Part - 25 (Unicode)

Começar do início
                                        

သန့် - " ဟုတ်တယ်... မေက ဇီဇာကြောင်တယ်... ကျွန်မက မေ့ထက် ပိုကြောင်တယ်... "

သန့်က စကားလွှဲသွားသောကြောင့် ဖြူစင်က ဘာမှ ထပ်မမေးတော့ပေ။ သို့သော် ကျွန်မအား တွေးတွေးဆဆဖြင့် ကြည့်နေလေ၏။

......................................................

အတန်းခေတ္တနားချိန်မို့ အားလုံးက ကိုယ့်လူစုနှင့်ကိုယ် စကားပြောသူကပြော လေ့ကျင့်သူက လေ့ကျင့်နှင့် ရှိနေကြလေသည်။

ပြတင်းတံခါးမှ လှမ်းမြင်နေရသော အခန်းရှေ့၌ ဖုန်းပြောနေသည့် သန့်၏ ပုံရိပ်ကို ကျွန်မ ငေးကြည့်ရင်း ပြုံးနေမိလေသည်။

ဖြူ - " ဆရာမ ဘာကြည့်နေတာလဲ... "

ဖြူစင့် အမေးစကားကြောင့် ကျွန်မ ဖြူစင့်အား လှည့်ကြည့်လိုက်မိလေသည်။

ကျွန်မရှေ့တွင် ရှိသော ကျွန်မ၏ အရင်းနီးဆုံးမိတ်ဆွေသည် ကျွန်မ၏ ချစ်ရသူကို တိတ်တဆိတ် သဘောကျနေသူ ဖြစ်လေသည်။ အကယ်၍ ကျွန်မတို့ အကြောင်းကို သိသွားပါက မည်မျှ ဝမ်းနည်းလိမ့်မည်နည်း...

ဖြူ - " ဆရာမ သမီးပြောနေတာ ကြားလား... ဘာတွေတွေးနေတာလဲ... "

ကျွန်မ - " ဘာမှ မတွေးပါဘူး ... နည်းနည်းပင်ပန်းနေလို့ ... "

ဖြူ - " ဆရာမ ... မမသန့်က ဘယ်လို လူမျိုးလဲဟင်... "

ကျွန်မ - " ဗမာလူမျိုးလေ... "

ဖြူ - " ဟာ ... ဆရာမကလည်း အကောင်းမေးတာကို... ဆရာမ အရင်က မမသန့်နဲ့သိတာ တစ်ခါမှ မပြောဖူးလို့လေ... မရွှေရည်နဲ့ တွေ့တုန်းကလည်း သိတာပဲ ပြောပြတယ် သေချာ မပြောပြဘူး... "

ကျွန်မ - " ဖြူစင်နှင်း ... နင် အားနေရင်လည်း လေ့ကျင့်နေပါလား... စကားတွေ အများကြီး လာပြောနေတယ်... မောအောင်လို့ ... "

ဖြူ - " ဆရာမကလည်း... သမီးက သိချင်လို့ပါ... မမသန့်ကို သမီး ဘယ်လောက်တောင်သဘောကျသလဲ ဆရာမ သိနေတာကို... "

ကျွန်မ - " အသန့်လေးက နွေးထွေးတယ်... ကြင်နာတတ်တယ်... ပျော်တတ်တယ်... ဒါပေမယ့် မာနသိပ်ကြီးတဲ့ကလေး... မာနအတွက်တောင် ရင်အကွဲခံတဲ့ လူစားမျိုးပေါ့... သူမှန်တယ် ထင်ရင် ဘာကိုမှ မငဲ့တတ်ဘူး... "

ဖြူ - " ဆရာမကလည်း သမီးမေးတာက မမသန့်က ဘာကိုကြိုက်တယ်... ဘာကိုသဘောကျတယ် ဆိုတာမျိုးတွေ ... "

ဖြူစင့်စကားကြောင့်
ကျွန်မ ငြိမ်ပြီး စဉ်းစားနေမိသည်။

အသန့်လေးက ဘာကို ကြိုက်လေသလဲ...
ဘာကို သဘောကျလေသလဲ...

ကျွန်မ စဉ်းစားမိတာ တစ်ခုသာ ရှိသည်။

အသန့်လေးက ဘာကို ကြိုက်သလဲ ဆိုတော့
" ကျွန်မကို... "

...................................................

The Rope (Own Creation)Onde histórias criam vida. Descubra agora