ညဘက် သန့်တစ်ယောက် အခန်းထဲ စာဖတ်နေစဉ် ရွှေရည်တစ်ယောက် ဆူပုတ်ပုတ်ဖြင့် ဝင်လာလေ၏။
ရွှေရည် - " မသန့်... Laptop ခဏပေးသုံးပါလား... သမီး Laptop က ဘာဖြစ်သွားမှန်း မသိလို့ ... "
သန့်က စာအုပ်ကို ကြည့်လျက်ပင်
သန့် - " အေး... ယူလေ... "
ရွှေရည် - " အဲ... ဒါနဲ့ Password ပြောဦးလေ... "
သန့် - " 8417 "
ရွှေရည် - " 8417 နော် ... ဟမ်... ဘာဂဏန်းကြီးတုန်း... "
သန့်က ရွှေရည့်ကို လှည့်ကြည့်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။
သန့် - " ဟို... အန်တီနန်းရဲ့ မွေးနေ့ပါ... "
ရွှေရည် - " ဟမ်... အန်တီနန်းက တစ်လပိုင်းမဟုတ်လား... မသန့် အဲ့တုန်းက မွေးနေ့ သွားတယ်လေ... "
သန့်က မျက်မှောင်ကျုံံလိုက်ကာ
သန့် - " အမ်း... ဒါက ဗမာလိုမွေးနေ့ ... ငါ့ idol မွေးနေ့ကို ငါအသိဆုံး... ဘယ်လိုမှတ်မှတ်ပေါ့ ... "
ရွှေရည်က ခေါင်းကုတ်စဉ်းစားလျက် Laptop ကို ယူပြီး ထွက်သွားလေ၏။
ရွှေရည် - နေစမ်းပါဦး... ဗမာလိုဆို လေးလပိုင်းက ဝါဆိုလလေ... January မှ မဟုတ်တာ... ခုနှစ်ကလည်း ၁၃၁ရ ဆိုရင် အခုက 2027 မြန်မာပြက္ခဒိန်မှာ သင်္ကြန်မကျသေးတော့ ၁၃၈၈ ခုနှစ်၊ အဲ့ဒါဆို အသက်က ရ၁ ပေါ့... အန်တီနန်းမေက တလောကမှ ၅၈ပြည့်တာလေ... အန်တီနန်းမေရဲ့ မွေးနေ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... ဘာနံပါတ်ကြီးပါလိမ့်... "
ရွှေရည် တစ်ယောက် Password ရိုက်ထည့်ပြီး
စဉ်းစားနေစဉ်
Laptop Lock Screen ပွင့်သွားလေ၏။
Laptop Screen မှ Wallpaper ကို ကြည့်ကာ
ရွှေရည်တစ်ယောက်
ပါးစပ် အဟောင်းသားဖြစ်သွားလေ၏။
ရွှေရည် - " သြော်... လက်စသတ်တော့ 2017 April 8ရက်ပဲ... မသန့်ကတော့လေ အမှန်အတိုင်းပြောလိုက်ရင် ငါက ဒီပုံကြီး မမြင်မှာကျနေတာပဲ... တကယ်ကို လက်ပေါက်ကပ်တဲ့ အမျိုးသမီးပဲ... "
ရွှေရည်က ပြုံးလျက် ခေါင်းခါရင်း သက်ပြင်းချလိုက်လေ၏။
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
