"အဲ့ဒါကြောင့်မို့ အဖေ့ကိုပြောတာ၊အစကတည်းက ဆိုင်ကယ်တစ်ယောက်တစ်စီး ဝယ်ပေးပါဆိုတာ၊ခုလိုအရေးအကြောင်းဆို သူများအိမ်ကငှားရပြီ"
ဟုတ်တယ်လေ၊ဆိုင်ကယ်သုံးစီးနဲ့သွားရမှာကို အိမ်မှာကနှစ်စီးထဲရှိတာ။မမဝိုင်းဆိုင်ကယ်ရယ်၊ကိုယ်တွေနှစ်ယောက်စီးတဲ့ဆိုင်ကယ်ရယ်။ကိုယ်နဲ့ဝိုင်းချစ်နဲ့က ကျောင်းတက်စဥ်ကလည်း အဆောင်တူမေဂျာတူဆိုတော့ အဖေက ပိုက်ဆံအပိုမကုန်ရအောင် နှစ်ယောက်ပေါင်းတစ်စီးထဲ ဝယ်ပေးထားတာ။ချစ်ဝိုင်း ဒီလိုပြောတာ လုံးဝမလွန်ဘူး။
"ဟဲ့အကောင် နင်သွားငှားရင်တောင် ခုချိန်အရှေ့ရွာရောက်နေလောက်ပြီ"
နှုတ်ခမ်းစူကာ အဖေ့အားဂျိုကြည့်ကြည့်နေသော မောင်ဖြစ်သူချစ်ဝိုင်းအား သူမမှလှမ်းအော်လိုက်ရသည်။ဒီနှစ်ယောက်က တစ်ခုမဟုတ်တစ်ခု အထွန့်တက်လိုက်ရမှ နေသာထိုင်သာရှိတဲ့ဟာတွေ။ခုလည်း ဘေးအိမ်ကဆိုင်ကယ်သွားငှားခိုင်းတာကို အဖွားကြီးတွေလို ဗျစ်တောက်ဗျစ်တောက် ပြောနေကြတာ။
အဖေကတော့ ဒီနှစ်ယောက်ကို မနိုင်လို့လားမသိ။ဘာမှဝင်မပြောပဲ သူ့ကွမ်းသာယာနေတာ။
"ချစ်ဝိုင်းပြောတာ မဟုတ်တာကျလို့ မမဝိုင်းကလည်း၊ခုဆိုင်ကယ်တောင် ဖွားခင်ဝယ်ပေးထားလို့"
ဖွားခင်ဆိုတာက သွားလေသူမိခင်ရဲ့မိခင်။ကံ့ကော်ဖြူရွာ သားအဖေက မြို့စျေးသွားဝယ်ရင်း မြို့သူအမေနဲ့ ချစ်ကြိုက်ညားပြီး ကိုယ်တို့မောင်နှမသုံးယောက် မွေးခဲ့ပါသည်ပေါ့။
"သွား..သွား၊ပြောနေတာကြာတယ် ၊လေရှည်မနေရင် သွားနေရလောက်ပြီ"
ခြေဆောင့်ကာဖြင့် ဘေးအိမ်ဆိုင်ကယ်သွားငှားပါသော အမောင်ချစ်ဝိုင်း။ဘေးအိမ်နဲ့သူမတို့အိမ်က နည်းနည်းဝေးတယ်။သူမတို့အိမ်က အနောက်စွန်ဆုံး။အိမ်ကွင်းက ဘော်လုံးတစ်ကွင်းစာလောက်ရှိတယ်။အဖေလေ သားသမီးတွေ အိမ်ထောင်ကျရင် မိသားစုတွေသိုက်သိုက်ဝန်းဝန်းနဲ့နေလို့ရအောင်ပါတဲ့။
ဟော ဆိုင်ကယ်စီးပြီး အိမ်ထဲဝင်လာပါပြီ၊။
"ဦးမောင်မရှိလို့ မကြီးမြကိုပြောပြီး ငှားလာတာ"
"အေး..အေး၊ဘယ်သူ့ကိုပြောပြော ငှားခဲ့ရင်ပြီးတာပဲ၊အဖေ သမီးတို့သွားတော့မယ်"
"အဖေ သားတို့သွားပြီ"
"အေ...အေး"
.......................................................................
ကားလမ်းဖြတ်တဲ့ရွာက ပေပင်ရွာ၊
ပေပင်ရွာရောက်ဖို့ ကြားထဲမှာရွှေကိုင်းရွာဖြတ်ရသေးတယ်။
ကိုယ်တွေကျောင်းသွားတက်ရင်လည်း ပေပင်ရွာကနေ လိုင်းကားစောင့်စီးပြီးမြို့လက်မှတ်ဖြတ်ရတာ။
ရွှေကိုင်းရွာနဲ့ကိုယ်တို့ရွာက ဆယ့်ငါးမိနစ်လောက်ဆိုရောက်တော့တာ၊ရွှေကိုင်းကနေ ပေပင်ရွာကတော့ ဆယ်မိနစ်ဆိုရောက်။ဒါတောင် အမြန်စီးရင် ခဏလေးနဲ့ရောက်တာ။
.....................................................................
အရှေ့ရွာဝင်ဝက ဗန်ဒါပင်ကြီးရှေ့ရောက်တော့ ဆိုင်ကယ်ရပ်လိုက်ကြသည်။အပင်ကြီးက သက်တမ်းကြာပြီဆိုတော့ အုပ်အုပ်ဆိုင်းဆိုင်းရယ်၊အပင်အောက်မှာ ခရီးသွားတွေထိုင်ဖို့ ခုံရှည်လုပ်ပေးထားတာ။
သူတို့အရှေ့ရွာရောက်တော့နေ့လည် နှစ်နာရီခွဲနေပြီ။အဖေ့ကို အဖွားဖုန်းဆက်ပြောတာတော့ တောင်ပုံရွာကျော်ခဲ့ပြီတဲ့။ တောင်ပုံကနေ ဒီရွာကိုကားနဲ့ဆို နာရီဝက်လောက်မောင်းရဦးမှာ။
မောင်နှမသုံးယောက် ခုံရှည်ပေါ်ထိုင်ပြီး စောင့်နေလိုက်ကြသည်။ချစ်ဝိုင်းနဲ့ဝိုင်းချစ်ကတော့ ဖုန်းထုတ်ကာ animal link levelတက်အောင် ဆော့နေလိုက်ကြသည်။
"ဒီမောင်နှမသုံးယောက် ဘာလာလုပ်ကြတာလဲ"
ဖုန်းထဲအာရုံရောက်နေတော့ ဘေးနားဆိုင်ကယ်လာရပ်တာတောင်မသိလိုက်။မော့ကြည့်လိုက်တော့ ရွာက ကိုကြီးသာအောင်။
"အဖွား မန်းလေးကနေပြန်ခဲ့မှာမို့ လာကြိုတာ ကိုကြီးသာအောင်၊ကိုကြီးသာအောင်ရော ရွာပြန်တော့မလို့လား"
"အေး..ဟုတ်တယ်၊ဒီနေ့ အလုပ်မြန်မြန်ပြီးလို့လေ"
ပါးစပ်ကသာ ကိုယ်တွေကိုပြောနေတာရယ်။မျက်လုံးက မမဝိုင်းဆီက မခွာဘူး။ကိုကြီးသာအောင်က မမဝိုင်းကိုလိုက်နေတာ သုံးနှစ်ကျော်ပြီရယ်။မမဝိုင်းလည်း ဒီကြားထဲ အင်တင်တင်နဲ့။
ကိုကြီးသာအောင်က အလုပ်မရှိတဲ့အချိန်မှာ လက်သမားလိုက်တာရယ်။မိုးဦးကျပြီး ကောက်စိုက်ချိန်ဆိုရင်တော့ ကျွန်တော်တို့အိမ်မှာ လယ်ရင်းငှားလုပ်တာ။အလုပ်နဲ့လက်နဲ့ကတော့ ဘယ်တော့မှမပြတ်ဘူး။အကျင့်စရိုက်လေးကလည်း ကောင်း၊ဥပဓိရုပ်ကလည်း မဆိုးပါဘူး။ကိုကြီးသာအောင်နဲ့ဆို မမဝိုင်းကိုစိတ်ချတယ်။
"စောင့်ကူရဦးမလားကွ"
"ရပါတယ် ကိုကြီးသာအောင်ဗျ၊နည်းနည်းကြာဦးမှာဆိုတော့ ပြန်နှင့်လိုက်လေ၊ကိုကြီးသာအောင်လည်း ပန်းနေရောပေါ့"
"ဒါဆို ငါပြန်နှင့်ပြီနော်၊မိဝိုင်း ငါပြန်ပြီနော်"
"ကိုယ့်ဖာသာပြန်တာ ပြန်ပါလား"
ဟင် ဒါမမဝိုင်းမှဟုတ်ရဲ့လား။ကိုယ်တွေနဲ့ဆို ဘီလူးဆိုင်းတီးသံနဲ့ဟာ ခုကျညောင်နာနာသံနဲ့။မိန်းမတွေများ အပြောင်းအလဲမြန်ချက်ကတော့ သြောချရလောက်ပါပေတယ်။
ကိုကြီးသာအောင်ကတော့ သဘောတွေကျပြီး ရယ်ရယ်ပြုံးပြုံးနဲ့ ဆိုင်ကယ်မောင်းထွက်သွားပြီ။
"ဟားးးးဟားးးဟားးး"
ကိုသာအောင်ထွက်သွားတာနဲ့ ပါးစပ်ထဲဆင်ဝင်လို့ရအောင် အော်ရီနေသော မောင်နှစ်ယောက်အား ရိုက်ထုပစ်လိုက်တယ်။
"အား..ဘာလို့ရိုက်တာတုန်း၊နာတယ်လို့ မမဝိုင်း"
"အပျိုကြီးတစ်ယောက် ရှက်ရမ်းရမ်းပြီး လိုက်ရိုက်နေပါတယ်ဗျို့"
"အေးနော် နင်တို့နှစ်ယောက်ကို အဖေနဲ့တိုင်မှာ"
"ကျွန်တော်တို့လည်း အဖေနဲ့မမဝိုင်းကို အဖွားနဲ့ပြန်တိုင်မှာပေါ့"
လျှာထုတ်ပြောင်ပြလာသော မောင်နှစ်ယောက်အား လျစ်လျူရှုလိုက်တော့တယ်။မဟုတ်ရင် ကိုယ်ပဲ အသက်တိုမှာ။
.......................................................................
"ဟိုမှာ ကား"
အနီးနားရောက်ခါနီးပြီဖြစ်သော လိုင်းကားအား ဝိုင်းချစ်မောင်မောင်လက်ညိုးထိုးပြလိုက်တော့ မောင်နှစ်ယောက်မှာ ဖုန်းတွေသိမ်းပြီး ထကြည့်ကြသည်။
ကားက ဗန်ဒါပင်ရှေ့ရပ်သွားပြီး စပယ်ယာမှ
"ပေပင်မှာဆင်းမယ့်သူတွေ ရောက်ပါပြီနော်"
ခဏကြာတော့ ကားပေါ်မှအဖွားနှစ်ယောက် ဆင်းလာကြသည်။
"အဖွားးးးးး"
ဟုအော်ကာ ချစ်ဝိုင်းနဲ့ဝိုင်းချစ်မှာတော့ သူတို့အဖွားဆီပြေးဖက်ကာ ချွဲနေကြပါပြီ။သူမမှာတော့ ဗန်ဒါပင်အောက် ယောင်လည်လည်နဲ့ကျန်နေရစ်တာ။
"အဖွားကို အရမ်းလွမ်းနေတာ"
"အဖွားကလည်း ငါ့မြေးလေးတွေကို လွမ်းပါ့ကွယ်"
"မိချစ်ရေ နင့်မြေးလေးတွေက ချစ်စရာလေးတွေပါလားဟယ်"
အဖွားဘေးနားရပ်နေသော အဖွားဆီမှအသံကြားတော့ ချစ်ဝိုင်းနဲ့ဝိုင်းချစ်မှာ သွားတက်လေးနဲ့ပါးချိုင့်ပေါ်အောင်ရယ်ရင်း
"ကျေးဇူးပါ ဖွားဖွားခင်ဗျ"
"အချွဲလေးတွေပါလားတော်"
"မိဝိုင်းရေ လာပါဦး"
ဗန်ဒါပင်အောက်ရပ်နေသော မြေးမလေးအားလှမ်းခေါ်လိုက်တော့ အနားရောက်လာသည်။
"ဒါ ငါ့မြေးမလေးလေ"
"မြေးမလေးကလည်း အချောလေးပါလားဟဲ့"
"ကဲ..ကဲ မြေးလေးတို့ရေ မောင်မင်းမြတ်ကို သယ်ကူလိုက်ကြပါဦးကွဲ့"
အဖွားပြောမှ ကြည့်လိုက်တော့ ခပ်ချောချောအစ်ကိုကြီးတစ်ယောက်။အဖွားကိုချွဲနေတာနဲ့ကား ဘယ်အချိန်ထွက်သွားမှန်းတောင် မသိလိုက်ဘူး။
"ကိုကြီးက အရမ်းချောတယ်ဗျ"
ချစ်ဝိုင်းပြောတာ အပိုမဟုတ်ဘူး။ကိုကြီးက တော်တော်ချောတာ။စူးရှတဲ့မျက်လုံးတစ်စုံရယ်၊နှာတံစင်းစင်းရယ်၊မျက်ခုံးမွှေးထူထူရယ်၊သေသပ်တဲ့ နှုတ်ခမ်းတစ်စုံရယ်နဲ့ အရမ်းချော။ကိုယ်ကလည်း ဂျင်ဆော့ထားလို့လားမသိ။တောင့်တောင့်တင်းတင်းနဲ့အချိုးကျတယ်။
ဒီလိုပုံစံမျိုးနဲ့ဆို ရွာကမမတွေကြွေမှာ သေချာတယ်။ကိုကြီးကို ကပ်ပေါင်းပြီးမမတွေဆီက ညာစားရင်ဖြင့် ချစ်ဝိုင်းတို့စားရချည်သေးရဲ့။
မင်းမြတ်မဟော် သူ့အားသွားတက်လေးများပေါ်အောင်ရယ်ပြကာ မြှောက်ပြောလာသော ကောင်လေးအားကြည့်ကာ ပြုံးပြလိုက်သည်။
အမြွှာနှစ်ယောက်လုံး ချစ်စရာလေးတွေ။ဆင်တူဘော်လုံးဝမ်းဆက်ဝတ်ထားတာလေးတွေကလည်း ဖွားချစ်သာမပြောပြထားရင် ဆယ်တန်းကလေးတွေလို့ထင်မိမှာ အမှန်။
ဒီကလေးကပဲ ကိုယ့်ကိုမြှောက်ပြောထားလို့လားမသိ။ကိုယ့်မျက်စိထဲ ဒီကလေးကပိုချစ်စရာကောင်းနေတယ်။
"ငါ့မြေးကတော့ သူ့အစ်ကိုမြှောက်နေပြီဟေ့၊ကဲ..ကဲ နေကပူနဲ့ ပြန်ကြဦးစို့"
"ကိုကြီး ကျွန်တော့်နောက်က လိုက်စီးနော်၊ဟီး..ဟီး"
ဝိုင်းချစ်ကတော့ သူ့ထက်ငါးမိနစ်နောက်ကျမွေးသော ညီဖြစ်သူအားကြည့်ကာ မျက်စောင်းတထိုးထိုး။ဟုတ်တယ်လေ ဒီကောင်အတင်းလိုက်ပေါင်းနေတာ အမြင်ကတ်နေပြီ။
မမဝိုင်းရဲ့နောက်က ဖွားချစ်၊ဝိုင်းချစ်နောက်က ဖွားခင်မြတ်၊ချစ်ဝိုင်းနောက်ကတော့ မင်းမြတ်မဟော်လိုက်စီးတယ်။
"ကိုကြီး ကျွန်တော်တို့ရွှာက အပျိုလေးတွေက ချောချောလေးတွေနော်၊ဟီးးးး"
"ကျွန်တော်က အောင်သွယ်ကောင်းတယ် သိလား"
"ကိုကြီး ကျွန်တော်တို့ရွာက မပြန်ချင်ပဲဖြစ်သွားမယ်"
နောက်လှည့်ပြောပြောလာသော ကောင်လေးခေါင်းအား အရှေ့လှည့်ပေးလိုက်တယ်။
"ကိုယ် မသေချင်သေးဘူးနော် ကောင်လေး"
........................................................................
ဖတ်ရှုပေးတဲ့သူတိုင်းကိုရော၊voteပေးတဲ့သူတိုင်းကိုရော၊commentဝင်ရေးတဲ့သူတိုင်းကို ကျေးဇူးတင်လျက်ပါ။
Zawgyi
"အဲ့ဒါေၾကာင့္မို႔ အေဖ့ကိုေျပာတာ၊အစကတည္းက ဆိုင္ကယ္တစ္ေယာက္တစ္စီး ဝယ္ေပးပါဆိုတာ၊ခုလိုအေရးအေၾကာင္းဆို သူမ်ားအိမ္ကငွားရၿပီ"
ဟုတ္တယ္ေလ၊ဆိုင္ကယ္သုံးစီးနဲ႕သြားရမွာကို အိမ္မွာကႏွစ္စီးထဲရွိတာ။မမဝိုင္းဆိုင္ကယ္ရယ္၊ကိုယ္ေတြႏွစ္ေယာက္စီးတဲ့ဆိုင္ကယ္ရယ္။ကိုယ္နဲ႕ဝိုင္းခ်စ္နဲ႕က ေက်ာင္းတက္စဥ္ကလည္း အေဆာင္တူေမဂ်ာတူဆိုေတာ့ အေဖက ပိုက္ဆံအပိုမကုန္ရေအာင္ ႏွစ္ေယာက္ေပါင္းတစ္စီးထဲ ဝယ္ေပးထားတာ။ခ်စ္ဝိုင္း ဒီလိုေျပာတာ လုံးဝမလြန္ဘူး။
"ဟဲ့အေကာင္ နင္သြားငွားရင္ေတာင္ ခုခ်ိန္အေရွ႕႐ႊာေရာက္ေနေလာက္ၿပီ"
ႏႈတ္ခမ္းစူကာ အေဖ့အားဂ်ိဳၾကည့္ၾကည့္ေနေသာ ေမာင္ျဖစ္သူခ်စ္ဝိုင္းအား သူမမွလွမ္းေအာ္လိုက္ရသည္။ဒီႏွစ္ေယာက္က တစ္ခုမဟုတ္တစ္ခု အထြန့္တက္လိုက္ရမွ ေနသာထိုင္သာရွိတဲ့ဟာေတြ။ခုလည္း ေဘးအိမ္ကဆိုင္ကယ္သြားငွားခိုင္းတာကို အဖြားႀကီးေတြလို ဗ်စ္ေတာက္ဗ်စ္ေတာက္ ေျပာေနၾကတာ။
အေဖကေတာ့ ဒီႏွစ္ေယာက္ကို မနိုင္လို႔လားမသိ။ဘာမွဝင္မေျပာပဲ သူ႕ကြမ္းသာယာေနတာ။
"ခ်စ္ဝိုင္းေျပာတာ မဟုတ္တာက်လိဳ႕ မမဝိုင္းကလည္း၊ခုဆိုင္ကယ္ေတာင္ ဖြားခင္ဝယ္ေပးထားလို႔"
ဖြားခင္ဆိုတာက သြားေလသူမိခင္ရဲ႕မိခင္။ေလွ်ာ္ျဖဴကုန္းသားအေဖက ေကာလင္းေစ်းသြားဝယ္ရင္း ေကာလင္းသူအေမနဲ႕ ခ်စ္ႀကိဳက္ညားၿပီး ကိုယ္တို႔ေမာင္ႏွမသုံးေယာက္ ေမြးခဲ့ပါသည္ေပါ့။
"သြား..သြား၊ေျပာေနတာၾကာတယ္ ၊ေလရွည္မေနရင္ သြားေနရေလာက္ၿပီ"
ေျခေဆာင့္ကာျဖင့္ ေဘးအိမ္ဆိုင္ကယ္သြားငွားပါေသာ အေမာင္ခ်စ္ဝိုင္း။ေဘးအိမ္နဲ႕သူမတို႔အိမ္က နည္းနည္းေဝးတယ္။သူမတို႔အိမ္က အေနာက္စြန္ဆုံး။အိမ္ကြင္းက ေဘာ္လုံးတစ္ကြင္းစာေလာက္ရွိတယ္။အေဖေလ သားသမီးေတြ အိမ္ေထာင္က်ရင္ မိသားစုေတြသိုက္သိုက္ဝန္းဝန္းနဲ႕ေနလို႔ရေအာင္ပါတဲ့။
ေဟာ ဆိုင္ကယ္စီးၿပီး အိမ္ထဲဝင္လာပါၿပီ၊။
"ဦးေမာင္မရွိလို႔ မႀကီးျမကိုေျပာၿပီး ငွားလာတာ"
"ေအး..ေအး၊ဘယ္သူ႕ကိုေျပာေျပာ ငွားခဲ့ရင္ၿပီးတာပဲ၊အေဖ သမီးတို႔သြားေတာ့မယ္"
"အေဖ သားတို႔သြားၿပီ"
"ေအ...ေအး"
.......................................................................
ကားလမ္းျဖတ္တဲ့႐ႊာက ေညာင္ကုန္း႐ႊာ၊ေညာင္ကုန္း႐ႊာေရာက္ဖို႔ ေပပင္ေခ်ာင္႐ႊာျဖတ္ရေသးတယ္။
ကိုယ္ေတြေက်ာင္းသြားတက္ရင္လည္း ေညာင္ကုန္း႐ႊာကေန လိုင္းကားေစာင့္စီးၿပီး ေ႐ႊဘိုလက္မွတ္ျဖတ္ရတာ။
ေပပင္ေခ်ာင္႐ႊာနဲ႕ကိုယ္တို႔႐ႊာက ဆယ့္ငါးမိနစ္ေလာက္ဆိုေရာက္ေတာ့တာ၊ေပပင္ေခ်ာင္ကေန ေညာင္ကုန္းကေတာ့ ဆယ္မိနစ္ဆိုေရာက္။ဒါေတာင္ အျမန္စီးရင္ ခနေလးနဲ႕ေရာက္တာ။
.....................................................................
အေရွ႕႐ႊာဝင္ဝက ဗန္ဒါပင္ႀကီးေရွ႕ေရာက္ေတာ့ ဆိုင္ကယ္ရပ္လိုက္ၾကသည္။အပင္ႀကီးက သက္တမ္းၾကာၿပီဆိုေတာ့ အုပ္အုပ္ဆိုင္းဆိုင္းရယ္၊အပင္ေအာက္မွာ ခရီးသြားေတြထိုင္ဖို႔ ခုံရွည္လုပ္ေပးထားတာ။
သူတို႔အေရွ႕႐ႊာေရာက္ေတာ့ေန႕လည္ ႏွစ္နာရီခြဲေနၿပီ။အေဖ့ကို အဖြားဖုန္းဆက္ေျပာတာေတာ့ ေတာင္ပုံ႐ႊာေက်ာ္ခဲ့ၿပီတဲ့။ေတာင္ပုံကေန ဒီ႐ႊာကိုကားနဲ႕ဆို နာရီဝက္ေလာက္ေမာင္းရဦးမွာ။
ေမာင္ႏွမသုံးေယာက္ ခုံရွည္ေပၚထိုင္ၿပီး ေစာင့္ေနလိုက္ၾကသည္။ခ်စ္ဝိုင္းနဲ႕ဝိုင္းခ်စ္ကေတာ့ ဖုန္းထုတ္ကာ animal link levelတက္ေအာင္ ေဆာ့ေနလိုက္ၾကသည္။
"ဒီေမာင္ႏွမသုံးေယာက္ ဘာလာလုပ္ၾကတာလဲ"
ဖုန္းထဲအာ႐ုံေရာက္ေနေတာ့ ေဘးနားဆိုင္ကယ္လာရပ္တာေတာင္မသိလိုက္။ေမာ့ၾကည့္လိုက္ေတာ့ ႐ႊာက ကိုႀကီးသာေအာင္။
"အဖြား မန္းေလးကေနျပန္ခဲ့မွာမို႔ လာႀကိဳတာ ကိုႀကီးသာေအာင္၊ကိုႀကီးသာေအာင္ေရာ ႐ႊာျပန္ေတာ့မလို႔လား"
"ေအး..ဟုတ္တယ္၊ဒီေန႕ အလုပ္ျမန္ျမန္ၿပီးလို႔ေလ"
ပါးစပ္ကသာ ကိုယ္ေတြကိုေျပာေနတာရယ္။မ်က္လုံးက မမဝိုင္းဆီက မခြာဘူး။ကိုႀကီးသာေအာင္က မမဝိုင္းကိုလိုက္ေနတာ သုံးႏွစ္ေက်ာ္ၿပီရယ္။မမဝိုင္းလည္း ဒီၾကားထဲ အင္တင္တင္နဲ႕။
ကိုႀကီးသာေအာင္က အလုပ္မရွိတဲ့အခ်ိန္မွာ လက္သမားလိုက္တာရယ္။မိုးဦးက်ၿပီး ေကာက္စိုက္ခ်ိန္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အိမ္မွာ သူရင္းငွားလုပ္တာ။အလုပ္နဲ႕လက္နဲ႕ကေတာ့ ဘယ္ေတာ့မွမျပတ္ဘူး။အက်င့္စရိုက္ေလးကလည္း ေကာင္း၊ဥပဓိ႐ုပ္ကလည္း မဆိုးပါဘူး။ကိုႀကီးသာေအာင္နဲ႕ဆို မမဝိုင္းကိုစိတ္ခ်တယ္။
"ေစာင့္ကူရဦးမလားကြ"
"ရပါတယ္ ကိုႀကီးသာေအာင္ဗ်၊နည္းနည္းၾကာဦးမွာဆိုေတာ့ ျပန္ႏွင့္လိုက္ေလ၊ကိုႀကီးသာေအာင္လည္း ပန္းေနေရာေပါ့"
"ဒါဆို ငါျပန္ႏွင့္ၿပီေနာ္၊မိဝိုင္း ငါျပန္ၿပီေနာ္"
"ကိုယ့္ဖာသာျပန္တာ ျပန္ပါလား"
ဟင္ ဒါမမဝိုင္းမွဟုတ္ရဲ႕လား။ကိုယ္ေတြနဲ႕ဆို ဘီလူးဆိုင္းတီးသံနဲ႕ဟာ ခုက်ေညာင္နာနာသံနဲ႕။မိန္းမေတြမ်ား အေျပာင္းအလဲျမန္ခ်က္ကေတာ့ ေၾသာခ်ရေလာက္ပါေပတယ္။
ကိုႀကီးသာေအာင္ကေတာ့ သေဘာေတြက်ၿပီး ရယ္ရယ္ၿပဳံးၿပဳံးနဲ႕ ဆိုင္ကယ္ေမာင္းထြက္သြားၿပီ။
"ဟားးးးဟားးးဟားးး"
ကိုသာေအာင္ထြက္သြားတာနဲ႕ ပါးစပ္ထဲဆင္ဝင္လို႔ရေအာင္ ေအာ္ရီေနေသာ ေမာင္ႏွစ္ေယာက္အား ရိုက္ထုပစ္လိုက္တယ္။
"အား..ဘာလို႔ရိုက္တာတုန္း၊နာတယ္လို႔ မမဝိုင္း"
"အပ်ိဳ႕ႀကီးတစ္ေယာက္ ရွက္ရမ္းရမ္းၿပီး လိုက္ရိုက္ေနပါတယ္ဗ်ိဳ႕"
"ေအးေနာ္ နင္တို႔ႏွစ္ေယာက္ကို အေဖနဲ႕တိုင္မွာ"
"ကြၽန္ေတာ္တို႔လည္း အေဖနဲ႕မမဝိုင္းကို အဖြားနဲ႕ျပန္တိုင္မွာေပါ့"
လွ်ာထုတ္ေျပာင္ျပလာေသာ ေမာင္ႏွစ္ေယာက္အား လ်စ္လ်ဴရႈလိုက္ေတာ့တယ္။မဟုတ္ရင္ ကိုယ္ပဲ အသက္တိုမွာ။
.......................................................................
"ဟိုမွာ ကား"
အနီးနားေရာက္ခါနီးၿပီျဖစ္ေသာ လိုင္းကားအား ဝိုင္းခ်စ္ေမာင္ေမာင္လက္ညိုးထိုးျပလိုက္ေတာ့ ေမာင္ႏွစ္ေယာက္မွာ ဖုန္းေတြသိမ္းၿပီး ထၾကည့္ၾကသည္။
ကားက ဗန္ဒါပင္ေရွ႕ရပ္သြားၿပီး စပယ္ယာမွ
"ေညာင္ကုန္းဆင္းမယ့္သူေတြ ေရာက္ပါၿပီေနာ္"
ခနၾကာေတာ့ ကားေပၚမွအဖြားႏွစ္ေယာက္ ဆင္းလာၾကသည္။
"အဖြားးးးးး"
ဟုေအာ္ကာ ခ်စ္ဝိုင္းနဲ႕ဝိုင္းခ်စ္မွာေတာ့ သူတို႔အဖြားဆီေျပးဖက္ကာ ခြၽဲေနၾကပါၿပီ။သူမမွာေတာ့ ဗန္ဒါပင္ေအာက္ ေယာင္လည္လည္နဲ႕က်န္ေနရစ္တာ။
"အဖြားကို အရမ္းလြမ္းေနတာ"
"အဖြားကလည္း ငါ့ေျမးေလးေတြကို လြမ္းပါ့ကြယ္"
"မိခ်စ္ေရ နင့္ေျမးေလးေတြက ခ်စ္စရာေလးေတြပါလားဟယ္"
အဖြားေဘးနားရပ္ေနေသာ အဖြားဆီမွအသံၾကားေတာ့ ခ်စ္ဝိုင္းနဲ႕ဝိုင္းခ်စ္မွာ သြားတက္ေလးနဲ႕ပါးခ်ိဳင့္ေပၚေအာင္ရယ္ရင္း
"ေက်းဇူးပါ ဖြားဖြားခင္ဗ်"
"အခြၽဲေလးေတြပါလားေတာ္"
"မိဝိုင္းေရ လာပါဦး"
ဗန္ဒါပင္ေအာက္ရပ္ေနေသာ ေျမးမေလးအားလွမ္းေခၚလိုက္ေတာ့ အနားေရာက္လာသည္။
"ဒါ ငါ့ေျမးမေလးေလ"
"ေျမးမေလးကလည္း အေခ်ာေလးပါလားဟဲ့"
"ကဲ..ကဲ ေျမးေလးတို႔ေရ ေမာင္မင္းျမတ္ကို သယ္ကူလိုက္ၾကပါဦးကြဲ႕"
အဖြားေျပာမွ ၾကည့္လိုက္ေတာ့ ခပ္ေခ်ာေခ်ာအစ္ကိုႀကီးတစ္ေယာက္။အဖြားကိုခြၽဲေနတာနဲ႕ကား ဘယ္အခ်ိန္ထြက္သြားမွန္းေတာင္ မသိလိုက္ဘူး။
"ကိုႀကီးက အရမ္းေခ်ာတယ္ဗ်"
ခ်စ္ဝိုင္းေျပာတာ အပိုမဟုတ္ဘူး။ကိုႀကီးက ေတာ္ေတာ္ေခ်ာတာ။စူးရွတဲ့မ်က္လုံးတစ္စုံရယ္၊ႏွာတံစင္းစင္းရယ္၊မ်က္ခုံးေမႊးထူထူရယ္၊ေသသပ္တဲ့ ႏႈတ္ခမ္းတစ္စုံရယ္နဲ႕ အရမ္းေခ်ာ။ကိုယ္ကလည္း ဂ်င္ေဆာ့ထားလို႔လားမသိ။ေတာင့္ေတာင့္တင္းတင္းနဲ႕အခ်ိဳးက်တယ္။
ဒီလိုပုံစံမ်ိဳးနဲ႕ဆို ႐ႊာကမမေတြေႂကြမွာ ေသခ်ာတယ္။ကိုႀကီးကို ကပ္ေပါင္းၿပီးမမေတြဆီက ညာစားရင္ျဖင့္ ခ်စ္ဝိုင္းတို႔စားရခ်ည္ေသးရဲ႕။
မင္းျမတ္မေဟာ္ သူ႕အားသြားတက္ေလးမ်ားေပၚေအာင္ရယ္ျပကာ ျမႇောက္ေျပာလာေသာ ေကာင္ေလးအားၾကည့္ကာ ၿပဳံးျပလိုက္သည္။
အႁမႊာႏွစ္ေယာက္လုံး ခ်စ္စရာေလးေတြ။ဆင္တူေဘာ္လုံးဝမ္းဆက္ဝတ္ထားတာေလးေတြကလည္း ဖြားခ်စ္သာမေျပာျပထားရင္ ဆယ္တန္းကေလးေတြလို႔ထင္မိမွာ အမွန္။
ဒီကေလးကပဲ ကိုယ့္ကိုျမႇောက္ေျပာထားလို႔လားမသိ။ကိုယ့္မ်က္စိထဲ ဒီကေလးကပိုခ်စ္စရာေကာင္းေနတယ္။
"ငါ့ေျမးကေတာ့ သူ႕အစ္ကိုျမႇောက္ေနၿပီေဟ့၊ကဲ..ကဲ ေနကပူနဲ႕ ျပန္ၾကဦးစို႔"
"ကိုႀကီး ကြၽန္ေတာ့္ေနာက္က လိုက္စီးေနာ္၊ဟီး..ဟီး"
ဝိုင္းခ်စ္ကေတာ့ သူ႕ထက္ငါးမိနစ္ေနာက္က်ေမြးေသာ ညီျဖစ္သူအားၾကည့္ကာ မ်က္ေစာင္းတထိုးထိုး။ဟုတ္တယ္ေလ ဒီေကာင္အတင္းလိုက္ေပါင္းေနတာ အျမင္ကတ္ေနၿပီ။
မမဝိုင္းရဲ႕ေနာက္က ဖြားခ်စ္၊ဝိုင္းခ်စ္ေနာက္က ဖြားခင္ျမတ္၊ခ်စ္ဝိုင္းေနာက္ကေတာ့ မင္းျမတ္မေဟာ္လိုက္စီးတယ္။
"ကိုႀကီး ကြၽန္ေတာ္တို႔႐ႊာက အပ်ိဳေလးေတြက ေခ်ာေခ်ာေလးေတြေနာ္၊ဟီးးးး"
"ကြၽန္ေတာ္က ေအာင္သြယ္ေကာင္းတယ္ သိလား"
"ကိုႀကီး ကြၽန္ေတာ္တို႔႐ႊာက မျပန္ခ်င္ပဲျဖစ္သြားမယ္"
ေနာက္လွည့္ေျပာေျပာလာေသာ ေကာင္ေလးေခါင္းအား အေရွ႕လွည့္ေပးလိုက္တယ္။
"ကိုယ္ မေသခ်င္ေသးဘူးေနာ္ ေကာင္ေလး"
ဖတ္ရႈေပးတဲ့သူတိုင္းကိုေရာ၊voteေပးတဲ့သူတိုင္းကိုေရာ၊commentဝင္ေရးတဲ့သူတိုင္းကို ေက်းဇူးတင္လ်က္ပါ။