနာက္ဆုံးအခန္းကို ထပ္တလဲလဲရိုက္ေနရသည့္ေကာင္းမင္မွာ အမ်ားအျမင္တြင္ေတာ့ စိတ္ရွည္ၿပီးနားလည္ေပးကာ ေဖးမသည့္လူအျဖစ္ျမင္ေနၾကေပမဲ့ လီမုန့္မ်က္လုံးထဲတြင္ေတာ့ ထိုသူမွာအေတာ္ေလးကိုစိတ္ပ်က္ၿပီး ေဒါသထြက္ေနေလသည္။
႐ုတ္ခ်ည္းဆိုသလိုသူ႕ဘက္သို႔
အၾကည့္ေရာက္လာတာျမင္ေတာ့ ႏႈတ္ခမ္းလႈပ္႐ုံစကားေျပာလိုက္သည္။
" ေဒါသမထြက္နဲ႕ "
မာန္ဖီေနသည့္ဝံပုေလြရိုင္းကေန ခ်က္ခ်င္းကိုနာခံတတ္သည့္
ေခြးေပါက္ေလးျဖစ္သြားေတာ့သည္။ တစ္နာရီေက်ာ္မွေစာင့္ၿပီးသည့္အခ်ိန္တြင္ေတာ့ မိတ္ကပ္ဖ်က္ကာအဝတ္အစားလဲၿပီးသည့္ ေကာင္းမင္သူ႕အနားသို႔ေရာက္လာေတာ့သည္။
" တိုက္ခန္းကိုျပန္ၾကမလား "
" အင္း "
"အိုေခ ဒီေန႕မင္းကိုဟင္းခ်က္ေကြၽးမယ္ "
" ေကာင္းသားပဲ "
သူငယ္ခ်င္းမက်ခ်စ္သူမက်သည့္ လူႏွစ္ေယာက္ရဲ႕ တစ္ဦးအေပၚတစ္ဦးနားလည္မႈက ခ်စ္သူေတြထက္သာလြန္ေနခဲ့သည္။
အႏုပညာေလာကနယ္ပယ္ထဲသို႔ ခ်ဥ္းနင္းဝင္ေရာက္လာသည့္
စီးပြားေရးသမားတစ္ေယာက္။ ထိုသူရဲ႕ပုံစံကအရိုင္းဆန္ျခင္းမရွိေသာ္လည္း အဆိပ္ျပင္းကာလွပသည့္အျပာေရာင္မ်က္လုံးပိုင္ဆိုင္သည့္ ေႁမြျဖဴတစ္ေကာင္ႏွယ္။
ထိုလူရဲ႕နာမည္က အထက္စီးဆန္စြာျဖင့္ King ။
ကုနန္ သူ႕အသိမိတ္ေဆြမ်ားၾကားထဲတြင္ ထိုနာမည္အားနားၾကားျပင္းကပ္သည္အထိ ၾကားေနရေသာအခါစိတ္အခ်ဥ္ေပါက္လာေတာ့သည္။
" မစၥတာကုေရာ Kကိုသိလား "
ေယာက်ာ္းေလးတန္မဲ့မိန္းကေလးျဖစ္သူဆီက စေနာက္ျခင္းခံထားရသည့္ကုနန္ ေျဗာင္လိမ္လိုက္သည္။
" မသိဘူး "
စိတ္ေအးခ်မ္းစြာျဖင့္ ဝိုင္အားေမာ့ေသာက္လိုက္သည့္အခ်ိန္တြင္ ခါးထက္သို႔ေရာက္လာသည့္လက္ႏွင့္ ပုခုံးထက္သို႔တင္လာသည့္ေမးေစ့ေၾကာင့္ ေသာက္လက္စဝိုင္မွာပါးစပ္ထဲကျပန္ထြက္လာေတာ့သည္။
"ကေလးေလး ကိုယ္တို႔ထပ္ေတြ႕ၾကျပန္ၿပီ "
ေဘးကကမ္းေပးလာသည့္ပဝါကိုယူလို႔ ဝိုင္ေတြေပေနသည့္ကုနန္ရဲ႕မ်က္ႏွာကိုသုတ္ေပးလာသည္။
မသိဘူးလို႔ေျဗာင္က်က်ေျပာၿပီးမွ ရင္းႏွီးသည့္အျပဳအမူေတြလုပ္ေနတဲ့သူမက သူ၏မ်က္ႏွာေျပာင္မႈကိုစမ္းသပ္ေနသည့္အလား။
" မင္းအေမသာကေလးေလး ! မင္းတစ္မ်ိဳးလုံးသာကေလးေလးလုပ္ေနလိုက္ !"
စိတ္တိုစြာျဖင့္ပါတီပြဲမွထြက္လာခဲ့သည္။
မိမိအိမ္သို႔ျပန္လာသည့္လမ္းတြင္ကားေရွ႕တည့္တည့္မွ အတားခံလိုက္ရတာေၾကာင့္ ေဒါသစိတ္ကမိုးမႊန္ေနေတာ့သည္။
' ေသာက္က်ိဳးနည္းေနတဲ့ေန႕ပါလား '
ကားေပၚမွဆင္းလိုက္ၿပီး ပိတ္ရပ္ထားသည့္ကားထံသို႔သြားကာ ကားမွန္ထက္သို႔ၾကမ္းတမ္းသည့္
မွန္ေခါက္သံမ်ားထြက္ေပၚလာေတာ့သည္။
ကားမွန္ပြင့္လာေသာအခါ ကုနန္မျမင္ခ်င္သည့္မ်က္ႏွာထြက္ေပၚလာေတာ့သည္။ ခရစ္စတယ္အျပာေရာင္လိုမ်က္ဝန္းေတြက ညအေမွာင္ထက္တြင္လြန္စြာေတာက္ပေနသည္။
" ကေလးေလး "
"ခ်ီးကိုကေလး ! မင္းဘိုးေအသာကေလး ! မင္းငါ့ေရွ႕ထပ္ေပၚလာရင္အေသပဲ "
ရန္စကားေတြေျပာေနသည့္ကုနန္အား ကားမွန္ေပၚတြက္လက္တင္ကာ အၿပဳံးမပ်က္ၾကည့္ေနသည္။
" ဒီစကားေျပာၿပီးရင္ မင္းေနာက္မလိုက္ေတာ့ဘူး။ "
"ဘာစကားလဲ "
အနားသို႔လာဖို႔လက္ယပ္ျပေတာ့ မယုံသည့္အၾကည့္ျဖင့္ကားနားသို႔ကပ္လာသည္။
ကုနန္ရဲ႕နက္ခ္တိုင္စကိုဆြဲလို႔ေခါင္းကိုငုံ႕ေစၿပီး အနမ္းတစ္ခုကိုအစပ်ိဳးလိုက္သည္။
မနမ္းတတ္သည့္အျပင္ေၾကာင္အစြာရပ္ေနသည့္ ကုနန္ေၾကာင့္ နမ္းေနရင္းမွၿပဳံးလိုက္ၿပီး ေအာက္ႏႈတ္ခမ္းကိုဖိကိုက္လိုက္သည္။
" ကေလးေလးကအျဖဴထည္ေလး "
နမ္းၿပီးသည္ႏွင့္ထြက္သြားသည့္ King။ လမ္းမထက္ေဒါသထြက္စြာက်န္ေနခဲ့သည့္ ကုနန္။
30-8-21