ညနေစောင်းတော့ ငါးမျှားချိတ်တွေသိမ်းကာ ပြန်လာခဲ့ကြသည်။မင်းမြတ်ကငါးမျှားတံကိုင်လျက် နောက်မှလိုက်ကာ အမြွှာနှစ်ယောက်ကတော့
ပုံးနဲ့သွပ်ချောင်ကိုင်ကာရှေ့မှသွားလေသည်။လာလမ်းတုန်းကအတိုင်း ခြံစည်းရိုးခွကာအိမ်ထဲဝင်လိုက်သည်။
"ဟဲ့ ငါးကရခဲ့တယ်လား"
သွပ်ချောင်နဲ့ပုံးတွေကိုင်ကာပြန်လာကြသောအဖွဲ့အားမြင်တော့ လူကြီးတွေနဲ့ဝိုင်းထိုင်နေရာမှ ဝိုင်းချစ်မောင်မောင်
မေးလိုက်သည်။
"ငါးကောင်ပဲရခဲ့တာ"
သွပ်ချောင်ကိုအောက်ချရင်းဝိုင်းချစ်ပြောလိုက်သည်။ချစ်ဝိုင်းနဲ့မင်းမြတ်မှာတော့ ပုံးနဲ့ငါးမျှားတံချကာ လွတ်နေတဲ့ခုံပေါ်ဝင်ထိုင်လိုက်သည်။
"မင်းတို့သွားတာ နေ့လည်ကတည်းကကို အဲ့လောက်ပဲရတာလား"
ဦးချစ်မောင်ရဲ့မေးသံကြားတော့ ဝိုင်းချစ်မှာခုံပေါ်ထိုင်နေသောချစ်ဝိုင်းအားမျက်စောင်းထိုးရင်း
"အဖေ့သားလေ၊ငါးလာချိတ်တော့မယ်ဆိုရင်ကျွန်တော့်ငါးမျှားတံကိုလာလာရိုက်တာ၊အဲ့တော့ငါးတွေကကြောက်ပြီးပြေးတော့တာပေါ့"
တရားခံဖြစ်သူချစ်ဝိုင်းမှာတော့ လူကြီးတွေအားသွားဖြဲပြကာ တဟီးဟီးနှင့်ရယ်ပြနေလေသည်။
"ဝိုင်းချစ်ပဲငါးရနေရင် သူပဲအကုသိုလ်တွေအများကြီးရနေမှာစိုးလို့"
"သြော်...ဒီတော့ညီလေးချစ်ဝိုင်းကို ကိုကိုဝိုင်းချစ်ကကျေးဇူးတင်ပါတယ်နော်"
ဝိုင်းချစ်ရဲ့ရွဲ့ပြောသံကြားတော့ လူကြီးတွေမှာသဘောတကျနဲ့ရယ်ကြလေသည်။
"မနက်ဖြန်မျှစ်ချိုးသွားမှာ၊အငယ်ကောင်နှစ်ယောက်လိုက်ခဲ့"
ဝိုင်းချစ်မောင်မောင်ရဲ့ပြောသံကြားပြီး အမြွှာနှစ်ယောက်မှာပျော်သွားကြလေသည်။သူတို့နှစ်ယောက်က တောထဲသွားရတာအရမ်းပျော်တဲ့လူတွေ။
"မိခြူးရောလိုက်ခဲ့မှာ၊စောစောထကြ"
"ဟုတ်"
"ငါ့မြေးတွေ အင်္ကျီလက်ရှည်ဝတ်သွားကြနော်၊ခြင်ကိုက်တယ်"
"ကျွန်တော်ရော လိုက်ချင်တယ်"
မင်းမြတ်ရဲ့စကားသံကြားပြီး ဘေးလူတွေမှာအံ့သြကြကုန်သည်။ဘယ့်နှယ် ဒီမြို့သားက
တောထဲဘာလိုက်လုပ်မှာတုန်း။မျှစ်ချိုးရတဲ့အလုပ်ကမြို့မှာလုပ်စားလို့ရလို့နည်းယူချင်တာဆိုလည်းဟုတ်သေး။အခုက မြို့မှာလည်းလုပ်စားလို့မရပဲနဲ့။
"ငါ့မြေးက တောထဲဘာလိုက်လုပ်မှာတုန်း"
ဖွားခင်ဝင်မေးလိုက်တော့ မင်းမြတ်ရဲ့အကြည့်တွေကသူ့အားပြူးကြောင်ကြောင်ဖြင့်ကြည့်နေသောချစ်ဝိုင်းဆီသို့ရောက်သွားကာ
"ဒီတိုင်းပဲလိုက်ချင်လို့၊ဘာလို့လဲ ကျွန်တော်လိုက်လို့မရဘူးလား"
"အာ..မဟုတ်ပါဘူး၊ရတာပေါ့"
ထိုအခါမှသာ မင်းမြတ်ပြုံးနိုင်တော့သည်။အခုသူခံစားနေရတာက အကောင်ပေါက်နဲ့တစ်မိနစ်လေးတောင်မခွဲနိုင်ဘူး။အကောင်ပေါက်နဲ့ပဲနီးနီးကပ်ကပ်နေချင်နေတာ။ဟူးးးးသူတော့ မေမေ့အတွက်ချွေးမလောင်းလေးအစား သမက်လောင်းလေးရှာမိတော့မယ်ထင်တယ်။
........................................................................
ရေမိုးချိုးပြီးတော့ အားလုံးထမင်းစားကြလေသည်။စားပွဲနှစ်လုံးချကာ နှစ်ဖွဲ့စားသောက်လိုက်ကြသည်။ခရုဆန်လှော်ဟင်းပါသဖြင့် အမြွှာနှစ်ယောက်မှာထမင်းသုံးပန်ကန်စားပစ်လိုက်သည်။ကိုကြီးမင်းမြတ်ကမစားတတ်ဘူးပြောလို့ ခရုစုပ်ပြလိုက်ရသေးတယ်။
TV ရှေ့ခနထိုင်ကာ အမြွှာနှစ်ယောက်မှာလူကြီးတွေအားကန်တော့ပြီး အိမ်ပေါ်တက်ခဲ့လိုက်သည်။ဒီနေ့သူတို့ ဘေလ်ဖိုးရထားတော့အိမ်အောက်မှာကြာကြာမနေချင်ဘူးလေ။အမြွှာနှစ်ယောက်အိမ်ပေါ်တက်သွားပြီး ခနနေတော့
မင်းမြတ်လည်းအိမ်ပေါ်တက်ကာ သူ့အခန်းထဲဝင်သွားလိုက်သည်။
ချစ်ဝိုင်းFB သုံးနေရင်းခနကြာ သူ့ဖုန်းထဲMessageဝင်လာလေသည်။ချစ်ဝိုင်းက messageဆိုရင် ကြာကြာမထားတတ်သဖြင့် ဖျက်ရန်ပြန်လိုက်တုန်း မြင်လိုက်ရတာက
"ဝိုင်းချစ်ကြည့်စမ်း"
ဘေးနားလှဲအိပ်ကာ Fb သုံးနေသောဝိုင်းချစ်အားရိုက်ကာပြောလိုက်သည်။
"ဘာကြည့်ရမှာလဲ"
"ဒီမှာကြည့်၊ငါ့ဖုန်းထဲဘေလ်တစ်သောင်းဝင်လာတာ"
"ဟင်"
ထိုအခါမှဝိုင်းချစ်မှာပြူးပြူးပြာပြာနှင့် ထကြည့်လာလေသည်။
"မှားလွှဲမိတာလားမှမသိတာ၊ဖုန်းနံပါတ်မပါဘူးလား"
"မပါဘူး၊ဖုန်းဘေလ်တစ်သောင်းဖြည့်သွင်းပြီးပါပြီဆိုပြီးပဲပို့လာတာ"
"ဘာပဲဖြစ်ဖြစ်ကောင်းတယ်၊ငါ့ကိုငါးထောင်ပြန်လွှဲပေးနော်"
"အေး၊အဖေ့ပြန်မပြောနဲ့နော်၊နောက်အပတ်စာမပေးဘဲနေလိမ့်မယ်"
"အွန်း၊ခုလွှဲပေးလိုက်"
ဘေးအခန်းမှအသံတွေကိုခိုးနားထောင်နေသော မင်းမြတ်မှာတော့ရီချင်နေတာကိုမနည်းထိန်းထားရသည်။
မနက်ကထမင်းစားနေတုန်း ဦးလေးကိုပိုက်ဆံတောင်းနေတာကို သူကြားလိုက်တာ။မနေ့က ဝိုင်းချစ်မောင်မောင်နဲ့စကားလက်ဆုံကျတုန်းက အကောင်ပေါက်ဖုန်းနံပါတ်တောင်းထားလိုက်တာကွက်တိဖြစ်သွားတယ်။အများကြီးလည်း မလွှဲပေးချင်ဘူး။တော်ကြာ အကောင်ပေါက်က ဖုန်းအကြည့်များပြီးမျက်လုံးထိခိုက်မှာစိုးရိမ်လို့။
........................................................................
ချစ်ဝိုင်းလည်း ဝိုင်းချစ်အားဘေလ်လွှဲပေးပြီးလိုင်းပြန်သုံးနေလိုက်သည်။
ထိုစဥ် သူ့အားအကောင့်လာအပ်ကြောင်းပေါ်လာသဖြင့် ဘယ်သူလဲကြည့်လိုက်တော့
"Min Myat Mahaw sent you a friend request. "
သူ့မှာအကောင့်နိမ်းအား မျက်ချေးပွတ်ပြီးပြန်ဖတ်လိုက်တော့လည်း ဒါပဲ။အကောင့်ထဲဝင်ကြည့်လိုက်တော့ ခုမှဖွင့်ထားလို့လားမသိ။profileကလည်းဘာပုံမှမတင်ထားဘူး။Friendလည်းတစ်ယောက်မှမရှိဘူးရယ်။
သူလည်း အကောင့်လက်ခံလိုက်ကာ message boxကနေ Min Myat Mahawအကောင့်သို့ messageပို့လိုက်သည်။
"Hi
ကိုကြီးလားဗျ"
တစ်ဖက်ကဖုန်းကိုင်နေလို့လားမသိ ချက်ချင်းစာပြန်လာသည်။
"ဟုတ်တယ်လေ အကောင်ပေါက်"
"Wow ကိုကြီးကအရမ်းချစ်ဖို့ကောင်းတာပဲ၊ကျွန်တော်ပြောတာနဲ့ လိုင်းသုံးတယ်ဆိုတော့"
ပြောလိုက်တဲ့သူကတော့ ဒီတိုင်းပြောလိုက်တာပဲ။မင်းမြတ်မှာတော့ ရင်တွေခုန်သွားရသည်။
"အွန်း၊ညနက်နေပြီ အိပ်တော့အကောင်ပေါက်"
"ဟုတ်၊ကောင်းသောညပါဗျ"
မျက်လုံးထိခိုက်မှာစိုး၍စောစောအိပ်ခိုင်းလိုက်တော့ စာပြန်လာတာကချစ်စရာလေး။
တစ်ဖက်မှ ချစ်ဝိုင်းမှာတော့မင်းမြတ်အကောင့်အား copy linkယူကာ မိခြူးအားပို့နေလေသည်။
......................................................................
ဖတ်ရှူပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက်ပါ။
Zawgyi
ညေနေစာင္းေတာ့ ငါးမွ်ားခ်ိတ္ေတြသိမ္းကာ ျပန္လာခဲ့ၾကသည္။မင္းျမတ္ကငါးမွ်ားတံကိုင္လ်က္ ေနာက္မွလိုက္ကာ အႁမႊာႏွစ္ေယာက္ကေတာ့
ပုံးနဲ႕သြပ္ေခ်ာင္ကိုင္ကာေရွ႕မွသြားေလသည္။လာလမ္းတုန္းကအတိုင္း ၿခံစည္းရိုးခြကာအိမ္ထဲဝင္လိုက္သည္။
"ဟဲ့ ငါးကရခဲ့တယ္လား"
သြပ္ေခ်ာင္နဲ႕ပုံးေတြကိုင္ကာျပန္လာၾကေသာအဖြဲ႕အားျမင္ေတာ့ လူႀကီးေတြနဲ႕ဝိုင္းထိုင္ေနရာမွ ဝိုင္းခ်စ္ေမာင္ေမာင္
ေမးလိုက္သည္။
"ငါးေကာင္ပဲရခဲ့တာ"
သြပ္ေခ်ာင္ကိုေအာက္ခ်ရင္းဝိုင္းခ်စ္ေျပာလိုက္သည္။ခ်စ္ဝိုင္းနဲ႕မင္းျမတ္မွာေတာ့ ပုံးနဲ႕ငါးမွ်ားတံခ်ကာ လြတ္ေနတဲ့ခုံေပၚဝင္ထိုင္လိုက္သည္။
"မင္းတို႔သြားတာ ေန႕လည္ကတည္းကကို အဲ့ေလာက္ပဲရတာလား"
ဦးခ်စ္ေမာင္ရဲ႕ေမးသံၾကားေတာ့ ဝိုင္းခ်စ္မွာခုံေပၚထိုင္ေနေသာခ်စ္ဝိုင္းအားမ်က္ေစာင္းထိုးရင္း
"အေဖ့သားေလ၊ငါးလာခ်ိတ္ေတာ့မယ္ဆိုရင္ကြၽန္ေတာ့ငါးမွ်ားတံကိုလာလာရိုက္တာ၊အဲ့ေတာ့ငါးေတြကေၾကာက္ၿပီးေျပးေတာ့တာေပါ့"
တရားခံျဖစ္သူခ်စ္ဝိုင္းမွာေတာ့ လူႀကီးေတြအားသြားၿဖဲျပကာ တဟီးဟီးႏွင့္ရယ္ျပေနေလသည္။
"ဝိုင္းခ်စ္ပဲငါးရေနရင္ သူပဲအကုသိုလ္ေတြအမ်ားႀကီးရေနမွာစိုးလို႔"
"ေၾသာ္...ဒီေတာ့ညီေလးခ်စ္ဝိုင္းကို ကိုကိုဝိုင္းခ်စ္ကေက်းဇူးတင္ပါတယ္ေနာ္"
ဝိုင္းခ်စ္ရဲ႕႐ြဲ႕ေျပာသံၾကားေတာ့ လူႀကီးေတြမွာသေဘာတက်နဲ႕ရယ္ၾကေလသည္။
"မနက္ျဖန္မွ်စ္ခ်ိဳးသြားမွာ၊အငယ္ေကာင္ႏွစ္ေယာက္လိုက္ခဲ့"
ဝိုင္းခ်စ္ေမာင္ေမာင္ရဲ႕ေျပာသံၾကားၿပီး အႁမႊာႏွစ္ေယာက္မွာေပ်ာ္သြားၾကေလသည္။သူတို႔ႏွစ္ေယာက္က ေတာထဲသြားရတာအရမ္းေပ်ာ္တဲ့လူေတြ။
"မိျခဴးေရာလိုက္ခဲ့မွာ၊ေစာေစာထၾက"
"ဟုတ္"
"ငါ့ေျမးေတြ အက္်ီလက္ရွည္ဝတ္သြားၾကေနာ္၊ျခင္ကိုက္တယ္"
"ကြၽန္ေတာ္ေရာ လိုက္ခ်င္တယ္"
မင္းျမတ္ရဲ႕စကားသံၾကားၿပီး ေဘးလူေတြမွာအံ့ၾသၾကကုန္သည္။ဘယ့္ႏွယ္ ဒီၿမိဳ႕သားက
ေတာထဲဘာလိုက္လုပ္မွာတုန္း။မွ်စ္ခ်ိဳးရတဲ့အလုပ္ကၿမိဳ႕မွာလုပ္စားလို႔ရလို႔နည္းယူခ်င္တာဆိုလည္းဟုတ္ေသး။အခုက ၿမိဳ႕မွာလည္းလုပ္စားလို႔မရပဲနဲ႕။
"ငါ့ေျမးက ေတာထဲဘာလိုက္လုပ္မွာတုန္း"
ဖြားခင္ဝင္ေမးလိုက္ေတာ့ မင္းျမတ္ရဲ႕အၾကည့္ေတြကသူ႕အားျပဴးေၾကာင္ေၾကာင္ျဖင့္ၾကည့္ေနေသာခ်စ္ဝိုင္းဆီသို႔ေရာက္သြားကာ
"ဒီတိုင္းပဲလိုက္ခ်င္လို႔၊ဘာလို႔လဲ ကြၽန္ေတာ္လိုက္လို႔မရဘူးလား"
"အာ..မဟုတ္ပါဘူး၊ရတာေပါ့"
ထိုအခါမွသာ မင္းျမတ္ၿပဳံးနိုင္ေတာ့သည္။အခုသူခံစားေနရတာက အေကာင္ေပါက္နဲ႕တစ္မိနစ္ေလးေတာင္မခြဲနိုင္ဘူး။အေကာင္ေပါက္နဲ႕ပဲနီးနီးကပ္ကပ္ေနခ်င္ေနတာ။ဟူးးးးသူေတာ့ ေမေမ့အတြက္ေခြၽးမေလာင္းေလးအစား သမက္ေလာင္းေလးရွာမိေတာ့မယ္ထင္တယ္။
........................................................................
ေရမိုးခ်ိဳးၿပီးေတာ့ အားလုံးထမင္းစားၾကေလသည္။စားပြဲႏွစ္လုံးခ်ကာ ႏွစ္ဖြဲ႕စားေသာက္လိုက္ၾကသည္။ခ႐ုဆန္ေလွာ္ဟင္းပါသျဖင့္ အႁမႊာႏွစ္ေယာက္မွာထမင္းသုံးပန္ကန္စားပစ္လိုက္သည္။ကိုႀကီးမင္းျမတ္ကမစားတတ္ဘူးေျပာလို႔ ခ႐ုစုပ္ျပလိုက္ရေသးတယ္။
TV ေရွ႕ခနထိုင္ကာ အႁမႊာႏွစ္ေယာက္မွာလူႀကီးေတြအားကန္ေတာ့ၿပီး အိမ္ေပၚတက္ခဲ့လိုက္သည္။ဒီေန႕သူတို႔ ေဘလ္ဖိုးရထားေတာ့အိမ္ေအာက္မွာၾကာၾကာမေနခ်င္ဘူးေလ။အႁမႊာႏွစ္ေယာက္အိမ္ေပၚတက္သြားၿပီး ခနေနေတာ့
မင္းျမတ္လည္းအိမ္ေပၚတက္ကာ သူ႕အခန္းထဲဝင္သြားလိုက္သည္။
ခ်စ္ဝိုင္းFB သုံးေနရင္းခနၾကာ သူ႕ဖုန္းထဲMessageဝင္လာေလသည္။ခ်စ္ဝိုင္းက messageဆိုရင္ ၾကာၾကာမထားတတ္သျဖင့္ ဖ်က္ရန္ျပန္လိုက္တုန္း ျမင္လိုက္ရတာက
"ဝိုင္းခ်စ္ၾကည့္စမ္း"
ေဘးနားလွဲအိပ္ကာ Fb သုံးေနေသာဝိုင္းခ်စ္အားရိုက္ကာေျပာလိုက္သည္။
"ဘာၾကည့္ရမွာလဲ"
"ဒီမွာၾကည့္၊ငါ့ဖုန္းထဲေဘလ္တစ္ေသာင္းဝင္လာတာ"
"ဟင္"
ထိုအခါမွဝိုင္းခ်စ္မွာျပဴးျပဴးျပာျပာႏွင့္ ထၾကည့္လာေလသည္။
"မွားလႊဲမိတာလားမွမသိတာ၊ဖုန္းနံပါတ္မပါဘူးလား"
"မပါဘူး၊ဖုန္းေဘလ္တစ္ေသာင္းျဖည့္သြင္းၿပီးပါၿပီဆိူၿပီးပဲပို႔လာတာ"
"ဘာပဲျဖစ္ျဖစ္ေကာင္းတယ္၊ငါ့ကိုငါးေထာင္ျပန္လႊဲေပးေနာ္"
"ေအး၊အေဖ့ျပန္မေျပာနဲ႕ေနာ္၊ေနာက္အပါတ္စာမေပးဘဲေနလိမ့္မယ္"
"အြန္း၊ခုလႊဲေပးလိုက္"
ေဘးအခန္းမွအသံေတြကိုခိုးနားေထာင္ေနေသာ မင္းျမတ္မွာေတာ့ရီခ်င္ေနတာကိုအနည္းထိန္းထားရသည္။
မနက္ကထမင္းစားေနတုန္း ဦးေလးကိုပိုက္ဆံေတာင္းေနတာကို သူၾကားလိုက္တာ။မေန႕က ဝိုင္းခ်စ္ေမာင္ေမာင္နဲ႕စကားလက္ဆုံက်တဳန္းက အေကာင္ေပါက္ဖုန္းနံပါတ္ေတာင္းထားလိုက္တာကြက္တိျဖစ္သြားတယ္။အမ်ားႀကီးလည္း မလႊဲေပးခ်င္ဘူး။ေတာ္ၾကာ အေကာင္ေပါက္က ဖုန္းအၾကည့္မ်ားၿပီးမ်က္လုံးထိခိုက္မွာစိုးရိမ္လို႔။
(AN/လိုခ်င္တာအလိုက္တသိေဘလ္ထည့္ေပးမယ့္ဘဲမ်ိဳး)
........................................................................
ခ်စ္ဝိုင္းလည္း ဝိုင္းခ်စ္အားေဘလ္လႊဲေပးၿပီးလိုင္းျပန္သုံးေနလိုက္သည္။
ထိုစဥ္ သူ႕အားအေကာင့္လာအပ္ေၾကာင္းေပၚလာသျဖင့္ ဘယ္သူလဲၾကည့္လိုက္ေတာ့
"Min Myat Mahaw sent you a friend request. "
သူ႕မွာအေကာင့္နိမ္းအား မ်က္ေခ်းပြတ္ၿပီးျပန္ဖတ္လိုက္ေတာ့လည္း ဒါပဲ။အေကာင့္ထဲဝင္ၾကည့္လိုက္ေတာ့ ခုမွဖြင့္ထားလို႔လားမသိ။ppကလည္းဘာပုံမွမတင္ထားဘူး။Friendလည္းတစ္ေယာက္မွမရွိဘူးရယ္။
သူလည္း အေကာင့္လက္ခံလိုက္ကာ message boxကေန Min Myat Mahawအေကာင့္သို႔ messageပို႔လိုက္သည္။
"Hi
ကိုႀကီးလားဗ်"
တစ္ဖက္ကဖုန္းကိုင္ေနလို႔လားမသိ ခ်က္ခ်င္းစာျပန္လာသည္။
"ဟုတ္တယ္ေလ အေကာင္ေပါက္"
"Wow ကိုႀကီးကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ၊ကြၽန္ေတာ္ေျပာတာနဲ႕ လိုင္းသုံးတယ္ဆိုေတာ့"
ေျပာလိုက္တဲ့သူကေတာ့ ဒီတိုင္းေျပာလိုက္တာပဲ။မင္းျမတ္မွာေတာ့ ရင္ေတြခုန္သြားရသည္။
"အြန္း၊ညနက္ေနၿပီ အိပ္ေတာ့အေကာင္ေပါက္"
"ဟုတ္၊ေကာင္းေသာညပါဗ်"
မ်က္လုံးထိခိုက္မွာစိုး၍ေစာေစာအိပ္ခိုင္းလိုက္ေတာ့ စာျပန္လာတာကခ်စ္စရာေလး။
တစ္ဖက္မွ ခ်စ္ဝိုင္းမွာေတာ့မင္းျမတ္အေကာင့္အား copy linkယူကာ မိျခဴးအားပို႔ေနေလသည္။
......................................................................
ဖတ္ရႉေပးတဲ့တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္လ်က္ပါ။