Part 21 (Unicode)

1.3K 113 4
                                        

အိမ်ရှေ့ ဝရန်တာရှိ ဒါန်းပေါ်တွင် ထိုင်၍ ကော်ဖီသောက်ရင်း သန့်တစ်ယောက် လမင်းကြီးကို ငေးကြည့်နေမိလေသည်။

အချိန်တွေ ပြောင်းလဲသွားခဲ့သော်လည်း
ကောင်းကင်ထက်ရှိ ထိုလမင်းမှာ အရင်အတိုင်းပင်။

တစ်လတစ်ခါ လပြည့်သကဲ့သို့
တစ်လတစ်ခါ လကွယ်လေသည်။

ဆင်းရဲ၊ ချမ်းသာ လူတန်းစားမခွဲခြားဘဲ
ကြည့်သောသူတိုင်း မြင်နိုင်သည်။

နေ့အလင်းကို စုပ်ယူ၍ ညအခါ၌ အလင်းပေးသည်။

ကြယ်များကတော့ အမြဲ တည်ရှိနေလေ၏။

သို့သော် မည်သူမျှ တကူးတက လမိုက်ညတွင် ကြယ်၏ အလှအပကို မခံစားကြချေ။

လပြည့်ညတွင်သာ လမင်းကို ငေးမောရင်း
ကြယ်ပွင့်များကို လမ်းကြုံသဘောမျိုးသာ
ငေးကြည့်တတ်ကြသည်။

သန့်ကတော့ လမိုက်ညများကို ပိုကြိုက်ပါသည်။
ကြယ်တို့ကို ပို၍ တောက်ပစေသည်လေ။

လ၏အလင်းကို ခုံမင်သကဲ့သို့ ကြယ်၏အလှကိုလည်း နှစ်ခြိုက်မိပေသည်။

မပြောင်းလဲသည့် လောကသဘာဝများပင်။

ထိုသဘာဝတရားထဲတွင် လူတို့၏စိတ်သဘောထား ပါဝင်မည်ဆိုလျှင်
မည်မျှ ကောင်းမည်လိမ့်နည်း။

.....................

"အား..."

ဧည့်ခန်းအတွင်း TV အတူကြည့်နေစဉ် ရုတ်တရက် ထအော်သော ဖြူစင်နှင်းကြောင့် ကျွန်မ မျက်မှောင်ကျုံ့၍ လှည့်ကြည့်လိုက်လေသည်။

ဖြူစင်နှင်းက လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ကာ ကြည့်နေရင်း ကျန်လက်တစ်ဖက်ကို ကိုက်နေလေသည်။

ဖြူ - " ဆရာမ ဒီမှာ လာကြည့် ... မမသန့် ပုံတင်ထားတယ် ... "

ကျွန်မ ဖြူစင့်အနားသို့ သွား၍
သူ့ဖုန်းကို ကြည့်လိုက်မိလေသည်။

The Rope (Own Creation)Nơi câu chuyện tồn tại. Hãy khám phá bây giờ