Part 2

5.4K 265 5
                                        

ထိုနေ့ညက ကျွန်မတို့ ဘုန်းကြီးကျောင်းမှာ ခဏနား ရေမိုးချိုးပြီး ညစာစားရန် အပြင်ထွက်ကြလေသည်။

ကျွန်မ - " ဟင်... ညီမလေး ရေမချိုးဘူးလား..."

သန့် - " ပြန်ရောက်မှချိုးမယ်... အသန့်လေးက ရေချိုးပြီးရင် ခြေပစ်လက်ပစ်နားလိုက်ရမှ ကျေနပ်တာ...  အခုချိုးသွားလည်း ပြန်ရောက်ရင် ထပ်ချိုးချင်နေဦးမှာ... အဲ့ လိုတွေ ဇီဇာကြောင်တာရယ်..."

ကျွန်မ - " ဗိုက်ဆာနေပြီလား...အန်တီမြတို့ကလည်း မပြီးကြသေးဘူး..."

သန့် - " အဲ့အပျိုကြီးက အဲ့အတိုင်းပဲ... မေနဲ့ အန်တီမြအစ်မက သူငယ်ချင်းလေ... အရင်ကတည်းက  တစ်ခုခုဆို အမြဲ သူ့ပဲ စောင့်နေရတာ...မမ ဗိုက်ဆာနေလို့လား... မုန့်စားမလား... အသန့်လေးမှာ မုန့်တွေပါတယ် အပေါ်တက်ယူပေးမယ်လေ..."

ကျွန်မ - " ရတယ် ညီမလေး... မကြီးက ထမင်းစောစော စားတတ်လို့... ဒီအချိန်လောက်ဆို စားနေကျမို့ ဗိုက်တော့ မဆာသေးပါဘူး..."

ထိုနေ့ညက  ကျွန်မတို့ တုတ်တုတ်(သုံးဘီးဆိုင်ကယ်) နာရီဖြတ်ဖြင့် စင်းလုံး ငှါးကာ ထားဝယ်မြို့ထဲ လည်ကြလေသည်။ သန့်က ညာဘက်ခြမ်း ထိပ်ဆုံးမှာထိုင်၍ ကျွန်မက သန့်ဘေးမှာထိုင်သည်။

ကားတစ်ချက် ဘရိတ်အုပ်လိုက်ရာ ကျွန်မက သန့်၏ရင်ခွင်ထဲသို့ ရောက်သွားကာ ကြောက်လန့်၍ သန့်အား ဖက်ထားမိလေသည်။ သန့်ကလည်း ကျွန်မပုခုံးကို ပြန်ဖက်ထားကာ ခေါင်းကိုခပ်ဖွဖွ ပုတ်လေသည်။

သန့် - " ကလေးမဟုတ် သူငယ်မဟုတ် ကြောက်တတ်လိုက်တာ..."

ကျွန်မ - " အို... ညီမလေး ကလည်း အသက်ကြီးတော့ရော မကြောက်တတ်ရတော့ဘူးလား... "

သန့် - အခုရော ကြောက်နေသေးလား... မကြောက်တော့ရင်လည်း လွှတ်တော့..."

ကျွန်မလည်း ထိုအခါမှ ရှက်ရှက်ဖြင့် လွှတ်လိုက်မိသည်။

ကျွန်မတို့ ထမင်းစားပြီးသော် ညဈေးတန်း လျှောက်ကြလေသည်။

ကျွန်မတို့ နှစ်ယောက်တည်း လက်ချင်းတွဲ၍ လျှောက်လာရာ အန်တီမြတို့နှင့် လူစုကွဲသွားလေတော့သည်။

The Rope (Own Creation)Where stories live. Discover now