Part 28 (Unicode)

1.6K 143 23
                                        


သန့်၏ အိမ်အပြန်ခရီးအတွက် ပြင်ဆင်ပေးနေစဉ် ဖြူစင်က ရှုံ့မဲ့မဲ့ဖြင့် ရောက်ချလာလေ၏။

ဖြူစင်က သူယူလာသော အိတ်ကို သန့်၏ လက်ထဲ ထိုးထည့်ပေးရင်း

ဖြူ - " မက ပုဝါတွေ ကြိုက်တယ်မလား... ဒါ မအတွက် သမီး ကိုယ်တိုင်ထိုးလာခဲ့တာ... "

သန့်က အိတ်ထဲမှ ပုဝါကို ထုတ်ကြည့်လိုက်ကာ

သန့် - " ဒီလိုတွေ မလိုပါဘူး ညီမလေးရယ်... ဒါပေမယ့် စေတနာနဲ့ တကူးတက ထိုးပေးတာမို့ ယူတာနော်... နောက်ဆို ဒီလို အပင်ပန်းမခံနဲ့နော်... "

ဖြူ - " မက ပြန်ရတော့မှာဆိုတော့ စိတ်ထဲ မကောင်းလိုက်တာ... "

သန့်က ကျွန်မကို လှမ်းကြည့်လိုက်ရင်း

သန့် - " တို့လည်း ထားခဲ့ရမှာ စိတ်မကောင်းပါဘူး... "

သန့်က ဖြူစင့်အား ကြည့်၍

သန့် - " ဖြူစင့်ကို အချိန်တန်ရင် တို့ချစ်သူနဲ့ မိတ်ဆက်ပေးမယ်ဆိုတာလေ... "

ဖြူစင်က သန့်၏ မျက်နှာကို မော့ကြည့်လေ၏။
သန့်က ကျွန်မ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ

သန့် - " ဖြူစင် ... တကယ်တော့ တို့နှစ်ယောက် တွဲနေကြတာ... "

ဖြူစင်က ကျွန်မတို့နှစ်ဦးကို တအံ့တသြ ငေးကြည့်နေလေ၏။

ဖြူ - " ဘယ်လို... ဆရာမနဲ့ မနဲ့က ... "

ကျွန်မ - " ဖြူစင် အံ့သြသွားမှာကို နားလည်ပါတယ်... ငါတို့လည်း အခြေအနေ တချို့ကြောင့် မပြောဖြစ်ခဲ့တာ... တမင်လိမ်ထားတာ မဟုတ်ဘူး... "

ဖြူစင်က ဝေခွဲ မရေသာ မျက်နှာဖြင့်

ဖြူ - " အဟင်း... ဒါဆို နှစ်ယောက်သားက တစ်ချိန်လုံး သမီးကို ရယ်နေခဲ့တာပေါ့ ... မကို ချစ်နေတဲ့ သမီးရဲ့ အချစ်တွေကို လှောင်နေခဲ့ကြတာပေါ့... "

သန့် - " မဟုတ်ဘူး ဖြူစင်... တို့လည်း ဒီကို ရောက်လာပြီးမှ မမအပေါ် အထင်လွဲနေတာတွေ ပြေပျောက်ခဲ့တာမို့ မထင်မှတ်ဘဲ တွဲဖြစ်သွားတယ်... ပြီးတော့ အခုလို ဆရာတပည့် အနေအထားကြီးမှာ တို့တွေ တွဲနေတာကို ဘယ်လို ထုတ်ပြောရမှာလဲ... အဲ့ဒါကြောင့် ဖာသိဖာသာနေခဲ့ပြီး တို့ရန်ကုန်ပြန်ရောက်မှ Public မှာ ဝန်ခံဖို့ စိတ်ကူးထားတာ... မင်းကိုတောင် ဒါ ပထမဆုံးအနေနဲ့ ပြောပြတာ... မင်းကို ရည်ရွယ်ချက် ရှိရှိ လိမ်ခဲ့တာ မဟုတ်ဘူး... "

The Rope (Own Creation)Where stories live. Discover now