လျစ်လျူရှုလိုက်ရသော Missed Call များကြောင့်
ကျွန်မလည်း မွန်းကြပ်ရသည်မှာ အမှန်ပင်...
ကျွန်မ၏ ဆုံးဖြတ်ချက် မှန်ကန်ပါ့မလား အမြဲတမ်းတွေးနေခဲ့မိသည်။
ကျွန်မကို ရည်ရွယ်မှန်းသိနေသော သန့်၏ Post များကို မြင်သော်လည်း
မသိချင်ယောင်ဆောင်လိုက်မိသည်။
နှစ်ယောက်စလုံးကောင်းဖို့အတွက်ပါ အသန့်လေး...
.....................
သန့်က မေးသည်။ "ဘာလို့ ဖုန်းမကိုင်တာလဲ" တဲ့။ စာမေးပွဲနီးသဖြင့် သန့် စာကျက်ပျက်မှာ စိုးသောကြောင့် မကိုင်ကြောင်း ပြောလျှင် သန့်က မအားရင် ဆက်ပါ့မလား ဟုသာ ပြော၍ နောက်ရက်မှစကာ မဆက်တော့ပေ။
အင်း... ဒါမှ သန့် ပီသပေမည်လေ။
သန့်တို့ တက္ကသိုလ်တွေ စာမေးပွဲဖြေနေစဉ်၌ Covid – 19 ကြောင့် စာမေးပွဲကို ရပ်နားကာ တက္ကသိုလ်များပိတ်လိုက်လေသည်။
ထိုသတင်းကို ကြားကြားချင်း စိတ်ပူမိသည်မှာ သန့်ကိုပင်။
အဆင်မှ ပြေပါ့မလား... မြောင်းမြကို ပြန်ရသည်ရော အဆင်ပြေပါ့မလား စိုးရိမ်နေမိသည်။
သန့်က သူမြောင်းမြကို ပြန်နေပြီ ဖြစ်ကြောင်း ပြောပြခါမှ သက်ပြင်းချမိသည်။
ထို့အပြင် ကျွန်မ သည်လောက် ရှောင်နေတာတောင် ကျွန်မ စိုးရိမ်နေမည်ကို သိသဖြင့် တကူးတက စာပို့လာသော သန့်ကြောင့် ကျွန်မ၏ နှလုံးသား နွေးထွေးရလေ၏။
...........................
သန့်က ကျွန်မကို ပွင့်ပွင့်လင်းလင်းဖြေရန်ပြောသည်။
သန့် - " အသန့်လေး မေးမယ် မမ... အမှန်အတိုင်းဖြေ... "
ကျွန်မ - " အင်း... မေးလေ... "
သန့် - " မမ အသန့်လေးကို ချစ်သေးလား... "
ကျွန်မ - " အင်း... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
