Part 11

2.6K 169 5
                                        

ချစ်ရပါသော ကျွန်မကလေးငယ်၏ ပုံရိပ်များကို fb မှ သတင်းထဲတွင် မြင်ရသည့်အခါ ပြုံးမိ၏။ သည်လောက် ထက်မြက်သည့် ကလေးလေးက  ကျွန်မ၏ ချစ်သူတဲ့လား...

နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းပြောနေစဉ် နားထောင်နေသည့် သူများစွာထဲကမှ ကင်မရာဆရာသည် ထိုကလေးငယ်ကို ကွက်၍ ရိုက်ထားသလားပင် ထင်ရလောက်အောင် သတင်းထဲမှ ဓာတ်ပုံများကို မြင်ရသောအခါ ပြုံးလိုက်မိလေသည်။

ညရှစ်နာရီ ခွဲနေချေပြီ။ တစ်နေကုန်သင်ထားသည့် စာများကို ပြန်လည်ဖတ်နေသော်လည်း စိတ်ကတော့ အားသွင်းထားသည့်ဖုန်းကိုသာ အာရုံရောက်နေလေသည်။

မိုး - " မကြီး ဒီဖက်မှာ လက်ဖက်သုပ် လာစားဦးလေ... "

ဘေးကုတင်မှ မိုးမိုးဆိုသည့် တစ်ယောက်က စကားလှမ်းပြောမှ အသိဝင်မိလေသည်။

ကျွန်မ - " ဟင့်အင်း... မစားတော့ပါဘူး... ဘာမှ စားချင်စိတ် သိပ်မရှိလို့... "

မိုး - " အံမယ်... ကြည့်ရတာ တို့အစ်မက အချိန်မှန် လာနေကျ ဖုန်းလေး မဝင်သေးလို့ မျှော်နေတယ် ထင်ပါရဲ့..."

မိုးက ရယ်ရင်း ပြောလိုက်သောအခါ ဘေး၌ ထိုင်နေသည့် ယမင်းက လက်ဖက်သုပ် တစ်ဇွန်း ခပ်စားလိုက်ကာ

ယမင်း - " ဟုတ်ပ ... ဟုတ်ပ... မကြီးကို သတိထားမိသလောက် ဒီကို စရောက်ကတည်းက ညတိုင်းအချိန်မှန် ဖုန်းလာတယ်... အင်းနော်... ဒီနေ့ ဖုန်းလည်း မလာသေးဘူး ဆိုတော့ မျှော်နေတာလား... "

ယမင်း၏ စကားကြောင့် ကျွန်မ ခေါင်းငုံ့ကာ ပြုံးလိုက်မိလေသည်။

ကျွန်မ - " မမျှော်ပါဘူး... ဒီလိုပါပဲ... "

ကျွန်မ၏ စကားအဆုံး မိုးက ရုတ်တရက် ထရယ်လိုက်လေသည်။

မိုး - " ဟားဟား... ယမင်းကလည်း စမနေနဲ့... ဟိုမှာ အပျိုကြီးက ရှက်နေပြီ... "

ကျွန်မ - " ဟယ်... ရှက်တာ မဟုတ်ပါဘူး... မမျှော်လို့ မမျှော်ဘူး ပြောတာ... "

The Rope (Own Creation)Donde viven las historias. Descúbrelo ahora