MY VILLAGER (COMPLETED)

By White_Daisy85

306K 26K 537

"ကောင်းကင်ပေါ်မှာ တိမ်တွေရှိတယ် ပင်လယ်ထဲမှာ ရေတွေရှိတယ် ကိုယ့်နှလုံးသားလေးကတော့ ရွာငယ်လေးမှာရှိတယ်" "ေကာင္းကင... More

Part[1]
Part[2]
Part[3]
Part[4]
Part[6]
Part[7]
Part[8]
Part[9]
Part[10]
Views🌳
Part[11]
Part[12]
Part[13]
Part[14]
Part[15]
Part[16]
Part[17]
Part[18]
Part[19]
Part[20]
Part[21]
Part[22]
Part[23]
Part[24]
Part[25]
Part[26]
Part[27]
Part[28]
Part[29]
_Final_
New Fic
Extra 1
Extra 2

Part[5]

9.8K 973 50
By White_Daisy85

"ဒါက သုသာန်လေ၊ရွာတောင်ပိုင်းနဲ့လမ်းပဲခြားတာရယ်"

လမ်းဖြတ်ရင်းပြောလာသော အကောင်ပေါက်။ကိုယ်က တစ်ဦးတည်းသော သားမို့လို့လားမသိဘူး။တွေ့တာမကြာသေးဘူး။ဒီကလေးနှစ်ယောက်ကို သံယောဇဥ်တွယ်နေပြီရယ်။

"ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အိမ်မှာဝက်မွေးတယ်လေ။ညနေကျောင်းဆင်းတာနဲ့ ဝက်ကျောင်းရတော့တာပဲ။ဝက်လွှတ်တာကတော့ အနောက်ကိုလွှတ်တာ။အဲ့ဒါကို ဝက်မကြီးက ဒီတောင်ပိုင်းပဲရောက်ရောက်သွားတာ၊ပြန်တွေ့ရင် သုသာန်မှာကြီးပဲ"

"ငယ်တုန်းကတော့ သုသာန်လည်းတစ်ယောက်တည်းသွားတာပဲ၊ကြီးလာတော့ အဖော်ပါတယ်ဆိုရင်ကို သိပ်မသွားရဲတော့ဘူး၊ဟီးးးဟီး"

ရယ်ရယ်ပြုံးပြုံးနဲ့ပြောလာပါသော အကောင်ပေါက်။ဝိုင်းချစ်ကတော့ ငြိမ်ချက်သားကောင်းနေတယ်။

ရွာပြင်ရောက်တာနဲ့ လယ်ကွင်းတွေကို တစ်မျှော်တစ်ဆုံးမြင်ရတော့တာဲ။ကုန်းတွေပေါ်မှာက ပြောင်းခင်းတွေနဲ့။မနီးမဝေးက တောင်တန်းကြီးတွေ။ဟိုနားတစ်စု ဒီနားတစ်စု တဲပေါက်စတွေ။ဒီရွှာလေးက ကုန်းမြင့်ကျတယ်ပြောရမယ်။ဟိုးအနောက်မြေနိမ့်ပိုင်းဆီမှာ မြင်နေရတဲ့ ရွာငယ်လေးတစ်ရွာ။

ဟော..ရှေ့မှာချောင်းလေး။

"ဒါကတောင်ကချောင်းလေ၊ငယ်ငယ်တုန်းကတော့ ဒီချောင်းမှာအဖော်တွေနဲ့ငါးနှိုက်ငါးဖမ်းခဲ့တာ၊ရွံ့တွေနဲ့လောက်စာလုံးပြီး လောက်စာကဲတမ်းကစား၊အိမ်ပြန်ရင် အဖေကတုတ်ကိုင်ပြီးစောင့်နေပြီ"

"ဝိုင်းချစ် မင်းအရင်ရေထဲဆင်းကြည့်စမ်း၊ရေနစ်သလားသိချင်လို့"

"သိချင်ရင် မင်းဆင်းကြည့်ပါလား"

ငြင်းခုန်နေကြသော အမြွှာနှစ်ယောက်အားကြည့်ရင်း  မင်းမြတ်မှာ သဘောတွေကျနေလေသည်။

"ကိုယ်အရင်ဆင်းကြည့်မယ်"

"ကောင်းတာပေါ့၊ဟီးးးဟီး"

သြော်..ကိုယ်အရင်ဆင်းမယ်လည်းပြောလိုက်ရော ပျော်သွားကြပါသော အမောင်နှစ်ယောက်။

ရေကအပေါ်လျှံတက်နေတော့ နစ်မယ်ထင်ထားတာ။တိမ်တိမ်လေးရယ်။

"လာ မနစ်ဘူး၊ရေတိမ်တယ်"

တစ်ဖက်ကမ်းသို့ရောက်သွားပြီဖြစ်သော မင်းမြတ်မှအမြွှာနှစ်ယောက်အား လှမ်းခေါ်လိုက်သည်။

အမြွှာနှစ်ယောက်မှာရေထဲဖြတ်ရင်း ချစ်ဝိုင်းမှ

"အရင်က ဒီချောင်းကရေနစ်တယ် ကိုကြီး၊ဒီနှစ်တွေထဲ ဘက်ဖိုးတွေကုတ်ပြီး လမ်းပြင်ထားတာနေမယ်"

.......................................................................

တစ်ချို့လယ်တွေက ပျိုးမနုတ်ရသေးဘူး။ကောက်စိုက်ပြီးတဲ့လယ်တစ်ချို့လည်းရှိတယ်။ကောက်စိုက်နေတဲ့အမျိုးသမီးတွေကိုလည်း လှမ်းမြင်နေရသည်။

"ဟိုနှစ်ကောင် အဲ့ဒါဘယ်သွားကြမလို့တုန်း"

ကောက်စိုက်သမလေးများထဲမှ တစ်ယောက်က အမြွှာနှစ်ယောက်အားမြင်ကာ လှမ်းအော်လေသည်။

"ငါ မိခြူးကို ဘယ်ကအဖွားကြီးလဲလို့ကြည့်နေတာ၊အသံထွက်လာမှပဲ မိခြူးမှန်းသိတော့တယ်"

"ငါရော..အဖွားကြီးထင်နေတာ"

သူမအား ဖဲ့လာသောအမြွှာနှစ်ယောက်အား မျက်စောင်းထိုးလိုက်သည်။ဟယ်...အနောက်ကကိုလူချောကို ခုမှမြင်တယ်။

ချစ်ဝိုင်းမှာ ခြူးလဲ့ရည်ရဲ့ဘလင်းဘလင်းအကြည့်များကို နားလည်သူပီပီ

"ဒါ မြို့ကဧည့်သည်လေ၊အဖွားနဲ့ပါလာတာ၊ဟင်း...ဟင်း"

ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းအကြောင်း ချစ်ဝိုင်းကောင်းကောင်းသိတာပေါ့။uniတက်တော့လည်း ကျောင်းတူမေဂျာတူ။မိခြူးက ခပ်ချောချောကောင်လေးတွေတိုင်း သူ့လင်လို့သတ်မှတ်ထားတာ။ကိုကြီးအကြောင်းကို မိခြူးဆီ ရောင်းစားပစ်မယ်။ဟင်းးးးဟင်းးးး

"လာ..လာ၊နင်တို့နှစ်ကောင် လာဦး"

အနားလာရန် လက်ယပ်ခေါ်နေသော မိခြူးမကြောင့် အမြွှာနှစ်ယောက်မှာ အနားကပ်သွားရလေသည်။

မင်းမြတ်မဟော် စိတ်မကြည်တော့ပါဘူး။ဒီကောင်မလေးနဲ့တွေ့ကာမှ အကောင်ပေါက်က သူ့ကိုပလစ်ထားတာ။ခုလည်း တိုးတိုးနဲ့ဘာပြောနေကြမှန်းမသိ။

"အဲ့အစ်ကိုကြီးအကောင့် ငါ့ကိုပြောစမ်းပါ"

ချစ်ဝိုင်းမှာ သူ့ဂွင်ထဲသို့ဝင်လာပြီဟူသောအကြည့်ဖြင့် ဝိုင်းချစ်အားမျက်ခုံးပင့်ပြကာ

"အလကားတော့ မရဘူးလေ"

လျှောက်သာရွှီးနေရတယ်၊သူတို့လည်း ကိုကြီးအကောင့်ခုထိမသိသေးဘူး။

"ကျောင်းတက်ရင် တစ်ဝိုင်းကောင်းကောင်းကျွေးမယ်လေ"

"မရသေးဘူး၊ငါးဝိုင်းလောက်တော့လုပ်လိုက်"

ဝိုင်းချစ်မှာ ခုမှချစ်ဝိုင်း ကိုကြီးမင်းမြတ်ကိုကပ်နေရလဲ သိရတော့တယ်။ချစ်ဝိုင်းကကိုကြီးမင်းမြတ်ကို ကပ်ပြီးအမြတ်ကြီးစားချင်နေတာ။

"လျှော့ဦးလေ၊သုံးဝိုင်းလောက်တော့လုပ်လိုက်"

"အေးပါ၊သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဆိုတော့လည်း လျှော့ပေးလိုက်ပါ့မယ်"

"ဒါမှ ငါ့သူငယ်ချင်း၊ဟီးးးဟီး၊ဒါနဲ့ နင်တို့နှစ်ကောင် ငါကူးပေးထားတဲ့ဇာတ်ကားတွေကြည့်ပြီးပြီလား"

"မကြည့်သေးဘူး ပျင်းလို့"

"ဟယ် ခုထိမကြည့်ရသေးဘူးလား၊ငါအဲ့ဇာတ်ကားတွေကို နင်တို့ကိုပြချင်လွန်းလို့ ဘေလ်အကုန်ခံပြီး downထားရတာနော်"

"အေးပါ...အေးပါ၊မပျင်းရင်ကြည့်လိုက်ပါ့မယ်၊ဒါနဲ့ငါတို့သွားဦးမယ်၊နေမြင့်ရင် ခရုမရမှာစိုးလို့၊ညနေမှပဲ နင်တို့အိမ်လာခဲ့မယ်၊အိုကေ"

"ကေတယ်ကေတယ်၊သွားးးသွား"

"ကိုကြီးသွားမယ်"

ထွက်သွားကြသော သုံးယောက်အားကြည့်ရင်း သူမသဘောကျနေပါသည်။ဒီနှစ်ယောက်ထဲကတစ်ယောက်နဲ့အစ်ကိုကြီးကို ပေးစားပစ်မယ် ဟင်းးးးဟင်းးးး

......................................................................

"ရောက်ပြီ ဒီလယ်ကွက်ပဲ"

"ကိုကြီး ဖိနပ်ချွတ်၊နွံနစ်တယ်ရယ်"

သုံးယောက်သားလယ်ကန်သင်းပေါ်ဖိနပ်ချွတ်ရင်း လယ်ထဲစဆင်းကြသည်။ချောင်းထဲကနေ ရေသွင်းထားတော့ ရေရှိတယ်။

"ကိုကြီး လာခရုဘယ်လိုကောက်ရမလဲ ကျွန်တော်ပြမယ်၊အယ် ဒါနဲ့ခရုထည့်ရအောင်ဘာမှလည်းမပါဘူး"

"ဝိုင်းချစ်မှာရောမပါဘူးလား မေးကြည့်လိုက်လေ"

မင်းမြတ်ဝင်ပြောမှ အနောက်နားခရုကုန်းကောက်နေသော ဝိုင်းချစ်အားလှည့်ကြည့်ရင်း

"ဝိုင်းချစ် ထည့်စရာပါလား"

"ပါတယ်၊မမဝိုင်း အိတ်ထည့်ပေးလိုက်တာ"

ခါးကြားထဲထိုးထည့်ထားသော ပါဆယ်အိတ်အားထုတ်ပြရင်း ပြောလိုက်သည်။

"ပါတယ်ဆိုလည်း ပြီးတာပဲ။လာ လာကိုကြီး"

"ဒီမှာကြည့် မဲမဲလေးမြင်တယ်မလား၊ဘေးနားက မြေပုံလေးတွေမှာ တက်နေတာလေးတွေ၊အဲ့ဒါ ခရုလို့ခေါ်ပါတယ်ခင်ဗျာ"

"အဲ့လိုမျိုးလေးတွေ လိုက်ကောက်နော်ကိုကြီး၊သတိလည်းထားဦး ဂဏန်းညှပ်ခံနေရဦးမယ်"

တစ်ယောက်တစ်နေရာစီ ခရုကောက်နေရင်း ခဏကြာတော့

"ဝိုင်းချစ် ငါရှူးပေါက်ချင်တယ်"

"ဟိုနားက ချုံပုတ်သွားပေါက်လေကွာ၊နတ်တွေကိုလည်း တိုင်တည်လိုက်ဦး"

"ကိုကြီးရော ရှူးပေါက်လိုက်ဦးမလား"

မင်းမြတ်အားအဖော်စပ်လာပါသော အကောင်ပေါက်။မင်းမြတ်ခေါင်းယမ်းပြလိုက်တော့

"ဝိုင်းချစ်ရော ကိုကြီးရော ဘယ်သူမှချောင်းမကြည့်နဲ့နော်"ဟုဆိုကာ ချုံပုတ်နားသွားလေသည်။

"တပည့်တော်ရှူးတအားပေါက်ချင်နေလို့ပါဘုရား၊ခွင့်လွှတ်ပေးပါ"ဟုဆိုကာ အပေါစွန့်လိုက်သည်။

"အားးးခုမှပဲပေါ့သွားတော့တယ်"

ဘောင်းဘီသေချာပြန်ဝတ်ကာ ချုံပုတ်ထဲကအထွက်

"အားးးးးကယ်ကြပါဦး၊မြွေကြီး"

ဖိနပ်ပါတာတွေ မပါတာတွေမသိတော့ဘူး။ဝိုင်းချစ်တို့ဆီသာ ပြေးလေပါသော ချစ်ဝိုင်း။မြွေအကြောက်ဆုံးပါဆိုမှ မြွေနဲ့တိုးရတယ်လို့။

ကိုယ့်အော်သံကြားလို့လားမသိ၊အပြေးလာကြည့်ပါသော ကိုကြီးနဲ့ဝိုင်းချစ်။အနီးနားရောက်လာပြီဖြစ်သော ကိုကြီးပေါ်သာခုန်တက်လိုက်သည်။

ဝိုင်းချစ်ပေါ် ဘာလို့ခုန်မတက်လဲလာမမေးနဲ့။သူနဲ့ကိုယ်နဲ့က ဆိုက်တူဂိုက်တူဆိုတော့ ကိုယ့်မနိုင်မှာစိုးလို့၊တောင့်တောင့်ဖြောင့်ဖြောင့် ကိုကြီးပေါ်ကို ခုန်တက်လိုက်တာ။

မင်းမြတ်မှာတော့ချစ်ဝိုင်းမပြောမဆိုခုန်တက်လိုက်တာမို့ အင့်ကနဲ။ပြုတ်ကျမသွားအောင် မနည်းထိန်းလိုက်ရတယ်။

"ဟေ့ကောင် မြွေတွေ့ခဲ့တာလား"

"ကိုကြီးမင်းမြတ် ချလိုက်တော့ အဲ့ကောင်ကို"

ဝိုင်းချစ်စကားကြောင့် မင်းမြတ်မှာ ချစ်ဝိုင်းကိုအောက်ချရန်ပြင်လိုက်တယ်။

"အောက်မချနဲ့နော် ကိုကြီး"

အသံတုန်တုန်နဲ့ပြောလာပါသော အမောင်ချစ်ဝိုင်း။

"ဘာလို့လဲ အကောင်ပေါက်"

"ခြေထောက်တွေ တုန်နေလို့"

........................................................................
ဖတ်ရှုပေးတဲ့သူတိုင်းကိုရော၊voteပေးတဲ့သူတိုင်းကိုရော၊commentဝင်ရေးတဲ့သူတိုင်းကို ကျေးဇူးတင်လျက်ပါ။

Zawgyi

"ဒါက သုသာန္ေလ၊႐ႊာေတာင္ပိုင္းနဲ႕လမ္းပဲျခားတာရယ္"

လမ္းျဖတ္ရင္းေျပာလာေသာ အေကာင္ေပါက္။ကိုယ္က တစ္ဦးတည္းေသာ သားမို႔လို႔လားမသိဘူး။ေတြ႕တာမၾကာေသးဘူး။ဒီကေလးႏွစ္ေယာက္ကို သံေယာဇဥ္တြယ္ေနၿပီရယ္။

"ကြၽန္ေတာ္တို႔ငယ္ငယ္တုန္းကေတာ့ အိမ္မွာဝက္ေမြးတယ္ေလ။ညေနေက်ာင္းဆင္းတာနဲ႕ ဝက္ေက်ာင္းရေတာ့တာပဲ။ဝက္လႊတ္တာကေတာ့ အေနာက္ကိုလႊတ္တာ။အဲ့ဒါကို ဝက္မႀကီးက ဒီေတာင္ပိုင္းပဲေရာက္ေရာက္သြားတာ၊ျပန္ေတြ႕ရင္ သုသာန္မွာႀကီးပဲ"

"ငယ္တုန္းကေတာ့ သုသာန္လည္းတစ္ေယာက္တည္းသြားတာပဲ၊ႀကီးလာေတာ့ အေဖာ္ပါတယ္ဆိုရင္ကို သိပ္မသြားရဲေတာ့ဘူး၊ဟီးးးဟီး"

ရယ္ရယ္ၿပဳံးၿပဳံးနဲ႕ေျပာလာပါေသာ အေကာင္ေပါက္။ဝိုင္းခ်စ္ကေတာ့ ၿငိမ္ခ်က္သားေကာင္းေနတယ္။

႐ႊာျပင္ေရာက္တာနဲ႕ လယ္ကြင္းေတြကို တစ်မျှော်တစ်ဆုံးမြင်ရတော့တာဲ။ကုန်းတွေပေါ်မှာက ေျပာင္းခင္းေတြနဲ႕။မနီးမေဝးက ေတာင္တန္းႀကီးေတြ။ဟိုနားတစ္စု ဒီနားတစ္စု တဲေပါက္စေတြ။ဒီ႐ႊာေလးက ကုန္းျမင့္က်တယ္ေျပာရမယ္။ဟိုးအေနာက္ေျမနိမ့္ပိုင္းဆီမွာ ျမင္ေနရတဲ့ ႐ြာငယ္ေလးတစ္႐ႊာ။

ေဟာ..ေရွ႕မွာေခ်ာင္းေလး။

"ဒါကေတာင္ကေခ်ာင္းေလ၊ငယ္ငယ္တုန္းကေတာ့ ဒီေခ်ာင္းမွာအေဖာ္ေတြနဲ႕ငါးႏွိုက္ငါးဖမ္းခဲ့တာ၊႐ြံ႕ေတြနဲ႕ေလာက္စာလုံးၿပီး ေလာက္စာကဲတမ္းကစား၊အိမ္ျပန္ရင္ အေဖကတုတ္ကိုင္ၿပီးေစာင့္ေနၿပီ"

"ဝိုင္းခ်စ္ မင္းအရင္ေရထဲဆင္းၾကည့္စမ္း၊ေရနစ္သလားသိခ်င္လို႔"

"သိခ်င္ရင္ မင္းဆင္းၾကည့္ပါလား"

ျငင္းခုန္ေနၾကေသာ အႁမႊာႏွစ္ေယာက္အားၾကည့္ရင္း  မင္းျမတ္မွာ သေဘာေတြက်ေနေလသည္။

"ကိုယ္အရင္ဆင္းၾကည့္မယ္"

"ေကာင္းတာေပါ့၊ဟီးးးဟီး"

ေၾသာ္..ကိုယ္အရင္ဆင္းမယ္လည္းေျပာလိုက္ေရာ ေပ်ာ္သြားၾကပါေသာ အေမာင္ႏွစ္ေယာက္။

ေရကအေပၚလွ်ံတက္ေနေတာ့ နစ္မယ္ထင္ထားတာ။တိမ္တိမ္ေလးရယ္။

"လာ မနစ္ဘူး၊ေရတိမ္တယ္"

တစ္ဖက္ကမ္းသို႔ေရာက္သြားၿပီျဖစ္ေသာ မင္းျမတ္မွအႁမႊာႏွစ္ေယာက္အား လွမ္းေခၚလိုက္သည္။

အႁမႊာႏွစ္ေယာက္မွာေရထဲျဖတ္ရင္း ခ်စ္ဝိုင္းမွ

"အရင္က ဒီေခ်ာင္းကေရနစ္တယ္ ကိုႀကီး၊ဒီႏွစ္ေတြထဲ ဘက္ဖိုးေတြကုတ္ၿပီး လမ္းျပင္ထားတာေနမယ္"

.......................................................................

တစ္ခ်ိဳ႕လယ္ေတြက ပ်ိဳးမႏုတ္ရေသးဘူး။ေကာက္စိုက္ၿပီးတဲ့လယ္တစ္ခ်ိဳ႕လည္းရွိတယ္။ေကာက္စိုက္ေနတဲ့အမ်ိဳးသမီးေတြကိုလည္း လွမ္းျမင္ေနရသည္။

"ဟိုႏွစ္ေကာင္ အဲ့ဒါဘယ္သြားၾကမလို႔တုန္း"

ေကာက္စိုက္သမေလးမ်ားထဲမွ တစ္ေယာက္က အႁမႊာႏွစ္ေယာက္အားျမင္ကာ လွမ္းေအာ္ေလသည္။

"ငါ မိျခဴးကို ဘယ္ကအဖြားႀကီးလဲလို႔ၾကည့္ေနတာ၊အသံထြက္လာမွပဲ မိျခဴးမွန္းသိေတာ့တယ္"

"ငါေရာ..အဖြားႀကီးထင္ေနတာ"

သူမအား ဖဲ့လာေသာအႁမႊာႏွစ္ေယာက္အား မ်က္ေစာင္းထိုးလိုက္သည္။ဟယ္...အေနာက္ကကိုလူေခ်ာကို ခုမွျမင္တယ္။

ခ်စ္ဝိုင္းမွာ ျခဴးလဲ့ရည္ရဲ႕ဘလင္းဘလင္းအၾကည့္မ်ားကို နားလည္သူပီပီ

"ဒါ ၿမိဳ႕ကဧည့္သည္ေလ၊အဖြားနဲ႕ပါလာတာ၊ဟင္း...ဟင္း"

ငယ္ကတည္းကေပါင္းလာတဲ့သူငယ္ခ်င္းအေၾကာင္း ခ်စ္ဝိုင္းေကာင္းေကာင္းသိတာေပါ့။uniတက္ေတာ့လည္း ေက်ာင္းတူေမဂ်ာတူ။မိျခဴးက ခပ္ေခ်ာေခ်ာေကာင္ေလးေတြတိုင္း သူ႕လင္လို႔သတ္မွတ္ထားတာ။ကိုႀကီးအေၾကာင္းကို မိျခဴးဆီ ေရာင္းစားပစ္မယ္။ဟင္းးးးဟင္းးးး

"လာ..လာ၊နင္တို႔ႏွစ္ေကာင္ လာဦး"

အနားလာရန္ လက္ယပ္ေခၚေနေသာ မိျခဴးမေၾကာင့္ အႁမႊာႏွစ္ေယာက္မွာ အနားကပ္သြားရေလသည္။

မင္းျမတ္မေဟာ္ စိတ္မၾကည္ေတာ့ပါဘူး။ဒီေကာင္မေလးနဲ႕ေတြ႕ကာမွ အေကာင္ေပါက္က သူ႕ကိုပလစ္ထားတာ။ခုလည္း တိုးတိုးနဲ႕ဘာေျပာေနၾကမွန္းမသိ။

"အဲ့အစ္ကိုႀကီးအေကာင့္ ငါ့ကိုေျပာစမ္းပါ"

ခ်စ္ဝိုင္းမွာ သူ႕ဂြင္ထဲသို႔ဝင္လာၿပီဟူေသာအၾကည့္ျဖင့္ ဝိုင္းခ်စ္အားမ်က္ခုံးပင့္ျပကာ

"အလကားေတာ့ မရဘူးေလ"

ေလွ်ာက္သာ႐ႊီးေနရတယ္၊သူတို႔လည္း ကိုႀကီးအေကာင့္ခုထိမသိေသးဘူး။

"ေက်ာင္းတက္ရင္ တစ္ဝိုင္းေကာင္းေကာင္းေကြၽးမယ္ေလ"

"မရေသးဘူး၊ငါးဝိုင္းေလာက္ေတာ့လုပ္လိုက္"

ဝိုင္းခ်စ္မွာ ခုမွခ်စ္ဝိုင္း ကိုႀကီးမင္းျမတ္ကိုကပ္ေနရလဲ သိရေတာ့တယ္။ခ်စ္ဝိုင္းကကိုႀကီးမင္းျမတ္ကို ကပ္ၿပီးအျမတ္ႀကီးစားခ်င္ေနတာ။

"ေလွ်ာ့ဦးေလ၊သုံးဝိုင္းေလာက္ေတာ့လုပ္လိုက္"

"ေအးပါ၊သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးဆိုေတာ့လည္း ေလွ်ာ့ေပးလိုက္ပါ့မယ္"

"ဒါမွ ငါ့သူငယ္ခ်င္း၊ဟီးးးဟီး၊ဒါနဲ႕ နင္တို႔ႏွစ္ေကာင္ ငါကူးေပးထားတဲ့ဇာတ္ကားေတြၾကည့္ၿပီးၿပီလား"

"မၾကည့္ေသးဘူး ပ်င္းလို႔"

"ဟယ္ ခုထိမၾကည့္ရေသးဘူးလား၊ငါအဲ့ဇာတ္ကားေတြကို နင္တို႔ကိုျပခ်င္လြန္းလို႔ ေဘလ္အကုန္ခံၿပီး downထားရတာေနာ္"

"ေအးပါ...ေအးပါ၊မပ်င္းရင္ၾကည့္လိုက္ပါ့မယ္၊ဒါနဲ႕ငါတို႔သြားဦးမယ္၊ေနျမင့္ရင္ ခ႐ုမရမွာစိုးလို႔၊ညေနမွပဲ နင္တို႔အိမ္လာခဲ့မယ္၊အိုေက"

"ေကတယ္ေကတယ္၊သြားးးသြား"

"ကိုႀကီးသြားမယ္"

ထြက္သြားၾကေသာ သုံးေယာက္အားၾကည့္ရင္း သူမသေဘာက်ေနပါသည္။ဒီႏွစ္ေယာက္ထဲကတစ္ေယာက္နဲ႕အစ္ကိုႀကီးကို ေပးစားပစ္မယ္ ဟင္းးးးဟင္းးးး

......................................................................

"ေရာက္ၿပီ ဒီလယ္ကြက္ပဲ"

"ကိုႀကီး ဖိနပ္ခြၽတ္၊ႏြံနစ္တယ္ရယ္"

သုံးေယာက္သားလယ္ကဇင္းေပၚဖိနပ္ခြၽတ္ရင္း လယ္ထဲစဆင္းၾကသည္။ေခ်ာင္းထဲကေန ေရသြင္းထားေတာ့ ေရရွိတယ္။

"ကိုႀကီး လာခ႐ုဘယ္လိုေကာက္ရမလဲ ကြၽန္ေတာ္ျပမယ္၊အယ္ ဒါနဲ႕ခ႐ုထည့္ရေအာင္ဘာမွလည္းမပါဘူး"

"ဝိုင္းခ်စ္မွာေရာမပါဘူးလား ေမးၾကည့္လိုက္ေလ"

မင္းျမတ္ဝင္ေျပာမွ အေနာက္နားခ႐ုကုန္းေကာက္ေနေသာ ဝိုင္းခ်စ္အားလွည့္ၾကည့္ရင္း

"ဝိုင္းခ်စ္ ထည့္စရာပါလား"

"ပါတယ္၊မမဝိုင္း အိတ္ထည့္ေပးလိုက္တာ"

ခါးၾကားထဲထိုးထည့္ထားေသာ ပါဆယ္အိတ္အားထုတ္ျပရင္း ေျပာလိုက္သည္။

"ပါတယ္ဆိုလည္း ၿပီးတာပဲ။လာ လာကိုႀကီး"

"ဒီမွာၾကည့္ မဲမဲေလးျမင္တယ္မလား၊ေဘးနားက ေျမပုံေလးေတြမွာ တက္ေနတာေလးေတြ၊အဲ့ဒါ ခ႐ုလို႔ေခၚပါတယ္ခင္ဗ်ာ"

"အဲ့လိုမ်ိဳးေလးေတြ လိုက္ေကာက္ေနာ္ကိုႀကီး၊သတိလည္းထားဦး ဂဏန္းညွပ္ခံေနရဦးမယ္"

တစ္ေယာက္တစ္ေနရာစီ ခ႐ုေကာက္ေနရင္း ခဏၾကာေတာ့

"ဝိုင္းခ်စ္ ငါရႉးေပါက္ခ်င္တယ္"

"ဟိုနားက ခ်ဳံပုတ္သြားေပါက္ေလကြာ၊နတ္ေတြကိုလည္း တိုင္တည္လိုက္ဦး"

"ကိုႀကီးေရာ ရႉးေပါက္လိုက္ဦးမလား"

မင္းျမတ္အားအေဖာ္စပ္လာပါေသာ အေကာင္ေပါက္။မင္းျမတ္ေခါင္းယမ္းျပလိုက္ေတာ့

"ဝိုင္းခ်စ္ေရာ ကိုႀကီးေရာ ဘယ္သူမွေခ်ာင္းမၾကည့္နဲ႕ေနာ္"ဟုဆိုကာ ခ်ဳံပုတ္နားသြားေလသည္။

"တပည့္ေတာ္ရႉးတအားေပါက္ခ်င္ေနလို႔ပါဘုရား၊ခြင့္လႊတ္ေပးပါ"ဟုဆိုကာ အေပါစြန့္လိုက္သည္။

"အားးးခုမွပဲေပါ့သြားေတာ့တယ္"

ေဘာင္းဘီေသခ်ာျပန္ဝတ္ကာ ခ်ဳံပုတ္ထဲကအထြက္

"အားးးးးကယ္ၾကပါဦး၊ေႁမြႀကီး"

ဖိနပ္ပါတာေတြ မပါတာေတြမသိေတာ့ဘူး။ဝိုင္းခ်စ္တို႔ဆီသာ ေျပးေလပါေသာ ခ်စ္ဝိုင္း။ေႁမြအေၾကာက္ဆုံးပါဆိုမွ ေႁမြနဲ႕တိုးရတယ္လို႔။

ကိုယ့္ေအာ္သံၾကားလို႔လားမသိ၊အေျပးလာၾကည့္ပါေသာ ကိုႀကီးနဲ႕ဝိုင္းခ်စ္။အနီးနားေရာက္လာၿပီျဖစ္ေသာ ကိုႀကီးေပၚသာခုန္တက္လိုက္သည္။

ဝိုင္းခ်စ္ေပၚ ဘာလို႔ခုန္မတက္လဲလာမေမးနဲ႕။သူနဲ႕ကိုယ္နဲ႕က ဆိုက္တူဂိုက္တူဆိုေတာ့ ကိုယ့္မနိုင္မွာစိုးလို႔၊ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ကိုႀကီးေပၚကို ခုန္တက္လိုက္တာ။

မင္းျမတ္မွာေတာ့ခ်စ္ဝိုင္းမေျပာမဆိုခုန္တက္လိုက္တာမို႔ အင့္ကနဲ။ျပဳတ္က်မသြားေအာင္ မနည္းထိန္းလိုက္ရတယ္။

"ေဟ့ေကာင္ ေႁမြေတြ႕ခဲ့တာလား"

"ကိုႀကီးမင္းျမတ္ ခ်လိဳက္ေတာ့ အဲ့ေကာင္ကို"

ဝိုင္းခ်စ္စကားေၾကာင့္ မင္းျမတ္မွာ ခ်စ္ဝိုင္းကိုေအာက္ခ်ရန္ျပင္လိုက္တယ္။

"ေအာက္မခ်နဲ႕ေနာ္ ကိုႀကီး"

အသံတုန္တုန္နဲ႕ေျပာလာပါေသာ အေမာင္ခ်စ္ဝိုင္း။

"ဘာလို႔လဲ အေကာင္ေပါက္"

"ေျခေထာက္ေတြ တုန္ေနလို႔"

.........................................................................
ဖတ္ရႈေပးတဲ့သူတိုင္းကိုေရာ၊voteေပးတဲ့သူတိုင္းကိုေရာ၊commentဝင္ေရးတဲ့သူတိုင္းကို ေက်းဇူးတင္လ်က္ပါ။

Continue Reading

You'll Also Like

252K 37.5K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
404K 3.8K 5
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
333K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
849K 39.8K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023