လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၆၉ (ပြန်လာခြင်း)

8.6K 1.5K 45
By Ling____

အခန်း ၆၉

ပြန်လာခြင်း

ကင်းမြီးကောက်ဂိုဏ်းချုပ်က သူ့မေးစေ့ကို ခြေဖျားလေးဖြင့် ပင့်မော့စေလိုက်ပြီးသော် ရယ်ရယ်မောမော ပြောလာသည်။

"ယိုး....ယွီဂိုဏ်းချုပ်ပါလား"

ယွီချိုးဖုန်းမှာ တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်နေရှာသည်။ သူ့မျက်ဝန်းတစ်စုံမှာ ဂဏာမငြိမ်ဖြစ်နေရှာပြီး မဆိုစလောက် ကယောင်ချောက်ချားဖြစ်နေသည့်ဟန်။ သူက ကြိုးစားပမ်းစားခေါင်းမော့လိုက်ကာ ကင်းမြီးကောက်ဂိုဏ်းချုပ်ကိုလှမ်းကြည့်ပြီး နှုတ်မှ ပြတ်တောင်းပြတ်တောင်းပြောလာသည်။

"ငါ...ငါ မဟုတ်....ငါ့ မှာ...မ..ရှိ...ငါ့...မှာ...မရှိ.."

ကင်းမြီးကောက်ဂိုဏ်းချုပ်က ခေါင်းကိုခါယမ်းလျက် သူ့အနားသို့ချဉ်းကပ်လာကာ နားအနားတွင် ကပ်တိုးလေးပြောလာသည်။

"အဲဒီညက ထိုက်ဟူက ကျောက်အိမ်တော်ရဲ့အပြင်ဘက်မှာ သေဆုံးသွားတဲ့လူတွေဟာ အမှန်တကယ်တော့ စုစုပေါင်းသုံးယောက်ရှိတယ်။ တစ်ယောက်က သွမ့်ကျန့်အိမ်တော်က အိမ်တောင်အရှင်သခင် မုယွင်ကဲ၊ နောက်တစ်ယောက်က ခင်ဗျားရဲ့ချစ်လှစွာသော သားရတနာလေး ယွီထျန်းကျယ်၊ နောက်ပြီး မင်းတို့အားလုံးမသိတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ သူကတော့ မြေအောက်လိုဏ်ဂူထဲမှာ သေသွားတဲ့ သရဲတောင်ကြားက လျှာရှည်တစ္ဆေပဲ။ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ယွီဂိုဏ်းချုပ် နားမထောင်ချင်ဘူးလားဗျ"

သူက 'ယွီထျန်းကျယ်' ဟူသည့် စကားလုံးသုံးလုံးကို ထုတ်ဖော်ပြောကြားလာချိန်ဝယ် ယွီချိုးဖုန်းမှာ ရေထဲမှ ကမ်းစပ်ပေါ်သို့ တင်လာသော အသက်ငင်နေသည့် ငါးတစ်ကောင်ပမာ၊ တစ်ကိုယ်လုံး တစ်ချက်မျှအကြောဆွဲကာ တွန့်ခနဲဖြစ်သွား၏။ သူ၏မျက်သားဖြူဖြူတို့မှာ အပြင်သို့ပြူးထွက်လာတော့မည့်ဟန်ဖြင့် ကင်းမြီးကောက်ဂိုဏ်းချုပ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။

ကင်းမြီးကောက်ဂိုဏ်းချုပ်က ဆို၏။

"ခင်ဗျားတို့တွေ တုံ့ထင်ကိုမသွားခင်ကတည်းက ကျောက်သလင်းပြာရဲ့တည်နေရာကို သိထားနှင့်ကြပြီးသား။ ဒါကြောင့် ခင်ဗျားက ခင်ဗျားရဲ့သားတော်မောင်လေးကို ထိုက်ဟူမှာစောင့်နေခိုင်းပြီး ကျန်းမိသားစုက ဟိုကောင်စုတ်လေးကို မျက်စိဒေါက်ထောက် စောင့်ကြည့်ခိုင်းထားတာ။ အခွင့်အရေးရတဲ့အချိန် ကျောက်သလင်းပြာကို အလစ်သုတ်မလို့ ချောင်းနေတာပေါ့။ မထင်မှတ်ဘဲ ....ဟိုမသာပေါ်ချင်နေတဲ့ မုယွင်ကဲဆိုတဲ့ကောင်ကလဲ ကျောက်မိသားစုဆီမှာ နောက်ထပ်ကျောက်သလင်းပြာတစ်ခုရှိနေတာကို အမှတ်မထင် တိုက်တိုက်ဆိုင်ဆိုင်သိသွားပြီး ညဘက်မှာ သွားခိုးဖို့လုပ်တာ။ ယွီထျန်းကျယ်က အဲဒီကောင်ကိုစောင့်ကြည့်နေတဲ့လူက သူတစ်ယောက်တည်းပဲရှိတယ်လို့ ထင်နေတာ။ တကယ်တမ်းကျတော့ အဲဒီညမှာ မုယွင်ကဲကိုစောင့်ကြည့်နေတဲ့သူက နောက်ထပ်နှစ်ယောက်ရှိသေးတယ်"

ယွီချိုးဖုန်းမှာ တစ်ခုခုကိုသဘောပေါက်သွားသလိုနှင့် တစ်ချိန်တည်းမှာပင် ဘာတစ်ခုကိုမျှ နားမလည်နိုင်တော့သလိုဖြစ်သွားရပြန်သည်။ အရာအားလုံးမှာ ယုတ္တိမရှိသလို ခံစားလိုက်ရ၏။ အမှောင်ထုထဲရှိ မမြင်ရသောလက်တစ်ဖက်သည် အရာအားလုံးကို တိတ်တိတ်လေးအကွက်ချစီစဉ်နေသလို။ သူတို့တစ်ဦးတစ်ယောက်စီတိုင်းမှာ ဧရာမကျားကွက်ကြီးပေါ်တွင် မရပ်မနားရုန်းကန်လှုပ်ရှားနေရရှာသည့် နယ်ရုပ်ကလေးများသာဖြစ်နေခဲ့လေသည်။

"တစ်ယောက်က ရှီစန်းတစ္ဆေ စွင်းတင်ပဲ။ သူက ကျောက်သလင်းပြာကို ယူသွားချိန်မရလိုက်တဲ့အကြောင်းရင်းက တစ်စုံတစ်ယောက်ရှိနေတာကို သတိထားမိသွားလို့ပဲ။ အဲဒီအချိန်တုန်းက သူ သွားမဆွရဲတဲ့လူပေါ့__သူက သရဲတောင်ကြားရဲ့အရှင်သခင်ကို ကိုယ်စားပြုတဲ့သူ မတည်မြဲတစ္ဆေ မုန့်ဟွေးပဲ။ ကံမကောင်းတာက သူကလဲ ငါ့ရဲ့ဖောက်သည်နောက်တစ်ယောက်ဖြစ်နေခဲ့တယ်လေ။ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းလှပြီလို့ထင်နေတဲ့ ခင်ဗျားရဲ့သားတော်မောင်လေးက ဘုမသိဘမသိနဲ့ မုယွင်ကဲရဲ့ကိုယ်ပေါ်ကနေ ကျောက်သလင်းပြာကိုယူပြီးလို့ စိတ်တွေလှုပ်ရှားပြီး ပြန်လာတော့မဲ့အချိန်မှာပဲ လောင်မုန့်လွှတ်လိုက်တဲ့ လူတစ်ယောက်ရဲ့သတ်ဖြတ်တာကိုခံလိုက်ရတယ်။ အဲဒီလူက အရင်တုန်းက ရွှဲဖန်းရဲ့လက်အောက်ငယ်သားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ သရဲတောင်ကြားထဲမှာ သူတို့အချင်းချင်း ပဋိပက္ခတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် တခြားတစ်ဖက်ကို ဘက်ပြောင်းသွားတဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့__လျှာရှည်တစ္ဆေပဲ"

ကင်းမြီးကောက်ဂိုဏ်းချုပ်က ရပ်တန့်သွား၏။ လေဒဏ်၊ နှင်းဒဏ်ကိုခံစားခဲ့ရပြီး ဖုန်မှုန့်အလိမ်းလိမ်းပေကျံနေသော ယွီချိုးဖုန်း၏ မျက်နှာပေါ်ဝယ် တညီတညာတည်းစီးကျလာသော မျက်ရည်များ၊ နှပ်ရည်များနှင့်အတူ ဘာမှန်းမသိသောအရည်များပါ မျက်နှာတစ်ပြင်လုံးအနှံ့ကျဆင်းလာရာ ၎င်း၏ပုံစံမှာ အော်ဂလီဆန်စရာကောင်းလှသလို သနားစရာလည်းကောင်းနေပြန်သည်။

ကင်းမြီးကောက်ဂိုဏ်းချုပ်က ပြောသည်။

"ပိုပြီးကံဆိုးမိုးမှောင်ကျသွားတဲ့ကိစ္စကတော့ ထိတ်ထိတ်ကြဲအစွမ်းအစကြီးမားတဲ့ သရဲတောင်ကြားအရှင်သခင်က မိုးမခပင်ရဲ့သစ်ကိုင်းထိပ်ဖျားပေါ်ကို သော်တာလဝန်းကြီးမြင့်တက်သွားတဲ့ အချိန်ခါသမယမျိုးမှာ သူ့ရဲ့ချစ်သူလေးနဲ့ ချိန်းတွေ့နေတဲ့အချိန်ဖြစ်နေတယ်လေ။ ဒါကြောင့် လောင်မုန့်လဲ သူ့မျက်နှာကို ထွက်မပြရဲတော့ဘူး။ သစ္စာဖောက်လောက်ကောင်ဖြစ်တဲ့ လျှာရှည်တစ္ဆေက သူ့သခင်ဟောင်းကြီးရဲ့ တမူထူးခြားတဲ့နည်းလမ်းကိုသုံးပြီး ယွီထျန်းကျယ်ကိုသတ်ပစ်လို့ သူ့အပေါ်အပြစ်ပုံချခဲ့တယ်။ တောင်ကြားသခင်ကို တမင်သက်သက် လမ်းလွဲသွားအောင် လုပ်လိုက်တဲ့သဘောပဲ။ မထင်မှတ်ဘဲ ဟိုလူကြီးမင်းရဲ့ခြေလှမ်းတွေက တကယ့်ကို မြန်ဆန်လွန်းနေတာပဲ။ မြန်လွန်းလို့ လျှာရှည်တစ္ဆေခမျာ ရှောင်ပုန်းချိန်တောင် မရလိုက်ရှာဘူး။ နောက်တော့ သူ့ရဲ့လူသတ်သမားအရှိန်အဝါကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြသလိုက်တယ်လေ...ရလဒ်ကတော့...."

ကင်းမြီးကောက်ဂိုဏ်းချူပ်က အသာအယာ အေးတိအေးစက်ရယ်မောလိုက်ပြီး ယွီချိုးဖုန်းကိုတွန်းထုတ်လိုက်ကာ ကင်းမြီးကောက်အဖွဲ့သားတစ်ယောက် မည်သည့်နေရာမှ ထုတ်ယူပေးလာမှန်းမသိသော ကြိမ်ကုလားထိုင်တစ်လုံးပေါ်တွင် ကိုယ်ကိုကွေးကောက်ရွဲ့စောင်းစွာ မှီထိုင်လိုက်ရင်း အတော့်ကိုမဆိုစလောက် စိတ်မကောင်းဖြစ်နေဟန်ဖြင့် သက်ပြင်းချ၍ ပြောလိုက်လေသည်။

"ဘယ်လိုလူမျိူးက သနားစရာအကောင်းဆုံးလဲ။ ကိုယ့်ကိုယ်ကိုယ် အလေးချိန်ဘယ်လောက်ရှိမှန်းမသိဘဲ မဆင်မခြင်နဲ့ ရည်မှန်းချက်အကြီးကြီးတွေ ထားတတ်ကြတဲ့လူမျိုးတွေပေါ့__ ဂိုဏ်းချုပ်ယွီ....နှလုံးသားချင်းအတူတူကို ခင်ဗျားရဲ့ရင်ဘတ်ထဲမှာ ပေါက်ဖွားလာတဲ့နှလုံးသားဟာ ကျွန်တော့်ရဲ့ရင်ဘတ်ထဲမှာ ပေါက်ဖွားလာတဲ့ နှလုံးသားနဲ့ ဘာတွေကွာခြားသလဲဆိုတာကိုသိရဲ့လား"

ကင်းမြီးကောက်ဂိုဏ်းချုပ်က သူ့ရင်ဘတ်ကို ခပ်ဖွဖွထိုးပြလိုက်ပြီး ယွီချိုးဖုန်းကို အထက်စီးဆန်ဆန် သနားဂရုဏာသက်စွာကြည့်ရှုလိုက်ရင်း ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။

"ကျွန်တော့်ရင်ထဲမှာပေါက်ဖွားလာတဲ့အရာက ရည်မှန်းချက်ကြီးတဲ့နှလုံးသားဖြစ်ပြီး ခင်ဗျားရဲ့ရင်ထဲမှာပေါက်ဖွားလာတဲ့အရာကတော့ စိတ်ကူးယဉ်ဆန်တဲ့နှလုံးသားပဲ"

ယွီချိုးဖုန်း၏မျက်နှာအမူအရာမှာ မဆိုစလောက်ကြည်လင်ပြတ်သားသွားလျက် ခြင်တစ်ကောင်၏လေသံမျိုးဖြင့် ရုတ်တရက် မေးမြန်းလာသည်။

"ငါ....ဟွမ်တောက်ရန်...ဖန်းရှောင်ဖုန်း...ငါတို့အားလုံးရခဲ့တဲ့ မရေရာမသေချာတဲ့ သတင်းအချက်အလက်တွေဟာ တကယ်တော့.....မင်း....မင်း...."

တည်ငြိမ်ဆေးဆေးသောအပြုံးတစ်ခုက ကင်းမြီးကောက်ဂိုဏ်းချုပ်၏မျက်နှာထက်ဝယ် လှစ်ဟထွက်ပေါ်လာသည်။

"ဟုတ်တယ်....လောင်မုန့်က ငါ့ရဲ့ဖောက်သည်ပဲ၊ ငါ့ကိုအသုံးချပြီး အသံတစ်ချက်မှမထွက်ဘဲ တိတ်တဆိတ်လူသတ်ဖို့ကြိုးစားနေတဲ့သူ။ ကျောက်ကျင့်က ငါ့ရဲ့ဖောက်သည်ပဲ၊ သူက ငါ့ကိုအသုံးချပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ လောင်မုန့်ကို ထိန်းချုပ်ချင်တဲ့သူ။ စွင်းတင်ကလဲ ငါ့ရဲ့ဖောက်သည်ပဲ၊ သူက ငါ့ကိုအသုံးချပြီး သတင်းအတုတွေထုတ်၊ သူလုပ်ထားသမျှတွေကို အခုချိန်မှာ ဘယ်ရောက်လို့ဘယ်ပျောက်နေမှန်းမသိတဲ့ ရွှဲဖန်းအပေါ်ကိုအပြစ်ပုံချပြီး သရဲတောင်ကြားရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ တောင်ကြားသခင်ရဲ့လက်ကို ငှားရမ်းပြီး သူ့ရဲ့ရန်သူဟောင်းကြီးကို အပြတ်ရှင်းပစ်ဖို့ကြံစည်နေတဲ့သူ။ ငါကတော့ အစကတည်းက လူသတ်၊ ပစ္စည်းအရောင်းအဝယ်တွေလုပ်ပြီး ကိုယ့်လုပ်ငန်းကိုချဲ့ထွင်ဖို့ကြိုးစားနေတဲ့ စီးပွားရေးသမားတစ်ယောက်ပဲလေ။ တကယ်လို့ ရေနောက်နေတဲ့အချိန်မှာ ငါးမဖမ်းတတ်ဘူးဆိုရင် 'အဆိပ်ကင်းမြီးကောက်' ဆိုတဲ့ နာမည်တစ်လုံး ဘယ်လိုလုပ်ရလာမှာတဲ့လဲ။ ခင်ဗျားပြောပါအုံး၊ ဟုတ်တယ်မဟုတ်လား.....ဂိုဏ်းချုပ်ယွီ"

သူက ခေါင်းကိုခါယမ်းလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ကင်းမြီးကောက်ငယ်သားတစ်ယောက်က ချက်ချင်းဆိုသလို အရှေ့သို့ထွက်လာကာ သူ့ကိုယ်ပေါ်သို့ အပေါ်ဝတ်ရုံရှည်တစ်ထည်ကို လွှားခြုံပေးလာသည်။ ကင်းမြီးကောက်ဂိုဏ်းချုပ်က ယွီချိုးဖုန်းကို နောက်ထပ်မကြည့်တော့ဘဲ စကားဆိုလိုက်သည်။

"လေးရာသီစံအိမ်တော်က အစအနပျောက်ကွယ်သွားတာ ဆယ်နှစ်ကျော်လောက်ရှိပြီ။ ကြားတာတော့ သူတို့က တော်ဝင်နန်းတော်အတွက် အလုပ်လုပ်ပေးနေတဲ့ အမဲလိုက်ခွေးတွေဆိုလားပဲ။ ဟေး...သူတို့တွေက ဘာကောင်တွေမို့လို့လဲ။ အခုဆို သိုင်းလောကကြီးတစ်ခုလုံးက ငါ့လက်ခုပ်ထဲရောက်နေပြီလေ။ ခင်ဗျားကတော့ တကယ့်ကိုကံကောင်းပါတယ်...ဂိုဏ်းချုပ်ယွီ၊ အခုလိုအခြေအနေမျိုးတွေ ရောက်လာချိန်မှာ ကျွန်တော်နဲ့ပက်ပင်းတိုးခဲ့ရလို့။ နှမြောစရာကောင်းတာက ကျွန်တော်ကလဲ ခင်ဗျားကို သက်ညှာပေးလို့မရဘူးဖြစ်နေတယ်။ လောင်မုန့်နဲ့ကျောက်ကျင့်တို့နှစ်ယောက်လုံးက ခင်ဗျားကိုရှင်းပစ်ဖို့ ကျွန်တော့်ကိုခိုင်းထားတာမို့လေ။ ကျွန်တော်လဲ တကယ်တော့ မလုပ်ရက်ပါဘူး၊ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။ အခုချိန်မှာ ကျွန်တော့်အနေနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တာကတော့ ခင်ဗျားကို 'နားလည်တစ္ဆေ' တစ်ကောင် ဖြစ်သွားအောင်ပဲ လုပ်ပေးနိုင်တယ်။ ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူးဗျာ"

သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် လူမှာ အတော်ဝေးဝေးသို့ရောက်ရှိသွားပြီဖြစ်သည်။ အနောက်မှ အဆိပ်ကင်းမြီးကောက်များသည် သူ့နောက်သို့ မဆိုင်းမတွ လိုက်သွားကြသည်။ ယွီချိုးဖုန်းတစ်ကိုယ်လုံးမှာ ရုတ်တရက် တစ်ချက်မျှတုန်ခါသွား၏။ သူ ခေါင်းငုံ့ကြည့်လိုက်သည်__ ကင်းမြီးကောက်ချိတ်ကောက်တစ်ခုသည်ကား သူ့နောက်ကျောဘက်မှသည် ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးဖောက်ဖြတ်သန်းသွားပြီး ရင်ဘတ်ရှေ့မှ ဖောက်ထွက်လို့လာသည်။ သူ၏စုတ်ပြဲပျက်စီးသွားသော အင်္ကျီအဝတ်အစားများအတွင်းမှ အပြာနုရောင် ချိတ်ကောက်ထိပ်ဖျား တစ်စွန်းတစ်စ လှစ်ဟထွက်ပေါ်နေ၏။

ပြင်းထန်ဆိုးဝါးသောနာကျင်မှုဝေဒနာတို့က သူ့ကိုဖုံးအုပ်လွှမ်းခြုံသွား၏။ ယွီချိုးဖုန်းမှာ အာခေါင်ခြစ်၍စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သူ့ကိုထိန်းသိမ်းဖမ်းဆီးထားသော ကင်းမြီးကောက်က မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ချိတ်ကောက်ကို ပြန်ဆွဲနုတ်လိုက်သောအခါ မြောက်မြားလှစွာသော သွေးစိမ်းရှင်ရှင်များနှင့် အသားစိုင်များ ပျံဝဲထွက်လာတော့သည်။ ထို့နောက် ကင်းမြီးကောက်က သူ့ကို တစ်ချက်မျှပင် မကြည့်တော့ဘဲ ချာခနဲလှည့်ထွက်ကာ သူ့အပေါင်းအဖော်များနောက်သို့ လိုက်သွားလေတော့သည်။

ယွီချိုးဖုန်းခမျာ တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးကာ အကြောဆွဲနေရှာသည်။ များမကြာမီအချိန်အတွင်း သူသေရတော့မည်ကိုသိလိုက်သည်။ သူ့ဘဝတစ်သက်တာတွင် ဘယ်တုန်းကမှ ဤမျှလောက်မျှော်လင့်ချက်ကင်းမဲ့သွားတာမျိုး မဖြစ်ဖူးခဲ့ပါချေ။ ပြင်းထန်စူးရှသောနာကျင်မှုဝေဒနာများမှာ ဖြည်းဖြည်းချင်း နှေးကွေးလေးလံသွားသည်။ အစပိုင်းတွင် ထုံကျဉ်လာပြီး နောက်ပိုင်းတွင်မူ တစ်ကိုယ်လုံးအေးစက်လာသည်။ ၎င်းမှာ သူ့မျက်လုံးများကို ကြိုးစားပမ်းစား အတင်းအဓမ္မပြူးကျယ်ထားသည့်တိုင် သူ၏အမြင်အာရုံတို့က ဝေဝါးမှိန်ဖျော့လာနေသည်__ခုခံတားဆီးလို့မရနိုင်သော အင်အားတစ်မျိုးက သူ့ကိုအောက်သို့ဆွဲချနေသည့်နှယ်။

ယွီချိုးဖုန်း၏လက်မှာ မြေပြင်ထက်တွင် ထိုးထိုးထောင်ထောင် ရှင်သန်ပေါက်ရောက်နေသော မြက်ပင်များကို သတိလက်လွတ်ဆုပ်ကိုင်ထားရင်း ထိုမြက်ပင်များကို အမြစ်မှပါအောင်ဆွဲနုတ်လိုက်ပြီး အကြောဆွဲနေသည့်နှယ် မလွှတ်တမ်းဆုပ်ကိုင်ထားနေသည်။ ရုတ်တရက် သူ့မျက်စိရှေ့မှောက်၌ ရပ်တန့်သွားသော ဖိနပ်တစ်စုံကို တွေ့မြင်လိုက်ရသည်။ ယွီချိုးဖုန်းမှာ ကြိုးစားပမ်းစား ခေါင်းမော့ကြည့်လိုက်ပါသော်ငြား မည်သူမည်ဝါမှန်း သဲသဲကွဲကွဲမမြင်ရပါချေ။ သူ့နှုတ်ဖျားမှ ပြတ်တောင်းပြတ်တောင်းစကားသံတို့ထွက်ပေါ်လာသည်။

"ကယ်....ကယ်....ကယ်...ကြ....ပါ...."

ထိုလူက သူ့ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သယောင်ထင်ရပြီး စကားဆိုလာသည်။

"မိုး...မိုးမခပန်းတွေဟာ ငြိမ်သက်နေတဲ့ ကန်ရေပြင်ထက်မှာ စိမ်းလန်းနေလေရဲ့...... ပန်းပွင့်လေးတွေနဲ့ ဟိုးအဝေးက သော်တာလဝန်းကြီးဟာ အချင်းချင်း အဖော်ပြုပေးနေလို့ .... တစ်နှစ်ပြီးတော့ နောက်တစ်နှစ်.... အရင်အတိုင်း... .အရင်မြင်ကွင်းအတိုင်း....."

အဆိုပါကျစ်လျစ်သိုသိပ်သော စကားလုံးများနှင့် ဝါကျစာသားအချို့မှာ မိုးကြိုးပစ်သံတစ်သံအလား၊ လျှပ်တစ်ပြက်အတွင်းမှာပင် သူ့နားထဲ၌ ပွင့်ထွက်ပေါက်ကွဲသွားသလို။ ယွီချိုးဖုန်းက ငူငူငိုင်ငိုင်ဖြင့် ခေါင်းထောင်လာသော်ငြား ထိုလူ၏ပုံပန်းသဏ္ဌာန်ကို သဲသဲကွဲကွဲမမြင်ရသေးပါချေ။ ၎င်းမှာ ထင်ယောင်ထင်မှားဖြစ်နေသည့်နှယ်၊ ထိုလူမှာ အမျိုးသားတစ်ယောက်လော၊ အမျိုးသမီးတစ်ယောက်လောပင် ကွဲကွဲပြားပြား ခွဲခြားနိုင်စွမ်းမရှိပေ။ အစိမ်းရောင်အဝတ်အစားများဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်သော တခစ်ခစ်ရယ်မောနေသည့် မိန်းမပျိုလေးတစ်ဦးကို သူ ရေးတေးတေးအမှတ်ရသွားသည်။

လျိုချန်းချောင်။ အကျည်းတန်သော မိန်းမပျိုလေးတစ်ယောက်။ သူ(မ)သည် သူ့အပေါ်တွင် အဘယ်ကြောင့် စိတ်ကူးယဉ်ဆန်သော မျှော်လင့်ချက်များ ထားခဲ့ရပါသနည်း။ သူ(မ)သည် အရူးတစ်ယောက်ဖြစ်သည်။ ယပ်တောင်တစ်ချောင်းနှင့် ကဗျာစာသားတစ်ပိုဒ်သည်ပင် သူ(မ)ကို အသက်ဆုံးရှုံးသွားစေနိုင်သည်အထိ ဖျားယောင်းသွေးဆောင်နိုင်ခဲ့လေသည်။

"ဒီ...ရေခဲတွေ ပျောက်ကွယ်လွင့်ပါးသွားတဲ့နောက်ပိုင်းမှာ...."

ဟိုးယခင်ကတည်းက မေ့လျော့လုနီးပါးဖြစ်နေခဲ့သော စာသားများကို နှုတ်မှ လွှတ်ခနဲ ရေရွတ်မိလိုက်သောအခါတွင်မူ သေဆုံးခြင်းနှင့်ရှင်သန်ခြင်းအကြား ခရီးလမ်းဆုံသို့ရောက်ရှိနေသည့်အချိန်တခဏဝယ် ၎င်းမှာ သူ၏အတိတ်မှတ်ဉာဏ်များအတွင်းမှ ရုတ်တရက် ပြန်လည်နိုးထလာတော့သည်။

"အကြိမ်ပေါင်းများစွာ....ပင်လယ်ပြာဟာ ငြိမ်သက်နေခဲ့ပါတယ်.... တောင်ပေါ်ကဆီးနှင်းတွေဟာ တိမ်သလ္လာတောင်ထွဋ်နဲ့ ကွေကွင်းခွဲခွာသွားခဲ့လေတယ်... အကြည့်တစ်ချက်...အကြည့်တစ်ချက်နဲ့ အဆုံးမရှိတဲ့ ငယ်ရွယ်နုပျိုမှုတွေကို တွေ့မြင်လိုက်ရတယ်...ဒီနှလုံးသားတစ်ခုတည်းသာလျှင်...ဒီနှလုံးသားတစ်ခုတည်းသာလျှင် အိုဟောင်းနေခဲ့ပါတယ်"

အကြည့်တစ်ချက်နဲ့ အဆုံးမရှိတဲ့ ငယ်ရွယ်နုပျိုမှုတွေကို တွေ့မြင်လိုက်ရတယ်။ ဒီနှလုံးသားတစ်ခုတည်းသာလျှင် အိုဟောင်းနေခဲ့ပါတယ်။

သူ နှုတ်မှ လွှတ်ခနဲ ပြောလိုက်သောစကားတစ်ခွန်းကို သူ(မ)သည်ကား သေသည့်အချိန်ထိတိုင်အောင် စိတ်ထဲတွင် စွဲစွဲမြဲမြဲ ထွင်းဆစ်မှတ်သားထားခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် သူတစ်ပါးအပေါ်၌ ခန့်မှန်းတွက်ချက်ခဲ့သလို အခြားသူများ၏ခန့်မှန်းတွက်ချက်ခြင်းကိုလည်း ခံခဲ့ရသည်။ ထိုမိန်းကလေးတစ်ယောက်တည်းသာလျှင် သူ့အပေါ်ဝယ် မေတ္တာစစ်မေတ္တာမှန်ဖြင့် ဆက်ဆံပေးခဲ့သူဖြစ်သည်__သူ(မ)နှင့် ကွေကွင်းလွဲချော်ခဲ့ပြီး ပျောက်ဆုံးသွားခဲ့ရလေသည်။

ယွီချိုးဖုန်း၏ အသာအယာပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသော နှုတ်ခမ်းလွှာများမှာ နောက်ဆုံး၌ ငြိမ်သက်သွားသည်။ သူ့လက်ချောင်းများက ရွှံ့နွံအလိမ်းလိမ်းပေကျံနေသော မြက်ပင်များကိုဆုပ်ကိုင်ထားရင်း သူ့မျက်ဝန်းအစုံမှာ အသက်ဝိညာဉ်ကင်းမဲ့သွားကာ တစ်ဖက်သို့လှမ်းမျှော်ကြည့်ရှုနေပြီး မျက်ဆန်များမှာမူ ဆုံချက်ကင်းမဲ့သွားပြီဖြစ်သည်__ ထိုမျက်ဝန်းများထဲတွင် အစစ်အမှန်လော၊ အတုအယောင်လော မသိနိုင်သည့် ထာဝရချစ်ခြင်းတရား ကတိသစ္စာတို့ ကိန်းအောင်းနေလျက် အလွန်အင်မတန် အေးစက်မှောင်မည်းကာ ကြောက်မက်ဖွယ်အတိကောင်းသော မရဏခရီးလမ်းအား ရောင်ပြန်ထင်ဟပ်နေစေတော့သည်။

ဖုန်မှုန့်များမှာ ဖုန်မှုန့်ဘဝသို့ပြန်ရောက်သွားကြပြီး မြေကြီးများမှာ မြေကြီးဘဝသို့ ပြန်ရောက်သွားကြသည်။

ကျိုးကျစ်ရှူးက သူ့ဘေးနားတွင် တခဏမျှ ဆောင့်ကြောင့်ထိုင်နေရင်း မျက်လွှာချထားလျက် တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေသယောင်။ ထို့နောက်တွင်မူ သက်ပြင်းချကာ သူ့လက်ကိုဆန့်ထုတ်ပြီး မျက်လုံးများကိုပိတ်ပေးလိုက်ကာ စိတ်ထဲကမပါဘဲ ပြောလိုက်လေသည်။

"ကျွန်တော့်ကိုပြောပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ထို့နောက် မတ်တပ်ပြန်ရပ်လိုက်ပြီးသော် အဆိပ်ကင်းမြီးကောက်အဖွဲ့၏ ခြေရာများနောက်သို့လိုက်သွားလေတော့သည်။

ကျောက်ကျင့်သည်ကား မြေပြန့်လွင်ပြင်ဒေသတွင်ရှိသော သူရဲကောင်းအသီးသီးကိုစုစည်းပြီး 'အမုန်းတရား အာဃာတများကို လက်စားချေရှင်းလင်းဖယ်ရှားရန်နှင့် မှန်ကန်သောလမ်းကြောင်းကိုပြုပြင်တည့်မတ်ရန်' ဟူသည့်ခေါင်းစဉ်ဖြင့် ဖုန်းရာတောင်သို့ စစ်ချီလာတော့သည်။ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်က "မည်သူမျှဝင်မလာရ၊ မည်သူမျှအပြင်မထွက်ရ" ဟူသော ကတိကဝတ်စကားမှာ ကျိုးပဲ့ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ဤကမ္ဘာလောကကြီးအတွင်း ထွက်ပေါ်လာသော မကောင်းဆိုးဝါးမိစ္ဆာအားလုံးကို တစ်လက်စတည်း အကုန်အစင် မခြွင်းမချန် စတင်၍ ဆေးကြောသန့်စင်ပစ်ရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လူမြင်ကွင်းအတွင်း၌ အချိန်အတန်ကြာထွက်ပေါ်လာခြင်းမရှိသော လူပုဂ္ဂိုလ်တစ်ယောက်သည်ကား ဖုန်းရာတောင်သို့ရောက်ရှိလာသည်။

ဖုန်းရာတောင်မှာ ထောင်ပေါင်းများစွာသော ဓားသွားများပမာ မြင့်မားစွာတည်ရှိနေ၏။ လေးဖက်လေးတန်လုံးကို‌ တောင်များဖြင့် ပတ်ပတ်လည်ဝိုင်းပတ်ခြံရံထားပြီး အလယ်တွင် ချင်းကျူတောင်တန်း တည်ရှိသည်။

နွေဦးရာသီအစောပိုင်းကာလဖြစ်သည်မို့ သစ်ပင်ပန်းမန်များမှာ စိမ်းလန်းဝေဆာစွာ စတင်ဖူးပွင့်လာကြသလို ကျေးငှက်သာရကာများမှာလည်း ကျီကျီကျာကျာ အော်မြည်ဟစ်ကြွေးလျက် ဆူညံပွက်လောရိုက်နေကြသည်။ တောင်ကြောတစ်လျှောက် ကွေ့ပတ်ဖောက်လုပ်ထားသော သေးငယ်သည့်လမ်းလေးတစ်လမ်းမှာ တောင်ကြားအတွင်းသို့ တန်းတန်းမတ်မတ်ဦးတည်နေသည်။ လမ်းထိပ်တွင်တည်ရှိနေသော "အသက်ဝိညာဉ်ရှိသူများ ဖြတ်သန်းသွားလာခြင်းမပြုရ" ဟူသည့် ဧရာမစကားလုံးလေးလုံးကြောင့်သာမဟုတ်ပါက ထိုနေရာသည် ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုမျှော်ခင်းအဖုံဖုံစုဝေးတည်ရှိရာ ကမ္ဘာ့အပြင်ဘက်ရှိ သုခနိဗ္ဗာန်ဘုံတစ်ခုသဖွယ် တကယ့်ကို ထင်မှတ်မှားရပေလိမ့်မည်။

ဤနေရာသည် သရဲတောင်ကြားပင်တည်း။

ရှည်မျောမျော လူအရိပ်သဏ္ဌာန်တစ်ခုက အဆိုပါဧရာမကျောက်သားဆိုင်းဘုတ်အနီး၌ ပေါ်ထွက်လို့လာသည်။ သူက အနှီဆိုင်းဘုတ်ကို တဒင်္ဂမျှခေါင်းမော့ကြည့်လိုက်ပြီးသော် သူ့မျက်နှာထက်ဝယ် ရေးတေးတေး အပြုံးတစ်ပွင့်ပေါက်ဖွားလာသည်။

ထိုလူက ဝမ်းခယ့်ရှင်ပင်တည်း။ ၎င်းသည် မည်သည့်လမ်းကြောင်းမှတဆင့် ရောက်လာခဲ့သလဲမသိပေ၊ အခြားသူများထက် သရဲတောင်ကြားသို့ ခြေတစ်လှမ်း ကြိုတင်ရောက်နှင့်နေသည်။ လက်ထဲတွင် တစ်ကိုယ်လုံး မည်းနက်တောက်ပြောင်နေသော မြင်းတစ်ကောင်ကို ဆွဲလာ၏။ ထိုသတ္တဝါလေးမှာ အသိဉာဏ်ရှိပုံရ၏။ ကျောက်သားဆိုင်းဘုတ်အနားသို့ ချဉ်းကပ်လာသောအခါဝယ် ဆက်လက်ပြီး အထဲသို့မဝင်လိုသည့်အလား ခြေလှမ်းများမှာ ဂဏာမငြိမ်ဖြစ်လာတော့သည်။

ဝမ်းခယ့်ရှင်က ပြုံးလိုက်ပြီး သူ့လက်ကိုဆန့်ထုတ်ကာ မြင်းကလေး၏မျက်နှာကို လက်ဖြင့်ပွတ်သပ်ပေးလိုက်သည်။ သူက မြင်းဇက်ကြိုးနှင့်မြင်းကုန်းနှီးများကို အတူတကွဖြုတ်ချလိုက်ပြီး မြင်းကလေး၏ခန္ဓာကိုယ်ကို တစ်ချက်မျှရိုက်ပုတ်ကာ ပြောလိုက်သည်။

"သွားတော့"

မြင်းကလေးမှာ လူသားများ၏သဘောသဘာဝအတိုင်း သူ၏ကြီးမားသောမျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကို တခဏမျှကြည့်နေလေသည်။ ခြေလှမ်းအနည်းငယ်မျှ အပြေးကလေး အသော့နှင်သွားပြီးနောက်တွင်မူ မဆိုစလောက် မခွဲနိုင်မခွာရက်ဖြစ်နေသည့်အလား၊ ထိုအမျိုးသားလေးကို တစ်ချက်မျှ နောက်ပြန်လှည့်ကြည့်လာသည်။ ထိုလူက သူ့ကို လက်ပြနှုတ်ဆက်နေသည်ကို တွေ့မြင်သောအခါမှသာ ခြေလှမ်းကျယ်ကြီးများဖြင့် အဝေးသို့ ပြေးထွက်သွားလေတော့သည်။

ဝမ်းခယ့်ရှင်က မူလနေရာတွင် တခဏမျှရပ်နေပြီး " အသက်ဝိညာဉ်ရှိသူများ ဖြတ်သန်းသွားလာြခင်းမပြုရ...." ဟူသည့်စာသားကို လှောင်သံစွက်လျက် ရေရွတ်လိုက်သည်။ သူက လက်တစ်ဖက်ကိုမြှောက်လိုက်သောအခါ အင်္ကျီလက်အတွင်း၌ လေပြင်းများ ရစ်သိုင်းလွှမ်းခြုံလာသယောင်ထင်ရပြီး အဆိုပါကျောက်သား ဆိုင်းဘုတ်ဆီသို့ လျင်မြန်စွာ အကြမ်းပတမ်း ပွတ်တိုက်ဖြတ်သန်းသွားလေရာ ဝုန်းခနဲ မြည်သံတစ်သံနှင့်အတူ ဆိုင်းဘုတ်ပေါ်မှ စကားလုံးလေးလုံးအနက် စကားလုံးသုံးလုံးမှာ ပွတ်တိုက်ချေဖျက်ခြင်းခံလိုက်ရရှာ၏။ ကျောက်သားအစအနများမှာ တစ်စပြီးတစ်စ အောက်သို့ပြိုကျလာသည်။ အဆိုပါကျယ်လောင်သောအသံကြီးသည်ကား လေဟုန်စီးကာ သရဲတောင်ကြားအတွင်းသို့ ထိုးခွင်းဝင်ရောက်သွားသည့်နှယ် ပဲ့တင်သံများ အဆက်မပြတ် ဟိန်းထွက်လာတော့သည်။

များမကြာမီအချိန်အတွင်း မီးခိုးရောင်လူအရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ သူ့ပါးစပ်မှထွက်ပေါ်လာသောအော်ဟစ်သံမှာ အလွန်တရာစူးရှပြီး သံတိုသံစများ တစ်ခုနှင့်တစ်ခု လှီးဖြတ်နေသည့်အလား၊ ကြားရသူအပေါင်းအား ကြက်သီးတဖြန်းဖြန်းထသွားစေနိုင်သည်။ ထိုလူက အာခေါင်ခြစ်၍အော်ဟစ်လိုက်၏။

"ဘယ်သူက အခွင့်မရှိဘဲ ဝင်လာရဲတာလဲ....."

သူ၏နောက်ဆက်တွဲစကားလုံးများမှာ လည်ချောင်းထဲ၌ တစ်ဆို့သွားရှာသည်။ အဆိုပါမီးခိုးရောင်အရိပ်သဏ္ဌာန်သည်ကား ဝမ်းခယ့်ရှင်နှင့် သုံးကျန့်မျှ ကွာဝေးသောနေရာ၌ ရပ်တန့်သွား၏။ ရောက်လာသူက မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိမြင်သွားသောအခါဝယ် ထိုခဏအတွင်း မမျှော်လင့်ဘဲ သူ့မျက်နှာပေါ်တွင် ပြောမပြတတ်သော အတိုင်းထက်အလွန် ထိတ်လန့်တုန်လှုပ် ချောက်ချားနေသည့်အမူအရာမျိုး လှစ်ဟထွက်ပေါ်လာကာ လည်ချောင်းထဲမှ ဂလူးဂလူးအသံများ ပေါ်ထွက်လာတော့သည်။ ၎င်းမှာ အသံပင် ကောင်းကောင်းမထွက်နိုင်တော့သလို။

"တောင်....တောင်....တောင်.....တောင်...ကြား...သ....ခင်"

သူက ချက်ချင်းပင်သတိပြန်ဝင်လာပြီး မြေကြီးပေါ်သို့ ဖုန်းခနဲ ဒူးထောက်ချလိုက်ကာ မြေကြီးထဲသို့နစ်ဝင်တော့မတတ် ဦးခေါင်းကိုအစွမ်းကုန်ငုံ့ထားလျက် ကတုန်ကယင်ဖြစ်နေသောလေသံဖြင့် ပြောလာသည်။

"တောင်ကြားအရှင်သခင်ကို ရိုသေလေးမြတ်စွာ ကြိုဆိုနှုတ်ခွန်းသပါတယ်"

ဝမ်းခယ့်ရှင်က သူ့ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ မှင်သေသေပြောလိုက်သည်။

"လောင်မုန့်နဲ့ စွင်းတင်တို့ ပြန်ရောက်လာပြီလား။ သူတို့ကိုခေါ်ပြီး ငါ့ကို လာတွေ့ခိုင်းလိုက်"

သူက အနှီတစ္ဆေလေး၏အဖြေစကားကိုပင်မစောင့်ဘဲ သူ့ရှေ့မှ ဖြတ်လျှောက်သွားသည်။ အဆိုပါမီးခိုးရောင်ဝတ်စုံနှင့်တစ္ဆေငယ်လေးမှာ အသက်အန္တရာယ်နီးကပ်သော ကပ်ဘေးဆိုးကြီးတစ်ခုကို တွေ့ကြုံခံစားလိုက်ရသလို။ သူအတော်ဝေးဝေးသို့ ရောက်သွားသောအခါမှပင် သူ့ခမျာ ကတုန်ကယင်ဖြင့် ခေါင်းမော့ကြည့်လာနိုင်တော့သည်။ သူ့နောက်ကျောတစ်ပြင်လုံးတွင်လည်း ချွေးစီးချွေးပေါက်များအပြည့်ရွှဲနစ်နေပြီဖြစ်သည်။

သူ့မျက်နှာထက်ဝယ် ခါးသီးနာကြည်းသောအမူအရာတို့ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီးသော် မတ်တပ်ထရပ်လိုက်ပြီး အသံတစ်ချက်မျှမထွက်ဘဲ တောအုပ်အတွင်းသို့ ခိုးကြောင်ခိုးဝှက်ဝင်ရောက်သွားလေသည်__ သရဲတောင်ကြားအရှင်သခင်။ တကယ့်ကိုပင် သွက်သွက်ခါအောင် ရူးသွပ်နေသူတစ်ယောက်၊ မကောင်းဆိုးဝါးမိစ္ဆာစစ်စစ်။ ၎င်းသည် စိတ်အပြောင်းအလဲမြန်လွန်းသူတစ်ဦးဖြစ်သည်။ ရှေ့တခဏတွင် တစ်စုံတစ်ယောက်နှင့် ပြုံးပြုံးရွှင်ရွှင် စကားစမြည်ပြောဆိုနေသော်လည်း နောက်တခဏအကြာတွင်မူ တစ်ဖက်လူ၏ဦးခေါင်းကို အကြမ်းပတမ်း ဆွဲဖြုတ်တတ်သူတစ်ဦးဖြစ်သည်။

သူ ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက ပြုစုပျိုးထောင်လာခဲ့သော ခရမ်းရောင်မိစ္ဆာမလေးမှလွဲ၍ နှစ်ပေါင်းများစွာကြာသည်အထိ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ရှေ့မှောက်တွင် အာကျယ်အာကျယ်မလုပ်ရဲရှာပေ။ အကြောင်းမူကား ၎င်းသည် အရူးတစ်ယောက်ဖြစ်နေသောကြောင့်ပင်တည်း။ သူ့ထံတွင် လိုအင်ဆန္ဒဟူ၍မရှိသည့်နှယ်၊ မည်သည့်အရာကိုမျှ ကြိုက်နှစ်သက်ခြင်းမရှိပါချေ။ လူတစ်ကိုယ်လုံးမှာ လူသတ်ရန်အတွက်ပြုလုပ်ထားသော စက်ယန္တရားတစ်ခုသဖွယ်။

မည်သူမျှ သူ့ကို လာဘ်ထိုးလို့မရ။ သူ ဘာတွေစဉ်းစားနေသလဲ မည်သူမျှမသိ။ သူ ဘာကိုလိုချင်သလဲ မည်သူမျှမသိ။ သူ မည်သည့်အချိန် ပြဿနာထရှာမလဲဆိုတာကို မည်သူမျှမသိ။ သူ၏ရိုက်ချက်ကို မည်သို့မည်ပုံ လွတ်အောင်ရှောင်တိမ်းရမလဲဆိုတာကိုလည်း မည်သူမျှ မသိကြပါချေ။

အပြင်လူများသည် ဤနေရာဒေသနှင့်ပတ်သက်ပြီး တစ်လုံးတစ်ပါဒမျှ မသိကြပါချေ။ သို့သော်ငြား ဤနေရာသည်ကား မကောင်းဆိုးဝါးမိစ္ဆာများ၏နယ်နိမိတ်ပင်တည်း။

ကိုယ်ကျင့်တရားမရှိ၊ တရားမျှတမှုမရှိ၊ လူသားဆန်မှုမရှိ။ အားနည်းသူမှာ အားကြီးသူ၏ အစာသာဖြစ်ရပေလိမ့်မည်__သူက အင်အားကြီးမားသူဖြစ်သည်။ သို့ဖြစ်ရာ သူ စိတ်တိုင်းကျ လုပ်ချင်ရာလုပ်ပိုင်ခွင့်ရှိ၏။ ၎င်းသည်ကား တောတောင်ရေမြေ ရှုမျှော်ခင်းများကို ရပ်ကြည့်နေရင်း အိမ်တွင်းရေးရာကိစ္စများနှင့်ပတ်သက်ပြီး အာလာပသလ္လာပ စကားစမြည်ပြောဆိုရေရွတ်နေလျှင်တောင်မှ ဧရာမရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ အထင်ရောက်စေနိုင်စွမ်းရှိသူဖြစ်သည်။

အကြောင်းမူကား ယေဘုယျအားဖြင့်ဆိုရပါလျှင် ဝံပုလွေများသည် ယုန်သူငယ်လေးများနှင့် စကားစမြည်ပြောဆိုနေရလောက်အောင် စိတ်ရှည်သည်းခံနိုင်စွမ်းမြင့်မားသောသတ္တဝါများ မဟုတ်သောကြောင့်ပင်တည်း။

ထိုအရူးသည်ကား လူနှင့်မတူသော်ငြား မည်သို့ပင်ဖြစ်စေ ၎င်းမှာ လူသားတစ်ယောက်ပင်ဖြစ်သည်။ မီးခိုးရောင်ဝတ်စုံနှင့်တစ္ဆေလေး၏မျက်လုံးများမှာ လက်ခနဲဖြစ်သွားသည်__လက်ရှိအချိန်တွင် ထိုအရူးကောင်သည်ကား ပြန်လမ်းမရှိသည့်လမ်းဆုံးတစ်ခုအတွင်းသို့‌ သူ့ခြေထောက်ဖြင့်သူ လျှောက်လှမ်းသွားနေပြီး ထိုအခြင်းအရာကို သူကိုယ်တိုင်လည်း မရိပ်မိသေးပါချေ။

အချိန်လေးဆယ့်ငါးမိနစ်မပြည့်ခင်မှာပင် လောင်မုန့်တစ်ယောက် မရဏခန်းမဆောင်အတွင်းသို့ သုတ်သီးသုတ်ပျာ ရောက်ရှိလာသည်။ ခန်းမဆောင်ကြီးထဲတွင် မဆိုင်သူတစ်ဦးတစ်ယောက်မျှ စောင့်ဆိုင်းနေခြင်းမရှိဘဲ ဝမ်းခယ့်ရှင်တစ်ဦးတည်းသာလျှင်ရှိနေ၏။ သူ့ဘေးနားတွင် တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသော အစေခံမလေးတစ်ဦး မတ်တပ်ရပ်နေသည်။ ဝမ်းခယ့်ရှင်မှာ တစ်ကိုယ်လုံး ဖုန်အလိမ်းလိမ်းကပ်ငြိပေကျံနေသောအဝတ်အစားများကို လဲလှယ်ပြီးသွားပြီး အရောင်ရင့်ရင့် ဝတ်ရုံရှည်တစ်ထည်ကို ကိုယ်ပေါ်တွင် လွှားခြုံထားလျက် ကြီးမားကျယ်ဝန်းသော ထိုင်ခုံတစ်လုံးပေါ်ဝယ် ပျင်းရိပျင်းတွဲ ထိုင်နေ၏။

သူ၏ဆံနွယ်များမှာ အောက်သို့ ဝဲဖြာကျဆင်းနေသည်။ ကြည့်ရသည်မှာ ခုနလေးတင်မှ ခေါင်းလျှော်သန့်စင်ထားသလို။ တစ်ဖက်တွင်ရှိသောအစေခံမလေးက သူ့ဆံနွယ်များကို ဂရုတစိုက်ဖြီးသင်ပေးနေ၏။

ဝမ်းခယ့်ရှင်၏မျက်နှာတစ်ဝက်ခန့်မှာ သူ၏ပိတုန်းရောင်ဆံကေသာများအောက်တွင် ဖုံးကွယ်နေပြီး နှုတ်ခမ်းထောင့်စွန်းများမှာမူ ယခင်အတိုင်း ပြုံးယောင်သန်းလျက်။ ကြက်သွေးနီရောင်သန်းနေသောဝတ်ရုံရှည်ကို အနီရင့်ရောင်ခါးပတ်ကြိုးဖြင့် ပြီးစလွယ်စည်းနှောင်ထား၏။ လူတစ်ကိုယ်လုံးမှာ တကယ့်ကိုပင် မဆိုစလောက် မကောင်းဆိုးဝါးအရှိန်အဝါများပြည့်နှက်နေတော့သည်။

လောင်မုန့်က စိတ်ထဲတွင် သူနှင့်ပတ်သက်ပြီး တွက်ချက်စဉ်းစားလိုက်သည်။ မိမိသည် အောင်ပွဲကိုဆုပ်ကိုင်ထားနိုင်နေပြီဖြစ်သည့်တိုင်အောင် သူ၏ထိုပုံစံကို တွေ့မြင်လိုက်ရသောအခါ ဘာရယ်ကြောင့်မှန်းမသိဘဲ သူ့အရိုးများအတွင်း၌ အေးစိမ့်လာတော့သည်။ သူက စိတ်ခံစားချက်များကိုတည်ငြိမ်အောင် ခဲရာခဲဆစ်ထိန်းချုပ်လိုက်ပြီးသော် တရိုတသေ ဒူးထောက်ချလိုက်ပြီး မျက်လွှာကိုအသာချကာ ဝမ်းခယ့်ရှင်၏အကြည့်များကို ရှောင်ဖယ်လျက် ကြည်လင်ပြတ်သားစွာ စကားဆိုလိုက်လေသည်။

"တောင်ကြားသခင်ကို ရိုသေလေးမြတ်စွာ ကြိုဆိုနှုတ်ခွန်းဆက်သပါတယ်"

Continue Reading

You'll Also Like

59.4K 4.1K 50
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
184K 20.2K 100
ဘာသာပြန်သူ - စွဲညို့အသင်း
106K 8.3K 130
Art workကအရမ်းလှလွန်းလို့ရယ်.. ရယ်လည်းရယ်ရလို့ရယ်.. ဒီManhuaလေးကို...စပြီးမြန်မာပြန်ကြည့်လိုက်တာပါ... Enjoy!!! 😍😍😍 I do not own this and all right...
437K 55.2K 148
စိတ်ဓာတ်ပြင်းပြတဲ့လက်ဝှေ့သမားလေး နဲ့ နူးညံ့ဖြူစင်တဲ့ ဘဲလေးကချေသည်ကောင်လေး ကြားက ချစ်စဖွယ် ပုံပြင်လေးတစ်ပုဒ်❣ •Cover photo fully credit to Google.• Th...