Part 29 (Unicode)

3.5K 174 9
                                        

ကျွန်မ ရှိနေသောကြောင့် ရွှေရည်တစ်ယောက် သန့်၏ ကိစ္စအဝဝကို ယခင်ကဲ့သို့ အစစ ကူညီရန် မလိုအပ်တော့သဖြင့် သူမ၏ game streaming ကိစ္စများဖြင့်သာ အလုပ်ရှုပ်နေလေ၏။

သန့်တစ်ယောက် နံနက်ခင်း အားကစားလုပ်ရာမှ ပြန်အလာ ရွှေရည်က အိပ်ခါနီး ရေဆင်းယူသည့် အချိန်နှင့် ထိပ်တိုက်တွေ့လေ၏။

ရွှေရည် - " သြော် ... မသန့် ... ပြန်လာပြီလား... "

သန့် - " အင်း... နေစမ်းပါဦး ... အခုမှ အိပ်မှာလား... "

ရွှေရည် - " ဟုတ်တယ်... ညက Game stream ပြီးတော့ ပျင်းလို့ မအိပ်ဘဲ discord မှာ Watch party သွားကြည့်နေတာ... "

သန့် - " ညဘက်တွေ အိပ်ရေးပျက်တာ တအားများနေပြီနော်... ဒီအချိုးအတိုင်းသာဆို ကျုပ်မသေခင် ရှင်အရင်သေလိမ့်မယ်... "

"ခွမ်း"

သန့်နှင့် ရွှေရည့်စကားကြောင့် ကျွန်မ လက်ထဲမှ ရေခွက် လွတ်ကျသွားလေသည်။

ရေခွက်ကျကွဲသံကြောင့် သန့်က ကျွန်မအား လှမ်းမြင်သွားလေရာ ကျွန်မထံ ပြေးလာလေ၏။

သန့် - " မမ ဘာဖြစ်သွားသေးလဲ... ရွှေရည်ရေ... ဂေါ်ပြားနဲ့ တံမြက်စည်း ယူလာပေးပါ... ကြမ်းတိုက်ဝတ်ရောပဲ... "

သန့်၏ စကားကြောင့် ရွှေရည်က လှည့်ထွက်သွားလေ၏။

သန့်က ကျွန်မ၏ လက်ကို ဆွဲယူလိုက်ကာ

သန့် - " ထိသွားသေးလား... ဂရုစိုက်မှပေါ့... "

ကျွန်မ - " ဘာမှ မဖြစ်ပါဘူး... အဆင်ပြေပါတယ်... အသန့်လေး ခုမှ ပြန်ရောက်တာမလား... ခဏနား ရေမိုးချိုးပြီးရင် ဆင်းခဲ့... မမ ဒါတွေ ရှင်းပြီးရင် မနက်စာ ပြင်ထားပေးမယ်... "

သန့် - " မဟုတ်တာ... ဒါတွေ အသန့်လေး ရှင်းလိုက်ပါမယ်... မဟုတ်ရင် မမ လက်ထိသွားရင် ဘယိလိုလုပ်မလဲ... "

သန့်၏ စကားကြောင့် ကျွန်မက ပြုံးလိုက်မိလေသည်။

ကျွန်မ - " ရှင်ကသာ ရှပ်ပြာရှပ်ပြာနဲ့ ထိမှာ ... သွားပါ... အပေါ်တက်တော့... "

The Rope (Own Creation)Where stories live. Discover now