Part 26 (Unicode)

1.4K 130 0
                                        


အချစ်ကြောင့် ဘဝက သာယာတာလား... ဘဝကြောင့် အချစ်က သာယာတာလား...

ဖြေရခက်သော မေးခွန်းပင်။ မည်သို့ပင် ဖြစ်စေ
ကျွန်မတို့ နောက်ထပ် အဝေးမခံတော့ပါ...

.................................

သန့်က တယောဘိုးတံကို အဝတ်စဖြင့် သုတ်နေရင်း နံဘေးရှိ ကျွန်မအား လှည့်ကြည့်သည်။

သန့် - " မမနဲ့ အဲ့ကောင်မလေးက တအားခင်တာလား... "

သန့်၏ စကားကြောင့် ကျွန်မ မျက်ခုံးပင့်လိုက်မိသည်။

ကျွန်မ - " ဖြူစင်နဲ့လား... ခင်တယ်လေ... သူက တခြားကဆိုတော့ ကူညီပေးရင်း ခင်သွားတာ... ဘာလို့လဲ... "

သန့် - " ဘာမှ မဖြစ်ဘူး... ဒါပေမယ့် အဲ့လို တအားရင်းနီးနေတာ အသန့်လေး မကြိုက်ဘူး... "

ကျွန်မ - " အဟက်... "

သန့်၏ စကားကြောင့် ကျွန်မ ရယ်လိုက်မိလေသည်။

ကျွန်မ - " အသန့်လေးရယ်... အဲ့ဒါ မမ ပြောရမယ့် စကားပါ... ဖြူစင့်ရဲ့ အချစ်ဦးက အသန့်လေးတဲ့... "

သန့် - " ဘယ်လိုဖြစ်ဖြစ် သူ့ကိုလည်း မကြိုက်ဘူး... မမနဲ့ အဲ့လောက်တပူးပူးတတွဲတွဲကိုလည်း မကြိုက်ပါဘူး... အမြဲ အတန်းထဲမှာ ပူးကပ်နေတာပဲ... "

ကျွန်မ - " ဟယ်... အဲ့လိုကပ်င်္ပြီး ရှင့်အကြောင်းတွေ လာလာပြောနေတာလေ... "

သန့် - " ဟုတ်လား... "

ကျွန်မ - " သိပ်ဟုတ်... ပြောတာမှလေ ယမုံဝင့်ဝါနဲ့ တွဲခဲ့တာတွေရော... "

သန့် - " အာ... အဲ့ဒါက သူပျော်အောင် ခဏလောက် တွဲပေးလိုက်တာပါ။ စိတ်ထဲရှိလို့ရယ် မဟုတ်ဘူး... "

ကျွန်မ - " မမကိုရော... "

သန့် - " မမ ဘယ်ကနေ ရစ်တတ်လာတာလဲ... "

ကျွန်မ - " ဟယ်... ပိုရစ်ချင်သွားပြီ... "

သန့်က တယောဘိုးတံနှင့် အဝတ်စုတ်ကို စားပွဲပေါ်တင်လိုက်ကာ ကျွန်မအနားတိုးလာလေ၏။

သန့် - " အသန့်လေးလို အကြောတင်းတဲ့လူက မချစ်ဘဲနဲ့ မမ အနားမှာ တွယ်ကပ်နေမှာလား... "

The Rope (Own Creation)Where stories live. Discover now