Part 5

3.6K 213 2
                                        

ထိုနေ့ပြီး နောက်တစ်ရက်၌ သန့်ဆီမှ sms ဝင်လာလေသည်။ သန့်ဘက်က ပြန်ဆက်သွယ်မည် ဆိုသည်ကို ကျွန်မ သိပါသည်။ အမြဲ စကားများတိုင်း သန့်ကသာ အလျှော့ပေးစမြဲပင်။ ထို့ကြောင့် ကျွန်မ ပြုံးလိုက်မိပါသည်။

💌
From: My Love ❤

I need to rethink about us. So, give me a little time for thinking. Don't connect me anymore during this time.

ထိုစာများကို ဖတ်၍ ကျွန်မ မျက်ရည်များ စီးကျလာပါသည်။ ကျွန်မ မှားသွားချေပြီလား။ သန့်... သူမရော နာကျင်နေမည်လား။

ကျွန်မ သန့်၏ မာနကို လျှော့တွက်လွန်းခဲ့မိသည်။ မာန မိုးထိတက်နေသည့် ထိုကလေးမက အကြိမ်ကြိမ် ကျွန်မကို အလျှော့ပေးခဲ့သဖြင့် သူစိတ်ပြေလျှင် ပြန်လာမည် ဟူသော အတွေး ဝင်ခဲ့မိလေသည်။ ယခု ကျွန်မ အတွေးမှားသွားခဲ့ချေပြီလား....

...........................

သန့် - " မစိုး... အသန့်လေး သူနဲ့ လမ်းခွဲလိုက်ရင် ကောင်းမလား..."

သန့်က စက်ချုပ်နေသည့် စိုး၏ နံဘေး ခုံဆွဲထိုင်ကာ စိုးကို ကြည့်ရင်း ပြောလိုက်လေသည်။

စိုး - " နင်တို့က ခုတစ်မျိုး တော်ကြာတစ်မျိုးတွေ... နင်တို့ကြား ဝင်ပြီး အကြံမပေးရဲဘူး... ကဲ... အခုရော နင့် အဖွားကြီးနဲ့ ဘာဖြစ်လာပြန်တာတုန်း... "

သန့် - " အသန့်လေးက သူ့ကိုချစ်လို့ စိတ်ပူတာတွေကို သူ နားလည်မပေးဘူး... ပြီးတော့ အသန့်လေး စိတ်အညစ်ရဆုံးက သူက အသန့်လေးကို မစိုးနဲ့ပါ လိုက်သဝန်တိုပြီး သမုတ်နေတာကိုပဲ... အသန့်လေး သူ့ကို ဘယ်လောက်ချစ်လဲ အစ်မ အသိဆုံးပါ။ ပြီးတော့ သူက အသန့်လေးကို ချစ်မိခဲ့တာ သူ့ကိုယ်သူ စိတ်ပျက်တယ်တဲ့... အဲ့လိုဆိုမှတော့ အသန့်လေး လုပ်ပေးနိုင်တာ ဘာရှိဦးမှာလဲ... စိတ်ညစ်တယ် အစ်မရယ်..."

စိုး - " ဟယ်... ငါနဲ့ပါ သမုတ်တယ်... ဘယ့်နှယ့် ငါက နင့်အစ်ကို ကိုယူမှာလေဟာ... အစကတည်းက ငါ မပြောဘူးလား... စဉ်းစားပါ စဉ်းစားပါ ဆို... နင့် အသိုင်းအဝိုင်းမှာ နင့်ရည်းစားက မိန်းကလေးတစ်ယောက်ပါ ဆိုပြီး နင် ထုတ်ပြရဲလို့လား... နင့် အသိုင်းအဝိုင်း လို ပုံစံမျိုးကရော လက်ခံမယ် ထင်နေလား... ငါ နင့်ကို အကြိမ်ကြိမ် တားခဲ့တယ်နော်... နင်က သူမှသူ ဖြစ်နေလို့သာ ငါ လွှတ်ထားပေးခဲ့တာ..."

The Rope (Own Creation)Where stories live. Discover now