Part 10

2.8K 178 1
                                        

အချစ်ဆိုတာ ပြန်လည် ပေါက်ဖွားတတ်လေသလား...
နှစ်နှစ်တာ တမ်းတနေခဲ့ရသူနှင့် ပြန်လည် ပြေလည်မည်ဟု ကျွန်မ မထင်ခဲ့ရိုး အမှန်ပါ...

အချစ်ဆိုတာ အချိန်တွေ ကြာသွားတာတောင် မပြောင်းလဲတတ်တာမျိုးလား...
ကျွန်မ သန့်ကြောင့် ဘယ်လောက်ပဲ နာကျင်ခဲ့ရပါစေ၊ မမုန်းနိုင်ဘူး... မမုန်းရက်ဘူး...

နှစ်နှစ်နီးပါး ကြာသွားတာတောင် သန့်ရဲ့ စကားသံတွေ ကြားရရင် ရင်ခုန်နေဆဲ... ကျွန်မ အသက်အရွယ် အနေဖြင့် ဆိုရလျှင် စိတ်ကစားရတော့မည့် အရွယ်၊ ရင်ခုန်နေရဦးမည့် အရွယ်လည်း မဟုတ်တော့ပေ။ ကြိုးစားပြီး မေ့ဖျောက် ထားခဲ့လေသော အတိတ်တို့ကို တရိပ်ရိပ် ပြန်လည်တွေးတော မိလေသည်။ နှစ်နှစ်လောက် ဝေးကွာခဲ့ရသည့်၊ ငေးကြည့်နေခဲ့ရသည့် ထိုကလေးမလေးက နောက်ဆုံးတော့  ကျွန်မဆီ ပြန်လာသည်တဲ့လား....
..................

သန့် - " ရန်ကုန် ဘယ်ချိန်ရောက်လဲ... "

ကျွန်မ - " အင်း... နေ့လယ်ကတည်းက ရောက်တယ်... ရောက်ကတည်းက ရေမိုးချိုးပြီး  နားနေတာ... ခုန အဆောင်မှာ လူစစ်ခါနီးမှ နိုးတယ်... ဪ... အသန့်လေး... အခု ဘယ်မှာ နေနေလဲ..."

သန့် - " မမကို အသန့်လေး ပြောဖူးတယ်မလား... အသန့်လေးကို မွေးစားထားတဲ့ မိဘတွေ ရှိတယ်ဆိုတာ..."

ကျွန်မ - "အင်း... ပြောဖူးတယ်လေ"

သန့် - " သူတို့နဲ့ အတူနေတာလေ..."

ကျွန်မ - "မဟုတ်ဘူးလေ... ဘယ်နေရာလဲ ဘာလဲ မေးတာလေ"

သန့် - "ဪ... ဗဟန်းမှာ နေတာ"

ကျွန်မ - " မမတို့ အဆောင်နဲ့ ဝေးလား"

သန့် - " ဟင့်အင်း... နီးတယ်ရယ်... ဪ မမတို့ အတန်းချိန်တွေက ဘယ်ချိန်ကနေ ဘယ်ချိန်ထိလဲ"

ကျွန်မ - " အင်း... မနက် ၈ နာရီ ကနေ နေ့လယ်  တစ်နာရီလောက် အထိ..."

သန့် - " ဟယ်... အစောကြီး ထရမှာပေါ့..."

ကျွန်မ - " တအား မစောပါဘူး... ခြောက်နာရီလောက် ထရင် မီတာပဲလေ... "

The Rope (Own Creation)Donde viven las historias. Descúbrelo ahora