Part 19 (Unicode)

1.1K 99 0
                                        

တနေကုန် ဘာမှ မစားဘဲ ငိုနေသော အသန့်ကိို ကြည့်ကာ သူငယ်ချင်းရှမ်းမက သက်ပြင်းချမိလေသည်။

ရှမ်းမ - " အသန့် နင်ဒီလိုပဲ နေနေတော့မှာလား ... ငါ နင့်မာမီကို သဘောတူအောင် ပြောပေးရမလား... တီချယ့်အကြောင်း သိရဲ့သားနဲ့ ... နောက်တော့ အဆင်ပြေသွားမှာပါ... "

သန့် - " ငါက အကြောင်း မဟုတ်ဘူး... မမ ဝမ်းနည်းနေမှာ... ငါ့ကိုသာ ချော့နေတာ သူလည်း စိတ်မကောင်းဖြစ်နေတာ ငါသိတယ်... မနေ့ညက အသံသိပ်မကောင်းဘူး... "

ရှမ်းမ - " နင်က ဘာလို့ ပြောလိုက်ရတာလဲ... သူ့ကို ခံစားရအောင်... မသိချင်ယောင်ဆောင်ပြီး တီချယ်မသိအောင် ခိုးတွဲပေါ့ ... "

သန့် - " မမကို လူရှေ့ထုတ်မပြရဲတာကိုက ငါ့အမှားလို ခံယူနေရတယ်... "

ရှမ်းမ - " ဒီခေတ်ကြီးမှာက ထူးဆန်းတာမှ မဟုတ်တာ... အခုက တီချယ်တားမှာ ကြောက်နေရုံပဲဟာ တီချယ်မသိအောင်တွဲ... နောက်တော့မှ ပေါ်တင်တွဲပေါ့... နင်ငိုနေလို့ ဘာမှ ဖြစ်မလာဘူး... တီချယ်ကလည်း အခုသဘောမတူဘူးဆိုပေမယ့် နင် အကြာကြီး ဒီတစ်ယောက်တည်းကို ချစ်နေမယ်ဆို မတားလောက်ပါဘူး... "

သန့် - " မာမီကဟယ် အားနေ သူ့ကိုပဲ ထိုင်ပြောနေတော့ ငါစိတ်ရှုပ်တယ်... "

ရှမ်းမ - " တီချယ့်အကြောင်း သိရဲ့သားနဲ့... ပြီးရင် ဘာမှလည်း ဟုတ်တာမဟုတ်ဘူး... မငိုနဲ့တော့... ဘာစားမလဲ... ထမင်းမှာပေးရမလား... ခေါက်ဆွဲပြုတ်ပေးရမလား... ဘာလုပ်ပေးရမလဲ... မငိုနဲ့ တိတ်တော့... နင်ငိုနေလို့ မပြီးဘူး... "

သန့် ခေါင်းညိမ့်လိုက်ပေသည်။
......................................................

မည်သည့်အရာမှ ခေါင်းထဲ မရှိပေ။ သန့် အဆင်ပြေပါ့မလား တွေးပူမိသည်။ ကျွန်မကြောင့် သန့်ကို တစ်ဖက်သားနှင့် ဆက်ဆံရေး မပျက်စီးစေချင်ပါ။

ကျွန်မ ပြုံးထားပေမယ့် စိတ်ထဲ မပါတာ ကျွန်မသာလျှင် အသိဆုံး။
နာကျင်ရသည်။

အသံတိတ်ကျတဲ့ မျက်ရည်အတွက် ဘယ်သူ လာသုတ်ပေးနိုင်မှာလဲ...

..........................................

The Rope (Own Creation)Where stories live. Discover now