HAPPY ENDING [ YIZHAN ]

By PlumWhite_Blossom

91.1K 11.3K 477

You must change this novel ending. This Fan-Fiction have 2version. (Yizhan & Zhanyi) Zhanyi version Writer :... More

Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode -27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 31.5
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 35 . 5

Episode - 5

2.9K 427 14
By PlumWhite_Blossom

[ မိုးမေသာလင်းလိုက်ပါတော့ !!]

ရှောင်းကျန့်မျက်နှာသစ်ပြီးအောက်ထပ်ကိုဆင်းလာတော့ အိမ်ထဲကနေထွက်ကာ ကားပေါ်ဆီသွားမယ့်ရိပေါ်ကိုတွေ့တယ်။

" အဲ ရိပေါ် ခဏနေဦး "

လှေကားထစ်တွေကိုကျော်ဆင်းလာတော့ အခန့်မသင့်ဘဲပြုတ်ကျတော့မလို့။

အောက်မှာရှိနေတဲ့အစေခံတွေကလည်း ဖမ်းထိန်းပေးဖို့ဝမ်းလျားမှောက်ပေးရမလို ဖြစ်နေချိန် ရိပေါ်ကအပြေးလာပြီး ရှေ့ကနေဖမ်းလိုက်ရတယ်။

"မင်းရူးနေတာလား "

"ငါမရူးပါဘူး မင်းကိုနှုတ်ဆက်စကားပြောမလို့ကို"

ရှောင်းကျန့်ကိုယ်ကိုအောက်သို့ချပေးလိုက်ပြီး စိတ်ရှုပ်စွာကြည့်တယ်။ ပြုတ်သာကျရင်ခေါင်းကွဲတော့မှာ။

"အလုပ်သွားတော့မှာမလား မွစ် ဂရုစိုက်သွားပါ"

ဘယ်ဘက်ပါးပြင်ထက်အနမ်းရွရွတစ်ခုရောက်လာတယ်။

ရိပေါ်ရှေ့ကထွက်သွားပြီး မနက်စာစားဖို့အတွက် ထမင်းဝိုင်းဆီသွားနေတဲ့ရှောင်းကျန့်။

"ဝိုး ဒီမနက်က ပန်းပွင့်လွှာဖက်ထုပ်ပဲ ဟင်းရည်ကလည်းသောက်လို့ကောင်းတယ်"

ညစာမစားရသေးလို့ဗိုက်ဆာနေတဲ့ ရှောင်းကျန့်က တစ်ခုပြီးတစ်ခုပါးစပ်ထဲထည့်နေတယ်။ ရိပေါ်ကသူ့ကိုကြည့်နေတာမြင်တော့ သွားတော့လေဆိုပြီးလက်ပြနေတယ်။

• ဇီယီရဲ့ပုံစံကိုအရမ်းကွဲထွက်အောင်မပြုမူပါနဲ့ •

ဒီစက်ရုပ်အသံကငါ့အတွက်တော့ ဂြိုလ်ဆိုးပဲ။

မင်းလည်းငါ့နေရာဝင်နေကြည့်ပါဦး ဒီလောက်ချောတဲ့ယောကျာ်းကို မထိမကိုင်ဘဲနေနိုင်မလားလို့လေ (/ω\)

နံနက်စာစားပြီးရင် အားသွားပြီဖြစ်တဲ့ရှောင်းကျန့်က ချီဝူနဲ့ခြံထဲမှာပျော်ပွဲစားထွက်နေတယ်။ စကားပြန်မပြောတတ်တဲ့ချီဝူကို မနားတမ်းစကားတွေပြောပြီး ထောက်ခံခိုင်းနေတယ်။

ချီဝူကတော့ ကောင်းကင်ကြီးကိုကြည့်ပြီး သက်ပြင်းချတယ်။

နားမုဒိန်းကျင့်ခံရတဲ့ဘဝပါလား။

" မင်းပဲစဥ်းစားကြည့် နေဦးမင်းကအထီးလားအမလား"

သူ့ဘာသာငြိမ်နေတဲ့ချီဝူခမျာ ပေါင်နှစ်ဖက်ဆွဲဖြဲခံလိုက်ရတယ်။

"မြောင်လ် ! (သခင့်ယောကျာ်းကသူများကိုထိပါးနေတယ် !)"

"မင်းကအမပဲ "

ကြောင်ကိုအသရေဖျက်မှုနဲ့တရားစွဲလို့ရမလား ?

ရှောင်းကျန့်ဘေးနားကနေထသွားမယ်လုပ်တော့ ဗိုက်ပေါ်အိပ်လာတယ်။

" မင်းလည်းမင်းသခင်အတိုင်းပဲ လူရှေ့ကနေထွက်သွားမယ်ဆိုတာချည်းပဲ"

ရှောင်းကျန့်ရှိနေတဲ့နေရာဆီအပြေးရောက်လာတဲ့ ကောင်မလေးတစ်ယောက် ။

"သခင်လေးဝမ် ဖုန်းလာနေလို့"

"ဖုန်း ?"

ငါ့မှာဖုန်းရှိတာတောင်မေ့နေပြီ။

ထွက်သွားတဲ့ချီဝူကိုလိုက်မဖမ်းဘဲ ဖုန်းသာကိုင်လိုက်တော့တယ်။

• မစ္စတာရှောင်း ရှာခိုင်းထားတဲ့အဆောက်အဦးမျိုး ရှာတွေ့ပါပြီ စာချုပ်စာတမ်းကိစ္စအတွက် လူချင်းတွေ့လို့ရမလား•

"စာချုပ် အဆောက်အဦး ငါကရှာခိုင်းထားတာလား ?"

• မစ္စတာရှောင်း မမှတ်မိတော့တာလား •

ငါသိပြီ ဇီယီကကိုယ်ပိုင်အေဂျင်စီထောင်ဖို့အတွက် အဆောက်အဦးတစ်ခုရှာခိုင်းထားတာပဲ။ အဲ့အဆောက်အဦးရဲ့ပိုင်ရှင်ကကောင်းမင် ဇီယီကို လီမုန့်နှစ်ပေါက်တစ်ပေါက်ရိုက်ထားတဲ့အကွက်ပေါ့။

ချီး တွေးလေစိတ်တိုလေပဲ သူငယ်ချင်းကိုဘယ်စိတ်နဲ့များဖျက်ဆီးနိုင်ရတာလဲ မသိဘူး။

"မှတ်မိပြီ တွေ့မယ့်လိပ်စာကိုပို့ပေး"

• ဟုတ်ကဲ့ •

ဒီကိစ္စကိုတစ်ခါတည်းအပြတ်ဖြတ်ထားမှ နောက်ဆိုလာမနွှယ်တော့မှာ ဇီယီဖြစ်ချင်တဲ့ဆန္ဒကိုရိပေါ်နဲ့တိုင်ပင်ပြီးမှ လုပ်တာအကောင်းဆုံးပဲ။

သူများလက်အောက်မလုပ်ချင်လို့ အေဂျင်စီထောင်မယ်လုပ်မှ တစ်ခါတည်းကိုဘဝကြီးကစုတ်ပြတ်သတ်သွားတဲ့ ဇီယီ။ မင်းကငယ်သေးတာကို သူငယ်ချင်းကိုစောက်ကျိုးနည်းမယုံသင့်ဘူး။

မင်းသူငယ်ချင်းကမင်းယောကျာ်းကိုလိုချင်နေတာ ဟဲဟဲ အခုတော့မင်းယောကျာ်းကိုငါရထားတာပေါ့နော် ကောင်းကောင်းဂရုစိုက်ပေးပါ့မယ် (*˘︶˘*).。*♡

အပြင်ထွက်ရမယ်ဆိုလို့ပျော်နေတဲ့ရှောင်းကျန့် အဝတ်အစားတွေကိုထုတ်ကြည့်တော့ မျက်စိကျိန်းလောက်စရာအဝတ်တွေ။

မင်းကမော်ဒယ်လ်တစ်ယောက်ဆိုတာငါသိပါတယ် ဒါပေမဲ့အဝတ်အစားတွေကဘယ်လိုဖြစ်လို့ ပြိုးပြိုးပြက်ပြက်တွေဖြစ်နေရတာလဲ ဘလင်းဘလင်းတွေတောင်ထလို့။

အော် ငါသိပြီ ဒါကလည်းမင်းကိုလီမုန့်ကအကြံပေးခဲ့တာပဲမဟုတ်လား ချီး လီမုန့် !

အပြင်သွားပါ့မယ်ဆိုမှဟာ ။

"ဦးလေး အိမ်ထိန်းဦးလေး "

"သခင်လေးဝမ်ခေါ်ပါသလား"

အဝတ်ပုံထဲထိုင်နေတဲ့ရှောင်းကျန့်။

"အားနာပေမဲ့ ဒီအဝတ်တွေကိုဆိုင်ပြန်သွင်းပေးပါလား ပြီးရင်လေ ပေါ့ပေါ့ပါးပါးအဝတ်တွေနဲ့လဲခဲ့ပေး ကျွန်တော်ပြောတာက မိုးပြာရောင်တို့အနီရောင်တို့ အရောင်ဖျော့တာလေးတွေ ရှပ်လက်ရှည်တွေနဲ့ပါလဲနော် "

ဒီအဝတ်တွေကသခင်လေးကြိုက်တာမဟုတ်ဘူးလား ကြည့်ရဆိုးပေမဲ့လည်း ဘာပဲဖြစ်ဖြစ် လဲဆိုတော့လည်း လဲပေးရတာပေါ့။
အခုလိုပိုးဖဲသားညအိပ်ဝတ်စုံနဲ့တောင် လိုက်ဖက်နေတာ ရိုးရှင်းသွားတဲ့အဝတ်အစားဆိုလည်း သေချာပေါက်လိုက်မှာပဲ။

"ညနေကျရင်လဲပြီးသားဖြစ်စေရပါမယ်"

"ဟုတ်ပြီ ဟုတ်ပြီ ကျေးဇူးတင်ပါတယ်"

ရှောင်းကျန့်သူ့အခန်းထဲထွက်ပြီး ရိပေါ်အခန်းထဲကအဝတ်ခန်းကို သွားမွှေတယ်။

ဘာလို့အနက်ရောင်နဲ့အဖြူရောင်ပဲရှိနေရတာလဲ Suitကျတော့အရောင်မျိုးစုံရှိပြီးတော့ မှားလို့ Suitလည်းမှိန်ဖျော့ဖျော့အရောင်တွေပဲ။

ဟင်း ဒါလေးဝတ်သွားမယ်။

ခဲရောင်ဆွယ်တာလေးအား ဝတ်ကြည့်တော့ပုခုံးနည်းနည်းကျနေလေသည်။

ဘာလို့အဲလောက်ပုခုံးကျယ်ရတာလဲ ?

"ခါးကတော့ နည်းနည်းတိုပေမဲ့ အပေါ်ကနေကုတ်ထပ်မှာဆိုတော့ အေးဆေးပဲ "

Creamy ရောင်ကုတ်နဲ့ ဂျင်းဘောင်းဘီခပ်ပွပွဝတ်လို့ အပြင်ကိုထွက်လာတယ်။ ကားမောင်းလိုင်စင်ရှိတာတော်သေးတယ်ဆိုရမယ်။

သခင်ကြီးနဲ့အဝတ်အစားတွေဝတ် သခင်ကြီးဝယ်ပေးထားတဲ့ကားကိုမောင်းသွားတဲ့ သခင်လေးကို ကြည့်ပြီး အကုန်လုံးကဝမ်းသာနေကြတယ်။

ကြည့်ရတာလက်ထပ်ပြီးမှချစ်သွားကြပြီထင်ပါရဲ့။

လမ်းညွှန်ကိရိယာညွှန်တဲ့အတိုင်းကားမောင်းလာခဲ့တယ်။

ဝါး သောက်ရမ်းကိုမိုက်တဲ့ကားပဲ !

အဆောက်အဦးထဲဝင်သွားတော့ အသင့်စောင့်နေတဲ့ ပါပါရာဇီတွေကဓာတ်ပုံရိုက်ထားလိုက်တယ်။

စာချုပ်ကိစ္စပြောနေတုန်းမှ ကောင်းမင်ကရောက်လာတယ်။

ကောင်းမင်ကိုမြင်တာနဲ့ ရှောင်းကျန့်မျက်နှာကရှုံ့တွသွားတာ ဟာသထဲကပုံအတိုင်းပဲ။

ရှောင်းကျန့်ဘေးနားဝင်ထိုင်ပြီး။

"မင်းဘာဖြစ်လို့လဲ "

"ဘာမှမဖြစ်ဘူး ဒီအဆောက်အဦးကိုငါမလိုချင်တော့ဘူး ပြီးတော့အေဂျင်စီထောင်မယ့်ကိစ္စက ငါ့ယောကျာ်းကလုပ်ပေးမယ်တဲ့"

ပါးစပ်အရသာရှိလိုက်တာ သိပ်ကိုရှိ။

အရမ်းကိုအလိုလိုက်ခံထားရတဲ့ဇနီးတစ်ယောက်လို့တောင် ခံစားရတယ် ဒါပေမဲ့ငါကယောကျာ်းကြီးလေ။

"ဒါဆိုမင်းနဲ့ကိုယ်ကရော"

လက်ကိုကိုင်မယ်လုပ်တော့ ရှောင်းကျန့်ကထလိုက်တယ်။

"ဒီကမိတ်ဆွေ မင်းနဲ့ငါ့မှာ ဘာအကန့်မှမရှိဘူး ပြီးတော့မင်းချစ်တဲ့လူကငါလည်းမဟုတ်ဘူးလေ ငါပြောတာမှန်တယ်မလား"

ရှောင်းကျန့်မျက်ခုံးပင့်ပြပြီးပြောတော့ ကောင်းမင်နည်းနည်းထိတ်လန့်သွားတယ်။ ပျက်သွားတဲ့အမူအရာကိုချက်ချင်းပြင်လို့။

"ဘာတွေပြောနေတာလဲ ကိုယ်ကမင်းကိုပဲချစ်တာ"

"ငါကတော့ငါ့ယောကျာ်းကိုပဲချစ်တာ "

ဘယ်ရောက်နေမှန်းမသိတဲ့ဇီယီ မင်းငါလုပ်နေတာတွေမြင်လား။

"ဒါပေမဲ့ကိုယ်မင်းကိုလက်မလွှတ်နိုင်ဘူး"

ပြောပြီးတာနဲ့ဖက်လာတော့ ရှောင်းကျန့်ကြောင်သွားပေမဲ့ လက်ကိုလိမ်ချိုးပြီး ဆောင့်ကန်ပေးလိုက်တယ်။

ကြမ်းပြင်ပေါ်လဲကျသွားတဲ့ကောင်းမင်က မယုံကြည်နိုင်ဖြစ်နေတယ်။ ဇီယီကနုနုနယ်နယ်ကောင်လေးလေ ဘယ်တုန်းကတိုက်ကွမ်ဒိုတတ်သွားရတာလဲ။

ကောင်းမင်ရှေ့ဆောင့်​ကြောင့်ထိုင်လို့။

"ပတ်သတ်ရဲပတ်သတ်ကြည့် မင်းကိုငါက"

လည်ပင်းကိုဖြတ်တဲ့ပုံစံလုပ်ပြပြီး ထွက်လာခဲ့တယ်။

ငါ့ကိုမပတ်သတ်နဲ့ မင်းကဘယ်လောက်ချောချော ရိပေါ်ကိုမမှီဘူး။ ဒါပေမဲ့ကြည့်လို့ကောင်းသားပဲ ငါ့ကြိုက်တဲ့ပုံစံမဟုတ်တာကလွဲရင်ပေါ့။

ရှောင်းကျန့်အိမ်ပြန်မလာခင် သူကမုန့်ဝယ်ခဲ့သေးတယ်။

ဘာမုန့်လဲတော့သူလည်းမသိဘူး စားလို့ကောင်းမယ့်ပုံလေးဖြစ်နေလို့ ကြည့်ရတာကိတ်မုန့် ကိတ်မုန့်ပဲပေါ့ Green tea matcha cake တဲ့ နာမည်ကရှည်လိုက်တာ။

ရှောင်းကျန့်အိမ်ရောက်တော့ ရိပေါ်ကဧည့်ခန်းထဲမှာထိုင်နေတယ်။

"ရိပေါ် ငါမင်းအတွက်ဆိုပြီး "

သူစကားစလိုက်တာနဲ့ ရိပေါ်ကထသွားပြီး အခန်းထဲဝင်သွားတယ်။

အယ် ငါဘာလုပ်မိလို့လဲ ?

နာရီကိုကြည့်တော့ငါးခွဲပဲရှိသေး။

အလုပ်စောဆင်းလာပြီးဘာဖြစ်တာလဲဟ။

"သခင်လေးဝမ် သခင်ကြီးစိတ်တိုနေတယ် "

"ကျွန်တော့်ကြောင့်လား ဘာမှမလုပ်မိပါဘူး "

"ဒါကိုကြည့်ပါဦး "

မျက်စိရှေ့ပြလာတဲ့ဖုန်းစခရင်မ်။

°ကုဇီယီက ကောင်းမင်နဲ့ကြိတ်ပုန်းခုတ် °

ငလူးထဲမှမိုးမေလင်းပါလား !!


January 20 2021
4:02PM





" အဲ ရိပေါ် ခဏနေဦး "



"မင်းရူးနေတာလား "

















"မင်းကအမပဲ "






"ဖုန်း ?"









• ဟုတ်ကဲ့ •








"ဦးလေး အိမ်ထိန်းဦးလေး "









ဟင်း ဒါလေးဝတ်သွားမယ်။













"မင်းဘာဖြစ်လို့လဲ "























အယ် ငါဘာလုပ်မိလို့လဲ ?





"ဒါကိုကြည့်ပါဦး "





January 20 2021
4:02PM

















Continue Reading

You'll Also Like

2.4M 175K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
242K 33.7K 105
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
212K 17.6K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...