2019 ခုနှစ် September
သန့် စာကြည့်စားပွဲမှ ထကာ ကုတင်အောက်ရှိ ကော်ဖီခွက်အားယူ၍ ကော်ဖီမှုန့်၊ နို့မှုန့်နှင့် သကြားတို့ ထည့်ကာ အခန်းပြင်ထွက်လာလေ၏။ ကော်ရစ်တာရှိ water cooler ၌ ရေနွေးထည့်လိုက်ကာ ကော်ဖီမွှေရင်း ကော်ဖီခွက်အား အမှတ်တမဲ့ ကြည့်လိုက်မိလေ၏။
တစ်နှစ်ခွဲကျော် နှစ်နှစ်နီးပါး မေ့ဖျောက်ထားသူ၏ ပုံရိပ်တစ်ချို့...
သန့် မျက်မှောင်ကျုံ့ကာ
သန့် - " ငါ ဘာကိစ္စ ဒီခွက်ကို ကြည့်မိပါလိမ့်... "
ပြတ်သွားတဲ့နေ့ကစ ကော်ဖီခွက်ကို ရေနွေးထည့်ချိန် ပေါ်လာလေသော ပုံများကို သတိမပြုခဲ့မိသည်မှာ နှစ်နှစ်နီးပါးပင် ရှိချေပြီ...
အတွေးစတို့က အတိတ်နေ့ရက်များဆီလွန့်လူး ကူးပြောင်း တွေးတောမိရင်း အခန်းသို့ပြန်ရောက်လာ၏။
ကော်ဖီခွက်ကို စားပွဲပေါ် တင်လိုက်ရင်း ဖုန်းကို အလျင်အမြန်ယူလိုက်ကာ ဖုန်းနံပါတ်တစ်ခုကာ ရှာဖွေကာ တွေတွေကြီး စိုက်ကြည့်နေမိ၏။
ထို့နောက် Old Flame ဟု မှတ်ထားသည့် ထို contact ကို ဖုန်းဆက်လိုက်လေ၏။
" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်..."
သန့် - " Why? ငါ့ကို block ထားတာ များလား... "
ထိုစဉ် အနောက်မှ ရှမ်းမ၏ အသံစူးစူးထွက်ပေါ်လာ၏။
ရှမ်းမ - " အသန့်... နင်ငါ့ကို ကော်ဖီဖျော်ပေးမယ်ဆို..."
သန့် - "ဪ... အေးအေး... ခွက်ပေး... ငါသွားဖျော်ပေးမယ်... ဟဲ့ ... ငါနင့်ကို စာစစ်ပေးရမယ့်ဟာ မြန်မြန်ဖြေ ငါခဏနေ အိပ်တော့မှာ... မနက်မှပဲ စာနည်းနည်း ပြန်ကြည့်တော့မယ်"
...............
စာမေးပွဲ ပထမဆုံးရက်ဖြစ်သဖြင့် အသန့် ရှစ်နာရီကတည်းက ရှမ်းမ၊ရင်ရှုပ်တို့နှင့် အဆောင်က အတူတူ ထွက်ခဲ့၏။
ရင်ရှုပ် - " အသန့်ရယ် နင့်တစ်ကိုယ်လုံး လိမ္မော်ရောင်တွေချည်းပဲ... စည်ပင်ကျနေတာပဲ..."
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
